“ရခိုင်လူမျိုးတွေအတွက်
ကျက်သရေမင်္ဂလာဖြင့်ခညောင်းသောနေ့၊လိုလားတောင်းတနေတဲ့နေ့ထူးနေ့မြတ်”
ကျနော်
ဝမ်းသာပီတိဖြစ်နေတယ်။ ခလေးတစ်ယောက်လိုအော်ဟစ်ခုန်ပေါက်ချင်လောက်အောင် ပျော်နေ တယ်။
သည်းလှိုက်အူလှိုက်ပျော်ရွှင်နေမိတယ်။ ရခိုင်အမျိုးသားနေ့ပေါ်ပေါက်အောင် ဆောင်ရွက်လိုက်
ကြတဲ့ ရခိုင်ခေါင်ဆောင်တွေအားလုံးကိုလည်း အထူးကျေးဇူတင်နေမိတယ်။
ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ကြဖို့ လွန်ခဲ့တဲ့
၉နှစ်လောက်က အိန္ဒိယဘက်မှာအခြေစိုက် ရခိုင်အဖွဲ့အစည်းတွေက နိုင်ငံတကာရောက်ရခိုင်အဖွဲ့အစည်းတွေနဲ့
ထိုင်းနိုင်ဘက်အခြမ်းမှာ အခြေစိုက် လှုပ်ရှားကြတဲ့အဖွဲ့အစည်းတွေရဲ့သဘောထားတွေတောင်းခံခဲ့ကြတယ်။
အဲဒီကာလမှာကျနော်ဟာ ဘန်ကောက်အခြေစိုက် ရခိုင်ဝံသာနုစာပေအသင်းRPLCမှာ စာပေတာဝန်ခံ အယ်ဒီတာအဖြစ်
တာဝန်ယူ နေတဲ့အချိန်ဖြစ်တယ်။ ဒုတိယတစ်ကြိမ်ပြီးခဲ့တဲ့
ငါးနှစ်လောက်က သဘောထားကောက်ခံမှုတစ်ခုကို ပြည်ပ ရောက်ရခိုင်အမတ်တစ်ချို့လုပ်ခဲ့ပြန်တယ်။











