17 June 2015

“အဆိပ်သင့်နောင်တ,မဖြစ်စေချင်”



“၂၀၁၅ ခုနှစ် မေလ ၁၃ ရက်နေ့ထုတ် မြန်မာပို့စ် သတင်းဂျာနယ်ပါ ဆောင်းပါးအား အွန်လိုင်းပရိတ်သတ်များအတွက်ပြန်လည်ဖေါ်ပြအပ်ပါတယ်"     

     
                                  

 “ကျောက်ဖြူခရိုင်၊ စနဲတိုက်နယ်၊ အလယ်ဒွိန်အုပ်စုမှာ ကျောက်မီးသွေးစက်ရုံတည်ဆောက်မယ်”
ဘုရား….ဘုရား….ဘုရား…………………………….
         တရုတ်နိုင်ငံရဲ့လေထုကိုအများဆုံး ဒုက္ခပေးနေတဲ့ဆာလဖာ ဒိုင်အောက်ဆိုဒ်နဲ့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ မီးခိုးမှုန့်တွေကင်းစင်သန့်ရှင်းတဲ့ လေထုရရှိအောင် ဆယ်စုနှစ် နှစ်စုခန့် အချိန်ယူရ မှာဖြစ်တယ်။  ပြီးခဲ့တဲ့နှစ်ကစ၍ ပေကျင်း မြို့တော်ရဲ့လေထု သန့်ရှင်းရေး စစ်ပွဲ ဆင်နွှဲစေခဲ့ပြီး တရုတ်   နိုင်ငံမှာ ယနေ့ ဖြစ် ပွားနေတဲ့ မြေ၊ ရေနဲ့ လေထု ညစ်ညမ်းမှုကြောင့် ပြည်သူများ စိတ်လက် မကြည် မသာဖြစ်လျက်ရှိနေကြပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် တရုတ်နိုင်ငံမှာ ၂၀၁၇ မှာနောက်ဆုံးထားပြီး ရုတ် သိမ်းပေး သွားမယ်လို့ တရုတ်အစိုးရက တရုတ်ပြည်သူတွေကို ကတိပေးထားရပြီ။ ၎င်းအစား ဓါတ်ငွေ့ သုံးလျှပ် စစ်ဓါတ်အားစက်ရုံ ၄ရုံနဲ့ အစားထိုးပေးမယ်လို့ဆိုပါတယ်။


                                     “အနာဖေးမကွာနိုင်သေးတဲ့ရခိုင်ဒဏ်ရာဟောင်း”
             အားလုံးသိကြတဲ့အတိုင်း  အမည်ခံဆိုရှယ်လစ်စနစ်နဲ့ ဦးနေ၀င်း မဆလတစ်ပါတီအုပ်ချုပ်လာ လိုက်တာ၂၆နှစ်လည်းပြည့်ရော၊အုပ်ချုပ်သူ ဆိုရှယ်လစ်အခွင့်ထူးခံတွေ ရန်ကုန်မြို့အေဒီလမ်းနဲ့ ၀င်ဒါမီယာ လိုနေရာတွေမှာ စည်းစိမ်ခံသွားကြတယ်။ သူတို့ပြောတဲ့ ဂျောက်ထဲကျလုဆဲမြန်မာနိုင်ငံကတော့ ၁၉၈၇ ခု အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ကြေညာခဲ့ရပါတယ်။ သို့ဂလို အဆင်းရဲဆုံး တိုင်းပြည်ထဲမှာ အမွဲဆုံးပြည်နယ် ၂ခုက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပါတဲ့။

           ၂၀၁၁ ခုနှစ် မှာထပ်ပြီးတော့  စစ်ဗိုလ်ချုပ် အာဏာရှင်ကြီးတွေဟာ ယူနီဖေါင်းကိုချွတ်ပြီး ချိပ်ပုဆိုး ၀တ် ခေါင်းပေါင်းစ,တလူလူနဲ့ အယောင်ဆောင်ဒီမိုကရေစီနဲ့ အခွင့်ထူးခံလူတန်းစားအဖြစ် ဆက်လက် အုပ် ချုပ်နေကြဆဲပဲဖြစ်တယ်။ မြန်မာတနိုင်ငံလုံးအပါအ၀င် ရခိုင်ပြည်နယ်ဟာ မွဲပြာကျဆဲပဲရှိတယ်။ ပြောင်းလဲ တိုးတက်ခြင်းရယ်လို့ ပြောပလောက်စရာ လူထုမှာမရှိပေမယ့် အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးတွေမှာတော့ ထားစရာမကုန်အောင် ချမ်းသာသထက်ချမ်းသာနေကြတာ လူတိုင်းသိပဲလေ။ ကံဆိုးမိုးမှောင်ကျသွားတာကတော့ မြန်မာနိုင်ငံသစ်တောတွေ ပြုန်းတီးသွားခဲ့တာနဲ့ လယ်သမားတွေ လယ် ယာ သိမ်းခံခဲ့ကြရတာပါ။

          ရခိုင်သူပုန်ဆိုတာ သမိုင်းထဲမှာထားရစ်ခဲ့ပြီ၊ ရခိုင်လက်နက်ကိုင်တော်လှန်ရေးဆိုတာ ပြည်ပနဲ့နယ်စပ်တွေမှာသာ ကြားဖူးခဲ့ကြတယ်။ ပြည်တွင်းကရခိုင်အများစု ထိုထိုသော ဝေါဟာရနဲ့ ကင်းကွာခဲ့ကြတာ ကြာခဲ့ပါပကော။ ခုတော့ ရခိုင်တပ်မတော်AAနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ကြတယ်တဲ့။ကြားရကြားရနားဝ   မချမ်းသာလိုက်တာ။ ဆက်နွယ်သူတွေအဖမ်းခံရ အရိုက်ခံရ၊ ထောင်ချခံကြရအုံးမယ်။ ဘ၀တွေပျက် ကြရအုံးမယ်။

     ဒီမတိုင်ခင်ဂီရိမုန်တိုင်းဝင်မွှေလိုက်တာရခိုင်တွေ ဘေးဒုက္ခကြုံလိုက်ကြရသေးတယ်။ ကျောက်နီမော်သူ မသီတာထွေး ကို အဓမ္မပြုကျင့် သတ်ဖြတ်ရာကနေ ရခိုင်မှာ ဘင်္ဂလီလူမျိုးနဲ့ ရခိုင်လူမျိုးတို့ အကြီး အကျယ် သတ်ဖြတ် မီးရှို့ပွဲကြီးဖြစ်ခဲ့ကြတယ်။ ယခုတိုင် ဒုက္ခသယ်စခန်းမှာနေကြတုန်းပဲ။ 

         နိုင်ငံတကာအင်ဂျီအိုတွေရဲ့ခွဲခြားဆက်ဆံမှု အခွင့်အရေးမတူညီမျှမှုတွေကြောင့်ဆိုကြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အတိုက်အခံဖြစ်ကြရသေးတယ်။ ရခိုင်သမိုင်းအဆိုအရ မြန်မာဘုရင်တွေလက်အောက်ကို ရခိုင်ပြည်ကျဆုံးကတည်းကစပြီး အင်္ဂလိပ်၊ဂျပန်၊မဆလ၊န၀တ၊နအဖ ခေတ်အဆက်ဆက် နှစ်ပေါင်း နှစ်ရာ
ကျော်ကြာ သူတပါးလက်အောက်မှာ အဖိနှိပ်ခံအဖြစ် ရပ်တည်လာခဲ့ကြရတဲ့ ရခိုင်တွေရဲ့ နာကျည်းမှုတွေရှိမယ်ဆိုလည်း ရှိလောက်တာပေါ့လေ။

           ရခိုင်ပြည်နယ်ကထွက်တဲ့ ရေထွက်ကုန်၊ ကျွန်းသစ်၊ ဆန်စပါး ရောင်းရငွေတွေကို ရခိုင်လူထုတွေ မခံစားခဲ့ကြရပဲ အလကားပေးဆပ်ခဲ့ကြတဲ့ လူမျိုးတွေဖြစ်နေတယ်လို့ ရခိုင်တွေက မိမိကိုယ် မှတ်ထင်နေ ကြတယ်။ ရင်ထဲက ခံစားမှုအစိုင်အခဲတွေဟာ အစဉ်ပေါက်ကွဲလုနီးဘက်ကို ဦးတည်နေခဲ့ကြပါတယ်။


                                    “သွေးစိမ်းရှင်ရှင်နဲ့ဒဏ်ရာအသစ်စက်စက်”
              ကမ္ဘာကျော်တဲ့ မြန်မာနိုင်ငံမြေပုံထက်ပိုင်းပြတ်ပိုင်းလိုင်း။ ကုန်ခဲ့တဲ့နှစ်ကမှ ကျောက်ဖြူကူမင်း ကို ရေနံနဲ့ ဂက်စ်ပိုက်လိုင်းကနေပို့လိုက်တယ်။ ပိုက်လိုင်းဖြတ်သန်းရာ၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည် နယ်က လယ်ယာမြေနဲ့ဥယာဉ်ခြံမြေတွေ နစ်နာဆုံးရှုံးမှုတွေအတွက် ယခုတိုင် ကျေနပ်လောက် တဲ့ပေးလျှော် မှုမရှိသေးဘူး။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့အဓိကစွမ်းအင်လိုအပ်ချက် တစိတ်တပိုင်းကို စိတ်အေးလက်အေး ရရှိနေကြပြီ၊ စွမ်းအင်လိုအပ်ချက်ပြည့်မီနေပြီ။ တရုတ်လူမျိုးတွေက အသီးအပွင့်တွေ ကိုခံစားနေကြရပြီ။ ဒေသခံတွေမှာတော့………

           ပိုက်လိုင်း ဖြတ်သန်းရာ လယ်ယာမြေတွေကိုမဆိုထားနဲ့။ ရေနံသိုလှောင်တဲ့သိုလှောင်ကန်ကြီးတွေ တည်ဆောက်ထားတဲ့၊ တန်ချိန်၆ သိန်းဆန့်တဲ့ပင်လယ်ကူးသင်္ဘောဆိပ်ကပ်လို့ရတဲ့ ဆိပ်ကမ်းဆောက်လုပ် ထားတဲ့ မြဒေးကျွန်းက မြေပိုင်ရှင်တွေမှာ နေရာလည်းပျောက်၊ လုပ်စားစရာလည်းဆုံးခဲ့ကြရပြီ။ မြဒေးကျွန်း ဆိုတာ  ပင်လယ်ဝရေနက်ပိုင်းမှာရှိတဲ့ ကျွန်းဖြစ်တာကြောင့် အိမ်ကထွက်ပြီး ငါးရှာနိုင်တဲ့နေရာကောင်း တစ်ခုလို့ဆိုနိုင်ပါတယ်။ မြဒေးကျွန်းဟာ သံစစ်မြစ်ရဲ့အဆုံးနေရာ ကျောက်ဖြူပင်လယ်ဝမှာ တည်ရှိပါတယ်။

          ဈေးကောင်းရတဲ့ ကက္ကူရံငါး၊ ကက္ကတစ်ငါး၊ ငါးရွှေ၊ နဲ့ ကျောက်ပုဇွန်တွေ များများစားစားရရှိတဲ့ နေ ရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြဒေးကျွန်းက တောင်တန်းတွေပေါ်မှာ ဒညင်းသီး၊ ငရုတ်ကောင်းနဲ့ ကွမ်းသီး တွေလည်း အလွန်ဖြစ်ထွန်းပါတယ်။ ဒီလို သယံဇာတပေါကြွယ်ဝတဲ့ မြဒေးကျွန်းဟာ ခုတော့ တရုတ်ပြည် လျှပ်စစ်ဓါတ်အားတွေအတွက် အဖြူရောင် ရေနံပေပါလုံးကြီးတွေဖြစ်သွားခဲ့ရပြီ။ 

