17 November 2013

လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးနှင့် လူမှုစီးပွားရေးရာသင်တန်းFEDက သင်တန်းပို့ချ”




နိုဝင်ဘာ ၁၇   မြတ်ညို(အလွတ်သတင်းထောက်)

      ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး   ဖေါင်ဒေးရှင်း FED မှ ထိုင်းရှေ့နေများနှင့် သင် တန်း  ဆရာများက ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသာများအဖွဲ့ MAT နှင့် အလုပ်သမားအချို့တို့အား ၂ ရက်တာသင်တန်း လာရောက်ပို့ ချခဲ့ကြောင်းသိရှိရသည်။ 

15 November 2013

“လူလိမ် ပွဲစားများနှင့်အတူ ကော်မတီဝင်အဖြစ်MATအဖွဲ့က မလုပ်လို”



                 


နိုဝင်ဘာ ၁၅  (မင်းဘခက်)
         ထိုင်းနိုင်ငံမြန်မာသံရုံးတွင် ဖွဲ့စည်းခဲ့သည့်   မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော် မတီ တစ်နှစ်သက်တမ်းပြည့် ၍ ပြန်လည် ဖွဲ့စည်း ရန် ပြင်ဆင်သည့် အစည်းဝေးသို့ ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံ သားများအဖွဲ့ MAT က မတက်ရောက် ပဲနေ ခဲ့ကြောင်းသိရှိရသည်။
 MAT အဖွဲ့သည် ယနေ့ မွန်းလွဲ ၂နာရီတွင် ကျင်းပမည့် သံရုံးစည်းဝေးခန်းမသို့ ၀င်ရောက်ခြင်းမရှိပဲ သံရုံးထဲမှ ပြန်လည် ထွက်ခွာ လာခဲ့ကြ ခြင်းဖြစ်သည်။

  MATအဖွဲ့၏ ဥပဒေအကြံပေးအရာရှိ ရှေ့နေကြီး ဦးအောင်မျိုးသန့် က“ အလုပ်သမား အရေးလုပ်နေတဲ့ သူတွေ သီသန့်မဟုတ်ပဲ နာမည်ပျက်နဲ့ကျော်ကြားနေတဲ့သူတွေ လူ လိမ်ပွဲစားကြီးတွေကို ဖိတ်မယ် ဆိုတာ ကို ကျနော်သိတဲ့အတွက် မြန်မာသံရုံးကို မနေ့ကတည်းက ကျနော် ကန့်ကွက်ထားပါတယ်။ ပွဲစားတွေကို ဖိတ်မယ်ဆိုရင် ကျနော်မလာဘူးလို့ပြောထားပါတယ်။ သံရုံးဧည့်ခန်းလို နေရာကို  ဒီလို လူမျိုး တွေကို ဘာကြောင့်ခေါ်ကြတာလဲ၊ ဘယ်သူတွေကဖိတ်တာလဲ။ အလုပ်သမားတွေကို နည်း အမျိုးမျိုး နဲ့ နှိပ်ကွပ်နေ တဲ့ ပွဲစား လူလိမ်တွေကို သံရုံး အလုပ်သမား ကူညီစောင့်
ရှောက်ရေး ကော်မတီကပါ။ သံရုံး ကပါ ဆိုပြီး လုပ်စားသွားမယ်။ အထူးသဖြင့် အလုပ် သမားတွေကို ပိုမိုနှိပ်ကွပ်သွားနိုင်တယ်” ဟုပြောသည်။

"၂၀၀၈ ဖွဲ့စည်းပုံဥပဒေ အား အတည်မပြုမီကာလက စာအုပ်အဖြစ်ထုတ်ဝေရန်ပြင်ဆင်ခဲ့သော်လည်း မထုတ်ဝေဖြစ်ခဲ့သည့် စာအုပ်”

တချိန်တခါက ပြောဆိုခဲ့ကြတဲ့၂၀၀၈ ဆိုင်ရာ ဥပဒေ စကားရပ်တွေ ဖြစ်ပါတယ်။
မှတ်တမ်းလုပ်ဖို့ဝါသနာ ပါလို့ စုဆောင်းခဲ့တာပါ။ မည်သူမဆို ကူးယူဖေါ်ပြနိုင်ပါတယ်။

