01 August 2014

“ဘန်ကောက်လေယာဉ်ပေါ်မှာ မြန်မာတစ်ဦးသေဆုံး”



                    
၂၀၁၄    သြဂုတ် ၁
ထိုင်းရပ်သတင်းဘာသာပြန်     ကိုတီး

              မန္တလေးဘန်ကောက် Bangkok Airways ခရီစဉ်ဖြင့်  ထိုင်နိုင်ငံသို့ လိုက်ပါလာသည့် 
မြန်မာလူငယ်တစ်ဦး  ချင်းမိုင်မြို့တွင် ခေတ္တရပ်နားစဉ် ယမန်နေ့က ကွယ်လွန်သွားခဲ့ကြောင်း ထိုင်ရပ် သတင်းတွင်ဖေါ်ပြထားသည်။
        လေယာဉ်ပေါ်တွင် မူးနောက်လာ၍ လေယာဉ်ကွင်းအရေးပေါ်ဆေးရုံသို့ သယ်ယူရာ လမ်းတွင်
ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ဆရာဝန်များက နှလုံးသွေးကြောပိတ်၍ သေဆုံးခဲ့သည်ဟုဆိုသည်။
အဖ ဦးဖုန်းစိုးလင်း ၏ သား  အသက်  ၂၇ နှစ်အရွယ် ကျော်စိုးလင်း သည် အ၀လွန်၍ နှလုံးရောဂါ ရှိသြူ ဖစ်ကြောင်း ဖခင်ဖြစ်သူကပြောသည်။
           အလောင်းကို မဟာလရှ်နခေါ ချင်းမိုင်ဆေးရုံတွင်ထားရှိပြီး ဇာတိ မန္တလေးကို ပြန်လည်ယူ
ဆောင်သွားပြီး ဗုဒ္ဒဘာသာ ထုံတမ်းစဉ်လာအတိုင်းပြန်လည်သဂြိုဟ်မည်ဖြစ်ကြောင်း ဖခင်ဖြစ်သူက
ပြောကြောင်းထိုင်းရပ်သတင်းစာတွင် ဖေါ်ပြထားသည်။

31 July 2014

“ပန်းရောင်ဘတ်လုပ်ငန်းစဉ်အပြောင်းအလဲဂရုပြုဖို့လို”




ဇူလိုင်လ ၃၁ ရက်နေ့
ခရမ်းသားလေး

            ထိုင်းနိုင်ငံအတွင်းသို့ရောက်ရှိနေကြသည့် ရွှေ့ပြောင်းအလုပ်သမား များအား ထိုင်းအစိုးရက ယာယီနေထိုင်ခွင့်လုပ်နေရာမှယနေ့မှစ၍ တစ်နှစ်နေ စ်နေ ထိုင်ခွင့်အထိ တိုးပေးပြီး ကုန်ကျနုန်းများလည်း မြင့်တက်သွားခဲ့ကြောင်း သိရှိရသည်။
          ဇွန်လ၃၀ ရက်နေ့က စတင်လုပ်ကိုင်ခဲ့သည့်၂လနေထိုင်ခွင့် ပန်းရောင် ဘတ်လုပ်ငန်းစဉ်မှ ယမန်နေ့ က ကုန်ဆုံးခဲ့သည်။ ပန်းရောင်ဘတ်စတင်လုပ်   ပေးစကာလက ထိုင်းစစ်အစိုးရက မြန်မာအစိုးရအား ၂လအတွင်း မြန်မာ ဘက်မှတရားဝင်မှုတစ်ခုခု ပြုလုပ်ပေးရန် ပြောဆိုတိုက်တွန်းခဲ့ကြောင်းသိရှိရ
သည်။ သို့ရာတွင် မြန်မာအစိုးရဘက်မှ ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမား များအတွက် အထောက်အထား တစ်စုံတစ်ခု ထုတ်ပေးနိုင်စွမ်းမရှိခဲ့ချေ။
        ဇွန်လ၃၀ ရက်နေ့က စတင်လုပ်ကိုင်စဉ်က၂လနေထိုင်ခွင့်အတွက် ထိုင်း အစိုးရ တရားဝင် သတ်မှတ် ဈေး ဘတ်ငွေ ၁,၃၀၅ ဖြင့်လုပ်ကိုင်ပေးခဲ့သော် လည်း အငှါးသူဌေးနှင့် ပွဲစားခ စုစုပေါင်း ၃,၀၀၀ ဘတ်ခန့်ကုန် ကျခဲ့ကြသည်။
ယခုပြောင်းလဲလိုက်သည့်အစီအစဉ်အရ ၂လသက်တမ်းလုပ်ထားပြီးသည့်  ဘတ်လက်မှတ်များအား တစ်နှစ် သက်တမ်းအဖြစ် ပြောင်းလဲရေးအတွက် ၂,၅၈၀ ဘတ် ထပ်မံပေးသွင်းကြရမည်ဖြစ်သည်။

