07 September 2017

သံထည်​​ရောင်းဝယ်​​ရေးလုပ်​ငန်းကို လုံခြုံရေးအရ သံသယရှိ၍ ရှောင်တခင်စစ်​​ဆေး


ရန်​ကုန်​၊စက်​တင်​ဘာ၇ ။          ။ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သတိပေးထုတ်ပြန်ထားစဉ် ​ သံထည်​ရောင်းဝယ်​​ရေးလုပ်​ငန်းတစ်​ခုကို လုံခြုံရေးအရ သံသယရှိ၍ ရှောင်တခင် ၀င်ရောက်စစ်​​ဆေးခဲ့သည်​ဟု မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်​အမှတ်​(၂) ရန်​ကုန်​တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးမြင့်​လွင်​က ​ပြောသည်​။

စစ်ဆင်ရေး ကြမ်းတယ်ဆိုတဲ့ စွဲချက် မြန်မာပယ်ချ


7 September 2017 07:52(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဝင်လာ
မြန်မာ့ တပ်မတော်က အကြမ်းဖက်သူတွေနဲ့ သာမန်အရပ်သား မွတ်ဆလင် တွေကို မခွဲခြားဘဲ အလွန်အကျွံ ကြမ်းကြမ်း တမ်းတမ်း စစ်ဆင်ရေး လုပ်ဆောင် နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြေမြှုပ်မိုင်းချထားမှု ဆန့်ကျင်ကန့်ကွက်

7 September 2017 10:14(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျာက်မှာ မြေမြှုပ်မိုင်းတွေချထားတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ် ပြောဆိုခဲ့ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

06 September 2017

မောင်တောမြို့နယ်၌ မင်္သကာသူ ၅ဦး ဖမ်းဆီးရမိ


6 September 2017 20:38(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

စက်တင်ဘာ ၆၊ ၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပချီးယားတန်းကျေးရွာနှင့် ပညောင်ပင်ကြီး ကျေးရွာတို့အား ယနေ့နံနက် ၁၁နာရီခွဲခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် မသင်္ကာသူ ၅ဦးအား ဖမ်းဆီးရမိ ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဥပဒေအညီ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခြံစည်းရိုးကာခြင်းအတွက် လိုအပ်သည့်ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က နယ်စပ်ခြံ စည်းရိုးပျက်စီးနေသည့်နေရာတွင် အမြန်ဆုံးပြုပြင်ခြင်းဆောင်ရွက်လျက်ရှိရာ ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရန် ကျန်ရှိသည့်နေရာများကိုအဆင့်မီလုံခြုံစွာ အမြန်ဆုံး ကာရံခြင်းတို့ကိုချက်ချင်းဆောင်ရွက်ရန်၊ ခြံစည်းရိုးကာခြင်းအတွက် လိုအပ်သည့် ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း၊ 

- နယ်စပ်ခြံစည်းရိုးလုံခြုံမှု အားနည်းသည့်နေရာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံလောက်စွာတိုးမြှင့် ချထားရမည် ဖြစ်ကြောင်း၊
- အကြမ်းဖက်မှုတွင် ပါဝင်သူများကိုဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း၊

- ရခိုင်ပြည်နယ် အတွင်းဘာသာ၊ လူမျိုးမခွဲခြားဘဲလူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ အကူအညီများပေးအပ်လျက် ရှိပြီးဆက်လက်၍လည်းဆောင် ရွက်သွားမည် ဖြစ်ကြောင်းစသည်ဖြင့်ရခိုင်ပြည်နယ်အတွင်းဆက် လက်ဆောင်ရွက်မည့် ရှေ့လုပ် ငန်းစဉ်များကိုဝိုင်းဝန်းဆွေးနွေးကြသည်။
#UZawHtay-Cd

နယ်စပ်ခြံစည်းရိုးများ အမြန်ဆုံးကာရံသွားမည်ဖြစ်ပြီး လိုအပ်သည့်ဘဏ္ဍာငွေကို အစိုးရ ဖြည့်ဆည်းမည်

ဓာတ်ပုံ-EPA

ရန်ကုန် ၊စက်တင်ဘာ ၆ ။         ။ ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးများကာရန် လိုအပ်သည့် ဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၆ ရက်နေ့မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော်၌ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြ သည့် အခမ်းအနားတွင် အဓိက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု သမ္မတရုံးမှ ထုတ်ပြန် ထားသည်။

ရခိုင်ဒေသက မွတ်ဆလင်တွေကို တရားဝင် နေထိုင်ခွင့် စီစဉ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြော


6 September 2017 09:23(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)
 ပြဿနာ အရင်းဇစ်မြစ်ကို ဖြေရှင်းဖို့ အစီအစဉ်ကို အချိန်ဆွဲနေလို့ မဖြစ်တော့ဘူးလို့ မစ္စတာ ဂူတာရက်စ်က ပြော
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ အခြေမဲ့ မွတ်ဆလင်တွေကို နိုင်ငံတွင်း တရားဝင် နေထိုင်နိုင်ခွင့် တမျိုးမျိုး ပေးဖို့ အစီအစဉ် တခု လုပ်သင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ပြောပါတယ်။

ရခိုင်အရေး အစိုးရ ထိန်းသိမ်းနိုင်ကြောင်း အမျိုးသား လုံခြုံရေး အကြံပေး ပြော


By ထက်နိုင်ဇော် 6 September 2017
Want create site? Find Free WordPress Themes and plugins.
အကြမ်းဖက် တိုက်ခိုက်မှုများ ရှိနေသည့် ရခိုင်မြောက်ပိုင်းကို အရေးပေါ် အခြေအနေ ကြေညာ၍ စစ်အုပ်ချုပ်ရေး ပေးရန် တောင်းဆိုမှုများ ရှိသော်လည်း လက်ရှိတွင် အရပ်သား အစိုးရက ကိုင်တွယ် ထိန်းချုပ်နိုင်သည့် အခြေအနေတွင် ရှိနေ ကြောင်း အစိုးရ၏ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောသည်။

ကျေးဇူးတင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား


6 September 2017  RFA
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီနဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တို့ကို စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တူရကီသမ္မတနိုင်ငံသမ္မတမစ္စတာတေယစ်ပ် အာဒိုဂန်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စအပြန်အလှန် ဆွေးနွေး

Information Committee
နေပြည်တော်၊ စက်တင်ဘာလ ၅
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယနေ့ မွန်းလွဲ ၂ နာရီကတူရကီသမ္မတတေယစ် အာဒိုဂန်၏ တယ်လီဖုန်းခေါ်ဆိုမှုအား လက်ခံပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးကြသည်။