21 June 2014

“ယုတ်မာသည့်ပထွေးအားအမှုဖွင့်”





၂၀၁၄    ခု ဇွန်လ ၂၁
         မင်းဘခက်

အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်၍ငွေေ ကြးပါ ထပ်မံတောင်းခံသဖြင့် MAT နှင့် FED တို့ က နယ်မြေခံရဲဖြင့်ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။
 အဖြစ်အပျက်တို့အား ၈လအကြာတွင် မိခင်ဖြစ် သူက သိရှိခဲ့သည်။  ဇွန်လ ၁၈ ရက်နေ့က ၁၅ နှစ်အရွယ် ကလေးမ၏ မိခင်ဖြစ်သူထံသို့ အသက်၄၂ နှစ်အရွယ် ဦးခင်မောင်တင့် ဆိုသူက အဓမ္မပြုကျင့်ထားခြင်းများအား လူအများမသိစေ လိုပါက ဘတ်ငွေ၂၀,၀၀၀ ပေးရမည်ဖြစ်ေ ကြာင်း အကြပ်ကိုင် တောင်ခံလာခဲ့သည်။ အကယ်၍ မပေးအပ်ပါက မြန်မာပြည်သို့လည်း လူသိအောင် အရှက်ခွဲမည်ဟု ပြောပြန်သဖြင့်  မိခင်ဖြစ်သူက ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ M.A.Tသို့ အကူညီတောင်းခံလာခဲ့သည်။ M.A.T အဖွဲ့က ထိုင်းတောင် ပိုင်း တကွန်ပါ  အခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFE နှင့် ညှိနှိုင်းပြီးေ နာက် ချက်ခြင်းအကောင်အထည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
      M.A.T အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ခွင့်မလွှတ်ချင်အောင် ယုတ်မာတဲ့အမှုကိစ္စဖြစ်တယ်။ ကျနော်တို့ အတွေ့အကြုံအရ ရဲဆေးရုံ စစ်ဆေး ချက်တို့ သက်သေခံအထောက်အထားတို့ တစ်စုံတစ်ခု ရရှိဖို့ ခက်ခဲနေတယ်။ ဒါပေမယ့်ဖြစ်ရပ်ကမှန်နေတယ်။ ကလေးမလေးဘက်က အလွန်နစ်နာနေ တယ်။ ကျနော်တို့  အတော်စဉ်းစားပြီးတော့လုပ်ရတယ်။ တစ်ခုခုမှားယွင်းမှာ စိုးရိမ်တယ်။ နယ်မြေခံ ရဲအရာရှိကို အကျိုးအကြောင်းတင်ပြတယ်။ အချက်အလက်တွေမှန်ကန်တိကျတယ်ဆိုတော့မှ ပထွေးဆိုသူကို ပိုက်ဆံ လာယူ  ဆိုပြီးခေါ်ဖမ်းလိုက်ရတယ်” ဟုပြောသည်။
   ဘန်ကောက်မြို့ ဖက်ကဆင်....လမ်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော အသက်၁၅နှစ်အရွယ် မိန်းကလေး၏မိခင်က“ကျမတို့ ထိုင်းမှာ ပေါင်းသင်းလာ တာ ၇နှစ်လောက်ရှိပြီ။ သမီးလေးအရွယ်ရောက်လာတာနဲ့ ခေါ်လိုက်တာ။ ကျမ မသိတဲ့အချိန်မှာ သမီးကို အဓမ္မပြုကျင့်တယ်။ တစ်ခါတစ်ရံ သမီး မျက်နှာညှိးနေတာမြင့်လို့ ကျမမေးတော့ သူဆူထားလို့ ဆိုပြီးပြောတာ။ ကျမကတောင်မှ အဖေဆူတာ သမီးကို ဆုံးမတာဆိုပြီးတော ပြောပြသေး တယ်။ ကျမ ဒီလိုပက်စက်မယ်လို့မထင်ဘူးလေ။ သမီး နေမကောင်း လို့ ဆေးရုံသွားပြတော့ ဆရာဝန်က ကလေးဟာ လိင်ဆက်ဆံခံဖူးတဲ့ လက္ခဏာ ရှိတယ်လို့ပြောမှ သမီးကိုမေးကြည့်တယ်။ ဒီတော့မှ ကျမသိတာ။ သိတော့ ကျမကသူ့ကို မပေါင်းတော့ဘူးဘာညာပြောတော့ သူက အရှက် မကွဲချင်ရင် ဘတ်ငွေ၂၀,၀၀၀ ချက်ခြင်းပေးဆိုပြီး အကြပ်ကိုင်တောင်းတာ” ဟုပြောသည်။    
   ပထွေးဖြစ်သူ ဦးခင်မောင်တင့် အား ယခုအခါ  ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး အမှုရင်ဆိုင်နေရ ဆဲဖြစ်သည်။ ၎င်းသည် မွန်ပြည် နယ် မော်လမြိုင်မြို့နယ်၊ ခရိတ်သစ်ကျေးရွာမှဖြစ်ပြီး အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ ကရင်ပြည်နယ်၊…………….မြို့နယ်၊ ……….ကျေးရွာမှဖြစ်ကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံအနှံ့အပြားတို့တွင် မြန်မာအလုပ်သမားအချင်းချင်း သတ်ဖြတ်မှု၊ အဓမ္မမှု၊ လိမ်လည်မှု  စသည့် ရာဇ၀တ်မကင်းသော အမှုများနေ့စဉ်ဖြစ် ပွားလျှက်ရှိသော်လည်း ဖေါ်ထုတ်အရေးယူဆောင်ရွက်နိုင်မှုနည်းပါးသည်။

