06 November 2014

ရွေ့ပြောင်း အလုပ်သမား အခွင့်အရေး ဆောင်ရွက်သူကို လဝက ခြိမ်းခြောက်


ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်း (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)


ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများရဲ့ တရားမျှတရေးအတွက် လိုက်ပါဆောင်ရွက် ပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လ၀က) ဝန်ထမ်းတွေက ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

လိပ်ကျွန်း လူသတ်မှု တရားခံတွေ အဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာ လူငယ်နှစ်ဦးရဲ့ မိဘတွေကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီး နိုဝင်ဘာ ၆ ရက်က ထိုင်းနိုင်ငံကို ပြန်ရာ ရန်ကုန် မင်္ဂလာဒုံလေဆိပ် အရောက်မှာ လဝက ဝန်ထမ်းတွေက ဦးကျော်သောင်းကို ရုံးခန်းထဲ ခေါ်ယူပြီး မြန်မာအစိုးရရဲ့ (Black List) နာမည်ပျက် စာရင်းသွင်းထားတယ်လို့ ခြိမ်းခြောက် ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“မင်္ဂလာဒုံ လေယာဉ်ကွင်း လဝကကို ဖြတ်တဲ့ အခါမှာ ခင်ဗျားကို Black List ထည့်ထားတယ်တဲ့။ ကျနော် တော်တော့်ကို အံ့သြသွားတယ်။ ဘယ်သူသွင်းထားတာလည်း မေးတော့ ဟိုဖုန်းဆက်၊ ဒီဖုန်းဆက်နဲ့ ၅ မိနစ်လောက် ကြာတော့ လေဆိပ်မှာရှိတဲ့ လဝက ရုံးထဲကိုခေါ်ပြီး မေးတယ်” လို့ ဦးကျော်သောင်းက ဧရာဝတီကို ပြောပါတယ်။


04 November 2014

ညှဉ်းပန်းမှု ဖြေရှင်းရန် ပျက်ကွက်ရင် ထိုင်းရဲ တရားစွဲခံရနိုင်


4 November 2014 17:00


ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ ချုပ်နှောင်ခံ မြန်မာလူငယ် ၂ ယောက်က ရဲက သူတို့ကို ညှဉ်းပန်းစစ်ဆေးတယ်လို့ စွပ်စွဲချက်အပေါ် ရှင်းလင်းဖို့ဖိတ်ခေါ်ချက်ကို ရဲတပ်ဖွဲ့က ဆက်ငြင်းဆန်ရင် တရားစွဲမယ်လို့ ထိုင်း လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူက ခြိမ်းခြောက်ပြောကြားကြောင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ khaosod သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းလူ့အခွင့်အရေးကော်မရှင်က စွပ်စွဲခံ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေ၊ မြန်မာသံရုံးအထူးအဖွဲ့၊ ထိုင်းရှေ့နေများကောင်စီနဲ့ ထိုင်းရဲတပ်ဖွဲ့တွေကို ဖိတ်ကြားပြီး နိုဝင်ဘာ ၃ ရက်နေ့က ကြားနာရာမှာ ထိုင်းရဲတပ်ဖွဲ့က မလာတာကြောင့် တွေ့ဆုံပွဲအပြီး ရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ နီရန် ပီတာဝါချရာ က ပြောဆိုခဲ့တာဖြစ်ပါတယ်။

သူက “လူသတ်သံသယနဲ့ဖမ်းထားတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းက သူတို့ကို နှိပ်စက်တယ်လို့ ပြောဆိုတဲ့အပေါ် ကြားနာမှုကို ရဲက လာရောက်ဖို့ ပျက်ကွက်တယ်။ ကော်မရှင်ရှေ့မှောက်မှာ သက်သေခံထွက်ဆိုခြင်းအားဖြင့် လူသတ်မှု စုံစမ်းဖော်ထုတ်နေတဲ့ အပေါ် သက်ရောက်နိုင်တာကြောင့်ဆိုပြီး လာရောက်ဖို့ ရဲက ငြင်းပယ်ခဲ့တယ်”လို့ သူက ပြောပါတယ်။
ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီသံသယရှိသူတွေ အပြစ်ကင်းတယ် ဒါမှမဟုတ် အပြစ်ရှိတယ်လို့ ဆိုတဲ့အပေါ် သက်သေပြဖို့မဟုတ်တဲ့အတွက် ရဲဘက်ကပေးတဲ့ ဒီဆင်ခြေဟာ ကျိုးကြောင်းညီညွတ်မှု မရှိဘူးလို့ မစ္စတာ နီရန် ပီတာဝါချရာ က ပြောပါတယ်။