အားလုံးကို လေးစားစွာဖြင့်
ကျော်သောင်း

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရေဒီယို အင်တာဗျူးများ


13 November 2013

“လုပ်ငန်းရှင်သိမ်းထားသည့်ပတ်စပို့ပြန်ရပြီ”



နိုဝင်ဘာ ၁၃     မြတ်ညို(အလွတ်သတင်းထောက်)

  ဘန်ကောက်မြို့၊ ကထုန်ဘန်အနီး စိုင်းစီ ရပ်ကွက် တလာစီစဘို တွင်ရှိသော မော်တော်ဆိုင်ကယ်အပို ပစ္စည်းထုတ်လုပ်သည့် အိမ်တွင်းမှုအလုပ်ရုံ  အလုပ် သမား၂ဦးထံမှ ပတ်စပို့အား လုပ်ငန်းရှင်က သိမ်း ထား ခဲ့သည်ကို ယမန်နေ့က ပြန်လည် ရရှိခဲ့ပြီးဖြစ် သည်။

        ပဲခူးတိုင်း ဝေါမြို့နယ် ဒလနွမ်းမှ မဖြူဖြူသန်း   နှင့်  စနေမ တို့ထံမှ အောက်တိုဘာ ၂၉ ရက်ကတည်း တစ်ဦးစီ ဘတ်၂၀၀ စီယူ၍ ရက်၉၀ တံဆိပ်တုံး ထုမည်ဟု ဆိုကာ ယူသွားခဲ့ပြီးနောက် မပေးပဲနေခဲ့သည်။

11 November 2013

“ထိုင်းအလုပ်သမားတစ်ဦးအား ရခိုင်အလုပ်သမတစ်ဦးက ဓါးဖြင့်ထိုး”



နိုဝင်ဘာ ၁၁ (မင်းဘခက်)

          မဟာချိုင်နယ်မြေ CPF ပုဇွန်အခွံခွာသည့် အလုပ်ရုံတွင် စကားအချေအတင်ဖြစ်ရာမှ ထိုင်းယောက်ျားလျှာ အလုပ်သမားတစ်ဦးအား ရခိုင်အလုပ်သမ တစ်ဦးကဓါးဖြင့်ထိုးလိုက်ကြောင်း သိရှိရသည်။
         အသက် ၂၃ နှစ်အရွယ် မစောမြနွယ် သည်     နိုဝင်ဘာလ ၇ရက်နေ့ နေ့လည် ထမင်းစားနား ခါနီး နေ့လည် ၁၁နာရီခွဲအချိန်တွင် ထိုင်းယောက်ျား လျှာ နှင့် စကားပြောနေသည့် သူငယ်ချင်းဖြစ်သူ  မ….. အား ထမင်းအတူတူစားကြရန် သွားခေါ်ခဲ့သည်။ ထိုအခါ ထိုင်းယောက်ျားလျှာက ခေါ်ရကောင်းလား ဟူ၍ မစောမြနွယ် ၏ လည်ပင်းကို ညှစ်ပါသည်။

“ထိုင်းအမျိုးသမီးကို မြန်မာအလုပ်သမား၂ဦးအဓမ္မပြုကျင့်”




      နိုဝင်ဘာ ၁၁    (ကိုတီး)

               ဘန်ကောက်မြို့မြောက်ဘက် ၄၆ကီလို မီတာအကွာတွင်ရှိသော ပထုံဌာနီနယ်မြေ အမှတ်ရ ၇ ရေမြောင်းအမှတ်(၁)ရပ်ကွက်တွင်ရှိသော ချင်လ ဘန်ခန် ကားလမ်းမ နံဘေးတစ်နေရာတွင်ယမန်နေ့ ညဥ့် ၁နာရီခန့်တွင် အလုပ်မှ ပြန်လာသည့် ထိုင်း အမျိုးသမီးငယ် တစ်ဦးအား မြန်မာအလုပ် သမား ၂ဦးက အဓမ္မပြုကျင့်ကြောင်း ထိုင်းရတ်သတင်းစာ တွင် ဖေါ်ပြထားသည်။

