08 February 2015

“သင်္ခါရနဲ့အဆက်အသွယ်ရခြင်း”

                  

သင်္ခါရမသိသေးတဲ့ငယ်ဘ၀………………
          မိုးရေထဲမှာအေးမှန်းမသိ၊ အမေအော်ခေါ်မှ ခိုက်ခိုက်တုန် နုတ်ခမ်းတွေပြာနှမ်းပြီး အိမ်ထဲကို ၀င်ခဲ့တယ်။ ဘောလုံးဆို တစ်နေကုန်ကန်လည်းမောရမှန်းမသိခဲ့။ လူပျိုပေါက်အရွယ် ကိုယ့်ခံပညာသင်တန်း တိုင်းမှာ ဗိုလ် မထားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ခွန်းအား။ ယင်လောက်မြန်တာကို ကျားလိုဖမ်းခဲ့တာကလား။ ရွာလမ်းတစ် လျှောက် ၇ ပေအမြင့်လောက်မှာသီးနေတဲ့ သရက်သီးကို ကြောင်ကလေးခုန်သလိုသုတ်ကနဲ့ ခုန်ပေါက် ဆွတ် ခူးနိုင်အောင် ပေါ့ပါးဖျပ်လတ်ခဲ့တယ်။ ကျောင်းပေါင်စုံပြိုင်ပွဲ တန်းမြင့်ခုံမှာ ပြိုင်ဘက်ကင်း   အောင် ခုံပျံနိုင်ခဲ့တယ်။ လူလတ်အရွယ်မှာ ဘန်ကောက်ကိုရောက်ပြီးနောက် အသက်၄၀ ပြည့်အောင် ဘောလုံးချိန်းပွဲတွေကန်ခဲ့သေးတယ်။

           ရေဆန်တဲ့ ချောင်းရေအလျှဉ်ဆိုတာ ကျုပ်ကိုအံ့တုနိုင်ရိုးမရှိဘူး။ တစ်မိုင်လောက်ကျယ် တဲ့မြစ်ေ လာက်က လက်ပစ်ကူးနေကျ။ သုံးထွာပတ်လည် ထင်းခြောက်ပင်ကို အကိုင်းဖျားနားကိုပဲပစ်၊ တစ်ပင်လုံး ထမ်းပြီး အိမ် ကို သယ်ခဲ့တယ်။ လေးထောင့်စည်၂လုံးနဲ့ ရေတစ်ထမ်းဆိုတာ အသက်ရှုမပျက်တဲ့ ပေါ့ပါးတဲ့ သာမန်အလုပ်ပဲ။ စပါး၂တင်း တစ်နေကုန်ခေါက်တုန့်ခေါက်ပြန်သယ်နိုင်တယ်။ လုပ်ငန်းခွင်မှာသုံးတဲ့ တရုတ်နီ ဂျင်မာ၁၃ ကောင် အင်ဂျင်ဟာ သူများအတွက် အလေးအပင်ဖြစ်ပေမယ့် ကျုပ် အတွက်တော့ ထမင်းစားရေသောက်ပဲ။  သူများမ,မ နိုင်တာကို ကိုယ်မ,နိုင်တာကို ဂုဏ်ယူစရာ အဖြစ်သတ်မှတ်ထားတာ။ သူများထက်များများသယ်ပိုးနိုင်လေ ဇနီးနဲ့ ယောက္ခက ပိုသဘောကျလေပဲ။



             ခွန်အားရှိဆို အစားလည်းဘယ်နည်းမတုန်း။ လယ်ထွန်တဲ့ကာလတွေမှာ ဆန်နို့စည်လေးလုံး ထမင်းနဲ့ အသားငါ ၂၅ကျပ်သားချက်တာနဲ့ အသီးအရွက်  တစ်အိုးချက်ကတော့ ပြောင်းသလင်းခါသွားတာ ပဲ။ အရက်ဆို လည်း ၁ပုလင်းလောက်က စားကောင်းသောက်ကောင်းပဲရှိတာ။၂ပုလင်းလောက်မှ မူးတဲ့ အဆင့်ကိုရောက်တာ။ ဆာတာလည်းခံနိုင်၊ အ၀အပြဲလည်းစားနိုင်၊ အလုပ်ဆိုလည်းမမောနိုင် မပန်းနိုင် လုပ်နိုင်တယ်။ ဘာဝတ်ဝတ်  တောင့်တင်း၊ ချပ်ယပ်နဲ့ကြည့်ကောင်းတယ်။ ငယ်မူငယ်သွေးတွေနဲ့  ပျော်ရွှင်မှု အပြည့်အ၀နဲ့လူငယ်လူရွယ်။

