15 October 2015

"မြန်မာအလုပ်သမားတွေ ဘေးအန္တရာယ်ကင်းစေဖို့ အဆောင်ယတြာ"

စမ်းကြည့်ပါလေ။ သရဏဂုံတည်ခြင်းအကျိုးကျေးဇူးကို ညီငယ် ညီမငယ်တို့ မလွဲဧကန်ခံစား
ကြရပါလိမ့်မယ်။

MAT ကိုယ်တွေ့

"မြန်မာအလုပ်ကြပ်ဝဏ္ဏက မြန်မာအလုပ်သမားကိုအုပ်စုဖွဲ့ရိုက်နှက်"

၂၀၁၅ အောက်တိုဘာ ၁၅ 
ကိုခွန်+လွန်းသူ+ဘခက်

ဘန်ကောက်မြို့အနီး မဟာချိုင်၊ ၀တ်ကေသုန်အရပ်တွင်ရှိသော သံထည်အလုပ်ရုံမှ မြန်မာအလုပ်ကြပ် (၀ဏ္ဏ) က မြန်မာအလုပ်သမားလင်မယား၂ဦးတို့အား ၀ိုင်းရိုက်သည့်ကိစ္စအား MAT အဖွဲ့ကသွားရောက်ဖြေ ရှင်းပေးခဲ့သည်။

၁၃၊၁၀၊၂၀၁၅ နေ့နံနက်ပိုင်းက သံရုံမှ အလုပ်ကြပ်ဝဏ္ဏ ၀င်းဇော်လှိုင်(ခ) အထွန်းသည် အခြားမြန်မာ၎ဦးနှင့် အတူ တရုံးတည်းအလုပ်သမား စိုးအောင် နှင့် ဇနီးသန်းသန်းအေး ထံသို့ ရောက်ရှိလာပြီးဝိုင်းရိုက်ခဲ့သည်။

စိုးအောင်တွင် မျက်နှာဖူရောင်သွားပြီး ဘယ်ခြေထောက်တွင်သံစူးချွန်ဖြင့် အထိုးခံခဲ့ရသည်။တစ်ချိန် တည်း တွင် မသန်းသန်းအေး ၏ဘယ်ပါးနှင့် နဖူးတို့ဖူရောင်သည့်အပြင် ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာရရှိ သွားခဲ့ သည်။

14 October 2015

“လျှို့ဝှက်နက်နဲမှုများနဲ့ကော့တောင်(လိပ်ကျွန်း) လူသတ်မှုကိုဖေါ်ထုတ်တဲ့အခါ”

 "၂၀၁၅ အောက်တိုဘာ ၁၂ တနင်္လာနေ့ထုတ် တို့ခေတ် သတင်းဂျာနယ်တွင် ဖေါ်ပြခဲ့သော ဆောင်းပါးအား အွန်လိုင်းပရိတ်သတ် များအတွက် ကူးယူဖေါ်ပြအပ်ပါသည်"
                   
ဂလိုဘယ်လိုက်ဇေးရှင်း အင်တာနက်ခေတ် ဖေးဘွတ်ပေါ်မှာလွတ်လွတ်လပ်လပ်ရေးချင်တာရေးကြ ၊ ပြချင် ရာပြကြနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ လိပ်ကျွန်းလူသတ်မှုကိစ္စနဲ့ ပြည်တွင်း ပြည်ပသတင်း မီဒီယာတွေမှာလည်း ထင်မြင်ယူဆချက်အမျိုးမျိုးကိုရေးနေကြတာတွေကိုသတိပြုမိပါတယ်။ မြန်မာသံရုံးအထူးစုံစမ်းရေးအဖွဲ့ကတွေ့ရှိ ချက်တွေမဟုတ်ပဲ ပြောနေကြဆိုနေကြသူတွေထဲမှာ ထိုင်းလူမျိုးပညာတတ်တစ်ဦးဖြစ်တဲ့ CSLA ဆိုတဲ့ ဆိုရှယ် မီဒီယာတစ်ခုဟာ အချက်အလက်တွေကို လက်ဦးမှုရယူလိုက်နိုင်သူဖြစ်ပါတယ်။ သူကလွဲရင်ကျန် တာ တွေအားလုံးက သံယောင်လိုက်နေကြတာတွေနဲ့ ထင်မြင်ယူဆတာတွေကိုပြောနေ ကြတာသာဖြစ် ပါတယ်။  
  မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီကတော့ CSLA အချက်အလက်တွေအပြင် အခြားသောအချက် အ လက်တွေကိုလည်းရယူရပါတယ်။ ပြဿ     နာဖြစ်ပွားတဲ့နေရာမှာအမာခံကောင်းကောင်းရရှိအောင် စီစဉ်ပြီး အချက်အလက်တွေရနိုင်သမျှ ကြိုးပမ်းခဲ့ပါတယ်။ အဲဒါကြောင့် အွန်လိုင်းပေါ်ကိုမရောက်တဲ့ အချက်အ လက်
ပေါင်းများစွာတို့ကိုလည်းရရှိခဲ့ပါတယ်။ ဒါ့အပြင်လူသတ်မှုဖြစ်ပြီးနောက်ပိုင်း ကော့တောင်(လိပ်ကျွန်း) က ပြန် သွားကြသူတွေအနက် လူသတ်မှုကိုသိရှိသွားတဲ့သူတွေကို မြန်မာပြည်အနှံ့ ခက်ခက်ခဲခဲရှာဖွေ စုံ စမ်းပြီး ပင်ပင်ပန်းပန်းလိုက်လံစုဆောင်းခဲ့ကြပါတယ်။ လူနာမည်တစ်လုံးသိတာနဲ့ ဘယ်အရပ်ဘယ်ဒေသ ကလဲ၊ဘယ်လောက် အထိအချက်အလက်ရနိုင်မလဲဆိုတာတွေကိုပါ လိုက်လံစုဆောင်းထားခဲ့ကြတာပါ။