မဟာချိုင်မှ အလုပ်သမား ကိုမိုး က“၂လသက်တမ်းဘတ်လုပ်ပြီးရင် ပတ်စပို့ တမ်းလျှောက်ရမယ်လို့ ၀မ်းသာ ခဲ့တာ။ မြန်မာအစိုးရဘက်က ဘာမှ ရေရေရာ ရာမရှိဘူး။ ထိုင်းကို လုပ်စားဖို့လာတာမဟုတ်တော့ပဲ ထိုင်းကိုလုပ်ကျွေးဖို့လာ တာနဲ့အတူတူပဲ” ဟု ညည်းညူးချာသည်။
ဘန်ကောက်မြို့မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က “ မြန်မာ အလုပ်သမားတွေမနစ်နာရအောင်လာမယ့်သြဂုတ်လ  လေးရက်ငါးရက်နေ့
တွေမှာ မြန်မာနိုင်ငံက ပညာရှင်တွေလာပြီးတော့ ထိုင်းနဲ့ အစည်းဝေးလုပ်ကြ ပြီးတဲ့နောက်မှာအစီအစဉ်တစ်ခုခုတော့ ပေါ်လာမယ်ထင်ပါတယ်။ နေပြည်ေ
တ်ာမှာလည်း အစည်းဝေး လုပ်နေကြပါတယ်”ဟုပြောသည်။
                    တစ်လအတွင်းထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားပေါင်း ရှစ်သောင်းဝန်းကျင် ပန်းရောင်ဘတ်လုပ်ကိုင်ခဲ့ကြောင်း  ထိုင်းအစိုးရထုတ်ပြန်   ကြေညာချက်အရသိရှိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်နှင့်ကော့သောင်း တို့တွင် ၉လနေထိုင်ခွင့်၊ ၉လ အလုပ်လုပ်ခွင့် အတွက်  ၁, ၉၈၀ဘတ် နုန်း သတ်မှတ်၍ ယနေ့ လုပ်ခဲ့သော်လည်း နက်ဖြန်မှ စ၍ တစ်နှစ်စာ ထုတ်ပေး မည်ဟု သိရှိရသည်။ ဇူလိုင်လ ၃၀ရက်နေ့အထိ ထိုင်းနိုင်ငံအနှံ့ နေရာ ၃၄ နေ ရာမှတွင် ပန်းရောက်ဘတ်  လုပ်ထားသူပေါင်း ၄၁၄,၄၉၄ ရှိပြီဖြစ်ကြောင်း   ကြေညာချက်တွင်ဖေါ်ပြထားသည်။
ပန်းရောင်ဘတ်  နောက်ထပ်တစ်လလုပ်ဆောင်ပေးဦးမည်ဖြစ်ကြေင်းသိရသည်။     
ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATဒါရိုက် တာ ဦးကျော်သောင်း က “  ပြည်ပကိုရောက်နေတဲ့ မြန်မာအလုပ်သမားတွေ အတွက် မြန်မာအစိုးရဘက်ကအဆင်သင့်မဖြစ်ဘူးဆိုတာ ဘယ်လိုမှ ငြင်းလို့
မရတဲ့သက်သေပြချက်ပဲ။ အလုပ်သမားတွေ ပြဿ     နာကြီးကြီးမားမား တစ်ခုခု   ဖြစ်လာလို့   ပြည်တွင်းပြည်ပ မီဒီယာတွေမှာ ဟိုးလေးတကျော် တက်လာမှ သက်ဆိုင်သူတွေဟာ ဟိုဟာလုပ်မလိုလို  ဒီဟာလုပ်မလိုလို ပြောကြတာ။ တစ်သက်လုံးကို တိုင်းသူပြည်သား ဘက်ကို မျက်နှာမူခဲ့ကြတာမဟုတ်ဘူး။   မြန်မာအစိုးရကို မေတ္တာရပ်ခံချင်တာကတော့ သန်းချီရှိတဲ့ အလုပ်သမားတွေ ဟာ မြန်မာပြည်ကို  နိုင်ငံခြားက ငွေရှာပို့ နေကြတဲ့ တကယ့် အရင်းအမြစ်ကြီး ပါ။ ဂရုတစိုက် လုပ်ပေးကြပါလို့ပြောချင်ပါတယ်” ဟုဆိုသည်။
      