                                           သင်္ခါရ ကသတိပေးပြီ….
          ရွှေရတု အသက်ငါးဆယ်ကိုကျော်လိုက်တဲ့အခါ ၈၀ရာခိုင်နုန်းသော ဆံပင်တွေကဖြူလာပြီ။ မျက်ခုံး မျက်ရစ်နဲ့ ပါးပြင်တွေမှာ အမည်းရောင်အဖတ်သေးသေးလေးတွေ ဘယ်ကဘယ်လို ကပ်လာ မှန်းလဲမသိ ဘူး။ အလင်းရောင် စူးစူးရှရှနဲ့ အရာရာကို ထိုးဖေါက်မြင်နိုင်လောက်အောင် တောက်ပြောင်ခဲ့တဲ့ မျက်လုံး အရောင်တွေက မှေးမိန်လို့  အင်အားနဲလာပါလား။ ပါဝါ၁၅၀မျက်မှန် မချွတ်တမ်းတပ်လို့။ မှန်မှာ အသေချာ ကြည့်တော့ နှတ်ခမ်းတစ်ဘက်ကနဲနဲစောင်းနေသလို နှာခေါင်းကလည်း နဲနဲ စောင်းနေသလို ဖြစ်နေပါပေါ့ လား။ အသားအရေဆိုတာလည်း တင်းနေရာက လျှော့စပြုလာပြီ၊ လက်ခုံပေါ်က အရေပြားတွေဟာ မိုးရေခံ လို့ တွန့်နေသလိုတွန့်နေခဲ့ပြီ ဆိုတာကိုတော့သတိပြုမိတယ်။အသိသာဆုံးကတော့ခါးတွေကနာလာတယ်။  ရုတ်တရက်ထလို့မရတော့ဘူး။ လှေကားကိုအတက်အဆင်း မြန်မြန်မလုပ်နိုင်တော့ဘူး။ သတိထားရတယ်။

              အလေးအပင်ဆိုလည်း ရေတစ်ပုံသယ်ချင်ဖို့နေနေသာသာ၊ ကိုင်ချင်လွန်းလို့ နှစ်နဲ့ချီစုဆောင်းပြီး မှ အမြတ်တနိုးဝယ်သုံးခဲ့တဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုရိုက်လို့ရတဲ့ Nikon အကောင်းစား ကယ်မရာကိုတောင် မသယ် ချင်တော့ဘူး။ လူတွေနဲ့ များများပြောရမယ့်အလုပ်၊ လူအများနဲ့တွေ့မယ်နေရာတို့ကို မသွားချင်တော့ဘူး။ သတိပေးပြီး၊ သင်္ခါရခေါင်းလောင်းထိုးပြီ။

                   သတ္တုချခြင်း………….

            နိုင်ငံခြားမှာ ဆယ်စုနှစ်ကျော်ကြာ၊ ဘ၀စုံကျင်လည်ရပ်တည်ခဲ့ရတယ်။ ဘ၀တက္ကသိုလ်ကြီးတစ်ခု ခုမှာ ဘာသာပေါင်းစုံသိမြင်သင်ကြားခွင့်တွေကြုံခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။ အလွှာပေါင်းစုံလူတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ရတယ်။ မြန်မာ နိုင်ငံရဲ့အဖြစ်အပျက်တွေကို စင်ပေါ်မှာတင်ကြည့်သလိုမြင်သိခွင့်ရရှိခဲ့တယ်။ မိမိဒေသ မှာ ၈၈ တုန်းက အမာခံ သပိတ်ခေါင်းဆောင်လုပ်ခဲ့တယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရအောင်အထူးကြိုးပမ်းခဲ့တယ်။ ရေဒီယိုတွေနားထောင်ပြီး ပြည်ပကိုထွက်ခွာသွားတဲ့ ကျောင်းသားေ
တွဘယ်နေ့လာတိုက်ပေးမလဲလို့ မျှော်ခဲ့ရင်း ညောင်နှစ်ပင်ကို အမြင်ကပ်ကပ်နဲ့ ၁၃နှစ်ကျော်စောင့်ခဲ့ရတယ်။

