16/3/2015_ဘန်ကောက်
သတင်း။။စောမောင်
.
ဘန်ကောက်မြို့နယ်၊စွယ်လုံရင်းရပ်ကွက်၊ ၉ လမ်းရှိ ဆေးဆိုးပန်းရိုက် အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေရာမှ ကျမ္မားရေး မကောင်းသဖြင့် အနာယူနေသည့် မြန်မာ အလုပ်သမား တစ်ဦးအားထိုင်းလုပ်ရှင်ငန်းရှင် သား အဖနှစ်ဦးမှ အခန်းသို့ ၀င်ရောက်၍ သေလုမျောပါးဖြစ်သည့်အထိ ရိုက်နှိက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း စေတုတ္တရာမြို့နယ် တဲဇ ကျေးရွာနေ အဘ ဦးဝင်းအောင် ဒေါ်နွဲ့ရီတို့၏ သား ကိုထင်လင်းအောင် နှင့် ဇနီး မမြင့်မြင့်နွယ် တို့ သည် MOUစနစ်ဖြင့်၂၀၁၄ ခုနှစ် ၈ လပိုင်း၌ထိုင်းနိုင်ငံသို့
ရောက်ရှိ လာကြသူ များဖြစ်ကြပြီး ၎င်းတို့အားခေါ်ဆောင် လာသည့် အေဂျင်စီမှလနဲ့ချီ၍ အလုပ်မပေးနိုင် ခဲ့သဖြင့် ဒုက္ခရောက်ခဲ့ ကြရာ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)၌ လာရောက်ခိုလှုံဖူးကြ သူများဖြစ်ကြပါသည်။ MATအဖွဲ့မှ ၎င်းတို့အား ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာပြီး အလုပ်မပေးနိုင် သည့် အေဂျင်စီနှင့် ညှိနှိုင်ပေး ရာ မှ ၎င်းတို့၏ စိတ်ဆန္ဒရှိသည် ဒေသ ၌ လွတ်လပ်စွာသွားရောက် အလုပ်လုပ်ခွင့်ရရှိခဲ့ရာမှ ယခု အခင်ဖြစ်ပွားရာ ဆေးဆိုးပန်းရိုက်အလုပ်ရုံးသို့ရောက်ရှိသွားကြောင်း MATအတွင်းရေးမှူ ကိုခိုင်ကြီး မှ ပြောကြားခဲ့ပါသည်။