13 October 2015

"၂၀၀၈ ဖွဲ့စည်းပုံပြင်ပါ စာအုပ် ဖြန့်ချိခြင်း"


မြန်မာနိုင်ငံတွင်လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာနိုင်ငံသားတိုင်းလိုချင်နေသောဒီမိုကရေစနစ် ဟုတ်ပါရဲ့လား။
 နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်လာခဲ့သော စစ်အာဏာရှင်များက ပေးသလောက်ရနေသော ဒီမိုကရေစီလား ???? 
ဒီဖွဲ့စည်းပုံဟာ တိုင်းပြည်တိုးတက်ရေးအတွက် ဟုတ်သလား။ အာဏာရှင် နဲ့ အခွင့်ထူးခံလူတစ်စုကို ကာကွယ်ဖို့အတွက် ပြင်လို့မရအောင် တမင်တကာ ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ဖွဲ့စည်းပုံလား????
၂၀၀၈ ဖွဲ့စည်ပုံကို ဘာကြောင့် ပြင်သင့်သလဲ။ ဆိုတာကို  ၂၀၀၄ မှ ၂၀၀၇ အတွင်း မြန်မာနိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ ဝေဖန်သုံးသပ်ချက်များကို ဥပဒေအမြင်ရှုဒေါင့်မှ ဝေဖန်သုံးသပ်ကာ  ဦးကျော်သောင်း ကပြုစု၍ ......
ရန်ကုန်မြို့ ဂျာနယ်လစ်များ စာပေက ၂၀၀၅ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ဖြန့်ချိခဲ့ပါသည်။

ဖွဲ့စည်းပုံအကြောင်းအရာကို မြန်မာနိုင်ငံသားတိုင်း သိရှိရန်လိုအပ်ပါသည်။
.......................................
         
ဖွဲ့စည်းပုံပြင်ပါ စာအုပ်ကို တစ်အုပ်လျှင် ဘတ်ငွေ ၁၀၀ နုန်းဖြင့် ရောင်းချပေးပါသည်။

ဝယ်ယူအားပေးလိုသူများအနေဖြင့် ....
ထိုင်းနိုင်ငံ ဘန်ကောက်တွင်.... 
 ကိုမင်းဘခက်.... ၀၈၇ ၃၁၂ ၁၁၇၉/ ၀၈၂ ၇၈၅ ၁၅၄၇

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် .... 
ကိုစောမောင် ၀၉၀ ၆၆၁ ၀၈၄၉ / ၀၈၃ ၇၃၅ ၂၀၈၇
ကိုအောင်ဆန်းဦး  ၀၉၀ ၆၆၇၇ ၉၁၃/ ၀၉၀ ၅၅၀ ၀၈၈၃

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့တွင်.... 
ကိုခိုင်အတ ၀၈၄ ၆၈၉ ၃၁၄၃  သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

"အပြစ်မဆို အပိုမပြော အမြင်ပြောင်းဖို့ တိုင်းကျိုးပြည်ရွာ တိုးတက်သာဖို့ ငါမိန့်ဆိုအံ့"


12 October 2015

“ထိုင်းပုလိပ်တွေဖမ်းစားနေတာ ရပ်တန့်အောင်ဘယ်သူလုပ်နိုင်မလဲ”