လိပ်ကျွန်းလူသတ်မှု သဲလွန်စများ ဆွဲထုတ်နေသော ဖေ့စ်ဘုတ်စုံထောက် ကိုယ်ရောင်ပြပြီ


By နန်းမြနဒီ 4 November 2014

ထိုင်းတောင်ပိုင်း လိပ်ကျွန်းက လူသတ်မှုနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ၊ သတင်းတွေ အဆက်မပြတ် တင်ပြပြီးတဲ့နောက် သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ၀င်ဖတ်သူ၊ နှစ်သက်သူ ဦးရေပေါင်း ၄ သိန်းနီးပါးရှိသွားပြီဖြစ်တဲ့ စီအက်စ်အိုင်အယ်လ်အေ CSI LA ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ သူဘယ်သူလဲ ဆိုတာကို ဖော်ထုတ်ပြသလိုက်ပြီ ဖြစ်ပါတယ်။

1450265_10203217205574197_7314686179448326190_nသူ့ကို ထိုင်းရဲတပ်ဖွဲ့က ကွန်ပြူတာ အီလက်ထရောနစ်ဥပဒေ၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ ဖော်ထုတ်အရေးယူသွားမယ်လို့ ပြောထားသလို လူမှုကွန်ရက်မှာလည်း သူ့ရဲ့ အကောင့်နာမည်ကို ယူသုံးပြီး အခြားပရိုဖိုင်းပုံတွေနဲ့ နာမည်ပျက်အောင် တိုက်ခိုက် ရေးသားလာကြတဲ့ အတွက် သူက “ရွှေသားစစ်ရင် မီးလောင်မှာမကြောက်”လို့ ဆိုပြီး သူ့ဓာတ်ပုံအစစ်နဲ့ ကိုယ်ရေး ရာဇ၀င်တွေ ကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။


လိပ်ကျွန်း လူသတ်မှု ပြန်လည် စစ်ဆေးဖို့ ထိုင်း DSI ထံ တောင်းဆို


ကျော်ခ| November 4, 2014 | Hits:192

လိပ်ကျွန်း လူသတ်မှုကို ပြန်လည် စစ်ဆေးပေးဖို့ DSI တာဝန်ရှိသူ တဦးထံ ထွက်ဆိုချက်များ အပ်နှံနေကြတဲ့ ထိုင်းရှေ့နေများ ကောင်စီနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် နှစ်ဦးရဲ့ မိဘများ (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)


လိပ်ကျွန်း လူသတ်မှုကို အထူးအဖွဲ့ဖွဲ့ပြီး ပြန်လည် စစ်ဆေးပေးဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာန (DSI) ထံ ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီ၊ မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့နဲ့ စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့ မိဘတွေက တောင်းဆိုလိုက်ပါတယ်။

လိပ်ကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ် နှစ်ဦးဟာ ရိုက်နှက် ခြိမ်းခြောက်မှုတွေကြောင့် ဝန်ခံရခြင်း ဖြစ်တယ်လို့ ထွက်ဆိုလာတာကြောင့် ၄င်းတို့နှစ်ဦးရဲ့ ထွက်ဆိုချက်တွေနဲ့အတူ ဘန်ကောက်မြို့ရှိ DSI ရုံးချုပ်မှာ နိုဝင်ဘာ ၃ ရက်နေ့က တင်ပြတောင်းဆိုခဲ့ပြီး DSI အဖွဲ့ကလည်း လက်ခံလိုက်တယ်လို့ သိရပါတယ်။


03 November 2014

Relatives accused of killing British tourists Human Rights.


လိပ်ကျွန်းလူသတ်မှု ပြန်စစ်ရန် ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေးဌာနသို့ တောင်းဆို

By နန်းမြနဒီ 3 November 2014

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထူးအဖွဲ့ဖွဲ့စည်းပြီး ပြန်စစ်ဆေးပေးဖို့ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ထိုင်းတရားရေး ၀န်ကြီးဌာနက လက်ခံတယ်လို့ မြန်မာသံရုံးအထူးကိုယ်စားလှယ်တွေက ပြောပါတယ်။