        ဒီဆိပ်ကမ်းတစ်ခုဖြစ်မြောက်သွားတာကြောင့် တရုတ်နိုင်ငံအတွက်တန်ဖိုးဖြတ်မရနိုင်အောင် အကျိုး   ဖြစ်ထွန်းသွားခဲ့တယ်။ မြန်မာအစိုးရအနေနဲ့လည်း အနည်းအကျဉ်းအကျိုးဖြစ်ထွန်းမှာဖြစ်ပေမယ့် ရခိုင်ဒေ သခံတွေမှာတော့ ဘာဆိုဘာမှမဖြစ်လိုက်ရပဲ လင်သေ သားဆုံး ပဋာမြေလူးဇါတ်ပဲခင်းခဲ့ကြရတယ်။ ရေနံ တင်ဆိပ်ကမ်းကြီး တည်ဆောက်ဖို့အတွက် ရေအောက်မှာရှိတဲ့ သန္တာကျောက်တန်းတွေကို ဒိုက်နမိုက်နဲ့ 
  ဖေါက်ခွဲကြတာကြောင့် သဘာဝသန္တာကျောက်တန်းတွေပျက်စီးခဲ့ကြရတယ်။ ငါးမျိုးစိပ်တွေအမြောက် 
အမြား သေကြေပျက်စီးခဲ့ကြရတယ်။ နှစ်ပရိစ္စေတ ငါးပုဇွန်တွေဖမ်းနေခဲ့ကြရတဲ့ ရေပြင်မှာ ရခိုင်တံငါတွေ အသက် မွေးဝမ်းကြောင်းပြုခွင့်မရရှိကြတော့ပါဘူး။ 

            မြဒေးကျွန်း ရေနက်ဆိပ်ကမ်းရှေ့က ရေကြောင်းမှာ မြဒေးကျွန်းတစ်ကျွန်းတည်း အသက်မွေး ၀မ်း ကျောင်းပြုကြတာမဟုတ်ပါဘူး။မြဒေးကျွန်းရေပိုင်နက်ဟာသံစစ်မြစ်ကြီးရဲ့အဆုံးပိုင်းဖြစ်ပါတယ်။
ကျောက်ဖြူ ၊ မြဒေးကျွန်း၊ အလယ်ဒွိန်အုပ်စု၊ ၀ပြေအုပ်စု၊ မျောချောင်းအုပ်စု၊ အ၀တောင်အုပ်စု၊ လေးပုံကျော  က် အုပ်စု၊ ဘယာအုပ်စုနဲ့  စနဲအုပ်စု၊ တွေထဲက ရခိုင်တံငါသည်တွေ အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ် ပါတယ်။ 

           မိမိတို့ပိုင်တဲ့ ရေပိုင်နက်မှာ မိမိတို့ ဘ၀ရပ်တည်ရေးအတွက် မြဒေးကျွန်းအနီးဝန်းကျင်က ရေပိုင် နက်ကို ရခိုင်တံငါသည်တွေ တက်ကလေးမှ ချခွင့်မရှိတော့ပြီ။ အကျိုးဆက်က ရပ်တည်နေထိုင်ရေးခက်ခဲ လာတာကြောင့် လူနေမှုအဆင့်အတန်းတွေ နိမ့်သထက်နိမ့်လာပြီးပညာလည်းမသင်နိုင်ကြတော့ပြီ။အလုပ် အကိုင် အခွင့်အလမ်းတွေပျောက်ကွယ်သွားခဲ့တာကြောင့် အရွယ်ရောက်လာတဲ့လူတိုင်း နေရပ်စွန့်ခွာမှုတွေ တိုးသထက်တိုးလာခဲ့တော့တယ်။

                                            “သံစစ်မြစ်ရဲ့ဂေဟ ၀န်းကျင်”
            ရခိုင်ပြည်နယ် တောင်ကုတ်က အမြန်ယာဉ်(သို့)သင်္ဘောနဲ့လာရင် ရမ်းဗြဲဝင်ပြီးတာနဲ့ ပြန်ထွက် လာတဲ့အခါ မင်းကြောင်းဆိုတဲ့ မြစ်ကျဉ်းတစ်ခုကို ဖြတ်ရပါတယ်။ အဲဒီမြစ်ကျဉ်းကို ခုခါမှာ မင်းကြောင်းတံ တားဆိုတာတည်ဆောက်ထားပြီး ကျေက်ဖြူ­_ရန်ကုန်ဆက်သွားထားပြီးဖြစ်ပါတယ်။ မင်းကြောင်းကထွက် တာနဲ့ သံစစ်မြစ်ကို စတင်တွေ့ရှိရပါတယ်။ 

      သံစစ်မြစ်ထဲကို ရောက်တဲ့အခါ တောင်ဘက်မှာ ကုလားပုန်းတောင်၊ ကိုင်းချောင်းတောင်၊ မျောတောင် နဲ့ တော်မော်ကျောက်တောင်တို့ဟာအထင်အရှားသာမောဖွယ်ရာ တောင်တန်းတွေဖြစ်ပါတယ်။ မြစ်ရဲ့မြောက်ဘက်မှာတော့ ကွန်းချောင်းတောင်၊ မင်းချောင်းတောင်ဆိုတာ ဧရာမမြင့်တဲ့တောင် တန်းကြီးတွေဖြစ်ပါ တယ်။ ရေလယ်မှာ အထက်မြဒေးကျွန်း၊ တသားကျွန်း၊ ဖရုံသီးကျွန်း၊ ကုလားမကျွန်း၊  ဂန့်ဂါကျွန်း၊ မင်းချောင်းကျွန်း၊ ကြိမ်ကျွိန်ကျွန်း၊ ပိန္နဲကျွိန်ကျွန်း၊ ပဏ္ဍားသတ်ကေကျွန်း၊ ကျွန်းခလောက်သုံးလုံး (ကျွန်းမောင်နှမ၃ ယောက်) တောင်နီယေ၊ ကျွန်းယားရှည်နဲ့ ချီကျွန်း၊ ကြောင်ပုတ်မော် စတဲ့ကျွန်းလွတ်   တွေရှိပါတယ်။ သံစစ်မြစ်ဟာ ရေနက်ပြီး ကျွန်းလွတ်တွေ ရှိတာကြောင့် ပင်လယ်ကျောက်ငါးပုဇွန်ကြီးတွေ လာရောက် မျိုးပွားနေထိုင် တဲ့နေရာ ကောင်းတစ်ခုဖြစ်ပါတယ်။

         သံစစ်မြစ်တစ်လျှောက် တောင်ဘက်ကမ်းနဲ့မြောက်ဘက်ကမ်းတွေမှာ ဆားလုပ်ငန်း၊ သဘာဝ ပုဇွန်   မွေးမြူရေးလုပ်ငန်းတွေလည်း လုပ်ကိုင်ကြပါတယ်။ ဒီသံစစ်မြစ်ထဲမှာ သင်္ဘော၊ မော်တော် စက်လှေနဲ့၊   လှေ သမ္ပာန်တို့ဟာ ပြတ်လပ်သည်မရှိ ဥဒဟိုသွားလာနေကြပါတယ်။ သဘာဝ ငါးပုဇွန်တို့ဆိုတာလည်း ရာသီမ ရွေး၊ နေ့ညမရွေး အမြဲတမ်းဖမ်းဆီးရရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

          အထင်ကရတစ်ခုကတော့တပေါင်း တန်းခူးလတို့မှာ သံစစ်မြစ်ရဲ့မြောက်ဘက်မှာရှိတဲ့ မင်းချောင်းတောင်ကြီးမှာ တောမီးလောင်ကျွမ်းတဲ့ မြင် ကွင်းဟာ ညဘက်တွေမှာ အလွန်ကြည့်လို့ကောင်း တဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ရှေ့လူကြီးတွေက မင်းချောင်းတောင်မှာ မီး၃ခါလောင်မှ မိုးကျတယ်လို့လည်း ဆိုကြပါတယ်။


                           “အလယ်ဒွိန်ကျောက်မီးသွေးစက်ရုံနဲ့ကျောက်ဖြူစီးပွားရေးဇုန်”
             အလယ်ဒွိန်အုပ်စုမှာ ကျောက်မီးသွေးစက်ရုံတစ်ခုတည်ဆောက်တော့မယ်ဆိုတာ ကြားလိုက်ရ တဲ့အခါ ကြောမှာဒဏ်ရာပရပွနဲ့ ရခိုင်တွေ လဲရာသူခိုးထောင်းခံကြရတော့မလား။ စာမတတ်တဲ့တောနေ လူတန်းစားတွေကို ကာဗွန်မိုနောက်ဆိုဒ်တို့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ဟိုက်ဒရို ကာဗွန်တို့ဆိုတာဘယ် လိုမှ နားလည်နိုင်မှာမဟုတ်ဘူး။ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆုတ်ရောဂါ၊ လေဖျန်းရောဂါ၊  ဆွံ့အနားမကြား၊ မျိုးဥမအောင် ရောဂါတွေရတတ်တယ်ဆိုမှ နားလည်နိုင်မှာဖြစ်ပါတယ်။ 

       ကမ္ဘာ့စီးပွားရေးထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာတဲ့ တရုတ်နိုင်ငံမှာ  လိုအပ်တဲ့စွမ်းအင်ရဲ့ ၇၀ ရာခိုင်နုန်း ကို ကျောက်မီးသွေး စက်ရုံတွေနဲ့လည်ပတ်နေရတာမို့ တရုတ်နိုင်ငံကောင်ကင်တစ်လုံးမှာ မီးခိုးလုံးတွေနဲ့ အမြဲ တမ်းမှိုင်ဝေးနေပါတယ်။ ပြာလဲ့လဲ့ မိုးကောင်ကင်ကိုမြင်ရဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ခေတ်မီ တဲ့နည်း ပညာတွေနဲ့ထုတ်လုပ်မယ်၊ ဘာညာဆိုပြီး ကိုယ်စားလှယ်တော်ကြီးတွေက ပျားရည်နဲ့ဝမ်းချပေ မယ့် ကောင်း ကျိုးကနဲနဲသာဖြစ်ပြီး ဆိုးကျိုးကပိုများပြားတာကို အထူးသတိထားကြရပါမယ်။ လက်ရှိကျောက်မီးသွေးစက်ရုံ တွေရှိနေတဲ့ ကော့သောင်းနဲ့ရှမ်းပြည်နယ်တို့မှာ စက်ရုံမီးခိုးက ကျလာတဲ့ပြာ မှုန်တွေနဲ့ စာရေးလို့ရပါတယ်။ အရာဝတ္တုတိုင်းမှာ မီးသွေးမှိုင်းတွေ ကပ်ညိနေပါတယ်။ 

        ပိုပြီးသတိထားစရာတစ်ခုက အဲဒီသံစစ်မြစ်တိုတိုလေးထဲမှာ မြစ်ဆုံးပင်လယ်ဝ မြဒေးကျွန်းမှာ ရေနံ ဂက်စ် သိုလှောင်တင်ပို့တဲ့ ဆိပ်ကမ်းတည်ဆောက်ထားလို့ ရခိုင်တံငါတွေ အခက်ကြုံနေခဲ့ကြရတယ်။ သံစစ်မြစ်လယ်ပိုင်း၊ တောင်ဘက်အခြမ်းမှာရှိတဲ့ စနဲချောင်းဝ  တောင်မော်ကြီးမှာ ဗျူဟာတပ်တစ်ခု တပ်စွဲ ထားလေတော့ ဒေသခံရခိုင်တံငါသည်တွေမှာ ငါးရှာဖို့ ပိုမိုခက်ခဲသွားခဲ့ပြန်ပါတယ်။ အဲဒီ  တောင်မော်ကြီး ဗျူဟာနဲ့ မြဒေးကျွန်း ဆိပ်ကမ်းကြားမှာရှိတဲ့ အလယ်ဒွိန်အုပ်စုမှာသာ ကျောက်မီးသွေး စက်ရုံတည်ဆောက် လိုက်လို့ကတော့ ဒီဒေသက  ရခိုင်လူမျိုးတွေ မျိုးတုန်းပျောက်ကွယ်သွားတော့မှာအသေချာဖြစ်ပါတယ်။