              နာဂစ်မုန်းတိုင်းတိုက်လို့ ဧရာဝတီတိုင်းမှာ လူပေါင်းတစ်သိန်းခွဲကျော် သေကြေခဲ့တယ်။ (ငါးသေး သေးလေးတွေ အကောင်တစ်သိန်း ခွဲကျော်ကို တန်းစီထားရင်တောင်ဘယ်နည်းမလဲ) ဒီအချိန်မှာ ၂၀၀၈ဖွဲ့စည်းပုံကအတည်ပြုလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုယ်နိုင်နဲ့
 နိုင်ငံ ရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဘန်ကောက်လှုပ်ရှားမှုကော်မတီမှာ ဥက္ကဌကြီးအဖြစ် ၃နှစ်လောက်လုပ်ပြီးဘန်ကောက်အခမ်းအနားတွေမှာထွန်းလိုက်ကြတဲ့ဖယောင်းတိုင်တွေ၊ဘန်ကောက်မြန်မာ သံရုံး ရှေ့မှာ အော်ခဲ့တဲ့အကြိမ်ပေါင်းဘယ်နည်းမလဲ။


              ဘာတဲ့…ရခိုင်ပြည်နယ်က မြန်မာနိုင်ငံမှာအဆင်းရဲဆုံး။ စစ်တပ်ကသိမ်းထားတဲ့ လယ်တွေပြန် မပေး ဘူး။ မြန်မာနိုင်ငံမှာ အကြီးဆုံး ရေနံတင်ဆိပ်ကမ်း တရုတ်အလိုကျဖွင့်လိုက်ပြီ။ တရုတ်ပြည်ရဲ့လိုအပ် သမျှ စွမ်းအင်တွေကို မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်သွယ်တန်းပြီး ကိုယ်ကျိုးရှာခဲ့ကြပြီ။  ဘင်္ဂါလီက လှိမ့်ဝင်၊ စစ်တပ်ကလယ်သိမ်း၊ မြစ်တွေချောင်းတွေကိုရောင်း၊လုပ်စရာမရှိတော့ရခိုင်တပြည်လုံးလည်းထိုင်းကိုရောက် လာခဲ့ကြပြီ။
 
          မန္တလေးနဲ့ရှမ်းပြည်နယ်က တရုတ်နိုင်ငံအစိတ်အပိုင်းဖြစ်သွား၊လက်ပန်တောင်းတောင်၊ဧရာဝတီမြစ် ဆုံနဲ့ သံလွင်၊ ကချင်ပြည်နယ်ထဲက သစ်တောတွေကို ကားအစီးပေါင်း ၃၀၀ လောက်နဲ့ ၀င်ခုတ်။ တရုတ်မှာ သစ်ပင် ခုတ်တော့သေဒဏ်၊ မြန်မာစစ်တပ်ကဖမ်းတော့ ဥပဒေအတိုင်းညှာညှာ တာတာ ဆွေးမျိုးပါ။ တရုတ်တွေဟာမှတ်ပုံတင်မရှိပဲ ရွှေကျင်ကျောက်တူး။ဘာလုပ်လုပ်ဥပဒေမရှိ။  မြန်မာပြည်သားအဖို့မှာတော့.. ရွာတွေမှာ နို့သောက်နဲ့ ဒုတ်ထောက်အရွယ်အိုတွေသာ ကျန်ပြီးတနိုင်ငံ လုံးထိုင်းကိုလာပြီးကျွန်ခံနေကြရပြီ။