ထိုင်းရဲတွေက လူသတ်မှုကို စစ်တုန်းက မြန်မာလူငယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ရိုက်နှက်စစ်တာ ပေါ်လွင်တဲ့အတွက် ပြန်စစ်ပေးဖို့ ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာန လက်အောက်ခံ အထူးမှုခင်း စုံစမ်းစစ်ဆေးရေးဦးစီးဌာနကို ဒီညနေ သွားတောင်းဆိုကြတာပါ။ ဒီတောင်းဆိုချက်ကို တဖက်က လက်ခံရယူတယ်လို့ ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကလေး ၂ ယောက်ကို သွားတွေ့ခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ကရော၊ မိဘတွေရော၊ ရှေ့နေနဲ့ ကျနော်တို့ သံရုံးအဖွဲ့ကပါ ကလေးတွေဟာ နှိပ်စက်စစ်မေးခံရတယ်ဆိုတာ ပြောကြတဲ့အတွက် ဒီကိစ္စပေါ်လွင်နေလို့ ဒီအမှုကို အထူးအဖွဲ့ ဖွဲ့စည်းပြီးတော့ ပြန်လည်စစ်ဆေးပေးပါရန် ဆိုပြီးတော့ ကျနော်တို့ လျှောက်ထားခဲ့ပါတယ်။ ရုံးက တာဝန်ရှိသူတယောက် လာရောက်လက်ခံသွားပြီး လက်ခံရရှိကြောင်း မိတ္တူကိုပါ ပေးခဲ့ပါတယ်။”


“ရှယ်ယာအလိမ်ခံရသည့်အလုပ်သမားများအားထိုင်းရှေ့ နေများကောင်စီကူညီမည်”


၂၀၁၄ ခု  နိုဝင်ဘာလ ၃ မြတ်ညို(အလွတ်သတင်းထောက်)


          စံကျောင်းပင်ကုမ္ပဏီတွင်ရှယ်ယာအလိမ်ခံခဲ့ရသည့် မြန်မာအလုပ်သမားများ၏ ဆုံးရှုံးငွေများပြန် လည်ရရှိရေးအတွက် ထိုင်းရှေ့ နေများကောင်စီက ကူညီဆောင်ရွက်မည်ဖြစ်သည်။  
             ယမန်နေ့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATအတွင်းရေး မှူး နှင့်အဖွဲ့ဝင်များသည် အလုပ်သမား ခြောက်ရာကျော်တို့၏ စါရင်းဇယားများအား စုဆောင်၍ ထိုင်းရှေ့ နေ များကောင်စီသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။


     MATအတွင်းရေးမှူးကိုခိုင်ကြီးက“၀တ်တလုံးကျောင်းမှာကျနော်တို့စုကြပါတယ်။ ရှေ့ နေများကောင်စီက
 ရှေ့နေ ၇ဦးလာတယ်။ အလုပ်သမားခြောက် ရာကျော်ရောက်ပါတယ်။ နောက်ထပ်ရောက် လာမယ့်သူတွေ ကိုလည်း ကူညီပေးအုံးမှာဖြစ်ပါတယ်။ ရက်ပေါင်း ၉၀ လွန်မှ ရောက်လာတဲ့စါရင်းကိုတော့ လက်မခံတော့ ပါဘူး။ အယင်ကတည်းကချမ်းသာသူဆိုရင် ဆုံးရှုံးသမျှ ပြန်ရမယ်။ သူဌေးက ခုငွေတွေနဲ့ ချမ်းသာသူသာ   ဖြစ်သွားရင် ထက်ဝက်ခန့်ပဲရလိမ့်မယ်လို့ ရှေ့ နေတွေကပြောပါ။ ကုမ္ပဏီမှာ အဓိကကျတဲ့ ကိုသိုက် နဲ့ ကိုလေး(ခ) ကျော်ဝဏ္ဏ တို့ မြန်မာပြည်မှာ ပိုင်ဆိုင်မှုတွေကိုလည်း မြန်မာအစိုးရဘက်က စုံစမ်းပေးဖို့လိုပါ တယ်လို့ ရှေ့နေတွေကတောင်းဆိုပါတယ်”ဟု ပြောသည်။

“မြုတ်နေသည့်သတင်းများ”



                                                  “မြုတ်နေသည့်သတင်းများ”
၂၀၁၄ အောက်တိုဘာ ၁
ရွှေလုပ်သား…….

