17 February 2015

“မြန်မာသံရုံးကူညီမှုဖြင့် စွတ်စွဲခံမြန်မာ၂ဦးထောင်မှလွတ်မြောက်”


၂၀၁၅ ခု ဖေဖေါ်ဝါရီ ၁၇၊ ကိုတီး

လူသတ်မှုဖြင့်စွတ်စွဲခံထား ရပြီး  ခေါင်ပိန်း အကျဉ်းထောင်ထဲ တွင် ၉လကြာနေထိုင်ခဲ့ရသည့်   မြန်မာ အလုပ်သမား၂ဦး မြန်မာ သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီကူညီမှုဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ပြီဖြစ်သည်။

   ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တစ်ဖလန်း ဆန်(ခ) စာထုပတိ ၅၇လမ်းတွင်၂၀၁၄ ခုမတ်လ၁၇ ရက် နေ့က မြန်မာအလုပ်သမား တစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ အသက်၂၈နှစ်အရွယ် ကိုထိုက်ထိုက်အောင် နှင့် အသက်၂၅နှစ် ကိုဇော်လင်း ဆိုသူတို့ အား ဖလန်းဆန် ဘန်ဖလုန်း နယ်မြေရဲစခန်း ဖမ်းဆီးခဲ့သည်။

16 February 2015

ယနေ့ ရှေ့နေများကောင်စီ၌ လိပ်ကျွန်းအရေး သံရုံးကိုယ်စားလှယ်များနဲ့ ထိုင်းရှေ့နေများကောင်စီ တို့ဆွေးနွေးနေကြစဉ်




ကျေးဇူး နဲနဲ တင်ချင်သည်


.
မြန်မာအစိုးရက ယခင်က ထုတ်ပြန်ထားသော အချက် ၂၇ ချက်အား ကျောက်ခဲကိုဆီကြိတ်လိုက်ပါသဖြင့်  မဖြစ်နိုင်မှန်း အမြင်မှန်ရ (သဘောပေါက်) သွားဟန်တူပါသည်။
ထို့ကြောင့်ရွှေလုပ်သားများကကျေးဇူးတင်ပါသည်။

             ယခု အစိမ်းရောင် ပတ်စပို့စာအုပ်အား ၂နှစ်ဗီဇာ ၂နှစ် ၀တ်ပါမစ် ပါရှိပြီး လာမည့် မတ်လဆန်းတွင်ပန်းရောင်ဘတ်ကဒ် ရှိ သည့် မြန်မာအလုပ်သမား ၆သိန်းကျော်တို့ အား မြန်မာအစိုးရ က ထုတ်ပေးတော့မည်ဖြစ်ကြောင်းသိရသည်။

           ၂နှစ်စာ ၀တ်ပါမစ်အပါအ၀င် ဘတ်ငွေ ၅,၀၀၀ ၀န်းကျင် ခန့်ဖြင့် ထုတ်လုပ်ပေးနိုင်ကြောင်း ခန့်မှန်းနေကြ သည်။ ဈေးနုန်း အတိအကျကိုမူ စတင်ထုတ်ပေးသည့် အခါမှ အတည်ပြုနိုင်မည်ြ ဖစ်ပါသည်။

ဆန္ဒပြခေါင်းဆောင်များ၏အိတ်ဖွင့်ပေးစာ ...


ယနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ထိုင်းနိုင်ငံရောက်အလုပ်သမားများမှ မိမိတို့တွေ့
ကြုံနေရသည့် အခက်ခဲများကို ဆန္ဒထုတ်ဖော်ပြီးနောက်  အောက်ပါပုဂ္ဂိုလ်များထံသို့ လိပ်မူ၍ အိတ်ဖွင့်ပေး စာများ ပေးအပ်ခဲ့သည်ဟုသတင်းရရှိပါသည်။