             အသက် ၁၈နှစ်အောက်အရွယ် apple အမည်ရှိ ထိုင်းအမျိုးသမီးငယ်တစ်ဦး အား မြန်မာ ၂ဦးက အဓမ္မပြုကျင့်ရာ အော်ဟစ်အကူညီတောင်းသဖြင့် ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းဖမ်းဆီးသဖြင့် အသက် ၂၆နှစ် အရွယ် မောင်ကျော်နိုင် ဆိုသူအားထိုင်းရဲများက ဖမ်းဆီးမိခဲ့သည်။ အခြားတစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

              appleကသူမအော်ဟစ်သဖြင့်မျက်နှာကိုလက်သီးဖြင့်အထိုးခံခဲ့ရကြောင်းထွက်ဆိုသည်။
 မောင်ကျော်နိုင်က အရက်မူ၍ လုပ်ခဲ့မိကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။ ရဲစခန်းက ဥပဒေကြောင်း
အရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင်ရေးသားထားသည်။

10 November 2013

“မြန်မာသံအမတ်ကြီး ဦးတင်ဝင်း မြန်မာအလုပ်သမားများနှင့်တွေ့ဆုံ”




နိုဝင်ဘာ ၁၀    (မင်းဘခက်)

              ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနှင့် သံအရာရှိများ မဟာချိုင်မြို့ ဘန်ပါ ရပ်ကွက်တွင်ရှိသော ၀ပ်ပါချိုင်လန်စီ ဘုန်းတော်ကြီးကျောင်း တွင် ဖွင့်လှစ်ထားသည့် အလုပ်သမားစာ သင်ကျောင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ် သမားများနှင့် တွေ့ဆုံခဲပြီး အလှူငွေ များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
       

09 November 2013

“လူကုန်ကူးခံထားရသည့်မြန်မာနှင့်လာအို၅၂ဦးအား ပူးပေါင်းအဖွဲ့များကကယ်တင်”

နိုဝင်ဘာ     (ကိုတီး)

      ဘန်ကောက်မြို့မြောက်ဘက်ကီလိုမီတာ ၁၀၀ခန့်အကွာတွင်ရှိသော လက်လွန်ကယောက်နယ်မြေ၊ မြို့ရွာများနှင့်အလှမ်းကွာဝေးသော လယ်တော စပ်တွင်ရှိတည်ရှိသည့် ပလပ်စတစ်ပြန် လည်သန့်စင်အလုပ်ရုံတွင် ရောင်း စားခံထားရသည့်   မြန်မာနှင့်လာအိုနိုင်ငံသား၅၀ဦးအား လူကုန်ကူးမှုပူးပေါင်းအဖွဲ့များက ယမန်နေ့ညနေက ကယ်တင်လိုက်ကြောင်း သိရှိရသည်။
 


               မြန်မာအလုပ်သမား ၂၆ဦး(ကျား၁၀ဦး+မ၁၆ဦး) လာအို၂၄ဦး(ကျား၎ဦး+မ၂၀ဦး)နှင့် အတူ အလုပ် သမားများအား လှည့်ဖြားခေါ်ဆောင်ကြသည့် ပွဲစား၃ဦးနှင့် လုပ်ငန်းရှင် ဇနီးမောင်နှံတို့အား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။  ထိုအထဲတွင် အသက်၁၈ နှစ်အောက် လာအိုလူငယ်၅ဦးနှင့် မြန်မာ၃ဦး ပါဝင်သည်။      

06 November 2013

“ထိုင်းရဲအဖမ်းခံရသည့် MOUအလုပ်သမား၁၇ဦး တစ်ပတ်ကြာအထိမလွတ်မြောက်သေး”