    ဘန်ကောက်မြန်မာသံရုံးသည် ဇွန်လ ၂၀ရက်နေ့က နိုင်ငံသားစိစစ်   နိုင်ရန်အတွက် အချက် ၁၀ချက်ပါ ဖေါင်တစ်ခုသတ်မှတ်၍ ထိုင်းနိုင်ငံ အနှံ့ အပြားတွင်စါရင်းကောက်ခံရန်အတွက် ကိုယ်စားလှယ်ဆယ်ဦးအား တာဝန်   ပေးခဲ့သည်။ တပြိုင်တည်းတွင် မြန်မာအလုပ်သမားဝန်ကြီးဌာန ဦးမျိုးအောင် လက်မှတ်ရေးထိုး၍ အချက် ၂၇ချက်ပါ နိုင်ငံသားစိစစ်ရန် ဖေါင်တစ်မျိုး ထပ်မံ ထွက်လာပြန်သည်။ ထို့ကြောင့် နိုင်ငံသားစိစစ်ခြင်းအတွက် စါရင်းကောက် ခံခြင်း လုပ်ငန်းမှာ အကောင်အထည်မပေါ်နိုင်ပဲဖြစ်ခဲ့ရပြန်သည်။
         ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသည့်   မြန်မာအလုပ်သမားပေါင်း တစ်သန်း နှင့်ရှစ်သိန်းကျော်တို့သည် ၂၀၁၃ ခုနှစ် စက်တင်ဘာလကတည်း တဖြည်းဖြည်း သက်တမ်းကုန်ဆုံးလာနေ ခဲ့ပြီးဖြစ် သည်။ မြန်မာအစိုးရက သာမန်နိုင်ငံကူး စာအုပ်အသစ်လဲရန် အလုပ်သမား များ ထံမှ မှတ်ပုံတင်နှင့် အိမ်ထောင်စု သန်းခေါင်စါရင်း တောင်းခံနေမှုကြောင့် စာအုပ်အသစ်လဲလှယ်ခြင်းလုပ်ငန်းမှာ နှောင့်နှေးလျှက် ရှိသည်။    အတည်မပြုနိုင်သည့် ကိန်းကဏန်းအရ စာအုပ်အသစ်ထုတ်ပေး သူပေါင်း နှစ်   ထောင်အောက်သာ ရှိသေးကြောင်း သိရှိရသည်။  အလုပ်သမားအရေးဆောင်ရွက်သူများက အလုပ်သမားနှင့်သင့်တော်သည့် ပတ်စပို့အားထုတ်ပေးခြင်းသည်သာအလုပ်သမားများအတွက် မြန်ဆန် နိုင်
မည်ဖြစ်ကြောင်း တင်ပြထားကြသော်လည်း မြန်မာအစိုးရကမူ မှတ်ပုံတင် နှင့် အိမ်ထောင်စုစါရင်းပေးမှထုတ်ပေးမည့်မူအားဆုတ်ကိုင်ထားဆဲဖြစ်သည်။

30 July 2014

အလုပ်သမားတွေကို မဟုတ်တာလိမ်ခိုင်းဖို့ ဗိုလ်ကြီး မိုးကျော် စည်းရုံးနေပြီးနောက် အသံဖိုင်

 ဗိုလ်ကြီး မိုးကျော် အလုပ်သမာများကို ရန်ကုန်သို့ ခေါ်ယူ၍ သတင်းစာရှင်း လင်းရန် ပြင်ဆင်နေ ပြီဖြစ်ကြောင်း အလုပ်သမားများကပြောခဲ့တဲ့အသံဖိုင်...