             သံစစ်မြစ်တစ်လျှောက်မှာ ဘယ်သို့သော ပိုက်ကွန်မှ ချခွင့်ရတောမှာ မဟုတ်တော့တာကြောင့် ရခိုင်လူမျိုးတွေထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ ငါးတွေ၊ ငါးပိတွေကို အခြားနိုင်ငံတွေက မှာယူစားသောက်ကြရပါ လိမ့်မယ်။ စက်ရုံက ထုတ်ပစ်တဲ့ စွန့်ပစ်ဓါတုရည်တွေကြောင့် သံစစ်မြစ်ရေဟာ အဆိပ်အတောက်တွေဖြစ် သွားပါမယ်။ ငါးပုဇွန်မျိုးစိပ်တွေ သေကြေပျက်စီးကုန်ပါမယ်။ မြစ်ရဲ့တောင်ဘက်မှာ ပဲကြည့်ကြည့်၊ မြောက် ဘက်မှာပဲကြည့်ကြည့် တောင်တန်းကြီးတွေနောက်ခံထားပြီး အမြဲတမ်းပြာလဲ့ကြည်လင်နေတတ်တဲ့ သံစစ်   မြစ်ပေါ်က ကောင်ကင်တပြင်လုံးဟာ မီးခိုးလုံးကြီးတွေ လွှမ်းခြုံထားတာကိုမြင်တွေ့ကြရပါမယ်။ 

            လူတွေစားသောက်ဖို့ စိုက်ပျိုးထားကြတဲ့ အသီအနှံဟူသမျှမှာလည်း ကျောက်မီးသွေး ပြာတွေကျ   ရောက်နေမှာဖြစ်ပါတယ်။ ဒေသတွင်း လူတွေအားလုံး သန့်ရှင်လတ်ဆပ်တဲ့လေကို မရှုရှိုက်ကြရတော့  သလို သဘာဝစမ်းရေ၊ တွင်းရေ ကန်ရေတို့ မှာလည်း ဓါတု အဆိပ်သင့်လာမှာဖြစ်တာကြောင့် လူတွေ အသက်တို လာကြပါမယ်။ 

          အလယ်ဒွိန်အုပ်စုမှာ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံအတွက် မြေဧက ၆၀၀ ကျော် အသုံး ပြုမယ်လို့ဆိုထားတာကြောင့် အလုပ်ဒွိန်အုပ်စု၊ အလယ်ဒွိန်ရွာနဲ့ တောင်မောင်ရွာမှာရှိသမျှ လယ်မြေတွေ သိမ်းဆည်းခံကြရတော့မှာဖြစ်ပါတယ်။ 

         အလယ်ဒွိန်အုပ်စုမှာရှိတဲ့လယ်ယာမြေတွေနဲ့မလောက်ငရင် နီးစပ်တဲ့ အုပ်စုက လယ်ယာမြေတွေပါ ကုန်ဆုံးအုံးမှာဖြစ်ပါတယ်။ ဒီဒေသမှာ လယ်အများဆုံးရှိသူတစ်ဦးဟာ ၁၀ဧကထက် ပိုသူမရှိကြတာကြောင့် လူတိုင်း လယ်ယာလက်မဲ့ဘ၀ကိုရောက်သွားမှာ ကျိန်းသေပေါက်ဖြစ်ပါ တယ်။ မိမိတို့က တာရှည်ခံရှေ့ဟောင်းကြေးအိုးကိုပေးရပြီး ပလပ်စတစ်အိုးကိုပြန်ရရှိကြမှာကို သတိချပ် သင့်ပါတယ်။

          ဒီသဘာဝပတ်ဝန်းကျင်မှာ တည်ဆောက်အကောင်အထည်ဖေါ်လာမယ့် ကျောက်ဖြူစီးပွားရေးဇုန် ကို ငွေကြေးချမ်းသာနဲ ပြည်တွင်း ပြည်ပက ရင်းနှီင်္းမြှပ်နှံကြမယ့်သူတွေ လာရဲပါအုံးမလား???...... အဆောက်အဦတွေဆောက်လုပ်ကြမယ့် ပညာရှင်တွေနဲ့ ဇုန်ဖြစ်လာတဲ့အခါအကောင်အထည်ဖေါ်နေကြ ရ မယ့် အမျိုးမျိုးသောအလွှာစုံကပညာတတ်တွေနဲ့ပညာရှင်ဆိုသူတွေ နေထိုင်လုပ်ကိုင်ရဲကြပါမလား။
 ကျောက်ဖြူစီးပွားရေးဇုန်နဲ့ကပ်လျှက်ရှိတဲ့ ရွံ့မီးတောင်တွေဟာ ကျောက်မီးသွေး စက်ရုံက ထုတ်လွှတ် လာမယ့်အဆိပ်ငွေ့တွေမီးခိုးလုံးတွေနဲ့ဘယ်လိုဓါတ်ပြုလာနိုင်သလဲ???...သုတေသနပြုမိကြသလား???. 

      ၁၈ရာစုကတည်းက နည်းပညာမှာ ကမ္ဘာ့မှာ ထိပ်တန်းရောက်နေတဲ့ ဂျပန်လိုနိုင်ငံမှာ  နျူးကလီယား ဓါတ်ပေါင်းဖို ဓါတ်ငွေ့ယိုစိမ့်သွားခဲ့ရတာ။ မီးတောင်သေပေါ်မှာ ရှိနေတဲ့ ဂျပန်နိုင်ငံဟာ မြေငလျှင်ဒဏ်ကို  အဆင့်မြင့်ခံနိုင်ရည်ရှိအောင်တည်ဆောက်ထားခဲ့ပေမယ့်၂၀၁၁ ခုနှစ်မတ်လမှာ လှုပ်ခတ်ခဲ့တဲ့ ဆူနာမီ   ကြောင့်ဂျပန်နိုင်ငံတစ်စိပ်တစ်ဒေသဟာ အမှိုက်ပုံဖြစ်သွားခဲ့ရပါတယ်။ ဒီအချက်ဟာ ပြုပြင်ပြောင်းလဲ   ရေးလမ်း ကြောင်း ပေါ်မှာရောက်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွက် အထူးဂရုပြုမယ့်သင်ခန်းစာ 
ဖြစ်ပါတယ်။ အထူးသဖြင့် မိမိတို့ကိုယ်တိုင် နည်းပညာအားနည်းတာကြောင့် ပိုမိုဂရုစိုက်သင့်ပါတယ်။

                                   “အနာဂတ်ကောင်းအောင်သာဖန်တီးပေးသင့်”
        သမိုင်းကြောင်းအရအဖိနှိပ်အခံရဆုံး၊ဖွံ့ဖြိုးအနည်းဆုံးဖြစ်နေတဲ့ရခိုင်လူမျိုးတွေအပေါ်မှာ စေတနာရှိလို့   ကျောက်မီးသွေးစက်ရုံတည်ဆောက်တာမဟုတ်ဘူးဆိုတာအားလုံးသိကြပါတယ်။ ခုမှစတင်ဖွင့် လှစ်ခါစ   မြဒေးကျွန်းရေနံတင်ဆိပ်ကမ်းကြောင့် ဒေသခံရွာသားတွေ၊ နယ်မြေအနှံ့က တံငါသည်တွေအကျိုးရှိသလား  နစ်နာမှုရှိသလားဆိုတာ လက်တွေ့ခံစားနေကြပြီဖြစ်တာကြောင့် အကျိုးအကြောင်း အဆိုးအကောင်းကို ဆုံးဖြတ်နိုင်ခဲ့ကြပါပြီ။ ဒေသမှာဘာတွေဖွံ့ဖြိုးပြီး ဘာတွေဆုံးရှုံးနေသလဲဆိုတာ ပကတိ အဖြေမှန်ပေါ်နေပြီ ဖြစ် ပါတယ်။ မိအေး၂ခါအနာမခံနိုင်ကြတော့ပြီ။

       ကျောက်မီးသွေးစက်ရုံ မွန်ပြည်နယ် မှာဆောက်ဆောက်၊ ထားဝယ်မှာဆောက်ဆောက်၊ ရှမ်းပြည်နယ် မှာဆောက်ဆောက် ဘာကြောင့် ပညာရှင်တွေ ကန့်ကွက်နေကြသလဲ။ လောက်ကိုက်နေတဲ့ ခွေးကောင် ပုတ်လို ဘာကြောင့် မောင်းထုတ်နေကြသလဲ။ ကျောက်မီးသွေးကုန်ကြမ်းထုတ်လုပ်တဲ့ အင်ဒိုနီးရှားမှာ စက် ရုံတည်ဆောက်ပြီး ဘာကြောင့် လျှပ်စစ်ဓါတ်အား ကမ္ဘာကိုမဖြန့်ဝေသလဲ။ ထိုင်းနိုင်ငံက ဘာကြောင့်   မြန်မာနိုင်ငံမှာလာပြီး ကျောက်မီးသွေးစက်ရုံတည်ဆောက်ချင်ကြတာလဲ။ အခြားနိုင်ငံတွေကကော ဘာကြောင့် မြန်မာနိုင်ငံမှာ ကျောက်မီးသွေးစက်ရုံတွေတည်ဆောက်ချင်ကြပါသလဲဆိုတာ မေးခွန်းထုတ်ကြရပါမယ်။

              လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်စေမယ့် စီမံကိန်းမျိုး၊ အခြားသော အတတ်ပညာအမျိုး မျိုးနဲ့ထုတ်လုပ်မယ့်စက်ရုံမျိုးတွေ၊ ပြီးတော့ ရခိုင်ဒေသကထွက်တဲ့ ဆား၊ သားငါးပုဇွန်မွေးမြူရေး၊ ပင်လယ် ကဏန်း၊ ကျောက်ပုဇွန်၊ ရေခူ၊ ပုလဲ၊ ကျောက်ငါးလုပ်ငန်းတွေဖွံ့ထွားမယ့်လုပ်ငန်းတွေ၊ အအေးခန်းတွေ တည်ထောင်သင့်ပါတယ်။ ကွယ်ပျောက်လုပြီဖြစ်တဲ့ နိုင်ငံကျော် ရခိုင်ပုဆိုးလုပ်ငန်းကို ကြီးမားကျယ်ပြန့်အောင် သင်တန်းကျောင်းတွေ၊ ခေတ်မီစက်ကြီးတွေနဲ့ယက်လုပ်ပြီး ဈေးကွက်တွေဖန်တီးသင့်ပါတယ်။ 

         ကွယ်ပျောက်သွားပြီးဖြစ်တဲ့ပိုးချည်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ ကြိမ်လုပ်ငန်းတွေကိုပြန် လည်ဖေါ် ထုတ်သင့်ပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ ဘေးချင်းကပ် ရခိုင်ကမ်း မြောင်ဒေသတစ်ခုလုံးဟာ ထိုင်းလို နိုင်ငံမှာဆိုရင် မြန်မာနိုင်ငံ အနောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားဇုန်ကြီးဖြစ်သွားမှာသေချာပါတယ်။