         
နိုဝင်ဘာ ၆  (ခရမ်းသားလေး)
         အောက်တိုဘာလ၃၀ ရက်နေ့က မြေကျင်း တူးနေသည့် MOU အလုပ်သမား ၁၇ ဦး အား နယ်မြေ ရဲများဝင်ရောက်ဖမ်းဆီးခဲ့သည်ကိုတာဝန်ရှိ သူများက ယနေ့တိုင် လွတ်မြောက်အောင် မဆောင် ရွက်ကြ သဖြင့် အလုပ်သမားများက စိတ်ပျက် စိုး ရိမ်နေကြကြောင်း သိရှိရသည်။
         အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ(၄)     နာရီတွင် ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီ တာ ၃၀ခန့်အကွာ တွင်ရှိသော မင်ဘူရီအပိုင်  မီမီမိုင် ၁၁လမ်းရှိ  ဆောက်လုပ်ရေး လုပ်ငန်းခွင်   မြေကြီးမြောင်းများ တူးဖေါ်နေစဉ် ရဲကား၎စီးလာရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ အခြားအလုပ်သမားများနေထိုင်ရန် တဲထိုးနေရာမှ   တောထဲ သို့ရှောင်တိမ်းနေလိုက်ကြသဖြင့် လွတ်မြောက် ခဲ့ကြ ကြောင်း အလုပ်သမားများကပြောသည်။
           ဖမ်းဆီးခံရသည့် အလုပ်သမားများမှာ မြ၀တီအခြေစိုက် ပုလဲမိုးကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သား၆ ဦးနှင့် ကော့ေ သာင်း    Royal golden Gate  ကုမ္ပဏီမှ တင်ပို့သည့် ၁၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့မှာ(စိုးမင်း၊ခင်စောင်၊သိန်းဇေါ်၊ ကျော်စွာဝင်း၊ ထွန်းငြိမ်၊မင်းမင်းထွေး၊ အောင်ကိုဦး၊ အေးလွင်၊ လှဦး၊ ကျော်စိုး ၀င်း၊ တင်မျိုးအောင်၊ ယာချစ်ခမ်း၊ စောသန်း၊ နိုင်ဝေမိုး၊ ကြည်နိုင် မိုး၊ သန်းဇော် နှင့် ဆန်းဝင်း) တို့ဖြစ်ကြသည်။

             မြန်မာနိုင်ငံဘက်မှ Royal golden Gate  ကုမ္ပဏီနှင့်   မြ၀တီအခြေစိုက် ပုလဲမိုးကုမ္ပဏီနှင့် တို့ က ထိုင်းနိုင်ငံဘက်မှ Phanason Residen  ကုမ္ပဏီသို့ တင်ပို့ထားသည့်အလုပ်သမား



များ ဖြစ်ကြသည်။ မူလက  ယခုဆိုဒ်သို့အလုပ်သမား ၅၀၀   ကျော်ခန့် တင်ပို့ထားခဲ့သော်လည်း  နေရပ်ပြန်သူနှင့်ထွက်    ပြေးကြသူများရှိခဲ့ကြသဖြင့် ယခုအခါ အလုပ်သမား ၄၀၀   ကျော်ခန့်သာရှိပြီဖြစ်သည်။
               Royal golden Gate  ကုမ္ပဏီ, မှ တင်ပို့သည့် အလုပ်သမားများအား ပတ်စပို့ကြေး ဘတ်ငွေ ၁၂,၀၀၀   ဖြတ် မည်ဖြစ်ပြီး ပုလဲမိုးနှင့် ရွှေနဂါး ကုမ္ပဏီတို့က တင်ပို့သည့် အလုပ် သမားများထံမှ ပတ်စပို့ဖိုး ဘတ်ငွေ  ၁၇,၃၀၀ ဖြတ်တောက်ခံရ မည်ဖြစ်ကြောင်း လစဉ်လုပ်အားခရှင်းပေးသည့်  ငွေစါရင်းရှင်း တမ်းစာ ရွက်တွင် ရေးသားထားသည်။
          