              အာဆီယံစီးပွားရေးဇုန်အတွက် ထိုင်းက လမ်းဖေါက်လို့ပြီးပြီ၊ မကြာမီနိုင်ငံခြားသားတွေကို အထူးအခွင့်အရေးပေးပြီး မဲဆောက်မှာ အာရှစီးပွားရေးဇုန်စီမံကိန်းစနေပြီ။ ဗမာပြည်မှာက အာဏာ ယစ်မူးကောင်း တုန်း။ တိုင်းပြည်ပိုင်သမျှ မောင်ပိုင်စီးကောင်းကြတုန်း။ အမေရိကန်လို နိုင်ငံမှာတောင် မကျင့်သုံးတဲ့ နိုင်ငံသား မဟုတ်သေးတဲ့ ၀ှိုက်ကဒ် ကိုင်ဆောင်ထားကြဆဲဖြစ်တဲ့ ကုလားနဲ့တရုတ်တွေကို မဲထဲခွင့်ပြုမလို့တဲ့……..

           အာဏာရှင်တွေ ခေါင်းမီးတောက်စရာတစ်ခုက မြန်မာကျောင်းသားတွေဟာ သာလိကာ အလွတ် ကျက်ဖြေ ကျွန်ပညာရေးကို ပြင်ချင်ပါတယ်။ လူစဉ်မမီတဲ့ လူတောတိုးမရတဲ့ ပညာရေးကိုပြင်ချင်နေကြ တယ်။ ကျနော်တို့ ခေတ်မီပညာရေးကိုသင်ကြားပါရစေ။ ကျနော်တို့ တိုင်းပြည်ကို တိုးတက်ခွင့်ပြုပါ။ ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကိုတည်ဆောက်ပါရစေလို့ အနာဂတ်မျိုးဆက်သစ်တွေ တိုးတက် မှုကို ဆာဆောင်မွတ်သိပ်နေကြတယ်။ ကျောင်းသားလေးတွေပင်ပန်းဆင်းရဲစွာနဲ့ လမ်းလျှောက်နေကြ တယ်။ အာဏာရှင်တွေဟာ ဘယ်နေ့ ဘာလုပ်ပစ်မလဲလို့ တကမ္ဘာလုံး ကစောင့်ကြည့်နေကြတယ်။ အသက် မသေခင် လက်ကျန်အရွယ်မှာ ခါးသီးငံစပ်တဲ့ စစ်အာဏာသိမ်းတာ မဆုံချင်တော့ဘူး။ စစ်အာဏာ ထပ်သိမ်းမှာစိုးလို့ ကျုပ် စားမ၀င် အိပ်မပျော်ဖြစ်မိတယ်။

       အာ!!!!!….ဒါတွေ….ဒါတွေကို…တွေးမနေ့တော့လေ။ ဘာဖြစ်ဖြစ်… သင်္ခါရက နှိုးစက်ပေးနေပြီမဟုတ် လား။ သတ္တ၀ါတစ်ခုကံတစ်ခုပဲမဟုတ်လား။ ပျက်ချိန်တန်ပျက်၊ ဖြစ်ချိန်တန်ဖြစ်လာလိမ့်မယ်လေ၊ ဘယ်အရာ မှမမြဲဘူး။ ကိုယ်တောင် ဘယ်နေ့ ဘယ်မှာသေမယ်မှန်းမသိပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ရတတ်မအေးဖြစ်   နေလို့ကော ဘာထူးမှာတဲ့လဲ၊ သေသွားရင်ကော ဒါတွေကို သိနိုင်အုံးမလား။     ။
                                                                    
                                                          ကျော်သောင်း

                                                            

06 February 2015

“မြန်မာအလုပ်သမားများအားလိမ်လည်သည့်ကုမ္ပဏီအား ပထမဦးဆုံးအကြိမ်တရားရုံးတင်ပြီ”



၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၆၊ဆန်းဦး
          
 
ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် အလုပ်လုပ်နေကြ သည့် မြန်မာအလုပ်သမားများထံမှ ရှယ်ယာ ထုတ်ရောင်းသည့်၊ ပစ္စည်းဝယ် စနစ်ဖြင့် ဘတ်ငွေ သန်းပေါင်းများစွာ လိမ်လည်ထား သည့် SUNJAOPING.LTD ကုမ္ပဏီ အား ပထမဦးဆုံးအကြိမ် တရားရုံးတင်လိုက်ပြီဖြစ်သည်။