             နေပြောက်မထိုးအောင် ထူပြောတဲ့ ရခိုင်ရိုးမတောကြီးကို သဘာဝ ဥယျာဉ်ကြီးတစ်ခုအဖြစ် ကမ္ဘာ လှည့် ခရီးသွားတွေလည်ပတ်စရာလုပ်ပါလား၊ အငွေ့တစ်ထောင်းထောင်းထွက်နေတဲ့တကယ့် သဘာဝ ရေပူစမ်းတွေ အများကြီးရှိတာပဲ။ ရိုးမတောင်ပေါ်မှာကမ္ဘာ့ရှားပါး ( မာဘယ်လ်) နေပူခံကျောက် တောင် ဆိုတာလည်း အံ့သြဖွယ်တည်ရှိနေတယ်။ ရခိုင်ပြည်နယ်ဟာ အာဏာရှင်တွေ  တွေးနေသလို ရောင်းစားဖို့ သင့်တဲ့နေရာမဟုတ်ပဲ ပြစားရမယ့်နေရာဆိုတာ အထူးစဉ်းစားဖို့သင့်ပါတယ်။ သုံးသပ်သင့်ပါတယ်။ ငပလီပင်လယ်အပန်းဖြေစခန်းနဲ့ ရှေ့ဟောင်းရခိုင်မြို့ဟောင်းဒေသတွေဟာ ကမ္ဘာလှည့်ခရီးသွား တွေကို ယနေ့တိုင် ဆွဲဆောင်နိုင်စွမ်းပါတယ်။

       ရခိုင်ပြည်မှာ ရှိပြီးသားဖြစ်တဲ့ သဘာဝဓါတ်ငွေ့က မြန်မာတစ်နိုင်ငံလုံးကို အလျှံပယ်ပေးနိုင်လျှက်နဲ့ ဘာကြောင့် လူသားမျိုးနွယ်တွေ တိရိစ္ဆာန်မျိုးစိပ်တွေ ပျက်သုန်းစေမယ့် ကျောက်မီးသွေး စက်ရုံတွေ၊ မြစ်   တွေကို  ဖြတ်ပြီး ဆည်တွေ ဆောက်ချင်ကြတာလဲ။ နွေရာသီမှာတောင် ရေဖိအားပြည့် စီးဆင်းမှုအားကောင်းတဲ့ ဘူးသီးတောင်မြို့နယ်က စိုင်းတင်ရေတံခွန်က ရေအားလျှပ်စစ်ဓါတ်အားတွေ အလျှံပယ်ထုတ် လုပ်နိုင်ပါ တယ်။ ကမ္ဘာ့အကောင်းဆုံး ၀ါးတွေပေါပေါများများပေါက်ရောက်တဲ့ ရခိုင်ရိုးမက ၀ါးတွေနဲ့ ကမ္ဘာ့ အကောင်းဆုံး စက္ကူစက်ကြီးတွေ တည်ဆောက်နိုင်ပါတယ်။

        နိုင်ငံအုပ်ချုပ်သူတွေကို အထူးမေတ္တာရပ်ခံလိုတာကတော့ မိမိတို့ မျိုးဆက်တွေကို အန္တရာယ်ရှိတဲ့ရေ
 မြေသဘာဝတွေနဲ့ထားခဲ့ကြမလား။ အဆိပ်ငွေ့တွေကို သားစဉ်မြေးဆက်ရှုရမယ့်အနေအထားမှာထား 
ခဲ့ကြမလားဝေဖန်စဉ်းစားကြပါလို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ 

           မေလနေ့၅ရက်နေ့က ကယုကမာခွံအလှဆင်လုပ်ငန်းလုပ်ကိုင်တဲ့ ထိုင်းလုပ်ငန်းရှင် တစ်ဦးထမင်း ဖိတ်ကျွေးလို့သွားခဲ့တယ်။ ကျနော်တို့သက်သက်မဟုတ်ဘူး။  အမေရိကန်ကုန်သည်နဲ့ ကမ္ဘောဒီယားနိုင်ငံ မြို့တော် ဖနွန်ပင်က ကုန်သည်ကြီးတွေပါပါတယ်။ သူတို့ပြန်သွားပြီးတော့ စကား ထိုင်ပြောဖြစ်ကြပါတယ်။ 

          ထိုင်းသူဌေးက “ဒီ…ကယုကမာခွံတွေဟာ နေပြည်တော်က လေလံသွားဆွဲတာ၊ ဒီစားပွဲ ကုလား ထိုင်တွေ လုပ်တဲ့သစ်တွေဟာ မင်းတို့တိုင်းပြည်က။ ဒါတွေကို ငါတို့ဝယ်ပြီး ဒီမှာလုပ်နေတယ်။ ငါ ဗမြာ ပည် ကို သွားလိုက်ပြန်လိုက် ၀ယ်လိုက်ရောင်းလိုက်လုပ်နေတာ နှစ်၂၀ရှိပြီ။ မင်းတို့ တိုင်းပြည်ကလုပ်ပြီး   ရောင်း နေရမှာ။ ခု ငါတို့လုပ်ပြီးရောင်းနေရလို့ ငါတို့ချမ်းသာနေတယ်။ ဒါကိုမင်းတို့သိဖို့ကောင်းပြီ။ မင်းတို့နိုင်ငံမှာ ခရုပန်းအလှဆင်သင်တန်းကျောင်းဖွင့်ပါလား၊ ငါ အခမဲ့လာသင်ပေးချင်တယ်” တဲ့ဗျာ။ 

 ဧည့်ကောင်းစောင်ကောင်းတွေကို အကောင်းဆုံးအစားအစာနဲ့ကျွေးထားတဲ့နံနက်စာ အံထွက်မတတ်ခံ စားပြီးပြန်လာခဲ့ရတယ်။   
                                                     ထွန်းနေရောင်  (စနဲ)







“ထိခိုက်ဒဏ်ရာရရှိသည့်အလုပ်သမားတစ်ဦးအား နစ်နာကြေးမရရှိပဲပြန်ပို့”



                   
၂၀၁၅ ခု ဇွန်လ ၁၇ 
      ခရမ်းသားလေး


          အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိသွားသည့် အလုပ်သမားတစ်ဦးအား ဒဏ်ရာပျောက်ကင်း   အောင်ကုသပေးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသည့်နစ်နာကြေးများ တစ်စုံတစ်ခု ရရှိအောင်ဆောင်ရွက်ပေး   ခြင်းမရှိပဲ အတင်းအဓမ္မ ယနေ့ပြန်ပို့ခြင်းခံရကြောင်း ကာယကံရှင် အလုပ်သမားကပြောဆိုခဲ့သည်။

           ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ချောင်းကမ်းရွာ မှ အဖ ဦးတင်စိန်+အမိ ဒေါ်ခင်မာကြည် တို့၏သား အသက် ၁၉ နှစ်အရွယ် မောင်စနေထွန်း ဆိုသူသည် နိုင်ငံကူး လက်မှတ် MA 965 970 ကိုင်ဆောင်ထား သူဖြစ်သည်။ သူသည် ဒိုင်းမွန်းပဲလေ့ အေဂျင်စီဖြင့် ၂၂၊ ၁၂၊ ၂၀၁၅  နေ့က ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သူ   ဖြစ်သည်။   အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ သုံးသိန်းခွဲမှ ငါးသိန်း အထိပေးခဲ့ရသူများရှိကြောင်း ၎င်း ကပြောဆိုခဲ့ပါသည်။

“ကျနော်တို့ရန်ကုန် ပင်လုံခန်းမမှာ လူ၁၀၀ စာချုပ်ချုပ်ပါတယ်။ လူတွေအကုန်ခွဲပို့လိုက်ပါတယ်။ ကျနော်က ဘန်ကောက်မြို့ ဘန်းကပိအရပ်က ကိုကာကိုလာ အလုပ်ရုံမှာလုပ်ပါတယ်။ ၂၉၊ ၃၊ ၂၀၁၅ တနင်္ဂနွေ ညဥ့် ၁၂ နာရီမှာ အလုပ်ရုံထဲမှာပစ္စည်းတွေရွှေ့တဲ့ဝန်ချီကားက ကျနော့်ခြေထောက်ကိုကြိတ်သွားခဲ့ပါတယ်။ အရိုးကြေ သွားပြီး အပေါ်က ၇ချက်ချုပ်ထားပါတယ်။ ကျနော် အလုပ်လုပ်ခဲ့တာ ၃လပြည့်ခဲပြီး စုစုပေါင်း ၆,၄၀၀ ဘတ် ပဲ ပေးပါတယ်။ တနင်္ဂနွေနေ့ ဆင်းရပေမယ့် ၂ ရက်စာမရပါဘူး။ ကျနော်ဒဏ်ရာရရှိသွားတဲ့အတွက် ရောဂါ လည်း ပျောက်ကင်းအောင် ကုမပေးသလို နစ်နာကြေးဆိုတာလည်းမရပါဘူး။ ကျနော့်ကို ဒီနေ့ ပွဲစား မစုစုလှိုင်က လေယာဉ်နဲ့ပြန် ပို့ပါတယ်”ဟု ကိုစနေထွန်း ကပြောခဲ့ပါသည်။

    ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “လုပ်ငန်းခွင်မှာ သေဆုံးသွားခဲ့ကြသူတွေ၊ ခါးရိုးကျိုး၊ လက်ကျိုးခြေကျိုးတွေကို ဆေးဝါးကုသခွင့်ရရှိသလို ထိခိုက်ဒဏ်ရာရနေစဉ်ကာလ အတွင်းမှာ နေ့တွက်လည်းရရှိပါတယ်။ ဒဏ်ရာများရင် ပြုစုနေသူတစ်ဦး အတွက်ပါ နေ့တွက်ရရှိပါတယ်။  ခြေလက်အင်္ဂါချွတ်ယွင်းသွားတာတွေအတွက်လည်း ထိုင်းအလုပ်သမား ဥပဒေမှာပြ ဌာန်းပြီးသားပါ။ ဒါပေမယ့် အလုပ်သမားတွေတင်သွင်းလာခဲ့တဲ့ အေဂျင်စီတွေဟာ မွေးရာပါ ကိုယ်လက်ပျက်စီး သွားခဲ့ကြတဲ့ အလုပ်သမားတွေအတွက် နစ်နာကြေးတွေရရှိအောင်မဆောင်ရွက်ပဲ ဒဏ် ရာ ရရှိသွားကြတဲ့၊ ကိုယ်လက်အင်္ဂါချို့ယွင်းသွားခဲ့ကြတဲ့ အလုပ်သမားတွေကို လူမသိသူမသိ လျှို့ဝှက်ပြီးေ တာ့ မြန်မာပြည်ကို ပြန်ပို့လေ့ရှိပါတယ်။ ဒီလိုလုပ်ရပ်ကို ကျူးလွန်တဲ့  အေဂျင်စီကို မြန်မာအစိုးရ အလုပ် သမား ၀န်ကြီးဌာနက ပြင်း ထန်စွာ အရေးယူသင့်ပါတယ်” ဟုပြောသည်။ 

           ယခုပြန်ပို့ခံရသည့်အလုပ်သမား၏ အခြေအနေမှန်ကို လက်ရှိတာဝန်ထမ်းဆောင်နေသော မြန်မာ အလုပ်သမားသံအရာရှိများထံသို့ဖုန်းဆက်သွယ်သော်လည်းဖုန်းမကိုင်ခဲ့ပါ။  ပွဲစားများအဖွဲ့ချုပ် MOEAF ဘန်ကောက်တာဝန်မှူးဖုန်း ၀၈၃ ၅၄၄ ၆၄၄၂ အားဆက်သွယ်မေးမြန်းရာ ယခုကိစ္စအား ၎င်းတို့ မသိရှိေ ကြာင်း ပြောဆိုပါသည်။ ဤအချင်းအရာကိုကြည့်သောအားဖြင့် အစိုးရချင်းတင်ပို့သည်ဟူသည့် ခေါင်းစဉ်ေ အာက်မှ တရားဝင် အလုပ်သမားတင်သွင်းနေသည့် MOU လုပ်ငန်းစဉ်သည် မြန်မာ အလုပ်သမားများ အတွက် အကာအကွယ်မဲ့နေသည်ကို ပြသနေခြင်းဖြစ်ပါသည်။ 

         ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းတွင် ပြည်ပသို့ထွက်ခွာ အလုပ်လုပ်ကြမည့် အလုပ်သမားများအား စါရင်းကောက်နေသော ကောင်တာသည်လည်း မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်း၍ ယနေ့မိမိနိုင်ငံ သို့   ပြန်ပို့ခံရသည့် MOUအလုပ်သမား ကိုစနေထွန် ၏ အခြေအနေကို သိရှိနိုင်မည် မဟုတ်ကြောင်း MAT အဖွဲ့က ထောက်ပြပြောဆိုသည်။

16 June 2015

“ထိုင်းရောက်အလုပ်သမားတွေရဲ့အခြေအနေကို ဦးကျော်သောင်း ဘာပြောသလဲ?"