17 June 2014

လူကုန်ကူမှုဆောင်းပါး ဒိတ်လိုင်း ဧရာဝတီ


“မြန်မာသံရုံးရှေ့ ကျောင်းဆရာတစ်ဦးတစ်ကိုယ်တော်ဆန္ဒပြ”




၂၀၁၄ ဇွန်လ ၁၇

မဟာချိုင် ၀ပ်စီမိန်ကျောင်းတွင်   မြန်မာရွှေ့ ပြောင်းအလုပ်သမား များအား စာသင်ပြသည့် ကျောင်းဆရာ တစ်ဦး ထိုင်းနိုင်ငံမြန်မာသံရုံးရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

       ကျောင်းဆရာ ကိုစောမောင် သည် နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန် ရုပ်ပုံတွင် “ထိုင်းရောက်မြန် မာအလုပ် သမားတွေကို ပစ်မထားပါနဲ့ခင်ဗျား” ဟူ သည့်စာကို မြန်မာ အင်္ဂလိပ်၂ဘာသာ   ရေးသား၍ ၎င်း နောက်ပိုစတာ တစ်ချပ် တွင် မြန်မာပတ်စပို့အောက်ခံ ပုံ၌ ပတ်စပို့ရှိလျှက် ပုလိပ်ဖမ်းနေတာကို   မြန်မာသံရုံး မသိ ချင်ယောင် မဆောင် ပါနဲ့” ဟူ၍ ပိုစတာ နှစ်ခုကိုင်ကာ တစ်ဦးတည်း၁၀ မိနစ်ခန့် ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့သည်။

16 June 2014

“ထိုင်းအလုပ်သမားသံအရာရှိ ကြေညာချက်ထုတ်ပြန်”



                   
၂၀၁၄ ခု ဇွန်လ ၁၆
မြတ်ညို (အလွတ်သတင်းထောက်)

             ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေ   သော မြန်မာအလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကလက်ရေးမူဖြင့် ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
စာပါအကြောင်းအရာများမှာ……….
              “ထိုင်းရောက် အလုပ်သမားများသို့ အသိပေးကြေညာခြင်း”

          ထိုင်းနိုင်ငံအစိုးရ၏ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲနေသော အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းစစ်တပ်နှင့် ရဲများမှ ဖမ်းဆီးနေကြောင်း သတင်းမျိုးစုံ ထွက်ပေါ်လျှက်ရှိနေပါသည်။
           ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မိမိတွင် Passport စာအုပ် Workpermit အထောက်အထားများပြည့်စုံစွာ ရှိလျှက်နှင့် ဖမ်းဆီးခြင်းခံရ ပါက အလုပ်သမားသံအရာရှိထံ အောက်ဖေါ်ပြပါ ဖုန်းနံပါတ် များကို အချိန် မရွေး ကူညီဆောင်ရွက်ပေးပါမည်။
                               ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ
086 777 6825    083 9812 175       091 537 0018    0835 446 442
ဟူ၍ ကြေညာချက်တွင်ပါရှိသည်။  

12 June 2014

“မြန်မာအလုပ်သမားများ အထိတ်တလန့်ထွက်ပြေးတိမ်းရှောင်နေကြရ”



            
၂၀၁၄ ခု ဇွန်လ ၁၂
မြတ်ညို (အလွတ်သတင်းထောက်)