              MAT ၀ိုင်းတော်သားတွေ အလုပ်များနေကြတယ်။ အဲဒါကြောင့် သတင်းပုံမှန်မတင်နိုင်ကြဘူး။   အောက်တိုဘာ လ ၂၅ ရက်နေ့ နံနက် ၆နာရီလောက်မှာ ဂျော်ဒန်နိုင်ငံကို ပို့မယ့် မြန်မာအလုပ်သမား ၁၈ဦးကို ရွှေထည် လက်ဝတ်ရတနာတွေနဲ့ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာဖမ်းမိခဲ့တယ်။ဘယ်သတင်းဌာနကမှ တက်မလာဘူး။ ခေါင်းမြီးခြုံလုံပါပေ့။
          တရားဝင်အေဂျင်စီ လိုင်စင်ခံထားသူမဟုတ်တဲ့ လှိုင်သာယာမှာနေတဲ့ ဒေါ်မစန္ဒာ ဆိုတဲ့ လူကုန်ကူး မှု ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိလိုက်တာဖြစ်ပါတယ်။ ဒီအမျိုးသမီးက ဌာနဆိုင်ရာတွေ နဲ့ ဘယ်လောက်ပိုင် သလဲ ဆိုရင် ဂျော်ဒန်ကို ပို့ခဲ့တဲ့အလုပ်သမားပေါင်း ရာချီရှိခဲ့ပြီဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ အေဂျင်စီ ဒါရိုက်တာ တစ်ဦးကပြောပါတယ်။ ဒီလိုပို့ဆောင်နေတာ နှစ်အတန်ကြာခဲ့ပြီလို့လည်းပြောပါတယ်။
        ဒီရက်ပိုင်းမှာ သာဓုခေါ်စရာကောင်းတဲ့သတင်းတစ်ခုကတော့ ပွဲစားအဖွဲ့ချုပ်ရုံးMOEAFမှာ ထိုင်းမှာ လူကုန်ကူး ခံခဲ့ရသူတွေကိုပြပြီး သတင်းစာရှင်းပွဲတစ်ခုလုပ်တယ်။ လူကုန်ကူးခံရသူတွေကို ကူညီပေးမယ် တဲ့။ သာဓုခေါ်စရာပေါ့။ မြန်မာသစ်တောကိုခုတ်ရောင်းလို့ချမ်းသာတဲ့သူဌေး ပြန်လှူသလို မြန်မာလူသားေ
တွကို ပြည်ပထုတ်ရောင်းလို့ မြတ်ထားတဲ့အမြတ်ငွေက ပြန်လှူတာ ၀မ်းသာစရာပေါ့။
      ကော့သောင်းနဲ့ မြ၀တီတို့မှာပန်ကာကလေးနဲ့ သောက်ရေအိုးတောင်ကောင်းကောင်းမရှိတဲ့ ပြန်လည်
 နေရာချထားရေးစခန်းတွေ စိုစိုပြေပြေဖြစ်လာနိုင်တာပေါ့။ လမ်းစရိတ်မတတ်နိုင်၊ လက်ကိုင်ဖုန်းမှ မရှိချာတဲ့ လူကုန်တား ပုလိပ်တွေကိုလည်း လိုအပ်တဲ့ ထောက်ကူပြု ကိရိယာတွေ လှူဒါန်းနိုင်ပါစေလို့လည်း အာရုံပြု ဆုတောင်းမိပါတယ်။
            လုပ်ချင်တာလုပ် လိုင်စင်မပြုတ်တဲ့ အေဂျင်စီတစ်ခုက ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၁၀၀ လောက်အကွာက အလုပ်ရုံတစ်ခုကို ပို့ထားတဲ့ အလုပ်သမ (…..) ဦးကို အလုပ်ရုံက(ပန်းရောင်ဘတ် ) ရိုက်ပေး လိုက်တယ်တဲ့။ ဘတ်မရိုက်တဲ့သူကို အလုပ်မဆင်းရတော့ဘူးတဲ့။
          အလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာလူကုန်တားအဖွဲ့က သာ အချက်အလက်အတိအကျ သိချင်သပ ဆိုရင်၊ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်ဆိုရင်၊ MAT အဖွဲ့ကို သာဆက်သွယ်ပါ။ ဘန်ကောက်က အလုပ်သမားခေါ်စာအရောင်းအ၀ယ်လုပ်ကြတဲ့ မြန်မာသံရုံးအနီးက၂ရုံးကိုတော့အပျောက် ရိုက်ပစ်ကြမှာမို့ သတင်းမပို့လိုတော့ပါ။ 
            စေတနာကောင်း၊ နည်းမှန်လမ်းမှန် လုပ်စားကြရင် နတ်လူသာဓုခေါ်စေသော်ဝ်………    
ဟန်ဆောင်းခြင်း၊ ကြွားဝါခြင်းနှင့် အကျိုးမျှော်၍ ညောင်ရေလောင်းခြင်းများသာဖြစ်ပါက……....
          