"အဓမ္မပြုကျင့်ခံရသူအတွက်ရန်ကုန်တွင်ဆန္ဒပြ"


၂၀၁၅ ဇွန်လ ၁၇     
      မင်းဘခက် + ဆန်းဦး



               ထိုင်းနိုင်ငံဘန်ကောက်မြို့အနီးမဟာချိုင်တွင် ညအချိန်အလုပ်လုပ်ရာမှ ပြန်လာသည့် မြန်မာ အလုပ်သမတစ်ဦးအား ထိုင်းအမျိုးသား ၆ဦးတို့က အဓမ္မပြုကျင့်မှုအား တရား ဥပဒေ အတိုင်း အရေးယူ ဆောင်ရွက်ပေးပါရန် အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကဦးဆောင်၍ ရန်ကုန်တွင် ယနေ့ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

       ၂၀၁၅ ခု ဇွန်လ ၃ ရက်နေ့ နံနက် ၄နာရီ ကျော်အချိန်က မဟာချိုင် ၀တ်ယိုင်ဘန်းပေါ်တွင်ရှိသော ထိုင်းယူနီယံ အလုပ်ရုံခွဲမှ အလုပ်လုပ်ပြီးပြန်လာသော ……. မှ အသက် ၁၉ နှစ်အရွယ် ကရင်အမျိုး သမီးအပျို ..နန်းအဲမူ(အမည်လွှဲ) အား ထိုင်းအမျိုးသား ၆ဦးက ၂ခန်းတွဲ အမဲရောင် ကားပေါ်သို့ခေါ်ဆောင်သွားခဲ့သည်။ အတူတူလာသည့် အလုပ်သမား ၂ဦးက အခန်းသို့ဝင်သွားခဲ့ ချိန်တွင် ဆွဲတင်သွားခဲ့ပြီး တစ်ကီလိုအကွာခန့် တောထဲသို့ ကားမောင်းနှင်သွားခဲ့ပြီး အမျိုးသား၆ဦးစလုံးက အလှည့်ကျ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

             မိန်းကလေးအား နံနက် ၆နာရီခန့်အချိန်တွင် စွယ်စုန်ဟူသည့် လမ်းထိပ်တွင် ပစ်ထားခဲ့သည်။ ထိုင်း လူမျိုးတစ်ဦးကတွေ့ရှိသဖြင့် မဟာချိုင်ရဲစခန်းသို့ပို့ဆောင်ခဲ့ရာ အရေးယူဆောင်ရွက်မည့် တာဝန်မှူးများမရှိ သဖြင့် နန်းအဲမူ နေအိပ်ခန်းသို့ပြန်ပို့ခဲ့သည်။ အစ်ကိုတော်စပ်သူတစ်ဦးက MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီး ထံသို့ နေ့လည် ၁၁ နာရီခန့်တွင် ဖုန်းဆက်အကူညီတောင်းခံခဲ့သည်။

           ကိုခိုင်ကြီးက အလုပ်ရုံမှ ၀ဏ(အလုပ်ကြပ်) လုပ်သူအား စမုတ်စာခွန် ဆေးရုံကြီးသို့ ပို့ဆောင်စေခဲ့ပြီး။ မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီနာယက သံအမတ်ကြီး ဦးဝင်းမောင်ထံသို့ အကြော င်း ကြားခဲ့သည်။ ဦးဝင်းမောင်က အလုပ်သမားသံအရာရှိ ဦးလှထွန်းနှင့် ဦးစိုးနိုင်တို့အား စေလွှတ်လိုက်သဖြင့် ဆေးရုံသို့ ကူညီသူများ နှင့် အတူတကွ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး ဆေးရုံတို့သို့ သွားရောက်၍ အားပေး စကားများပြောကြား ခဲ့ကြပါသည်။

ကိုခိုင်ကြီးက“ဒီလိုမျိုးဖြစ်စဉ်တွေက ထိုင်းနိုင်ငံအနှံ့မှာဖြစ်ပွားနေတယ်။ ဒီမိန်းကလေးဟာ မိမိရဲ့အရှက် အကြောက်ကို မငဲ့ပဲ ဖြစ်စဉ်တွေကို တင်ပြတဲ့အတွက် ထိုင်းနဲ့မြန်မာအစိုးရတို့က နစ်နာမှုတွေအတွက် ထိထိ ရောက်ရောက် ကူညီစောင့်ရှောက်ပေးဖို့လိုပါတယ်။ တရားခံကို ဖေါ်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ ပေးဖို့လိုပါတယ်” ဟုပြောသည်။

        မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီနှင့် ဒေသခံ လူငယ်များ ပူးပေါင်းဆောင်ရွက် မှုများတို့ကြောင့် အဓမ္မပြုကျင့်ခဲ့သူဟု ယူဆရသူ၂ဦးတို့အား ဇွန်လ  ၁၂ ရက်နေ့က မဟာချိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်။

           ထိုင်းနိုင်ငံအနှံ့အပြားတို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မကြာခဏ အသတ်ခံရလေ့ရှိသည်။  လွန်ခဲ့သည့်လက ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ လေယာဉ်ကွင်းနောက်ဖက်တွင် အလုပ်လုပ်ကြသော မြန်မာအလုပ်သမား၎ဦးတို့ လုပ်အားခတောင်းခံသည်ကို ရာဘာသစ်သားလုပ်ငန်းရှင်က သေနတ်ဖြင့် ၈ချက် ပစ်ခတ်ခဲ့ရာ ကိုဖြိုး ဆိုသူ၏ ပခုံးတွင် သေနတ်ကျည်ဆန်ဖေါက်ထွက်သွားခဲ့သည်။ ဤပစ်ခတ်မှုအား မြန်မာ သံရုံးမှ ပထမအတွင်းဝန်နှင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT က ထိုင်းဗဟိုရဲဌာနချုပ်သို့ သွားရောက်၍ အမှုဖွင့်ထားခဲ့သည်။ သို့ရာတွင် ယနေ့အထိ ခေါ်ယူစစ်ဆေးခြင်း ဖေါ်ထုတ်ခြင်းမတွေ့ရသေးကြောင်း MAT အဖွဲ့ကဆိုသည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ဒီနေ့ရန်ကုန်မှာ လုပ်ကြတဲ့ ဆန္ဒပြပွဲကိုထောက်ခံပါတယ်။ ထိုင်းမှာ မြန်မာအလုပ်သမားတစ်ဦးဦး ဒီလိုဖြစ်တိုင်း ထိုင်းသံရုံးတို့ကို ဆန္ဒထုတ်ဖေါ်သင့်ပါတယ်။ ထိုင်းမှာ မြန်မာတစ်ဦး ရဲ့အသက်တစ်ချောင်းဟာ ကြက်ကလေးတစ်ကောင်လို သတ်ချင်သလိုသတ်လိုက်ပေမယ့် ဘာမှ အရေးယူ ဆောင်ရွက်ခြင်းမရှိလို့ဖြစ်ပါတယ်။ သုံးလေးသန်းရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ပြန်ပို့ငွေတွေဟာ နေရပ် ရင်းက မြန်မာမိသားစုတွေအတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးရှိပါတယ်။ သံရုံးဆိုတာလည်း သံရေး တမန်ရေး ဆိုတာရှိတာကြောင့် ဖြစ်သမျှပြဿ      နာကိုလုပ်ချင်မှလုပ်နိုင်မယ်ထင်ပါတယ်။ ဒါကြောင့် မြန်မာမိသား စုတွေက ထိုင်းမှာ မြန်မာအလုပ်သမားတွေ  တစ်ခုခုဖြစ်တာနဲ့ ဒီလိုဆန္ဒ ထုတ်ဖေါ်မှုမျိုးတွေ လုပ်ပေးကြစေ ချင်ပါတယ်” ဟုပြောသည်။

            ထိုင်းနိုင်ငံတွင်မြန်မာအပါအ၀င် နိုင်တကာမှလာရောက်အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားပေါင်း လေးသန်း ကျော်ခန့်ရှိသော်လည်း မြန်မာအလုပ်သမားအများစုတို့ မကြာခဏသတ်ဖြတ်ခံရလေ့ရှိသည်။ စစ်အစိုးရအုပ် ချုပ်သည့်ကာလက ထိုင်းရောက် မြန်မာအလုပ်သမားများမှာ မိဘမဲ့သားသမီးကဲ့သို့ အကာအကွယ်မရှိပဲ နေထိုင် အလုပ်လုပ်ကိုင်ခဲ့ကြရသော်လည်း သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းတွင်မူ ထူးခြားမှု အနည်းငယ်ရှိလာခဲ့သည်ဟုဆိုနိုင်သည်။

        မြန်မာသံရုံးမှ သံအမတ်ကြီးတို့သည် စိတ်ချရသည့် အလုပ်သမားအရေးတက်ကြွသူများနှင့်ပူးပေါင်း၍ မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဖွဲ့စည်းကာ တတတ်တအား ကူညီစောင့်ရှောက်မှုများရှိလာသည်။ ၂၀၁၄ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းကမ္ဘာကျော်လိပ်ကျွန်းလူသတ်မှုအားအထူးစုံစမ်းရေးကော်မတီဖွဲ့စည်းလျှက် ငွေကျေးအကုန်ကျခံကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေဆဲလည်းဖြစ်သည်။


"မဟာချိုင်မြို့ရှိ မြန်မာ့ဂုဏ်ဆောင် အခြေခံပညာမူလတန်းကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပ"


“အမျိုးသားရေးပြဿ နာအမှိုက်ပုံမီးစ”



   ၂၀၁၅ ခု ဇွန်လ ၁၀ ရက်နေ့ထုတ် မြန်မာပို့စ် သတင်းဂျာနယ်တွင် ဖေါ်ပြခဲ့သည့်ဆောင်းပါးအား  အွန်လိုင်း စာဖတ်ပရိတ်သတ်များအတွက် တင်ပြလိုက်ပါတယ်........                                       


         မလေးရှားမှာ ပုလိပ်ဖမ်းလို့ မလေးရှားထိုင်း နယ်စပ်က လူပွဲစားဂိုဏ်းတွေရဲ့ အချုပ်ခန်းထဲကို   ရောက်နေ ကြသူတွေနဲ့ တစ်ခါ  ထိုင်းက အဖမ်းခံရပြီး မြ၀တီဘက်ကို ပြန်ရောက်တဲ့အခါ ဒီကေ ဘီအေ ၉၉၉သုံးလုံးဂိတ်ထဲ မှာ အချုပ်ခန်းထဲ မှာနေ ရပြန်တယ်ဆိုတာတွေဟာ တကယ်ရှိခဲ့တဲ့ ဖြစ်ရပ်   တွေပါ။ ဒီလူတွေကိုထမင်း၀၀လင်လင် မကျွေးေ မွး ပါဘူး။ ငွေပေးတဲ့သူရှိမှ ရွေးထုတ်ပေး ပါတယ်။ မရွေးနိုင်သူကိုတော့ ငါးဖမ်းလှေပေါ် ကို ပြန်လည်   ရောင်းချပါတယ်။ ဒါတွေကိုကျနော်တို့ VDO ရအောင်ရိုက်ပြီးတင်ပြခဲ့ဖူးပါတယ်။ ထိုင်းရောမြန်မာပါ အရေးယူ ဆောင်ရွက်မှုမရှိခဲ့ကြပါဘူး။ ထိုင်းနဲ့မြန် မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေဟာ ပြတ်သား ထိ ရောက်မှုမရှိတာကြောင့် လူကုန်ကူး မှုအနိမ့်ဆုံးအဆင့်ဆိုပြီး ၂၀၁၄ နှစ်မှာ အမေရိကန်အစိုးရက သတ်မှတ် လိုက်တယ်ထင်ပ။
 