၂၀၁၅     အောက်တိုဘာ ၁၂
စောမောင်+မင်းဘခက်

ယမန်နေ့က ဘတ်ရှိသူ ၁၁ ဦးအား မဟာချိုင်ပုလပ်ရုံးမှ ဖမ်းဆီး၍ တစ်ဦးလျှင် ဘတ်ငွေ ၆,၀၀၀စီ တောင်း ခံသည်ကို MAT အဖွဲ့က ညှိနှိုင်းပေးသဖြင့် တစ်ဦးလျှင် ဘတ် ၁၅၀၀ နုန်းဖြင့် လွတ်မြောက်ခဲ့ကြသည်။  

     ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ၏  ရုံးတာဝန်ခံနှင့် နိုင်ငံခြား ဆက်ဆံရေး  ကိုစိုင်းအေး က “ကျနော်တို့ကို မဟာချိုင်မှာ အဖမ်းခံရတဲ့ မြန်မာအလုပ်သမားအတော် များ များက  ဖုန်း ဆက်ကြပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ ကူညီပေးပါတယ်။ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ဘတ်ကဒ် ကို ထိုင်းပုလိပ်ကဖမ်းစားနေတာ ကျနော်တို့ သာမန်အဖွဲ့ သေးသေးလေးတော့ ဘယ်ရှင်းနိုင်မလဲ ဗျာ။ အစိုးရ ညစ်ပတ်နေတာကို အစိုးရချင်း ဖြေရှင်းပေးဖို့လိုပါတယ်။ မြန်မာတွေကို မတရားဖမ်းဆီး ပြီး
 ငွေတောင်းစားနေ တာ နေ့တိုင်းပါ။  မဟာချိုင်မှာရော ဗမာပြည်ပြန်တဲ့ မြန်မာတွေကိုရော မဲဆောက် အ၀င်မှာ ကောက်စားနေတာ ကျနော်တို့ တိုင်းပြည်အတွက် ငွေယိုပေါက်ကြီးပါဗျာ” ဟုပြောသည်။

လိပ်ကျွန်း အမှုကို လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့ စီရင်မည်

 

    By အေးနိုင်
    12 October 2015
    

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှု တရားခံ ၂ ဦးကို အောက်တိုဘာ ၁၁ ရက်နေ့က နောက်ဆုံးနေ့အဖြစ် စစ်ဆေးခဲ့ပြီး အမှုကို လာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချဖို့ ရက်သတ်မှတ်လိုက်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ ၁၁ ရက်နေ့တွေမှာ မောင်ဇော်လင်း နဲ့ မောင်ဝင်းဇော်ထွန်း (ခ) ဝေဖြိုးတို့ ၂ ဦးကို စစ်ဆေးခဲ့ပြီး အမှုစစ်ဆေးခြင်းကို အပြီးသတ်ခဲ့ပါတယ်။

ကော့စမွီခရိုင်တရားရုးကနေ ထိုင်းစံတော်ချိန် ည ၉ နာရီမှာ ဆင်းလာတဲ့ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က “၂၄ ရက်၊ ဒီဇင်ဘာ၊ ဒီနှစ် ၂၀၁၅ ပေါ့လေ။ အဲဒါ Final Order နောက်ဆုံးအမိန့်ပေါ့။ အခုမှပဲ ပြီးလို့ တရားခွင်က ဆင်းလာတာ” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ တရားခွင်ကို တရားခံ ၂ ဦးရဲ့ မိခင် ၂ ဦးစလုံး တက်ရောက်ပါတယ်။

11 October 2015

“လိပ်ကျွန်းလူသတ်မှု ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဆုံးဖြတ်ချက်ချမည်”

၂၀၁၅ အောက်တိုဘာ ၁၁
မြတ်ညို( အလွတ်သတင်းထောက်)

           တရားခံဟု စွတ်စွဲခံထားရသူ၂ဦးအား ၂ရက်၂ညတိုင်တိုင် ရုံးတင်စစ်ဆေးပြီးဖြစ်၍  အမှုကို လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း ကော့စမွေတရားသူကြီးကပြောသည်။  

ယမန်နေ့က တရားခံအဖြစ်စွတ်စွဲခံထားရသူ ကိုဇော်လင်းအား နံနက် ၉နာရီခန့်မှစ၍ညဥ့် ၉နာရီခွဲအထိ စစ်ဆေး ခဲ့ပြီး ယနေ့တွင် ဝေဖြိုး(ခ) ၀င်းဇော်ထွန်း ကိုလည်း ယနေ့နံနက်၉နာရီခန့်မှစ၍ ညဥ့် ၉နာရီခွဲအထိ  တရားလို ရှေ့နေက စစ်ဆေးခဲ့သည်။

