13 March 2014
SKF ငါးသေတ္တာရုံ မှ မခင်နွယ်ဝင်း နစ်နာကြေးအဖြစ် လျော်ကြေးငွေ ဘတ်တစ်သိန်းရပြီး
ဆာမူစာခွန်ခရိုင် ဝပ်နန်းဆောင် ဘုန်းကြီးကျောင်းအနီးတွင်ရှိသော SKF ငါးသေတ္တာရုံ စက်ရုံ၌ အလုပ် လုပ်နေသူ မခင်နွယ်ဝင်သည် ငါးသေတ္တာအလုပ်ရုံရှိ ဝန်ချီစက်နှင့် ပွတ်တိုက်မိပြီး မြောင်းထဲသို့ ချော်လဲ ကျရာ ညာဘက်ခြေထောက်မှာ ကျိုးပြီး အသားရေများ ဖွာထွက်သွားခဲ့သည်။
အခင်ဖြစ်ပွားပြီးမကြာမှီအချိန်၌ အဆိုပါငါးသေတ္တာရုံထဲမှ မြန်မာအလုပ် သမားတစ်ယောက်မှ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့မပာာချိုင်တာဝန်ခံ   ကိုခိုင်ကြီး ထံ ဆက်သွယ်အကြောင်းကြားအကူညီတောင်းခံလာခဲ့ရာ MATအဖွဲ့မှ ဆေးဝါးကုသ မှု့များခံယူစေခဲ့ပါသည်။
ထိုအချိန်တွင် မခင်နွယ်ဝင်းမှာ စက်ရုံထဲတွင် အလုပ်လုပ်နေစဉ်ကာလမှာ မည်သည့်အထောက်ထားမှ မရှိ၍ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATမှ ရသင့်ရ ထိုက်သော အခွင့်ရေးများရနိုင်ရန်အတွက် ပတ်စပို့စ်လုပ်ပေးခဲ့ပါသည် ။
ထိုင်းအထူးစုံစမ်း ထောက်လှမ်းရေးDSI တာဝန်ရှိများကို ကျေးဇူးတင်ဂုဏ်ပြုလွှာပေးအပ်
ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီ တာဝန်ခံ သံမူးကြီး ဦးအောင်မြင့် အလုပ်သမား သံ အရာရှိ ဦးကျော်ကျော်လွင် နှင့် ဒုတိယ အတွင်းဝန် ဦးထွန်းအေး တို့ သည် ယနေ့ နံနက် ၁ဝး ၃၀ အချိန်တွင် ထိုင်း အထူးစုံစမ်း ထောက်လှမ်းရေး(Department of special Investlgation) DSIတာဝန်ရှိများကို မြန်မာသံရုံး   အစည်းဝေး ခန်းမတွင် ကျေးဇူးတင် ဂုဏ်ပြုလွှာ ပေး အပ်ခဲ့ကြသည် ထို ဂုဏ်ပြုလွှာ ၏ မှတ်တမ်း သည် ထိုင်းနိုင်ငံရှိ မြန်မာ နိုင်ငံသား များ ကို အဘက်ဘက်မှ အရပ်ရပ်မှ မပာုတ်မမှန်သော လုပ်ရပ်များဆက် လက် အပြည့်ဝ ဝိုင်းဝန်း ကုညီ အလေးထားဆောင်ရွက်စေလိုကြောင်း သံမှုး ဦးအောင်မြင့် မှ ပြောကြား ခဲ့သည်။
05 March 2014
“၈နှစ်ကြာ အိမ်ဖေါ်အဖြစ် ရောင်းစားခံခဲ့ရသူတစ်ဦးလွတ်ပြီ”
မောင်ပေါ်ထွန်း
၂၀၁၄ မတ်လ ၅ ရက်
ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင်  ၈နှစ်အိမ်ဖေါ်အဖြစ် ရောင်းစားခံခဲ့ရသည့် ကရင်အမျိုးသမီးတစ်ဦး ယနေ့ တွင် မြ၀တီသို့ရောက်ရှိသွားပြီးဖြစ်သည်။ 