  ထိုင်းနိုင်ငံအနှံအပြားတွင်      ရှိသောမြန်မာ အလုပ် သမား များစုဝေးနေထိုင် ရာနှင့် လုပ်ငန်းခွင်များသို့ ထိုင်းစစ် တပ်နှင့်ရဲများ လိုက်လံဖမ်းဆီးနေသဖြင့် မြန်မာအလုပ်သမားများထွက်ပြေးတိမ်းရှောင် နေကြရ 
 ကြောင်းသိရှိရသည်။
               MOU ဖြင့် လာရောက်၍ မဟာချိုင်တွင် ပန်းရံအလုပ်လုပ်နေသည့် အလုပ်သမား ကိုဇေါ်မင်း က “မနေ့ညနေကတည်းက သူဌေးက ပြောထားလို့ ကျနော်တို့ အလုပ်သမား ၃၀၀ လောက် ဓနိတောထဲမှာ ဒီနေ့ ရှောင်နေကြရ တယ်။ တကယ်ပဲ မနက်၉နာရီလောက်မှာ စစ်သားတွေ ပုလိပ်တွေ ၀င်လာကြ တယ်” ဟုပြောသည်။
               အလားတူ ဘန်ကောက်မြို့ ဖုထုံမထုံ စိုင်နွဲ့ ပန်းခြံတွင် ၁၀ နှစ်ကြာ အလုပ်လုပ်နေသည့် စိုက်ပျိုးရေးသမား ကိုဆန်းဝင်း က “ကျနော်တို့ အလုပ်မ လုပ်နဲ့ ရှောင်နေကြဖို့ သူဌေးကပြောထားလို့ အခြားနေရာမှာရောက်နေတယ်။ ပတ်စပို့ ၀တ်ပါမစ်ရှိလျှက်နဲ့ ဒီလိုဖြစ်နေရတာ ကျနော်တို့ကို မြန်မာသံရုံး က တစ်ခုခု အကူညီပေးကြရင် ကောင်းမယ်” ဟုပြောသည်။ အလားတူ ဘန်ခေ ခုံထစ် အရပ်မှ စိုက်ပျိုးရေးအလုပ်သမားများ လည်း ရှောင်နေကြရကြောင်းပြော သည်။

“အလည်ဗီဇာဖြင့် ထိုင်းသို့အပို့ခံခဲ့ရသည့် ချင်းတိုင်းရင်းသား၅ဦးအား ပွဲစားတစ်ဦးကထပ်လိမ်”



           
ဇွန်လ ၁၂ ရက်၊စောမြတ်ချို
      ပြည်ပအလုပ်အကိုင် ရှာဖွေရေး   မြန်မာအေဂျင်စီတစ်ခုက အလည် ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ သည့် ချင်းတိုင်းရင်းသား၅ဦးတို့အား ပွဲစားတစ်ဦးက ထပ်မံအလိမ်ခံနေရ   သဖြင့် MAT အဖွဲ့က ကူညီပေး လိုက် ရကြောင်းသိရသည်။

          မကွေတိုင်း၊ အောင်လံမြို့နယ်၊ ကန်စွန်းအင်းကျေးရွာမှ အသက် ၂၅နှစ် အရွယ်ကြည်ခိုင်၊  မျိုးအောင်၁၉နှစ်၊ မိုးသက်အောင် ၁၈နှစ်၊ မအေးသန်း ၂၂နှစ်   နှင့် အသက်၂၀အရွယ် မနာဒါစိန် တို့ဖြစ်ကြသည်။ ၎င်းတို့သည်..........   အေဂျင်စီအား ကျပ်ငွေငါးသိန်းပေးခဲ့ရပြီး မတ် လ၂၈ ရက်နေ့က မြ၀တီ မဲဆောက်လမ်းမှ ၀င်ရောက်လာခဲ့ကြသူများ ဖြစ်ကြသည်။


       ထိုင်းနိုင်ငံ  ဆာလူရီနယ်တွင်ရှိသော ၀ါဂွမ်းအလုပ်ရုံတွင် နှစ်လကျော် အလုပ်လုပ်ကိုင်ခဲ့ကြရသည်။ ဗီဇာသက်တမ်းကုန်ဆုံးသွားပြီဖြစ်သဖြင့် အလုပ် ရုံမှ လက်မခံတော့ပေ။ ထို့ကြောင့် ပွဲစားတစ်ဦးအား အလုပ်သစ်ရှာပေးခနှင့် ခရီးစရိတ်အဖြစ် ဘတ်ငွေ ၁၄,၀၀၀ ပေးခဲ့ရသည်။ ထိုပွဲစားက နကပထုန်တွင် ရှိသော အခန်းတစ်ခန်းတွင် လာရောက်ပစ်ထားခဲ့သဖြင့် ဘန်ကောက် အခြေ စိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT သို့ ဆက်သွယ် အကူညီ   တောင်းခံခဲ့သည်။