01 November 2014

လိပ်ကျွန်းလူသတ်မှု တရားမျှတမှုရရေး ကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာလူငယ် တောင်းဆို



ကျော်ခ| November 1, 2014 | 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လိပ်ကျွန်းလူသတ်မှုမှာ တရားမျှတမှုရှိရေး ကူညီဆောင် ရွက်ပေးဖို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ဇော်လင်းက မနေ့က တောင်းဆိုလိုက်တယ် လို့ သတင်းရရှိပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိန်းခံထားရတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ ၂ဦး ကို မနေ့က မြန်မာသံရုံး အထူးအဖွဲ့ သွားရောက်တွေ့ဆုံချိန် ဇော်လင်းက အခုလို စကားပါးတောင်းဆိုလိုက်တာလို့ အဆိုပါအဖွဲ့ရဲ့ ဘာသာပြန် ဦးမိုးဝေက ဧရာဝတီကိုပြောပါတယ်။

“ဒီလိုတောင်းဆိုတဲ့ ဇော်လင်းက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်ဆိုတဲ့ တယောက်ပါ။ သူတို့နှစ်ယောက်က ဒီအမှုမှာ ကျူးလွန်ခြင်းမရှိဘဲ ခြိမ်းခြောက်ရိုက်နှက်မှုတွေကြောင့် ဝန်ခံခိုင်းတာတွေ ကြုံတွေ့ခဲ့ရတယ်။ အပြစ်မရှိဘဲ ဖမ်းဆီး ချုပ်နှောင်ခံနေရတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တတ်နိုင်မယ်ဆိုရင် သူတို့ တရားမျှတမှု ရရှိရေး အတွက် လုပ်ပေး စေချင်တယ်ဆိုပြီး ပြောတာပါ” လို့ သံရုံး အထူးအဖွဲ့ ဘာသာပြန် ဦးမိုးဝေ က ပြောပါတယ်။


ထိုင်းအစိုးရရှေ့နေက ကော့တောင်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး ပြည့်စုံသောအထောက်အထားများထပ်မံပေးရန် ရဲများအား တတိယအကြိမ်မြောက်တာင်းဆို


Prosecutor demand more evidences from the police handling Koh Tao case
October 31, 2014 (Thai PBS) ကို ကိုဇော်မှဘာသာပြန်ဆိုသည်

ပုံစာ - ကော့စမွိပြည်သူ့ရှေ့နေက ကော့တောင်ကျွန်းလူသတ်မှု အမှုတွဲကိုလက်မခံပဲရဲကိုပြန်အပ်လိုက် ပါတယ်၊ ရဲတွေခန့်အပ်ခဲ့တဲ့ ရိုဟင်ညာစကားပြန်ရဲ့ စွပ်စွဲခံနှစ်ဦးအပေါ် စစ်ဆေးမေးမြန်းချက်အသေးစိတ် ကိုပေးအပ်ရန် ရဲတွေကိုတောင်းဆိုလိုက်ပါတယ်/

ပြည်သူ့ရှေ့နေရဲ့နောက်ဆုံး အရေးယူဆောင်ရွက်မှုအနေနဲ့ ဖမ်းဆီးစွပ်စွဲခံမြန်မာနှစ်ဦးရဲ့ မိဘတွေက စက်တာဘာလလယ်ကဖြစ်ပွါးခဲ့တဲ့ ကော့တောင်ကျွန်းလူသတ်မှုမှာ အဆိုပါသံသယတရားခံနှစ်ဦးအား ထိုင်းရဲများခန့်အပ်ထားသော ဘင်းဂလီမူဆလင်(မိမိကိုယ်ကို ရိုဟင်ညာဆိုသူ) စကားပြန်မှ အတင်းအကြပ်ဝန်ခံစေရန် ၄င်းတို့သားများအား ရိုက်နှက်စစ်ဆေးမှုများရှိခဲ့သည်ဟု တိုင်းတန်းချက်ကိုလက်ခံကာ ဆက်လက်စစ်ဆေးဆောင်ရွက်ကြမည်ဖြစ်ပါသည်၊