         အောက်တိုဘာ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် တရားခံဟုစွတ်စွဲခံထားရသူ၂ဦးတို့အား တရားလို ရှေ့နေ၏ မေမြန်းချက်များမှာ ရဲစခန်းနှင့် အချုပ်ထောင်ထဲတွင် ၀န်ခံခဲ့သည်ဆိုသည့် အချက်ကို မေးမြန်းခဲ့ သည်။ ထိုအပြင် အကူညီပေးနေကြသူများ၏ ထောက်ပံ့မှုများကိုစစ်မေးသည်။ ၂ရက်၂ည မေးသည့် မေးခွန်း များအား ခြုံပြောရပါလျှင် တရားလို ရှေ့နေမှာ လူသတ်မှုဖြင့် ပြစ်မှုမြောက်လောက်သည့် အထောက်အထား များဖြင့် မေးမြန်းနိုင်ခြင်းကို မတွေ့ရှိရပေ။

မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီမှ မြန်မာရှေ့နေကြီးဦးအောင်မျိုးသန့် က“ သေဒဏ်ထိုက်လောက်တဲ့ အမှုကြီးမျိုးမှာ မျက်မြင်လည်းမရှိ၊ သူတို့ပထမကပြောခဲ့တဲ့ DNA ဆိုတာလည်း ပညာရှင်တွေကပြောလို့ မေး စရာမရှိတော့ဘူး။ လက်ဗွေလည်းမတူဘူး၊ တစ်ခါ CCTV ထဲမှာ ပြေးနေတာဟာ ဝေဖြိုး(ခ) ၀င်းဇော်ထွန်း လို့ပြောတာကိုလည်း အင်္ဂ လန်နိုင်ငံက ပညာရှင်တွေက မဟုတ်ဘူးလို့ပြောထားတော့ ရိုက်နှက်ခြိမ်းခြောက် မှုကြောင့် သတ်ပါတယ်လို့ ကြောက်ကြောက်နဲ့ ၀န်ခံခဲ့ရတာကိုပဲ  ထပ်ပြီးပြောနေတာပါ၊ အမှုက ဘယ်သို့ဦးတည်ပြီး ဘယ်မှာ အဆုံးသတ် မလဲဆိုတာကိုတော့ ကျနော်တို့သဘောပေါက်ထားပါပြီ၊ ဘာလုပ်ရမယ်ဆို တာကိုလည်း ကျနော်တို့ဘက်က ပြင်ဆင်ပြီးသားပါ” ဟုပြောသည်။

           ယခုလူသတ်မှုအား နိုင်ငံတကာမှ စိတ်ဝင်စားနေသလို ထိုင်းရှေ့နေများကောင်စီကလည်းက အင် တိုက်အားတိုက်ကူညီဆောင်ရွက်လျှက်ရှိသည်။ 

လိပ်ကျွန်း လူသတ်မုဒိမ်းမှု အမိန့်ချမယ့်ရက် သတ်မှတ်မယ် – ရှေ့နေ ဦးအောင်မျိုးသန့်


By အေးနိုင်10 October 2015 

ဓာတ်ပုံ - အေအက်ဖ်ပီ
မနှစ်နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး သတ်ခံရမှုနဲ့ တရားခံအဖြစ် စွဲဆိုခံရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင်တရားရုံး မှာ အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက် နှစ်ရက်ဆက်တိုက်စစ်ဆေးမှာဖြစ်ပြီး သူတို့နှစ်ဦးအပေါ် အမိန့်ချ မှတ်မယ့် ရက်သတ်မှတ်တော့မှာဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ မြန်မာသံရုံးအထူး အဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးအောင်မျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့မှာ တရားခံနှစ်ဦးကို ရုံးထုတ်မယ်၊ တရားစီရင်တော့မယ့်အပိုင်း နီးကပ်လာနေပြီ မဟုတ်ပါလားခင်ဗျ။ အစီအစဉ်ကို ပြောပြပါ။။

“အန်ကယ်တော့ လောလောဆယ် ကော့စမွီကိုရာက်နေပြီ။ ရက်ချိန်းပေးထားတာက စနေ၊ တနင်္ဂနွေ ၂ ရက်ပေးထားတယ်။ မနက်ဖြန်ကျရင် (အောက်တိုဘာ ၁၀) တရားခံ ဇော်လင်းကို ဆက်စစ်မယ်။ ပြီးတော့ ၂ တရားခံ ဝေဖြိုးကို ဆက်စစ်မယ်။ အဲဒီ ၂ ရက်နဲ့ အဲဒီ ၂ ယောက်ပြီးသွားပြီဆိုရင်တော့ တနင်္ဂနွေနေ့ ညနေမှာတော့ တရားရုံးအနေနဲ့ နောက်ဆုံးအမိန့် ဘယ်တော့ချမယ်ဆိုတာမျိုးတော့ သတ်မှတ်ရက်ပေးလို့ ရလိမ့်မယ်။