09 June 2014

ရောင်းစားခံရဆဲမြန်မာအလုပ်သမား၁၄ဦးအားကူညီ



၂၀၁၄ ခု  ဇွန်လ ၉ ရက်             
        ကိုတီး



             ထိုင်းနိုင်ငံတောင်ပိုင်းပကျွတ်မြို့အုန်းသီး အလုပ်ရုံတစ်ခုတွင် အလုပ် လုပ်နေကြသော မြန်မာအလုပ်သမား ၁၄ ဦး(မ၂+ကျား၁၂)တို့အား ပွဲစားက အခြားနေရာသို့ ရောင်းစားရန်ရည်ရွယ် ခေါ်ထုတ်စဉ်MATနှင့်ပူးပေါင်း   ဆောင်ရွက်သူများက အချိန်မီကယ်တင်နိုင်ခဲ့သည်။
           ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်မြို့မှ လုန်ထဝီ မဖေါက်ခေါင်(အုန်းသီး) အလုပ်ရုံမှ မြန်မာအလုပ်သမားများအား ဇွန်လ ၆ ရက်နေ့က လုပ်ငန်းရှင်က မလိုက်ပါက ကြိုးဖြင့်ချည်နှောင်မည်ဟု ပြောဆိုကာ ကားပေါ်သို့ အတင်းေ မာင်းတင်ခဲ့သည်။ လမ်းကွေ့တစ်ခုအရောက်တွင် အလုပ်သမားများ အားလုံး ကားပေါ်က ခုံဆင်းကာ တောထဲတွင်တစ်ညအိပ်ခဲ့ကြရသည်။ အစာရေစာ တစ်ရက်နှင့်တစ်ည မစားခဲ့ရ ဟု အလုပ်သမားများကဆိုသည်။
          ဇွန်လ ၇ ရက်နေတွင် MAT အဖွဲ့သို့ အလုပ်သမားများ၏ မိသားစုဝင်
တစ်ဦးလာရောက်အကူညီ တောင်းခံ လာခဲ့သည်။ ထို့နောက် ထိုင်းတောင် ပိုင်း အခြေစိုက် FED အဖွဲ့နှင့်တိုင်ပင် ကာ အလုပ်သမားများအား ပကျွတ် ဘူတာရုံသို့ လာရောက်ခဲ့ကြရန် MAT က ညွှန်ကြားခဲ့သည်။ အလုပ်သမားများအား khongwar ရဲများက လာရောက် စစ်ဆေးကြရာ MAT ရုံးတာဝန်ခံ ကိုစိုင်းအေး က ရဲစခန်းတွင် တစ်ည ထိန်းသိမ်း စောင့်ေ ရှာက်ပေးထားရန် မေတ္တာရပ်ခံခဲ့သည်။
          MAT အဖွဲ့၏ ဥပဒေအကြံပေး ရှေ့နေကြီး ဦးအောင်မျိုးသန့် ၏ အကူ ညီဖြင့် မြန်မာသံရုံးမှ ခရီးသွားလာခွင့် ထောက်ခံစာတစ်စောင်အား ရရှိခဲ့ပြီး   နောက် MAT ရုံးတာဝန်ခံ ကိုစိုင်းအေး က အကူညီ တောင်းခံသည့် အလုပ် သမားမိသားစုဝင်နှင့်အတူ ဇွန်လ ၈ ရက်နေ့ည(ယမန်နေ့ညဥ့်) က သွားရော က် ခေါ်ဆောင်လာခဲ့သည်။


              