“MATနှင့် ATTF တို့ အင်ဒိုနီးရှားငါးဖမ်းလှေမှ လူကုန်ကူးခံရသူတစ်ဦးအား ကယ်တင်”

             
၂၀၁၄ ဇူလိုင်လ ၃၀
မြတ်ညို(အလွတ်သတင်းထောက်)

         အင်ဒိုနီးရှား၊ထိုင်းငါးဖမ်းလှေပေါ်တွင် တစ်နှစ်နီးပါး ရောင်းစားခံနေခဲ့ရသည့်လူငယ် တစ်ဦးအား ထိုင်းနယ်ခြား စောင့်ကော် မတီ၊  မြန်မာလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့ATTF(ကော့သောင်း)နှင့် MATအဖွဲ့တို့ပူး ပေါင်း ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
        ဇူလိုင်လ ၂၈ ရက်နေ့က လွတ်မြောက် လာခဲ့ သော အသက် ၁၇နှစ်အရွယ် ကျော်ထက်အောင် သည် တနင်္သာရီတိုင်း မြိတ်မြို့မှ အဘဦးမြင့်သိန်း ၏သားဖြစ် သည်။ သူသည်  ထိုင်းနိုင်ငံတောင်ပိုင်းနခိုစီဌာမရမြို့ နယ် ခနုန်(ခနောင်)လှေဆိပ်လှေအမှတ်(၅)  ပေါ်တွင် ၂၀၁၃ စက်တင်ဘာလကတည်း ကစ၍(၁၁လကြာ) ရောင်းစားခံနေခဲ့ရသည်။

မလေးရှားနယ်စပ်မှာ သစ်ရွက်ပြုတ်စားခဲ့ရသူတွေရဲ့ အသံဖိုင်တွေပါ


ပြည်ပအလုပ်အကိုင် အေဂျင်စီများ အသင်းချုပ်ရုံး၌ သတင်းစာရှင်းလင်းပွဲမှာ သစ်ရွက်ကို အမှန်တကယ် စားခဲ့ရသူတွေ အကြောင်းပါရဲ့လားမသိဘူး။

အောက်ဖေါ်ပြပါ အသံဖိုင်ကတော့ သစ်ရွက်ပြုတ်စားနေရတဲ့ အလုပ်သမားတွေကိုယ်စား
အလုပ်သမားလေးယောက်က MAT သို့ အကူညီတောင်းနေကြတဲ့အသံဖိုင်ဖြစ်ပါတယ်။

28 July 2014

"ဇူလိုင်လ ၂၇ ရက်နေ့ အလဲဗင်းဒေးလီးသတင်းစာပါ အေဂျင်စီများသတင်းစာရှင်းလင်း..သတင်းအား ပြင်းထန်စွာ ကန်ကွက်ခြင်း"


သို့                                                                        ရက်စွဲ။     ။ ၂၀၁၄ ခု ဇူလိုင်လ  ၂၈ ရက်
ဒေါက်တာသန်းထွဋ်အောင်
အယ်ဒီတာချုပ်
 ဇူလိုင်လ ၂၇ ရက်နေ့ ဒေးလီအလဲဗင်း သတင်းစာပါ အောက်ပါသတင်းအား ကန့်ကွက်ပါသည်။
ထိုင်းသို့အလုပ်သမား စေလွှတ်သည့် အေဂျင်စီများကို လူမှောင်ခို ပြုလုပ်သည်ဟုဆိုကာ တိုင်ကြားမှုအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း အေဂျင်စီများဘက်က ရှင်းလင်း
             ပုဂ္ဂလိက သတင်းမီဒီယာထဲမှာ နာမည်အကြီးဆုံးဖြစ်သော အလဲဗင်း အနေနဲ့ မီဒီယာ ကျင့်ဝတ် ကို  စောင့်ထိန်းသော မီဒီယာဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ယခုသတင်းသည် အေဂျင်စီများ လုပ်ကြံဖန် တီး၍ မီဒီယာများအား အသုံးချလိုက်ခြင်းသာဖြစ်ပါသည်။



27 July 2014

“MATအဖွဲ့ ထုတ်ပြန်ကြေညာချက်”