E-Mail-kosawmaungt@gmail.com 
ရက်စွဲ။ ။ ၂၀၁၅ခု ဖေဖေါ်ဝါရီလ 16 ရက်

...
(က)ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(ခ) ဦးခင်အောင်မြင်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(ဂ)သူရဦးရွှေမန်
ပြည်သူ့ လွှတ်တော် ဥက္ကဌ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(ဃ)ဒေါ်အောင်ဆန်းစုကြည်
တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော်အမတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(င)ဦးအေးမြင့်
အလုပ်သမားအလုပ်အကိုင်လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
...
(စ)ဦးဝင်းမောင်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်
ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ
..
(ဆ)ဦးသိန်းနိုင်
အလုပ်သမားသံအရာရှိ
ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ
..............
ထိုင်းနိုင်ငံအတွင်းတရားဝင်မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း သုံးသန်းကျော် ခန့်ရှိပါသည်။ ယခုအချိန်တွင် ယခင်ပတ်စပိုစ်အနီရောင် ကိုင်ဆောင် ထားသည့် မြန်မာအလုပ်သမားများ၏ ၄နှစ်သက်တမ်းပြည့် သက်တမ်း တိုးကြရာ လုပ်ထုံလုပ်နည်းနှင့်မညီပဲMOUတုံးများထုပေးလိုက်ရသည်ကို စိတ်မကောင်းစွာတွေ့ ရပါသည်။


13 February 2015

သူရဲကောင်းစစ်သည်များအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)/ရွှေလုပ်သား ၀ိုင်းတော်သားများမှ အလေးပြုအပ်ပါသည်


ငါတို့အတွက်၊ ကိုယ့်အသက်ကို၊
မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွှတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖော်နတ်က ကြားစေသောဝ်။

ရေးသူ=မင်းသုဝဏ်

" ကြော်ညာပါ အခက်အခဲတွေအတွက် ပေးထားတဲ့ဖုန်းကို ဆက်ပြီး အကူညီတောင်းခံကြည့်ကြပါ"

ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ကိုဖြစ်စေ၊ အခွင့်အရေးချိုး
ဖေါက်ခံရမှုအကြောင်းအရာတစ်ခုကိုဖြစ်စေ ကူညီနိုင်သူများ ...
ထိုင်းနိုင်ငံမှာ များများပေါ်ပေါက်ရန် MAT အဖွဲ့က လိုလားပါသည်။

12 February 2015

“မင်္ဂလာရှိသောစကား၊ မင်္ဂလာရှိသောပြုမူမှုများဖြင့်ပြည်ထောင်စုကြီးကိုဖေါ်ဆောင်အံ့”



      သမ္မတကြီးနှင့် လွှတ်တော်ဥက္ကဌများအား ဂုဏ်ပြု အထူးဆောင်းပါး......


    သမ္မတကြီးနဲ့ရူးဆေးများ………
           သမ္မတကြီး ဦးသိန်းစိန် အသွင်းပြောင်းအစိုးရတက်လာပြီး၎နှစ်သာပြည့်သွားတယ်။ ပြုပြင်ပြောင်းလဲမှုတွေက အားရစရာ အားကျစရာမရှိ။ ပြဿ     နာတွေကများလိုက်ပါဘိ။ ငြိမ်းချမ်းရေး ပွဲစားစင်တာထောင်ပြီး ကားပါမစ်တွေ မြေကွက်တွေနဲ့ လက်နက်  လဲလှယ်တာအဆင်မပြေ၊ နှာနှပ်လို့လည်းမရ။ တိုက်ပွဲကမရပ်။  ဧရာဝတီ၊ ချင်းတွင်း သံလွင် ပြောင်စင်အောင်လုပ်၊ ဇီးသီး ဗန်းတွေမှောက်။ တရုတ်အကျိုးစီးပွားအတွက် တိုင်သူပြည်သားတွေမီးဖိုချောင်ကပိုက်လိုင်းဖေါက်ပေး။ တရုတ်ပြည်အတွက်   ရေနံတင် သင်္ဘောကြီးတွေ ကျောက်ဖြူမှာဆိုက်ကပ်လာတယ်။ ဒေသခံရခိုင်တွေမှာ ပိုက်ချစရာနေရာ မရှိတော့လို့ ထမင်းငတ်၊ ထိုင်းကိုထွက် ကျွန်ခံ။
             ကျောက်စိမ်းနဲ့ပတ္တမြားတွေကို တရုတ်တွေက တရားမ၀င် လာရောက်တူးဖေါ်ကြသတဲ့။ သစ်တောတွေကို တရုတ်တွေ က ဧရာမကားတပ်ကြီးနဲ့လာခုတ်တာဖမ်းမိ။ မြေယာသိမ်းမှုကို မဖြေရှင်းနိုင်၊ အဆိုးဆုံးက လက်ပန်တောင်း တောင်ပြဿ     နာ ၊ ခိုင်းတာကိုသာလုပ်ဖို့စောင့်နေတဲ့ အစိုးရအဖွဲ့ ၀န်ကြီးတစ်သိုက်နဲ့ သမ္မတကြီးခမျာ ခေါင်းခဲလိုက်ရတဲ့ ဖြစ်ခြင်း။ MOU နဲ့ တရားဝင် အလုပ်သမားတင်သွင်းနေတာပါဆိုပြီး အလုပ်သမားဝန်ကြီးဌာနနဲ့  အေဂျင်စီများအဖွဲ့ချုပ် (လူပို့ပွဲစားဂိုဏ်းချုပ်) MOEAF က တရား ၀င်လူမှောင်ခိုကုန်ကူးနေတာကို သမ္မတကြီးကမသိ။ လယ်ယာလုပ်ငန်းခွင်မှာ အလုပ်သမားတွေ မရှိတော့တာလည်းမသိချာ။   ဖြစ်စဉ်အမှန် တကယ်မသိချာ။