         အလုပ်သမားများကိုယ်စား အမှုဖွင့်ဆိုသူတစ်ဦးဖြစ်သော မစန္ဒာက “အခြားလူတွေနဲ့စာရင် သမီးက နည်းပါတယ်။ ဘတ်ငွေ   နှစ်သောင်းကျော်လောက်ပါ။အခြားလူတွေအတွက်မခံချင်လို့သမီး  တိုက်ပွဲဝင်နေ တာပါ။  ငွေကတော့ ဘတ်ငွေ ငါးဘီလီယန်ကျော် ပါတယ်ရှင့်၊ စလုပ်တုန်းက အလုပ်သမားပေါင်း တစ်ထောင်ကျော် စါရင်းပေးထားပါတယ်။ စိတ်ပျက်ပြီးတော့အမှုမလုပ်တော့တဲ့သူနဲ့အလုပ်နားလို့မရတဲ့သူနဲ့ တရားရုံးပေါ်ကို ရောက်သွားတဲ့သူပေါင်း ၈၆၉ ဖြစ်ပါတယ်။ အားလုံးကိုတော့ ပေးချင် မှပေးမယ်လို့ပြော တယ်။ စာချုပ်ရှိတဲ့ သူ တွေကိုတော့ပေးမယ်လို့ပြောသွားတယ်ရှင့်” ဟုပြောသည်။

"မြန်မာအလုပ်သမားများထံမှငွေများစွာလိမ်လည်သည့်ကုမ္ပဏီအား ပထမဦးဆုံးအကြိမ်တရားရုံးတင်ပြီ"


"ဘန်ကောက်မြန်မာသံရုံးအထူးသတိပေးနှိုးဆော်ချက်ထုတ်ပြန်"

                  
 " အထူးသတိပေးနှိုးဆော်ချက်"


                                   ၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၆ ရက်နေ့

(၁) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ Siam Paragon ကုန်တိုက်အနီးတွင် ၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၂ ရက်နေ့ညနေပိုင်း၌ ဗုံ၂လုံးပေါက်ကွဲခဲ့မှုကြောင့် လူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သက်ဆိုင်
ရာအာဏာပိုင်များကကျူးလွန်သူများအားဖမ်းဆီးမိနိုင်ရေးအတွက်အပူတပြင်းရှာဖွေစုံစမ်းလျှက်ရှိပါသည်။


“ပြောလည်းမပြီး၊ တီးလည်းမမြည်တဲ့MOUစည်ပေါက်ပြဿ နာများမရှင်းနိုင်”



           
၂၀၁၅ ခု ဖေဖေါ်ဝါရီ ၆ ရက်
ခရမ်းသားလေး
        
        ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ရုံးသို့ MOU   ဖြင့်ထိုင်းနိုင်ငံသို့လာခဲ့ကြသည့် အလုပ်သမားများ စဉ်ဆက်မပြတ်   ရောက်ရှိနေကြသဖြင့်မည်သို့ဖြေရှင်းရမည်မသိ တော့ကြောင်း
MAT အဖွဲ့ကတာဝန်ရှိများးက ပြောသည်။
         ၂၀၁၄ ခု နှစ်ကုန်ပိုင်းမှစ၍ MAT ရုံးသို့ ရောက်ရှိနေကြသူ များမှာ 
(၁) မေ၀င့်ကုမ္ပဏီ 
(၂) လေဘာအာရှ ကုမ္ပဏီ 
(၃) ဇွဲသုခ 
(၄) မြင့်မြတ်မိုးကုမ္ပဏီ
 (၅) ရွှေရည်ဖြိုးအောင်ကုမ္ပဏီ  နှင့်
(၆) ငွေကြိုးကြာကုမ္ပဏီ တို့မှ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာခဲ့ကြသည့်   မြန်မာအလုပ်သမားဖြစ် ကြသည်။
         ထိုအလုပ်သမားများသည် အလုပ်မရှိပဲလပေါင်းများစွာနေ ကြရသူများနှင့် အချို့မှာ ပန်းရံဆိုဒ်တွင် စွန့်ပစ်ခံခဲ့ကြရသူများဖြစ် ကြသည်။