            သန်းချီရှိတဲ့မြန်မာနိုင်ငံက လူငယ်တွေဟာ ထိုင်းနိုင်ငံအထဲကို ပွဲစား(လူကုန်ကူးသူတွေ)နဲ့ လာခဲ့ ကြတာပါ။ နေ့တိုင်းလည်းလူကုန်ကူးသူတွေနဲ့လာနေကြဆဲဖြစ်ပါတယ်။ အလုပ်မရှိတဲ့တိုင်းပြည်နဲ့ အလုပ် သမားအလိုရှိတဲ့တိုင်းပြည်တို့အကြားမှာ ဖြစ်လေ့ရှိတာသဘာဝဆိုပြီး နိုင်ငံတကာကဘယ်တုန်းကမှ မြန်မာ
 တွေ လူကုန်ကူးခံရတာကို အလေးနက်မထားခဲ့ကြပါဘူး။ 

          မေလဆန်းပိုင်းကစပြီး ထိုင်းတောင်ပိုင်း လူကုန်ကူးစခန်းတွေမှာ လူသေအလောင်းတွေ အမြောက် အ မြားတွေ့ရှိမှု။ အန်ဒမန်ပင်လယ်ပြင်ထဲမှာ ဘင်္ဂါလီတွေ ၇,၀၀၀ ထက်မနည်း ကမ်းကိုကပ်ခွင့်မရဖြစ်နေ တယ်။ သူတို့ကိုကယ်ကြပါ။ လူသားချင်းစာနာကြပါဆိုပြီး ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အီးယူက ထပြီးအော် ပါလေရော။ ကမ္ဘာ့သတင်းကြီးဖြစ်သွားတယ်။ ဒီသတင်းဟာ ပြီးခဲ့တဲ့အပတ်မှာ လူပေါင်းရှစ်ထောင်ကျော်ေ သကျေခဲ့တဲ့ နီပေါ မြေငလျှင်သတင်းထက် ကြီးလာတယ်။ နိုင်ငံတ၀က်ကျော်လောက်ပျက်စီးသွားတဲ့ အမှိုက် ပုံဖြစ်နေတဲ့ နီပေါနိုင် ငံပြန်လည်ထူထောင်ရေး ကူညီရေးကိစ္စတွေထက် အရေးပိုကြီးသွားတယ်။ 

           တကယ်အရေးကြီးလို့လား၊ အရေးကြီးအောင်လှုံ့ဆော်မှုကောင်းနေကြလို့လားဆိုတာ ကျနော်တို့ ဆန်း စစ်ဖို့လိုအပ်ပါမယ်။ ဒီလူတွေဟာ လှေစီးပြေးဒုက္ခသည်တွေလား၊ လှေကိုပြေးစီး ကြသူတွေလား၊ တရားမ၀င် လမ်းကြောင်းနဲ့ ပြည်ပကိုထွက်ခွာပြီးအလုပ်လုပ်ဖို့သွားကြတဲ့ လူကုန်ကူးခံရသူတွေလား ဆို တာပါပဲ။

                               “မြန်မာနိုင်ငံထဲသို့ ဘင်္ဂါလီများဝင်ရောက်ပုံ အဆင့်ဆင့်”
          ရခိုင်ဘင်္ဂလားဒေ့ခ်ျနယ်စပ်ဟာ အင်္ဂလိပ်ခေတ်ကတည်းက လယ်ကူလီလုပ်ဖို့၊ အိမ်သာတွေကို သန့်ရှင်းဖို့ ဘင်္ဂါလီလူမျိုးတွေကို  သွင်းခဲ့တာပါ။ မြန်မာနိုင်ငံလွတ်လပ်ရေးရလာပြီးနောက်ပိုင်းကစပြီး ယနေ့ အထိနယ်စပ် ကို စောင့်ကြပ်တဲ့ နိုင်ငံဝန်ထမ်းတွေဟာ လာဘ်ငွေယူပြီး ဘင်္ဂါလီကိုတင်သွင်းနေခဲ့ကြတာပါ။ လက်တွေကြုံဖူး တာကိုပြောရမယ်ဆိုရင်၊ စာရေးသူဟာ ၁၉၉၀ ပြည့်လွန်ကာလက ဘူသီးတောင်နဲ့မောင်ေ တာ ကို နေလှမ်းဆား ကြမ်းတွေပို့ဖို့ ၁၁ ခေါက်တိတိရောက်ဖူးပါတယ်။ မောင်တော ကိုရောက်လာတဲ့ ဘင်္ဂါလီတွေကို မောင်တောက ဘင်္ဂါလီသူဌေးကြီးတွေက ညနေ ၆နာရီလောက်မှာ ကားနဲ့တင်ပြီး ထွက်လာ ပါ တယ်။ မြို့အထွက်လ၀ကဂိတ်မှာ ငွေ အိပ်တွေကိုတပည့်တွေက ထမ်းပြီး ဆင်းသွားပါတယ်။ သာမန် ၀န်ထမ်းက ဘင်္ဂါလီတွေကိုဓါတ် မီးနဲ့ထိုးပြီး ရေတွက်ပါတယ်။ ပြီးရင် ရုံးထဲကိုဝင်သွားပါတယ်။ ကြားမှာ တစ်ခါနဲ့ ဘူးသီးတောင် အ၀င် လ၀က ဂိတ်မှာတစ်ခါ စောစောကလိုပဲ ရှင်းလိုက်ကြပါတယ်။ 

               နောက်နေ့ မိုးလင်းတဲ့အခါ အဲဒီ ဘင်္ဂါလီတွေဟာ စစ်တွေကို ထွက်ခွာမယ့် ရွှေဟင်္သာ၂ထပ် သင်္ဘော ပေါ်ကိုလွယ်ကူစွာရောက်ရှိသွားခဲ့ပါတယ်။  နိုင်ငံသားတွေကတော့ မှတ်ပုံတင်တွေပြပြီး လက်မှတ် ၀ယ်ပြီးမှ သင်္ဘောပေါ်ကို တက်ရပါတယ်။ ဒီသဘောင်္ဟာ ညနေ၆နာရီလောက်မှာ စစ်တွေဆပ်ရိုးကျချောင်း ကိုဝင်ပါတယ်။ ဘူးသီးတောင် နဲ့ မောင်တောက ပါလာတဲ့ ဘင်္ဂါလီတွေဟာ သင်္ဘောဆိပ်က မတက်ရပဲ သဗ္ပာန်ငယ်တွေနဲ့ နာဇီ ရွာဆိုတဲ့စစ်တွေမြို့ စွန်ကရပ်ကွက်ကိုလိုက်ပါသွားခဲ့ကြပါတယ်။ ဒီအထဲက တချို့ ဟာ စစ်တွေမှာ ကျန်ခဲ့ပေမယ့် အတော်များများ တို့ဟာ ရန်ကုန်ကို ကြယ်ငါးပွင့်သင်္ဘောတွေနဲ့ဖြစ်စေ၊ ကုန်တင်သင်္ဘောကြီးတွေနဲ့ဖြစ်စေ၊ ငါးဖမ်းသင်္ဘောကြီး တွေနဲ့ဖြစ်စေ ရောက်အောင်သွားကြပါတယ်။ 

        အတော်များများကတော့ စစ်တွေကတစ်ဆင့် ကျောက်ဖြူ၊ ထိုမှတစ်ဆင့် ကျောက်နီမော် ကိုရွှေ့ပါ တယ်။ အဲဒီကမှ ပုသိမ်နဲ့ရန်ကုန်တို့ကိုခရီးဆက်ကြပါတယ်။ ငွေကြေးတတ်နိုင်တဲ့ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား တစ်ယောက် ဟာ အကျင့်ပျက်မြန်မာဝန်ထမ်းတွေကိုပေးကမ်းရင်း ရက်ပိုင်းအတွင်း ရန်ကုန်မြို့မက တောင် ပိုင်းအစွန်ဆုံး ကော့သောင်း အထိခရီးဆန့်ပါတယ်။ နိုင်ငံသားတွေကိုမှ ထုတ်ပေးတဲ့ မှတ်ပုံတင်ဆိုတာ   မြန်မာနိုင်ငံမှာ တရုတ် နဲ့ကုလားအတွက် ငွေပေးရင် အချိန်မရွေးထုတ်လုပ်လို့ရတဲ့ ပစ္စည်းတစ်ခုပါ။

            ဘူးသီးတောင်နဲ့မောင်တောကို ဥဒဟိုသွားလာနေကြတဲ့ ယူအင်ကားကို မောင်းနှင်သူက ဘင်္ဂါလီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းကို ၀င်ကြမယ့် ဘင်္ဂါလီတွေကို ခေါက်တုန့်ခေါက်ပြန် သယ်ပို့ပါတယ်။  ရေကြောင်းမှာမောင်းတဲ့ အမြန်စပီးဘုတ်မှာလည်း ထိုနည်းအတိုင်း ရသမျှကို သယ်ပို့ကြ ပါတယ်။ ယူအင် အဖွဲ့စည်းတွေ အကာအကွယ်နဲ့ ဘင်္ဂါလီလူမျိုးတွေအတောမသတ်တင်သွင်းလိုက်တာ ကျနော်တို့ မျက်မြင် အများကြီးဖြစ်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တော ဆိုတာ ဘင်္ဂါလီနယ်မြေလိုဖြစ်နေ ခဲ့တာမို့ အပြောသာပေ မယ့် စစ်တွေ၊ ပုသိမ်၊ ရန်ကုန်မြို့မှာရှိတဲ့ ဗလီတွေမှာ ဘင်္ဂလားဒေ့ခ်ျက ရောက်လာ သူတွေ အစုလိုက်အပြုံ လိုက် ခိုအောင်နေတာကို အာဏာပိုင်တွေ မသိမဟုတ်။ သိမည်ပင်။ 

              နှစ်ပေါင်းခြောက်ဆယ်လောက်မှာ မြန်မာအာဏာပိုင်တွေဟာ မြန်မာ့အရေးလှုပ်ရှားသူတွေကို မျက် ခြေမပြတ်စောင့်ကြည့်တာ၊ တရားဟောရဟန်းတော်တွေကို စောင့်ကြည့်ပိတ်ပင်တာတွေလုပ်ပေမယ့် အမျိုး သားလုံခြုံရေးအရ မြန်မာနိုင်ငံအနှံ့ ဗလီတွေထဲမှာ ဘာလုပ်နေကြသလဲဆိုတာကိုတော့ ဘာလုပ်ရမ လဲ ဆိုတာ ခုထိ စဉ်းစားကြတာမတွေ့ရသေးတာဟာ စိုးရိမ်စရာဖြစ်ပါတယ်။

                                  “အသံကြောင့်ဖါးသေ၊ နာမည်ကြောင့်အခက်ပွေ”
              ဘင်္ဂါလားဒေ့ခ်ျနဲ့နယ်စပ်ခြင်းထိစပ်၊ တမြို့တည်း နှစ်ပေါင်းများစွာအတူနေထိုင်ပေမယ့် ရခိုင်အမျိုး သမီးတွေဟာ ဘင်္ဂလီလူမျိုးတွေ ကိုလက်မထပ်ကြပါဘူး။ သွေးနှောမခံပါဘူး။ ယခုနောက်ပိုင်းမှာ လူအင် အား လည်းနည်း၊ ဆင်းလည်းဆင်းရဲတဲ့ မိသားစုအင်အားလည်းမရှိတဲ့ ဘူးသီးတောင်၊မောင်တောနယ်စွန် နယ်ဖြားက တစ်ချို့တလေသော ရခိုင်အမျိုးသမီးငယ်အချို့ကို ဒေသမှာသြဇာညောင်းနေတဲ့ ဘင်္ဂါလီအချို့က အဓမ္မသိမ်း ပိုက်ထားတာရှိကောင်းရှိနိုင်ပါတယ်။