09 February 2015

“MOU ပြဿများအား MAT အဖွဲ့က ဘန်ကောက် MOEAF ပွဲစားရုံးသို့သွားရှင်း”


          
၂၀၁၅ ခု      ဖေဖေါ်ဝါရီ ၉ ရက်၊    စောခွန်နောင်
          
      MOU ပြဿ     နာအား အလုပ်သမားများနှင့်အတူဘန်ကောက် အခြေစိုက် လူပို့ပွဲစားအဖွဲ့ချုပ် MOEAF ရုံးသို့ MAT အဖွဲ့က သွားေ ရာက်ဖြေရှင်းခဲ့ရာ ပြေလည်မှုအနည်းငယ်ရရှိခဲ့သည်ဟုဆိုသည်။
          ယနေ့သွားရောက်ပို့ဆောင်သည့်ပြဿ     နာမှာ (၁) မေ၀င့်ကုမ္ပဏီမှ ပို့ထားပြီး ၃လတိုင်အောင်အလုပ်မရပဲရှိနေ   သောအလုပ်သမားများ (၂) အလုပ်သမားများအလုပ်မရသေး သည့်အပြင် မြန်မာအမျိုးသားမှတ်ပုံတင်ကို သိမ်းထားပြီးငွေတော င်းပြီးရွေးခိုင်းသည့် Libra Life ကုမ္ပဏီ (၃) အလုပ်မရှိပဲအလုပ်သ မားများသွင်းထားသည့် လေဘာအေးရှကုမ္ပဏီ (၄) လုပ်အားခ ၄၅ ရက်ရှင်းမပေး၊ ပတ်စပို့သိမ်းထား၊ ဘတ် ၁၅,၀၀၀ ဖြတ်ထား သည့် မြင့်မြတ်မိုးကုမ္ပဏီ (၅) လုပ်အားခ ၄၅ ရက်ခရှင်းမပေး၊ ပတ်စပို့သိမ်းထားသည့် ဇွဲသုခကုမ္ပဏီ (၆) အလုပ်သမားများကို လုပ်အားခ ၄၅ ရက်ရှင်းမပေး၊ ဘတ်ငွေ ၁၅,၀၀၀ ဖြတ်ယူသွားပြီး အလုပ်သမားများ အား ပန်းရံဆိုဒ်တွင်ပစ်ထားခဲ့သည့် ငွေကြိုးကြာ ကုမ္ပဏီတို့၏ ပြဿ     နာဖြစ်ကြသည်။

08 February 2015

MOUဒုက္ခသည်များအတွက် ဆန်နှင့်ဆီများလာရောက်လှူဒါန်း


ထိုင်းနိုင်ငံ ချွန်ဘူရီမြို့အခြေစိုက်  Top world မြန်မာလူငယ်အဖွဲ့  မှ မဟာချိုင်မြို့၊ ဝေလရပ်ကွက်။ ၁လမ်းထိပ်ရှိ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့( MAT မဟာချိုင်ရုံး)၌ လာရောက် ခိုလှုံနေကြသည့်  MOUဒုက္ခသည်များအတွက်  ဆန်နှင့်ဆီများ လာရောက်လှူဒါန်းခဲ့ပါသည်။

အခက်အခဲကြုံတွေ့နေရသော MOU အလုပ်သမားများအား အလုပ်သမားအချင်းချင်း တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးမှုအား MAT အဖွဲ့က လေးစားစွာမှတ်တမ်းတင်အပ်ပါသည်။