05 February 2015

“အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံနေရမှုအားတိုင်ကြား”


                               
၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၅ ရက်
ဆန်းဦး
             
          အလုပ်သမားဥပဒေချိုးဖေါက်ခံနေရသည့်အလုပ်သမား တစ်ရာကျော်တို့၏ကိစ္စရပ်အား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့MATကမဟာချိုင်ဆ၀ါဒီကန်ရုံး(အလုပ်သမားပြဿ     နာဖြေ ရှင်းပေးရေးရုံး) တွင် ယနေ့ အမှုစွဲတင်ခဲ့ကြောင်းသိရှိရသည်။
        စမွတ်စာခွန်ခရိုင်၊ မဟာချိုင် ၀တ်ယိုင်ဘန်ဘော် ၀တ်စာခွန် လမ်းမကြီးတွင်ရှိသော ပုဇွန်မုန့်များထုတ်လုပ်သည့် Crystal အလုပ်ရုံသည် အလုပ်သမားများအား ထိုင်းအစိုးရသတ်မှတ်ထား သည့် တစ်နေ့လုပ်အားခ ဘတ်ငွေ ၃၀၀ မပေးသည့်အပြင် အခြား အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုများပါရှိနေသဖြင့် အလုပ်သ မား ၁၄၈ ဦးတို့က MAT အဖွဲ့သို့အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။
       MATအဖွဲ့ အတွင်းရေးမှူးကိုခိုင်ကြီးက “လုပ်အားခအပြည့် ရှင်းမပေးတာတို့ အလုပ်သမားတွေကိုကာကွယ်စောင့်ရှောက်ရ
 ကောင်းမှန်းမသိတာတို့ ခေါင်းပုံဖြတ်တာတို့က ထိုင်းမှာမကုန်ေ သးဘူး။ မဟာချိုင်ဆိုတာ အလုပ်သမားအရေးလုပ်ကြတဲ့ အင်ဂျီ အိုတွေရှိတဲ့နေရာပါ။ တကယ်ထိထိရောက်ရောက် ပြတ်ပြတ် သားသား အလုပ်သမားတွေဘက်က မှန်မှန်ကန်ကန်လုပ်ကြရ မယ်။ မြန်မာအလုပ်သမားတွေက ရသင့်ရထိုက်တဲ့ ဥပဒေပါ အကြောင်းအရာကိုသိနေကြပြီ။ အလုပ်ရုံတွေက မလိုက်နာကြ   သေးဘူး” ဟုပြောသည်။
       
    အလုပ်သမားများနှင့်ချိန်ဆိုထားသည့် မဟာချိုင် ဆ၀ါဒီကန်ရုံသို့ MAT အဖွဲ့ရောက်ရှိသွားသည့်အခါ အလုပ်သမားအရေး လုပ်ကိုင် သည့် အခြားတစ်ဖွဲ့ နှင့် ယခု အလုပ်ရုံကပင် အလုပ်သမား ၁၈ ဦး အမှုဖွင့်တိုင် ကြားထားသည်ဟုသိရသည်။
  အလုပ်သမတစ်ဦးက “ အစိုးရသတ်မှတ်ထားတဲ့ ပိတ်ရက်တွေ မနားရဘူး။ သမီးတို့ကို ပေါင်ချာမှာရှင်းပေးတာကတစ်မျိုး၊ ငွေ ထုတ်ပေးတာကတစ်မျိုးလုပ်တယ်။ အယင်၁နှစ်က အလုပ်သမား တစ်ယောက် ဓါတ်လှေကားညှပ်ပြီးသေတယ်။ အလုပ်ရုံက ဘာမှ နစ်နာကြေးမပေးဘူး။ ခုတစ်ယောက်ဆီက ဘတ်ငွေတစ်ထောင်   ကျော်လောက်စီဖြတ်ထားတယ်။ ပိုက်ဆံကို ပြန်ရရ မရရ အကြောင်းမဟုတ်ဘူး။ အလုပ်သမားအခွင့်အရေးတွေချိုးဖေါက်   နေတာကို ရပ်တန့်ဖို့အတွက် သမီးတို့က သံရုံးအလုပ်သမားကူ ညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့ဆီကို လာရောက် အကူညီတောင်းခံရတာပါ”ဟု ပြောသည်။
      မဟာချိုင် ဆ၀ါဒီကန် အရာရှိကြီးက အလုပ်သမားများတင်ပြ ချက်များမှာမှန်ကန်နေသဖြင့် ပြေလည်အောင်ရှင်းပေးမည်ဖြစ်
ကြောင်း အာမခံစကား ပြန်လည်ပြောကြားသည်။