            ရခိုင်နဲ့ ဘင်္ဂါလီကုလားတွေဟာ ရခိုင်တွေနဲ့ အတူနေလာခဲ့ကြတာ နှစ်ပေါင်းရာချီရှိခဲ့ပြီး ဘာမှအေ ထွ အထူးပြဿနာမရှိခဲ့ကြဘူး။ ဒါပေမယ့် ၁၉၅၈ ၀န်းကျင် ဖဆပလ ၀န်ကြီးချုပ်ဦးနုလက်ထက်က ပြဿ     နာစခဲ့ တယ်လို့ သမိုင်းတွေအရသိရတယ်။ ဦးနုဟာ သူမဲအနိုင်ရဖို့အတွက် ဘင်္ဂါလီတွေကို  ရိုဟင်ဂျာ ဆိုတဲ့ အမည်ကိုခေါ်တွင်စေခဲ့ပြီး ရိုဟင်ဂျာအသံဆိုပြီးမြန်မာ့အသံကအချိန်ပိုင်းလွှင့်စေခဲ့တယ်။ တက္ကသိုလ်တွေ မှာလည်း အသင်းအဖွဲ့တွေတည်ထောင်ခွင့်ပြုခဲ့တယ်။ အနာဂတ်ကို အမြော်အမြင်နည်းပါး တဲ့ နိုင်ငံ့ ခေါ င်းဆောင် တစ်ယောက်လုပ်ရပ်အမှားကြောင့် မြန်မာနိုင်ငံဟာ ခုထိပြဿ     နာမရှင်းနိုင်ဖြစ်နေတယ်။ ဂမ်းဖါး ဆိုတဲ့ လွှတ်တော်အမတ်က ဂါးဒီယန်းသတင်းစာမှာစတင်ပြီး ရိုဟင်ဂျာ ဆိုတဲ့အမည်ကိုကမ္ဘာ့ စာမျက်နှာမှာ မိတ်ဆက် ပေးခဲ့တယ်။ အဲဒီကတည်းက ရခိုင်သမိုင်းပညာရှင်တွေတောက်လျှောက်ဖြေရှင်း လာလဲ့ကြရတယ်။

             ဦးနု  နိုင်ငံရေးအကျိုးအမြတ်အတွက်လုပ်သွားခဲ့တဲ့ ရိုဟင်ဂျာ ဆိုတဲ့လူမျိုးတစ်မျိုး သီးသန့်တီထွင် ချင်နေတဲ့ ဘင်္ဂါလီတွေရဲ့အကြံအစည်ကို သိရှိကြတဲ့ရခိုင်နဲ့ မြန်မာအစိုးရအစဉ်အဆက်တို့ လက်မခံခဲ့ကြ ဘူး။ နိုင်ငံတကာက လူနည်းစုရိုဟင်ဂျာတွေကို ရခိုင်နဲ့ မြန်မာအစိုးရတို့ လူမျိုးတုန်းလုပ်နေကြတယ်ဆိုပြီး ဟစ်အော် နေကြပေမယ့် တကယ့်လက်တွေ့မှာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် တို့မှာ ဘင်္ဂါလီ   တွေက ရာခိုင် နုန်းပြည့်နီးပါးဝါးမြိုသွားခဲ့ပြီဖြစ်ပါတယ်။ မူဂျာဟစ်ထ၊ အကြမ်းဖက်မှုတွေကြောင့် မနေနိုင်ေ တာ့တဲ့ရခိုင်တွေဟာ နေရပ်ရင်းကိုစွန့်ခွာခဲ့ရတာကြောင့်ရခိုင်ရွာပေါင်းများစွာလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်
ပါတယ်။



           ဘင်္ဂလားဒေ့ခ်ျနိုင်ငံရဲ့အကျယ်အ၀န်းဟာ မြန်မာနိုင်ငံရှမ်းပြည်နယ် အကျယ်အ၀န်လောက်သာရှိပါ တယ်။ မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေ သန်းခြောက်ဆယ်မပြည့်ပေမယ့် ဘင်္ဂလားဒေ့ခ်ျနိုင်မှာ လူဦးရေ သန်း ၁၂၀ ကျော်ရှိပါတယ်။ ရခိုင်ပြည်နယ် ဘူသီးတောင်နဲ့မောင်တောဆိုတာ ဘင်္ဂါလီလူမျိုး ၉၈ရာခိုင်နုန်း ရှိပါတယ်။  ကြောက်ခမန်းလိလိ တိုးပွားနေတဲ့ ဘင်္ဂါလီတွေအတွက် အမျိုးတူ ဘာသူတူ ရှိတဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ကို နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်ရောနှောဖို့ လွယ်ကူပါတယ်။ 

                                “ကမ္ဘာကြော်အောင်ညာခဲ့ကြတဲ့ဒေါ်လာကြော်ညာ”
             ကမ္ဘာမှာ အင်အားအကြီးဆုံးဖြစ်တဲ့ မူဆလင်ကမ္ဘာဟာ သူတို့ဘာသာနဲ့သူတို့လူမျိုးကို အမှန်တ ကယ်ကာ ကွယ်စောင့်ရှောက်ပေးပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့အမည်တစ်လုံးမိုးသို့ဟိန်းအောင် ပေါက်ရမယ်လို့ ဘန်ကောက်အခြေစိုက် ရိုဟင်ဂျာ အသင်းအဖွဲ့က ဘန်ကောက် မြန်မာသံရုံးရှေ့မှာ ဆန္ဒပြပွဲလုပ်ပြီးကြွေးေ ကြာ် ပါတယ်။ နိုင်ငံတကာမီဒီယာတွေကလည်း အဲဒီနာမည်ကို တွင်တွင်ကြီးသုံးပါတယ်။ ဘက်လိုက်ရေး သားကြပါတယ်။ မှတ်မှတ်ရရ ၂၀၁၃ ခုနှစ်က BBC သတင်းဌာနက ရခိုင်ပြည်နယ်နေရာမှာ ဘင်္ဂါလီတွေ ပုံနဲ့ ဖေါ်ပြတာကို မကျေနပ်ကြလို့ ရာပေါင်းများစွာသော ရခိုင်နဲ့တိုင်းရင်းသားအဖွဲ့ အစည်းပေါင်းစုံတွေ ဟာ ဘန်ကောက်မြို့ နိုင်ငံ ခြား သတင်းထောက်များကလပ်ရုံးကြီးအောက်မှာ ဆန္ဒပြခဲ့ကြတာကို ဘယ်မီ ဒီယာ ကမှ သတင်းမထုတ်လွှင့်ခဲ့ကြပါဘူး။ 

ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေဟာလည်း နိုင်ငံခြားအလှူရှင်တွေက ရိုဟင်ဂျာလို့ သုံးမှ ပိုက်ဆံရတာမို့ သုံးဖြစ်အောင်သုံးရပါတယ်။ ရိုဟင်ဂျာနာမည်ပေါက်အောင် ကြော်ညာပေးဖို့ကတိပြုရပါတယ်။ ရိုဟင်ဂျာလို့ မရေးတဲ့သတင်းထောက် အလုပ်ပြုတ်ပါတယ်။ အဲဒါကြောင့် ပြည်ပအခြေစိုက်မြန်မာသတင်းဌာနတွေမှာ ရခိုင် မရှိသလောက် ရှားပါတယ်။

           ဘင်္ဂါလီတွေဟာ ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူ စတဲ့ နေရာတွေကို ပေါက်အောင် ထိုးဖေါက်နိုင် ပါတယ်။ ထိုင်းလိုနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နာမည်ရနေတဲ့ …ထိုင်းအမျိုးသမီးကြီးကိုချဉ်းကပ်ပြီး အကူညီ ရယူတယ်။ သက္ကရာဇ်၂၀၀၈-၂၀၀၉က ထိုင်းက အာဆီယံအတွင်းရေးမှူးချုပ်လုပ်ခဲ့တဲ့ ဒေါက်တာ ဆူရင် ပစ်ဆူဝန် ဟာ  အစ္စလာမ်ဘာသာဝင်ဖြစ်တယ်။ ဘင်္ဂါလီတွေဟာ အတိုက်အခံအဖွဲ့အစည်းတွေဆီမှာလည်း သူတို့လူကို ရင်းနှီးမြှုပ်နှံပါတယ်။ 

           ထိုင်းရောက်ဘင်္ဂါလီတွေဟာ ထိုင်းသတင်းမီဒီယာတွေကိုလည်း ထိုင်းဘာသာ စကားနဲ့  ပေါက်ေ ရာ က် အောင် ပြောဆိုနိုင်စွမ်းကြပါတယ်။ မြန်မာနဲ့ရခိုင်တို့မှာ ဘင်္ဂါလီတို့လို မစွမ်းဆောင်နိုင်ကြ။ လုပ်ရ   ကောင်းမှန်းသိ  ကြဟန်မတူ။ လုပ်ရန်မလိုဟုလည်းသတ်မှတ်ထားကြဟန်တူပါတယ်။ ဘင်္ဂါလီတွေဟာ အချိန်ကြာလာတာနဲ့အမျှသူတို့ရည်မှန်းချက်တွေ ပြည့်သွားကြတယ်။ မြန်မာက နောက်ကလိုက်ရှင်းနေကြရ
ဆဲဖြစ်တယ်။ ငိုတတ် တဲ့သား နို့စို့ရတယ်ဆိုတဲ့ ဆိုရိုးစကားလို ငိုယိုပြောတတ် သနားစရာပြင်တတ်တဲ့ ဘင်္ဂါလီတွေကို မြင်ရ သူတိုင်း က သနားစရာ သတ္တ၀ါအဖြစ်မြင်သွားခဲ့ကြပြီဖြစ်တယ်။

          ၁၉၈၈ နောက်ပိုင်းကနေ နှစ်ပေါင်း ၂၀ကျော်လောက်အတွင်းမှာ မြန်မာ့ အရေးလှုပ်ရှား သူတွေ နဲ့ ပြည်ပ ကို ထွက်ခွာလာခဲ့ကြတဲ့ ၁၉၉၀ ပြည့်ရွေးကောက်ခံအမတ်တွေ၊ ပြည်ပရောက် ညွန့်ပေါင်း အစိုး ရအဖွဲ့တို့က ကုလ သမဂ္ဂနဲ့ အာဆီယံနိုင်ငံအစည်းဝေးတွေမှာ မြန်မာ့အရေးကို လူ့အခွင့်အရေး ချိုးဖေါက် ခံနေရတဲ့ တိုင်းပြည်တစ်ခု အဖြစ် ပြောဆိုတာကလွဲရင် ဒေသတွင်းပြဿနာအဖြစ် လုံးဝအသိအမှတ် မပြု ခဲ့ကြဘူး။ ဒီနေ့ဒီအချိန်မှာ ပြည်ပ ကို အလုပ်လုပ်ဖို့ လူကုန်ကူးသူတွေနဲ့ထွက်လာကြတဲ့ ဘင်္ဂါလီ   လှေပြေးစီးဒုက္ခသည်တွေအရေးဟာအာဆီယံ ဒေသတွင်းအရေး၊ နိုင်ငံတကာအရေးလို့ ပြောနေကြပါ
တယ်။ ဒါတွေဟာ နိုင်ငံတကာရဲ့ အမြင်အယူ အဆတွေ ကို ကျနော်တို့ အထူးဂရုပြုကြရမယ့် ကိစ္စ ဖြစ်ပါ တယ်။