 ကျနော်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT သည် ဆယ်နှစ်ကျော်ကြာ အလုပ်သမားအရေး ဆောင်ရွက်နေသူဖြစ်ကြပါသည်။  ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာအလုပ်သမားဝန်ကြီးဌာနမှ ၀န်ကြီးများ နှင့်ညွန်ချုပ်တို့ ထိုင်းသို့ရောက်သည့် အခါ (တစ်ခါတစ်ရံ)တွေ့ဆုံစကားပြောခွင့် ရရှိခဲ့ပါသည်။
            အလုပ်သမားဝန်ကြီးဌာနမှ လူကြီးများက အလည်ဗီဇာဖြင့် ပို့ဆောင်ထားသည့် အလုပ်သမားများ၊ စည်း ကမ်းပျက်နေသည့် အေဂျင်စီများအားတွေ့ရှိပါက အကြောင်းကြားပေးရန် ကျနော်တို့အား အကူညီ တောင်းခံ ခဲ့ပါသည်။ အတူတကွပူးပေါင်းဆောင်ရွက်ရန်လည် ကမ်းလှမ်းခဲ့ပါသည်။
           သို့ဖြစ်၍ ကျနော်တို့ MAT အဖွဲ့ဝင်များသည် စည်းကမ်းဖေါက်ဖျက်သည့် အေဂျင်စီများ၏ အချက်အ လက်များအား အတိအကျ ရရှိနိုင်ရန် အချိန်နှင့်ငွေကြေးများအကုန်ခံ၍ စုဆောင်းခဲ့ကြပါသည်။ ကျနော်တို့ရ ည်ရွယ်ချက် မှာ အေဂျင်စီများကို နစ်နာစေလိုခြင်းမဟုတ်ပဲ အလုပ်လုပ်လိုသည့် အလုပ်သမားများအား အလုပ်သမားလို အပ်သည့်တိုင်းပြည်သို့ ဆယ်စုနှစ်နှင့်ချီ၍ ပို့ဆောင်ရဦးမည့် ကုသိုလ်လည်းရ ၀မ်းလည်းဝ သည့် လုပ်ငန်း သန့်ရှင်းစေရန်ဖြစ်ပါသည်။
        သို့ဖြစ်၍ အလုပ်သမားအာဏာပိုင်များနှင့် အေဂျင်စီများအဖွဲ့ချုပ်MOEAF တို့က အကျင့်ပျက် စည်းကမ်း ပျက်သည့် အေဂျင်စီများကို လိုအပ်သလို ဆုံးမ စေရန်နှင့် နစ်နာနေသည့် အလုပ်သမားများအား ကူညီစေရန် ရည်ရွယ်ခဲ့ပါသည်။ မှန်ကန်သည့် အလုပ်သမားတင်ပို့ခြင်းဖြစ်စေရန်ရည်ရွယ်ပါသည်။
           သို့ရာတွင် မြန်မာနိုင်ငံသတင်းစာနှင့်ဂျာနယ်လောကတွင် နာမည်အကြီးဆုံးဖြစ်သော ဒေးလီးအလဲ   ဗင်းယနေ့ထုတ် သတင်းစာနှင့် အွန်လိုင်းတွင် ဦးကျော်သောင်းက မဟုတ်မမှန် လိမ်လည်တိုင်ကြားသည့် ပုံသဏ္ဍန်မျိုး ရေးသားထားပါသည်။ သို့ဖြစ်ပါ၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ် MOEAF သို့ စာရေးသား၍ ပေးပို့လိုက်ပါသည်။ တပြိုင်တည်းတွင် ဒေးလီအလဲဗင်းသတင်းစာသို့လည်း သတင်းမှားေ ကြာင်း ပေးပို့ထားပါသည်။
                                                ဦးကျော်သောင်း