04 February 2015

မြန်မာမီဒီယာများအားဖိတ်ကြားခြင်း



မြန်မာအလုပ်သမားသုံးထောင်ခန့်ထံမှ ထိုင်းဘတ်ငွေ ငါးဘီလီယံကျော် ဖို့ လိမ်လည်ထားသည့် SUNJAOPING.ltd အမှုအား စတင်စစ်ဆေး မည်ဖြစ်ပါသည်။ အလိမ်ခံထားရသည့် မြန်မာအလုပ်သမား ၇၀၀ ကျော် ခန့်ရောက် ရှိပါမည်။
.....
မြန်မာမီဒီယာများ လာရောက်သတင်းယူကြပါရန် လေးစားစွာ ဖိတ်ကြားအပ် ပါသည်။



နေ့ရက်။   ။ ၂၀၁၅ ခု၊ဖေဖေါ်ဝါရီလ ၆ရက်၊
အချိန်။      ။ နံနက် ၈နာရီခွဲ
နေရာ။    ။ ဘန်ကောက်မြို့ အယ်ကချိုင် ကင်မနန် ၃၆လမ်းထိပ်တွင်ရှိသော ၊၀တ်ဆင်တရားရုံး




ဆက်သွယ်ရန်

“ဘတ်ငွေ ငါးဒဿမငါးဘီလီယန်ခန့်လိမ်ထားသည့်ကုမ္ပဏီကိုတရားရုံးတွင်စစ်မည်”




၂၀၁၅ ခု  ဖေဖေါ်ဝါရီလ ၄ ရက်၊ဆန်းဦး 

 ဘတ်ငွေ ငါးဘီလီယန်ကျော်ဖိုး ထောင်ချီရှိသည် မြန်မာအလုပ်သမားများထံမှ လိမ်လည်ထားသည့် SUNJAOPING.ltd အမှုအား ဘန်ကောက်မြို့ အယ်ကချိုင် ကင်မနန် ၃၆ထိပ်တွင်ရှိသော ၀တ်စင် တရားရုံးတွင် ဖေဖေါ်ဝါရီလ ၆ ရက်နေ့၌ စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

            ထောင်ချီရှိသည့် အလုပ်သမားများ အားလုံး ကြားနိုင်ရန်အတွက် တရားရုံးအပြင်မှ ကြားနိုင်ေ အာင်စပီကာတပ်ဆင်ပေးထားမည့်ဟု FED အကျိုးဆောင် ထိုင်းရှေ့နေကပြောသည်။ ယခုဖြစ်စဉ်သည် ထိုင်းနိုင်ငံအတွင်း အလုပ်သမားများထံမှ ငွေအများဆုံး လိမ်လည်သည့်အမှုဖြစ်သဖြင့် ထိုင်းနှင့်မြန်မာ သတင်းဌာနတို့အား ဖိတ်ကြားရန် ရှေ့နေများက ဆော်သြထားသည်။

02 February 2015

“အလုပ်သမားဝန်ကြီးထံသို့ အိပ်ဖွင့်ပေးစာ”





သို့ /                                                           

      ရက်စွဲ။     ။ ၂၀၁၅ ခု  ဖေဖေါ်ဝါရီလ ၂ ရက်      
              
     ဦးအေးမြင့်
     (အလုပ်သမားအလုပ်အကိုင်လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး)
     နေပြည်တော်၊  
  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