                                        “နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုဆိုတာ”

             အထက်ကတင်ပြခဲ့သလို မြန်မာနိုင်ငံအတွင်းပိုင်းက ဘင်္ဂါလီတွေဝင်ရောက် ထိုးဖေါက်ပြန့်နှံ့တာ က တစ်မျိုး။ နောက်တစ်မျိုးက ပင်လယ်ရေကြောင်းလမ်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံကထွက်တာနဲ့ ဆင်မဖြူ ကျွန်း၊ စစ်တွေရေတပ်၊ အငူမော်ရေတပ်၊ ဟိုင်းကြီးကျွန်းရေတပ်၊ မြိတ်၊ ကော့သောင်း ရေတပ်   တွေ  ထိုင်းရေတပ်၊ မလေးရေတပ်တွေကို ငွေပေးပြီး ထိုင်းနဲ့မလေးရှားကို လာကြတာပဲလေ။ လူပေါင်း ရာထောင်ချီပြီး ငပိသိပ်၊ငချဉ် သိပ်တင်လာတဲ့လှေကို ခေတ်မီရေဒါနဲ့ကိရိယာတွေတင်ဆောင်ထားတဲ့ ဒီရေတပ်သင်္ဘောတွေမမြင်ပဲရှိမလား။

          လူအရေအတွက် အကန့်အသတ်မရှိ၊ ငွေကြေးအကန့် အသတ်မရှိအရလွယ်တဲ့လူကုန်ကူးမှုဆိုတာ သာမန်ပွဲစားအဆင့်လူတွေလုပ်ကိုင်ကြတဲ့လုပ်ငန်းမဟုတ်ဘူး။ နိုင်ငံတိုင်းမှာ သြဇာရှိတဲ့လူတွေနဲ့ တနည်း မဟုတ်တနည်းပတ်သက်နေကြတာပဲလို့ ကျွမ်းကျင်သူတွေကဆိုတယ်။ ဒီလိုဧရာမ နိုင်ငံဖြတ်ကျော် လူကုန် ကူးမှုကြီးကို မြန်မာအစိုးရနှိပ်စက်လို့၊ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ပါတယ်ဆိုတာ ကမ္ဘာ့သတင်းမီဒီယာေ တွ က ကော ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေကပါစဉ်ဆက်မပြတ် ကြော်ညာပေးထားကြပါတယ်။ ကုလားကိုမြင်လိုက်တာနဲ့မီဒီယာတွေကရိုဟင်ဂျာဆိုပြီးကြေညာပြီးသားဖြစ်သွားတယ်။ထိုမျှလောက် ကြော်ေ
အာင် ညာနိုင်ကြသူများဖြစ်ကြပါတယ်။

             မေလ၂၉ ရက်နေ့မှာ ထိုင်းမှာကျင်းပမယ့် နိုင်ငံပေါင်းစုံ လူကုန်ကူးမှုတိုက်ဖျက်ရေးအစည်းဝေးမှာ အမေရိကန်နိုင်ငံကလာမယ်ဆိုပြီးသတင်းကြီးနေချိန်မှာ မေလ၂၂ရက်နေ့က ဘင်္ဂါလီ ၂၀၈ ဦးကိုမြန်မာ   ရေပိုင်နက်မှာဖမ်းမိလိုက်တယ်။ ဒီဖမ်းဆီးမှုဟာ မြန်မာအစိုးရအတွက် အလွန်ကောင်းတဲ့ လက်ဆုတ် လက်ကိုင် ပြစရာ အချက်အလက်တစ်ခုခြစ်သွားခဲ့ပါတယ်။ နိုင်ငံအတွက် ကံကောင်းတယ်ဆိုရပါမယ်။ ဒီလူတွေဟာ အန်ဒမန်ပင် လယ်(ထိုင်းအနီး)မှာ ဖမ်းမိလို့ကတော့ ရိုဟင်ဂျာဖြစ်သွားမှာကိန်းသေပါပဲ။ ဗမာပြည်ကလာတာဖြစ်သွားမှာမုချ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအကြံပေး ဗီဂျေနမ်ဘီးယားက၂၃ ရက်နေ့မှာ သူတို့ ကိုလာတွေ့ခဲ့တယ်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်လို့ ဧရာဝတီတိုင်းက လူပေါင်း တစ်သိန်းခွဲ   ကျော်လောက် သေကျေ ပျက်စီးခဲ့တာ ဘယ် လောက်အကြာမှာ ကုလသမဂ္ဂက ရောက်ခဲ့သလဲ။ ကျနော် တို့ စဉ်းစားကြရပါမယ်။

                             “အထူးသတိပြုရမယ့်နိုင်ငံတော်ပြဿ     နာကြီးအဖြစ် အမြဲနှလုံးမူပါ”
         နိုင်ငံတော်အစိုးရက ဘင်္ဂါလီတွေကို ၁၉၈၂ ခုဥပဒေအရ ပြည်စုံသူတွေကို နိုင်ငံသားအဖြစ် အသိ အမှတ်ပြု ပေးသင့်သလို မဖြစ်သင့်သူတွေကိုလည်းအလျှင်အမြန်ရဲရဲရင့်ရင့်ဆုံးဖြတ်ဖို့လိုပါတယ်။ ဒီပြဿ      နာဟာ ရခိုင်နဲ့ ဘင်္ဂါလီအရေး အဖြစ်မမြင်ပဲ နိုင်ငံနဲ့လူမျိုးအတွက် အလွန်အရေးကြီးတယ်ဆိုတာ ဂရုစိုက် ရပါမယ်။ ကမ္ဘာနဲ့နိုင် ငံတကာ အသိုင်းအ၀ိုင်းဟာ အဆမတန်ပေါက်ပွားနုန်းမြန်တဲ့ ဘင်္ဂါလီတွေရဲ့ ပကတိ အခြေအနေကို မသိချင် ယောင်ဆောင်ပြီး ထွက်ပေါက်ကို နိုင်အောင်ပိတ်ဖို့မစဉ်းစားပဲ လူကုန်ကူးသူတွေ   ခေါ်လာတာကို အားလုံး က လက်ခံရမယ်ဆိုတာဟာ ဘယ်လို ရည်ရွယ်ချက်တွေလည်းဆိုတာ အထူး သတိပြုကြရပါမယ်။ 

            မြန်မာအစိုးရကောင်းမွန်ကြောင်း၊ ပြောင်းလဲနေကြောင်း အမေရိကန်လော်ဘီကုမ္ပဏီကို ငှါးရမ်း အသုံး ပြုသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိဘူး။ လူမျိုးအသစ်ထွင်ပြီး ၀ါဒမှိုင်း ပယောဂ၀င်ပူးနေတာ   ဖြစ်တယ် ဆိုတာ ရခိုင်နဲ့ မြန်မာသမိုင်းကျွမ်းကျင်သူတွေကို ထိုက်ထိုက်တန်တန် ဉာဏ်ပူဇော်ခပေးပြီး   တော့ ကမ္ဘာကသိအောင် စဉ်ဆက်မပြတ် အင်တိုက်အားတိုက်လုပ်ဆောင်သင့်ကြောင်း တင်ပြအပ်ပါ တယ်။ 
                                                  မောင်ပေါ်ထွန်း
             

03 June 2015



သို့ 
ဂျက်ကီပိုးလော့
ILO မြန်မာနိုင်ငံတာဝန်ခံ
ရန်ကုန်မြို့


“MOU အလုပ်သမားများ သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ”

မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြရာတွင် စာချုပ်ပါ စည်းကမ်း စည်းမျဉ်းများနှင့်မကိုက် ညီခြင်းတို့ကြောင့် MOU အလုပ်သမားများစွာ အခက်အခဲများကြုံ လာခဲ့ကြပြီးဖြစ်ပါသည်။ အလုပ်သမားများအနေဖြင့်မြန်မာနိုင်သို့ပြန်လာ၍ အဖြစ်မှန်ကိုတင်ပြနိုင်ရန် အခက်အခဲများစွာရှိပါသည်။

ဖြစ်ရပ်မှန်အခြေနေမှန်များကို မြန်မာအစိုးရနှင့် မြန်မာပြည်သူများ သိရှိနိုင်ကြစေရန်အတွက် ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသား များ အဖွဲ့MAT မှ,ကမကထ ပြုလုပ်၍ MOU အလုပ်သမားများကိုယ်တိုင် ရန်ကုန်မြို့ ကိုလာရောက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပမည်ဖြစ်ပါသည်။

“MOU အလုပ်သမားများ သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ”


သို့        
ဒုရဲမှူးကြီး ဦးခင်မောင်လှ (မြန်မာလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရန်ကုန်တိုင်းတပ်ဖွဲ့မှူး)ရန်ကုန်မြို့

                    “MOU အလုပ်သမားများ သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ”

မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြရာတွင် စာချုပ်ပါ စည်းကမ်း စည်းမျဉ်းများနှင့် မကိုက်ညီခြင်း တို့ကြောင့် MOU အလုပ်သမားများစွာ အခက်အခဲများကြုံ လာခဲ့ကြပြီးဖြစ်ပါသည်။

အလုပ်သမားများအနေဖြင့်မြန်မာနိုင်သို့ပြန်လာ၍ အဖြစ်မှန်ကိုတင်ပြနိုင်ရန် အခက်အခဲများစွာရှိပါသည်။

“MOU အလုပ်သမားများ သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ”



သို့/
ဦးထင်အောင် (အလုပ်သမားအလုပ်အကိုင်လူမှုဖူလုံရေးပြည်ထောင်စု ဒုဝန်ကြီး)ဦးမျိုးအောင် ညွန်ကြားရေးမှူးချုပ်(အလုပ်သမားအလုပ်အကိုင်လူမှုဖူလုံရေးဝန်ကြီးဌာန) နေပြည်တော်

မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြရာတွင် စာချုပ်ပါစည်းကမ်း

 စည်းမျဉ်း များနှင့်မကိုက်ညီခြင်းတို့ကြောင့် MOU အလုပ်သမားများစွာ အခက်အခဲများကြုံလာခဲ့ကြပြီးဖြစ်ပါသည်။ အလုပ်သမားများအနေဖြင့်မြန်မာနိုင်သို့ပြန်လာ၍ အဖြစ်မှန်ကိုတင်ပြနိုင်ရန် အခက်အခဲများစွာရှိပါသည်။

“MOU အလုပ်သမားများ သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ”

ဦးမင်းလှိုင်- ဥက္ကဌ (မြန်မာပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း ရှင်များအဖွဲ့ချုပ်)၊ ဦးကျော်ထင်ကျော် အထွေထွေ အတွင်းရေးမှူး( မြန်မာပြည်ပ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်) ရန်ကုန်မြို့


“MOU အလုပ်သမားများ သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ”
မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြရာတွင် စာချုပ်ပါ စည်းကမ်း စည်းမျဉ်းများနှင့် မကိုက်ညီခြင်း တို့ကြောင့် MOU အလုပ်သမားများစွာ အခက်အခဲများကြုံ လာခဲ့ကြ ပြီးဖြစ်ပါသည်။

အလုပ်သမားများအနေဖြင့်မြန်မာနိုင်သို့ပြန်လာ၍ အဖြစ်မှန်ကိုတင်ပြနိုင်ရန် အခက်အခဲများစွာရှိပါသည်။
ဖြစ်ရပ်မှန်အခြေနေမှန်များကို မြန်မာအစိုးရနှင့် မြန်မာပြည်သူများ သိရှိနိုင် ကြစေရန်အတွက် ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT မှ,ကမကထ ပြုလုပ်၍ MOU အလုပ်သမားများကိုယ်တိုင် ရန်ကုန်မြို့ ကို လာရောက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပမည်ဖြစ်ပါသည်။