ဘန်ကောက်မြို့လတ်ဖလောက် ၈၈လမ်းအိမ်အမှတ် ၅၄၅/၈၄၉တွင် လုပ်အားခအနည်းငယ်ဖြင့် အိမ် ဖေါ် အဖြစ် လုပ်ကိုင်ခဲ့ရသည့် စူးစူးအား ချက်ခြင်းဖမ်းဆီးပြန်ပို့သဖြင့် MAT အဖွဲ့က အံ့သြနေသည်။မစူးစူး   က “ သမီးနေတဲ့အခန်းကို နေ့လည် ၁ နာရီလောက်မှာ ပုလိပ်၅ယောက်ရောက်လာတယ်၊ နင့်ကို တိုင်ထား တယ်။ နင့်မှာ ပတ်စပို့ရှိလားလို့မေးတယ်။ သမီးကို လုတု(ပေါင်မုန့်ကား)တစ်စီးနဲ့ တစ်ယောက်ထဲ  မဲဆောက် ကိုပို့တယ်။ ဘန်ကောက်မှာတော့ လက်ဗွေနှိပ်ခဲ့ရတယ်။ မဲဆောက်တောမောရုံးရှေ့မှာချထား ခဲ့တယ် ဘာလက်ဗွေ ဘာလက်မှတ်မှ ဘယ်ရုံးကိုမှ ၀င်မထိုးခဲ့ရပါ။  သမီးခဲအို လှေနဲ့ မြ၀တီ ဘက်ကိုလိုက် ပို့ တယ်။ သမီး ၈နှစ်နဲ့ ၂လလုပ်နေခဲ့တာ ပေါင်း ကြည့်ရင်  ဘတ်ငွေ တစ်သိန်းနဲ့ငါးထောင်ပေးတယ်၊ ခုအမေနဲ့တွေ့ရပြီ” ဟုထိုင်းဘာသာဖြင့်ပြောဆိုသည်။
“ထိုင်းလ၀က(တောမော)အတုအားဖမ်းဆီး”
ဘာသာပြန်-ကိုတီ
ကိုတီး
၂၀၁၄ ခု မတ်လ ၅ ရက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော်အကွာ တွင်ရှိသော ဖတရာ ပင်လယ်အပန်းဖြေမြို့ ကော့လန်းကျွန်းတွင် ထိုင်းလ၀က(တောမော) အယောင်ဆောင်၍ ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီ၍ ငွေညှစ်နေသည့် ထိုင်းတစ်ဦးအား  ယမန်နေ့ ညနေက ဖမ်းဆီးလိုက်ကြောင်း ထိုင်ရတ်သတင်းတွင်ဖေါ်ပြထားသည်။
04 March 2014
“ငါးဖမ်းလှေတွင်ရောင်းစားခံနေရသည့်ရခိုင်အလုပ်သမား၆ ဦးလွတ်ပြီ”
    ကိုတီး
၂၀၁၄ ခု မတ်လ ၄ ရက်
    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ၈၆၄အကွာ၊ မလေးရှားနယ်စပ် ကတန်မြို့ဝှေ့မင်းလှေဆိပ်လှေအမှတ်(၁)KTHAVEESIMပေါ်တွင်ရောင်းစားခံနေရသည့် ရခိုင်အလုပ်သမား ၇ဦးအား ပူးပေါင်းဆောင်ရွက်သူများက ယမန်နေ့ညဥ့်နက်ပိုင်းတွင် ထိုင်းရေတပ် သင်္ဘောဖြင့်   သွားရောက် ကယ်ထုတ် နိုင်ခဲ့သည်။
           ရခိုင်ပြည်နယ်......မြို့နှင့်…… မြို့တို့မှ ရခိုင်လူငယ်အမြောက်အမြားတို့အား ပွဲစားအမျိုးသမီးတစ်ဦးက၄လ  လုပ်ဆပ် ရမည်ဖြစ်ပြီး၊ တစ်လလျှင်ကျပ်ငွေလေးသိန်း ခန့်ရမည်ဟုပြောဆို စည်းရုံးသဖြင့် ထိုင်းနိုင်ငံအတွင်းသို့လာခဲ့ကြောင်း ရောင်းစားခံရသည့်အလုပ်သမားများကပြောသည်။
 ပြီးခဲ့သည့်အပတ်က ဖုန်းဆက်မှုရရှိသည့် ပင်လယ်ထဲမှ  ရောင်းစားခံနေရသူ  တစ်ဦးက ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့MATအဖွဲ့သို့ အချက်အလက်များပေး ပို့နေခဲ့ပါသည်။
03 March 2014
“နေရပ်ပြန်အလုပ်သမားများအားထိုင်းပုလိပ်များငွေကောက်ခံ”
မောင်ပေါ်ထွန်း
 ၂၀၁၄ မတ်လ  ၃ ရက်
ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေကြရာမှ ခေတ္တနေရပ်ပြန်သွားကြသည့် မြန်မာအလုပ် သမားများအား ဘုရားသုံးဆူနှင့်မဲဆောက် လမ်းဂိတ်များ တွင်ငွေကြေးပေး နေရကြောင်း အလုပ်သမားများ ကပြောသည်။
      ကန်ချဘူရီ ဘုရားသုံးဆူ ဘက် လမ်းတွင် ၈ ဂိတ်နှင့် ဘန်ကောက် မဲဆောက်လမ်းဂိတ်၆ဂိတ် တို့တွင် တစ်ဂိတ်လျှင် အလုပ် သမားတစ်ဦး ထံမှ ဘတ်ငွေ၁၀၀စီ အသွားရော အပြန်ပါ ပေးဆောင်
နေကြရကြောင်း အလုပ်သမားများက ပြောသည်။
ဘန်ကောက်မြို့ဆူကူဗစ်လမ်း၂၀ တွင်  အိမ်ဖေါ်အ လုပ်လုပ်နေသည့် မအဲဖေါ့ သည် မဲဆောက်လမ်းမှ ကရင်ပြည်နယ် ဘားအံမြို့သို့ ခေတ္တပြန်သွားခဲ့စဉ် သူကြုံတွေ့ခဲ့ရပုံကိုပြော ပြရာတွင် “သမီးတို့မှာသွေးစစ်လက်မှတ်၊ ပတ်စပို့၊  ၀တ်ပါမစ် ပါ အစုံပါပါတယ်။ ဒါပေမယ့်မရဘူး  တစ်ဂိတ်ကို ဘတ်၁၀၀ စီပေးရတယ်။ သမီးလည်း မခံချင် လို့ သူဌေး ကို ပြန်ပြီး ဖုန်း ဆက်တယ်။ ပုလိပ်က ဘာပြောလဲဆိုတော့ အလှူ တဲ့။ ကားပေါ်ပါသမျှ မြန်မာ အလုပ် သမားတွေအားလုံးပေးရပါတယ်။ မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စ မြန်မြန်ရပ်တန့်ဖို့ ထိုင်းအစိုးရကို အမြန် ဆုံးပြောစေချင် ပါတယ်” ဟုပြောသည်။
01 March 2014
သင့်အရေး
ဤတိုင်းပြည်မှာ၊ သင်နေပါ၏။
ဤလေကိုသာ၊ သင်ရှူပါ၏။
ဤရေကိုသာ၊ သင်သောက်ပါ၏။
ဤလူတွေသာ၊ ကြာရှည်ကြာညောင်း
အချိန်ပြောင်းလည်း၊ သင်ပေါင်းပါ၏။
ဤမြေဤရေ၊ ဤလူတွေနှင့်
နေနေပါက၊
ဤမြေအရေး၊ သင့်အရေးတည်း။
ဤလေအရေး၊ သင့်အရေးတည်း။
ဤလူတွေအရေး၊ သင့်အရေးတည်း။
28 February 2014
“ပန်းရံလုပ်အားခအား စိုးရိမ်ထိတ်လန့်စွာယူခဲ့ရ”
မောင်ပေါ်ထွန်း
၂၀၁၄ ခု ဖေဖေါ်ဝါရီ ၂၈
          ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီမြို့တွင်ပန်းရံအလုပ်လုပ်ကြ သည့် အလုပ်သမားများ မိမိတို့၏ လုပ်အားခ၏ ထက်ဝက်ခန့် အား အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထား များကြောင့်  လက်ခံယူခဲ့ရကြောင်း အလုပ်သမားအဖွဲ့ခေါင်းဆောင်ကပြော သည်။
ကြောက် လန့်လန့်ဖြင့် လက်ခံရယူခဲ့ရခြင်းဖြစ်သည်။     
27 February 2014
“အချစ်ကိုဘယ်လိုပြောရမယ်”