                                                                             ထိုင်းနိုင်ငံအတွင်းတရားဝင်ရောတရားမ၀င်ပါ မြန်မာရွှေ့ပြောင်း
အလုပ်သမားပေါင်းလေးသန်း ၀န်းကျင်ခန့် အလုပ်လုပ် ကိုင်လျှက် ရှိကြပါသည်။ 
တရားဝင်မှတ်တင်ထားသည့်အလုပ်သမားပေါင်းသုံးသန်းကျော်ခန့်
ရှိပါသည်။ ယခု ပန်းရောင်ဘတ်ကဒ်လုပ်ထားသူပေါင်းခြောက် သိန်း ခန့်ရှိပါသည်။ ထိုမျှပမာဏများပြားသော အလုပ်သမားများ အား မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကူညီစောင့်ရှောက်ရန် တာဝန်ရှိပါသည်။ သို့ရာတွင်ထို့သို့ မဟုတ်ပဲ မြန်မာ အလုပ်သမား များအပေါ် MOU အလုပ်သမားတင်သွင်း သည့် အေဂျင်စီများနှင့် အလုပ်သမားဝန်ကြီးဌာနတို့ မတရားချယ်လှယ်နေ မှုတို့အား ၀မ်းနည်းစွာကြုံတွေ့နေကြရပါသည်။



“လုပ်အားခနှင့်ပတ်စပို့ဖိုးဖြတ်တောက်ထားငွေဘတ်ငါးသောင်းကျော်ပြန်ရ”



၂၀၁၅ ခု ဖေဖေါ်ဝါရီလ၂ ရက်  ၊စောမောင်
.
       စမုတ်စာခွန်ခရိုင်၊ ဖက်ကဆင် ၇၇/၄ လမ်းတွင်ရှိသောKENTA TEXTILE CO,LTD အထည်ချုပ် စက်ရုံမှ မြန်မာအလုပ်သမား ၆ဦးတို့ထံမှ ပတ်စပို့ဖိုးနှင့် လုပ်အားခဖိုးဖြတ်တောက်ထားသည့် 
ဘတ်ငွေ ငါးသောင်းကျော် တို့အား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATက ကူညီပေး လိုက်သဖြင့် ရရှိသွားပြီဖြစ်သည်။
 .
        အလုပ်သမားများကို အုပ်ချုပ်သည့် မြန်မာဝဏ္ဏ(အခြောက်) က ကြိုက်သည့်နေရာတွင် 
သွားတိုင် ဟူ၍ သခင်အားရကျွန်းပါးဝ ပြောဆိုသည်ကို မခံမရပ်နိုင်ဖြစ်ကြသဖြင့် အလုပ်သမား
များက MAT အဖွဲ့သို့ ဇန်န၀ါရီ ၂၀ ရက်နေ့က လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 
.
            ကိုယ်တိုင်လိုက်ပါကူညီပေးခဲ့သူ MAT အဖွဲ့ ကိုခိုင်ကြီးက “သူဌေးက ဗမာတွေအထာ
တွေ အကုန်သိ ထားပြီဗျ။ ဆ၀ါဒီကန်ရုံးမှာ ပုလိပ်ကိုပါ သူတို့ခေါ်ထားပြီး။ ကျနော့်ကို ဖမ်းမလို့ပြင် ထားကြတာ။ ဦးသိန်းနိုင် သိလား၊ ဦးထွန်းအေး သိလား၊ သံအမတ်ကြီးသိလား။ ဒီလိုလာတာဗျ။ 
ကျနော်ကပြောတယ်။ ကျနော်တို့က သံရုံးက၀န်ထမ်းတွေမဟုတ်ဘူး။ သံရုံးက အရာရှိတွေဒီအလုပ်တွေကို လုပ်ဖို့မအားကြဘူး။ ကျနော်တို့လုပ်လို့ ဖြစ်နိုင်တဲ့ကိစ္စတွေကို ကျနော်တို့ လိုက်ကူ ညီပေးနေ တာဖြစ် တယ်။ ပြစရာရှိတာလည်းပြကြတာပေါ့ဗျာ။ နဲနဲ တော့ စကားပြောကြရတာပေါ့။ ဒီတော့မှ သူတို့က မတရားဖြတ်ထားတဲ့ငွေတွေကိုပြန်ပေးတာ။ အလုပ်သမား တွေက ကျနော်တို့ကို ကွတ်တယိုတစ်ယောက် တစ်ပွဲကျွေးသွားကြလေရဲ့ဗျာ” ဟုပြောသည်။