        ခေတ်ပညာတတ် အလုပ်သမား လူငယ်တစ်ဦး က “မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်   ကို  ဖုန်း ဆက်ပြီးတော့ အကျိုးအကြောင်းကိုပြောတယ်။ ဒီကိစ္စ စုံစမ်းပေးမယ်လို့ပြောတယ်။ ကုမ္ပဏီပွဲစားတွေကို ဖုန်းဆက်ပြီးပြောတော့ ဟိုနေ့လာမယ်၊ ဒီနေ့လာမယ်နဲ့ ခုထိရောက်မလာသေးဘူး။ ကျနော်တို့က အစိုးရ အချင်းချင်း ပို့တယ်လို့လည်းပြောတယ်။ ပုလိပ်ဖမ်းမှာလည်းစိုး ရိမ်နေကြ ရတယ်။ ခု ဖမ်းဆီးချုပ်နှောင်ခံထား ရတာ တစ်ပတ်ပြည့်ပြီ၊   ထောင်ချခံရမလား၊ နယ်နှင်ခံရမလား၊ ကျနော်တို့ဘယ်သူ့ကို အားကိုးရမလဲ” ဟုပြောသည်။
           အလုပ်သမားများအား လုပ်ငန်းခွင်က ၂နှစ်ပြည့်အောင် လုပ်မှ မြန်မာပြည်သို့ပြန်ရ မည်ဖြစ်ကြောင်း ပြော သည်။ ၁၅ ရက်လျှင် ရေမီး၂၀၀ဘတ်နှင့် ပကာစာခွန်း(အာမခံကြေး) အတွ က်၂၀၀ ဘတ် စုစုပေါင်းလစဉ် ဘတ်ငွေ ၈၀၀ စီ လစဉ်ဖြတ်ေ တာက်သည်။ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ  ဒါရိုက်တာ ဦးကျော်သောင်း က“ MOU စနစ်ရဲ့အားနည်းချက်တွေကို ကျနော် အလုပ်သမား ၀န်ကြီးတို့နဲ့ဘန်ကောက်သံရုံး ထဲမှာကျင်းပတဲ့ အစည်းဝေး မှာ ထောက်ပြဖူးပါတယ်။ သက်ဆိုင်သူတွေ အကုန်လုံးဟာ

လွဲချော်နေတာတွေကို ပြင်ရကောင်းမှန်း မသိကြ   သေး ရုံ မက ကျနော့်ကို ရန်သူအဖြစ်သတ်မှတ် လာကြတယ်။ MOU လုပ်နေကြသူတွေထဲမှာမှန်မှန်   ကန်ကန်လုပ်သူ အထူး နည်းပါးပြီး မတရား လုပ် ချင်   ကြသူတွေနဲ့ ရာဇ၀င်ရှိတဲ့ ဧရာမ လူလိမ်ကြီးေ တွနဲ့    လုပ်နေကြတာများတယ်။ နည်းမှန်လမ်းမှန်နဲ့လုပ်ကြရင် MOU ဆိုတာ နတ်လူ သာဓုခေါ်စရာ လုပ်ငန်းကြီး ပဲ၊ ဒါပေမယ့် ခြစားမှု မတရားမှုနဲ့လည်ပတ်နေကြတဲ့ ယန္တရားအောက်မှာ
  မချိဆင်းရဲသား မြန်မာအလုပ်သမားတွေက မြေဇာ ပင်ဖြစ်နေတယ်၊ MOU နဲ့လာတဲ့ အလုပ်သမားတွေ ဒုက္ခကြုံရင် ကာကွယ်ကူညီ မယ့် သူ ထိုင်းနိုင်ငံထဲမှာ မရှိဘူးဖြစ်နေတယ်” ဟုပြောသည်။
          အောက်တိုဘာလ၂၆ ရက်နေ့က ရန်ကုန်တိုင်း   မြောက်တဂုံမြို့ ပင်လုံခန်းမတွင်ကျင်းပသော အလုပ်သမားဝန်ကြီးဌာ နနှင့် အေဂျင်စီများ အစည်းဝေး ကျင်းပစဉ် Lovely World Sevices Co,Ltd  မှ ဒေါ်ချိုချိုစမ်း က၊  ဦးကျော်သောင်း အား ဂုဏ်သိက္ခာကျဆင်းအောင် တိုက်ခိုက် ပုတ်ခပ် ပြောဆိုသည့် အသံဖိုင်တစ်ခုအား MAT အဖွဲ့က လက်ခံရရှိထားကြောင်း သိရှိရသည်။