           စားမကုန်တဲ့ တိုင်းပြည်မှာ မင်းလုပ်ခွင့်ရနေတာ အိပ်ရင်တောင် မိန်းမကိုဖက်မအိပ်ပဲ မြန်မာနိုင်ငံမြေပုံကိုပဲဖက်အိပ်တာ။ ချစ်ပရစေအုံး အုပ်ချုပ်ပါရစေအုံးလို့လုပ်နေတဲ့သူတွေရှိတယ်။ တော်လောက် ပြီးပေါ့ဗျာ အဲဒီလောက်ချမ်းသာနေတာ။  လူကြီးတစ်ယောက်က  သူ့သမီးမင်္ဂလာေ ဆာင်တာ လယ်ဧကသုံးထောင် လက်ဖွဲ့တယ်တဲ့။ ဒါတို့မြေဒါတို့ပြေဆိုတာ သူတို့ကိုပြောတာလား၊ ပြည်သူတွေကိုပြောတာလား ခုထိ ၀ိဝါဒကွဲတုန်း။ လူအမည်ချစရာမရှိတဲ့အတွက် အသက်၁၃နှစ်သားအရွယ်နဲ့ ကုမ္ပဏီလုပ်ေ ပးထားတဲ့ ၀န်ကြီး လွှတ်တော်ထဲမှာရှိသတဲ့ဗျာ။  ဟာသ,သရုပ်ဆောင် ဗေလုဝ စာပေဟောပြောပွဲတစ်ခု မှာပြောတဲ့ မှတ်သား    လောက်တဲ့စကား။
                             “အဘ ဘာမှမပြောသေးလို့ပါ”
           သန်းချီရှိတဲ့အလုပ်သမားတွေကိုပတ်စပို့ထုတ်ပေးထားတဲ့ မြန်မာအ လုပ်သမားဝန်ကြီးဌာနဟာ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကိုဖိနှိပ် ထားတဲ့ထိုင်းဥပဒေကိုခုထိ လုံးစေ့ပတ်စေ့သုံးသပ်ထားဟန်မရှိသေး။ထိုင်းဘာ သာပြန်မြန်မာတစ်ယောက်ကတော့သံရုံးတွင်းစည်းဝေးပွဲမှာပြောဖူးတယ်။ သူဟာ   ထုံးလုံချေ ရေလိုနှောက်တယ်တဲ့။
26 February 2014
“ခေတ်ပျက်ထဲကသမီးပျိုများ”
      ကျနော် မြန်မာပြည်နေရပ်ကို ခဏပြန်ခဲ့စဉ်တုန်းကရေးခဲ့တဲ့  “မြန်မာဖြစ် နိုင်ငံခြားအိမ်ဖေါ်” ဆိုတဲ့   ဆောင်းပါး တစ်ပုဒ်ကို ဇန်န၀ါရီလ  ၂၆ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖေါ်ပြခဲ့ပါတယ်။ ဒီဆောင်းပါး ကိုလည်းပို့ခဲ့ပါတယ်။ ဒါပေမယ့် ပုံနှိပ်ဖေါ်ပြတာမတွေ့ရဘူး။ ဒီနေ့တော့ ဟောင်ကောင်ကို အိမ်ဖေါ် ပထမအ သုတ်စေလွှတ်ပြီဆိုတဲ့သတင်းဖတ်ရတယ်။ ဒါကြောင့် ဒီဆောင်းပါးကို အွန်လိုင်းပေါ်မှာပဲ တင်လိုက်ရတော့ တယ်။
                              “ခေတ်ပျက်ထဲကသမီးပျိုများ”     
     ၂၀၁၄ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ South China Morning Post ကို ကိုးကား ပြီးတော့ အာအက် ဖ်အေ သတင်းဌာ နနဲ့ဆဲဗင်းဒေးနေ့စဉ် သတင်းစာ တို့ မှာ  ၀န်ဆောင်ခကျပ်ငွေ သိန်း၂၀နဲ့   ဟောင်ကောင်နိုင်ငံကို မြန်မာ အိမ်ဖေါ်အမျိုးသမီး ၅၅ဦး ကို ယခုလ ကုန်မှာ ပို့ဆောင်တော့မယ်လို့ရေး ထားပါတယ်။
         ၂၀၁၃ ဒီဇင်ဘာ၂၂ ရက်နေ့က အလဲဗင်းနေ့ စဉ် သတင်းစာ စာမျက်နှာ ၁၆နဲ့ ၁၇ မှာ “ဟောင် ကောင်တွင် မြန်မာအမျိုးသမီးများအိမ်အကူလုပ်ရန်   မြန်မာအစိုးရနှင့် ဟောင်ကောင် အေဂျင်စီ သဘော တူညီမှုရရှိ”  သတင်းနဲ့  ၂၄ ရက်နေ့က မဇ္ဈိမ နေ့စဉ် သတင်းစာ စာမျက်နှာ ၉မှာ “စင်ကာပူ   မြန်မာ အိမ် အကူလုပ်သားခေါ်မည်”  သတင်းတွေ ဖတ်ရှုရပါတယ်။