                                         MAT အဖွဲ့ ဘန်ကောက်
-------------------------------------------------------------------------------------------------
----------------------------------------------------------------------------------------------------------------------
ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမား စေလွှတ်သည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများကို လူမှောင်ခိုပြုလုပ်သည်ဟု ဆိုကာ တိုင်ကြားမှုများအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်တွင် အေဂျင်စီများဘက်မှ ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းရှိ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ သတင်းစာရှ င်းလ င်းပွဲ ပြုလုပ်ခဲ့သည်။
“ကျွန်မတို့ကုမ္ပဏီကို လူမှောင်ခိုလုပ်တယ်။ အလုပ်သမားတွေဆီက ငွေသုံးသိန်းတောင်းတယ်။ ကန့်သတ်ထားတဲ့ နေရာတွေ ကိုလည် အလုပ်သမားတွေပို့တယ်လို့ တိုင်ထားပါတယ်။ ကျွန်မတို့အနေနဲ့ သတ်မှတ်ထား
တဲ့ MoU စာချုပ်ပါ စည်းကမ်းချက်တွေကို ဘာမှမဖောက်ဖျက် မကျူးလွန်ထားပါဘူး။ သက်သေတွေလည်း ကျွန်မတို့မှာ ရှိပါတယ်။ နောက်ပြီးကျွန်မတို့သာ လူမှောင်ခိုလုပ်ရင် လူကုန်ကူးတွေ၊ ရဲတွေရှိတာပဲ၊ အခုလောက်ဆို ထောင်ထဲရောက်နေ လောက်ပါပြီ” ဟု ဌေးဝန်ဆောင်မှုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခိုင်ခိုင်အေးက   သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 
ထိုသို့ လိုင်စင်ရအေဂျင်စီများကို တိုင်ကြားမှုအပေါ် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းမှ သွားရောက်စစ်ဆေးခဲ့ရာ တိုင်ကြားသည့် သတင်းအချက်အလက်များနှင့် ဖြစ်စဉ်များမှာ ကွဲလွဲနေပြီး မှားယွင်းစွာ တိုင်ကြားခဲ့ခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြန်လည်တုံ့ပြန် သွားမည်ဖြစ်ကြောင်း အဆိုပါ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူး ဦးကျော်ဇင်၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် တိုင်ကြားခံရသူ တစ်ဦးဖြစ်သူ မေဝင့်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးနေဝင်းကလည်း “ကျွန်တော်တို့ အေဂျင်စီကို တစ်ပတ်မှာ ထိုင်းကိုအလုပ်သမား နှစ်ရာပို့တယ်။ အခုဆိုရင် တစ်သောင်းလောက်ပို့ပြီးသွားပြီ။ ဘီလျံ ၆ဝဝဝ ထောင်လောက် ချမ်းသာနေပြီဆိုပြီး တိုင်ကြားတယ်။ ကျွန်တော် ၈ လွှာမှာ နေတာပါ။ အဲ့လောက် မချမ်းသာပါဘူး။ ဒါတွေက ကျွန်တော်တို့ကို မနာလိုတဲ့ အောက်လမ်းကနေ အလုပ်သမား ပို့ဆောင်သူတွေနဲ့ အခြားအေဂျင်စီတွေက မှားယွင်းစွာ သတင်းပေးခဲ့တာ ဖြစ်နိုင်တယ်။ ဦးကျော်သောင်းကတော့ ကျွန်တော်တို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်စရာ အကြောင်းမရှိပါဘူး” ဟု  ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမား ပို့ဆောင်ခွင့်ရထားသည့် ဌေးဝန်ဆောင်မှုကုမ္ပဏီ၊ တော်ဝင်ရွှေနဂါးကုမ္ပဏီနှင့် မေဝင့်ကုမ္ပဏီတို့ကို တရားမဝင် လူမှောင်ခိုပြုလုပ်ခြင်း၊ ပြဿနာဖြစ်ပွားပါက တာဝန်ယူမှုမရှိခြင်း၊ စာချုပ်ပါအတိုင်း နားရက်မရခြင်း၊ နားရက်တွင် အလုပ်ဆင်းရသော်လည်း အချိန်ပိုကြေးမရခြင်း၊ အလုပ်သမားများထံမှ ငွေတောင်းခြင်းတို့ဖြင့် ဦးကျော်သောင်း (ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအဖွဲ့)၊ ဘန်ကောက် ဦးအောင်အမည်တို့ ဖြင့် အကြိမ်ကြိမ် တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

..................................................................................
သို့
ဦးကျော်ဇင်                                                        ရက်စွဲ။   ။ ၂၀၁၄ ခု ဇူလိုင်လ ၂၇ ရက် 
အတွင်းရေးမှူး
အေဂျင်စီများအဖွဲ့ချုပ်
ရန်ကုန်မြို့