MATအဖွဲ့ဒါရိုက်တာဦးကျော်သောင်းက “အလုပ်သမားတွေကိုကျနော်တို့ရုံးမှာ တစ်ညသိပ်တယ်။ လိုအပ်ချက်အချို့ကိုကူညီပေးတယ်။ အလုပ်ရုံကို  ကျနော် တို့မနေ့ညက ဖုန်းဆက်တဲ့အခါ မင်းတို့သံရုံးက မှန်ရင်လာယူလိုက်တဲ့။ ကျနော်တို့ညဥ့်နက်နေပြီ၊ ပြီးတော့ ကျနော်တို့က ဘာလုပ်ကိုင်ခွင့်မှ ရှိကြသူေ တွ မဟုတ်ဘူးလေ။ ကိုယ်တတ်နိုင်တဲ့ အပိုင်းကဏ္ဍပဲလုပ်ရတာပေါ့။ အလုပ် ရုံက သိမ်းထားလိုက်တဲ့ ပတ်စပို့ စာအုပ်ပြန်ရဖို့အတွက် သံရုံးက တောင်းပေး လိမ့်မယ်ဆိုပြီး အလုပ်သမားတွေ ထွက်သွားကြတယ်။  ဒီနေ့တော့ အလုပ်သ မားတွေ စာအုပ်ရသံမကြားရဘူး။ မနက်ဖြန် သံရုံးက ဘယ်လိုဖြေရှင်းပေးမလဲ   စောင့်ကြည့်ရမှာပေါ့။ တရားဝင်အလုပ်သမားတွေကိစ္စပဲ။ သမ္မတကြီး က လည်း အလုပ်သမားတွေကို ကူညီစောင့်ရှောက်ပေးဖို့ သံရုံးတွေကို မှာထား တယ်လို့ သတင်းတွေမှာပြောခဲ့တာပဲ” ဟုပြောသည်။
             အလုပ်သမား အောင်ဌေးဦး က “တစ်နေ့ကို ဘတ် ၄၀၀ ရမယ် ဆိုပြီး   ခေါ်ယူသွား။ ဟိုရောက်တော့ ၃၀၀ ပဲပေးတယ်။ အခန်းခ ရေခ မီးခ မပေးရဘူး လို့ပြောခဲ့ပေမယ့် ပုလိပ်ကြေး၊ ရေခ၊ မီးခ၊ အခန်းခ ၁,၀၀၀ ဖြတ် တယ်။  ပွဲစားက တစ်ယောက်စီအတွက် ဘတ်ငွေ သုံးထောင် ထုတ်ယူ သွားတယ်လို့ ပြောတယ်။ ကျနော်တို့ ရောင်းစားခံရသလိုဖြစ်သွားတယ်။ ကျနော်တို့ တစ်လလုံးလုပ်မှ ဘတ်တစ်ထောင်ကျော်ပဲကျန်တယ်။ အလုပ် ထွက်ဖို့ ပတ်စပို့တောင်းတော့ မပေးဘူး။ ပုလိပ်နဲ့ဖမ်းခိုင်းမယ်လို့ ပြောတယ်။ ကျနော်တို့ အလုပ်မလုပ်ပဲ ၃ ရက်နေကြတော့ ကားပေါ်ကိုအတင်းမောင်းတင် တယ်။ မလိုက်ရင် ကြိုးနဲ့ချည်မယ်လို့ကြိုးကိုပြတယ်”  ဟုပြောသည်။
       ထိုင်းနှင့်မြန်မာအစိုးရတို့သည်တရားဝင်     အလုပ်သမားများဖြစ်ပြီးထိုင်းအလုပ်သမားများ ကဲ့သို့ တန်းတူအခွင့်အရေးရမည်ဟုဆိုကာ ငွေ ကုန်ကျေးကျအလွန်များသည့် ပတ်စပို့ကိုလုပ်ေ ပး  ခဲ့သည်။ ထိုပတ်စပို့များသည့် အလုပ်သမား များအတွက် ထိရောက်သည့် မည်သို့သော အခွင့်အရေးကိုမှ မရရှိသလို ၀န်ထုတ်ဝန်ပိုး အဖြစ် အလုပ်သမားများကို ဒုက္ခပေးလျှက်ရှိဟု အလုပ်သမားများကဆိုကြသည်။
        
ထိုင်းမြန်မာပွဲစားများနှင့် အလုပ်ရုံအချို့တို့သည် အလုပ်သမားများ၏ ပတ်စပို့များအား သိမ်း ဆည်း ထားသဖြင့် ရက် ၉၀ ဧည့်စါရင်းတိုင် တံဆိပ်တုံးမထုရခြင်း၊ တံဆိပ်တုံးအတု ထုပေး   ခြင်းတို့ ပြုလုပ်လုပ်ကာ အနိုင်ကျင့်လေ့ရှိကြသည်။ လမ်းသွားလျှင် ပတ်စပို့ ပါသော်လည်း ၀တ်ပါမစ် မပါဟုဆိုကာ ထိုင်းနိုင်ငံအနှံ့ ပုလိပ်များဖမ်းစားလေ့ရှိသည်။  ဤအခြင်းအရာများကို မြန်မာနှင့်ထိုင်းအစိုးရတို့ ထိထိရောက်ရောက်တားမြစ်ခြင်း တာဝန်ယူဖြေရှင်းခြင်း ယနေ့တိုင်မရှိ သေး ကြောင်း MAT အဖွဲ့က  ထောက်ပြပြောဆိုသည်။