အကြောင်းအရာ။        ။ သတင်းစာရှင်းလင်းပွဲနှင့်ပါတ်သက်၍ လူကြီးလူကောင်းပီသစွာဖြင့် ဖြစ်စဉ်ပါ SSG Richly Co,Ltd ကုမ္ပဏီ Demand အား အလုပ်သမားဝန်ကြီးဌာနနှင့်တာ ၀န်ရှိသူများလိုက်ပါ၍ လာရောက်ဖြေရှင်းရန်တောင်း ဆိုခြင်း။
            ၂၀၁၄ ခု ဇူလိုင်လ ၂၆ရက်နေ့ က ရန်ကုန်မြို့ အေဂျင်စီများအဖွဲ့ချုပ် MOEAF ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်လိုက်သော သတင်းအားယနေ့ ဒေးလီးအလဲဗင်းသတင်းစာနှင့်  အွန်လိုင်းသတင်းတို့တွင် ဖတ်ရှုရပါသည်။ ထို Demand ကိစ္စနှင့်သော်လည်းကောင်း၊ မေ၀င့်ကုမ္ပဏီ လိမ်လည်ထားသည့်ကိစ္စရပ်များဖြင့် သော်လည်း ကောင်း တိကျသည့်စာရွက်စာတမ်းများ၊ ဓါတ်ပုံများ ကျနော့်လက်ထဲမှာရှိပါသည်။ ခံစားနေရသည့် အလုပ်သမားများ လည်း ထိုင်းနိုင်ငံတွင်ရှိပါသည်။
          သို့ဖြစ်ပါ၍ကျွန်ုပ်၏မျက်ကွယ်တွင်ရှင်းလင်းသောသတင်းစာရှင်းပွဲကိုကန့်ကွက်ပါသည်။ MOEAF လူကြီး လူကောင်းပီသစွာဖြင့် ဌေးကိစ္စနှင့် မေ၀င့်ကိစ္စတို့အား ကျနော်အပါအ၀င် အဖွဲ့စုံဖြင့် အလျှင်အမြန်လာရောက် စိစစ်စေ လိုပါသည်။ ကျနော်ကလိမ်လည်လှည့်ဖြား၍ တိုင်ကြားခဲ့ပါက တရားဥပဒေအတိုင်းချမှတ်သည့်အပြစ်ကိုကျခံပါမည်။ လူကြီးမင်းတို့ စစ်ဆေးပြီး MOU စည်းမျဉ်းအတိုင်း ဌေးကုမ္ပဏီ၊ Demand နှင့်သက်ဆိုင်သူတို့အား အရေးယူခြင်း/ မယူခြင်းမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ် MOEAF ၏ ဂုဏ်သိက္ခာသာဖြစ်ပါမည်။
             ဦးကျော်ဇင် တို့ အနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နှစ်ပါတ်အတွင်း ထိုင်းနိုင်ငံသို့ အလျှင်အမြန် လာရောက် မဖြေရှင်းပါက ကျနော်ရရှိထားသော အချက်အလက်များအား အင်္ဂလိပ်ဘာသာပြန်ဆို၍  MOEAF အဖွဲ့ချုပ်သည် လူကုန်ကူးမှုဂိုဏ်းချုပ်ဖြစ်ကြောင်းနိုင်ငံတကာသို့ ကြေညာမည်ဖြစ်ပါသည်။
             
                                                    အားလုံးကိုလေးစားလျှက်
                                                         ကျော်သောင်း
                                                        မှုဆောင်ဒါရိုက်တာ
                                           ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့
                                                                ဘန်ကောက်မြို့
  မိတ္တူကို= သမ္မတရုံး၊ အလုပ်သမားဝန်ကြီး၊ အေဂျင်စီများအဖွဲ့ချုပ်၊ လူကုန်တား၊ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိ(ထိုင်း)

“MATနှင့် ATTF တို့ လူကုန်ကူးခံရသူတစ်ဦးအားကယ်ထုတ်”

           
၂၀၁၄ ဇူလိုင်လ ၂၇
မြတ်ညို(အလွတ်သတင်းထောက်)
               ငါးဖမ်းလှေတွင် လုပ်အားခမရပဲ အလုပ်လုပ်နေရသည့် ကော့သောင်းဆီအုန်းခြံအလုပ်သမားတစ်ဦး ယမန်နေ့က လွတ်မြောက် လာပြီဖြစ်ကြောင်း သိရှိရသည်။
          ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖေါ်မြို့ ခမုန်လှေဆိပ်မှ ငါးဖမ်းလှေအမှတ်(၂) ပေါ် တွင် ရောင်းစားခံ နေရကြောင်း ကော့သောင်းအခြေစိုက် မြန်မာအစိုးရလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ATTF မှ ရဲမှူး မင်းခိုင် မှ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT သို့ သတင်းပေးပို့ အကူညီ   တောင်းခံလာခဲ့သည်။ MAT အဖွဲ့က ထိုင်းတောင်ပိုင်းအခြေစိုက် FED အဖွဲ့နှင့် ညှိနှိုင်းစီစဉ်ေ ဆာင်ရွက်ခဲ့ကြသည်။

26 July 2014

“စိတ်မနှံ့ဖြစ်ခါစ အလုပ်သမတစ်ဦးအား မြန်မာသံရုံးနှင့် MAT တို့ ကူညီပို့ဆောင်”


၂၀၁၄  ဇူလိုင် ၂၆                  ကိုတီး

             အိမ်အကူ မြန်မာအလုပ်သမငယ်တစ်ဦး ရုတ်တရက်စိတ်ဖေါက်ပြန်လာသဖြင့် မြန်မာသံရုံး နှင့် MAT ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က မြ၀တီမြို့ မှစောင့်  ကြိုနေကြသည့် မိဘများထံသို့ ယမန်နေ့နံနက်ကပြန် လည်ပို့ ဆောင်ပေးခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။
       အသက်၁၈နှစ်အရွယ်ကရင်အမျိုးသမီး၊ အငယ်လေး သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သူဌေး ကုန်းရပ်ကွက် မှ ဦးဖားကျွီး+ဒေါ်မထွေးတို့၏ သမီးဖြစ်သည်။ သူမသည်  ၂၀၁၃ ခုနှစ် ကုန် ပိုင်းက ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ပြီး ဘန်ကောက်မြို့ အနီး လပ်ဘူရီမြို့မှ ထိုင်းသူဌေးတစ်ဦး အိမ်တွင်  အိမ်အကူအလုပ် လုပ်ကိုင်ခဲ့သည်။
      သူမသည် ယခင်က ကျမ္မာရေးကောင်းမွန်ခဲ့သော် လည်း၊ ပြီးခဲ့သည့် တစ်လခန့်က လက်ကိုင်ဖုန်း တစ် လုံးဝယ်၍ သူငယ်ချင်းများနှင့် ဆက်သွယ်စကားပြော   နေခဲ့သည်။ ထို့နောက်ပိုင်းမှစ၍ အမူအယာများ တဖြည်းဖြည်း ပြောင်းလဲလာကြောင်း၊ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ညပိုင်းတွင်သီချင်းဆိုကြောင်း
ကြောင်တောင်တောင် ဖြစ်လာကြောင်း သူဌေးအမျိုး သမီးက MAT အဖွဲ့သို့ပြောသည်။
       

23 July 2014

“ရနောင်းဈေးသည်များထိုင်းစစ်တပ်အစီအစဉ်ကိုဆန္ဒပြအောင်မြင်”




၂၀၁၄ ခု ဇူလိုင် ၂၃
မြတ်ညို(အလွတ်သတင်းထောက်)


           ရနောင်းဈေးသည်များ၂ရက်တိုင်တိုင် အရောင်းအ၀ယ် မဖြစ် သဖြင့် ကော့သောင်းနှင့်ရနောင်း ပဲ့ထောင်လှေ အစီအစဉ်အား မူလ အတိုင်း ပြင်ဆင်ပြေးဆွဲပေးရန်အတွက်ဆန္ဒပြကြရာ အောင်မြင်ခဲ့
 ကြောင်းသိရ သည်။
           မြန်မာနယ်စပ် ကော့သောင်းမြို့မှ ထိုင်းနယ်စပ် ရနောင်းမြို့ သို့ နေ့စဉ် အရောင်းအ၀ယ်ပြုသူများနှင့် အသွားအပြန်ဈေးဝယ်သူများ သည် ကော့သောင်းမှ မြန်မာပဲ့ထောင်လှေများဖြင့်သာ အသွားအလာပြု ကြသဖြင့် ရနောင်းမြို့မှထိုင်းနိုင်ငံသားများ မကျေမနပ်ဖြစ်ခဲ့သည်မှာကြာ ပြီဖြစ်ကြောင်း မြန်မာပဲ့ထောင်လှေ ပိုင်ရှင်တစ်ဦးကပြောသည်။