13 September 2017
ကုလညီလာခံ ဒေါ်စုမတတ်နိုင်ခြင်းအပေါ် အမြင်အယူအဆများ
Labels:
အင်တာဗျူး
မျက်နှာဖုံးစွပ်ပါ အနက်ရောင်ဝတ်စုံ ၁ စုံနှင့် ရီမုမိုင်း ၂ လုံးတွေ့ရှိ၊ လုံခြုံရေးကင်းစခန်း ၃ ခု မီးရှို့ဖျက်ဆီးခံရ
စက်တင်ဘာ ၁၃၊၂၀၁၇
ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစော အချိန်မှစ၍ မောင်တောဒေသအတွင်းရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။
Labels:
သတင်းတို
ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ရန် မသင့်ဟု အမေရိကန် အထက်လွှတ်တော် ခေါင်းဆောင်ပြော
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသူ
မွတ်စလင်များ အပေါ် ဆက်ဆံပုံနှင့် ပတ်သက်ပြီး မြန်မာခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားသော ဆုံးဖြတ်ချက် များကို ထောက်ခံမည်
မဟုတ်ကြောင်းနှင့် အမေရိကန် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို
မဝေဖန်သင့်ကြောင်း အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ပါတီ ခေါင်းဆောင်
Mitch McConnell က အင်္ဂါနေ့တွင်ပြောသည်။
Labels:
သတင်းတို,
ကြော်ငြာချက်
ဒေါ်အောင်ဆန်းစုကြည်အနေ နှင့် ကုလညီလာခံ မတက်ရောက်ရသည့် အချက် ၄ ချက်ရှိ
![]() |
| နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဆင်ဟွာ) |
နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေ နှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကို မတက်ရောက်ရသည့် အချက် ၄ ချက်ရှိကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်အစား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ြ ဖစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ယနေ့ ဆင်ဟွာကို အတည်ပြုပြောကြားသည်။
Labels:
သတင်းတို,
ကြော်ငြာချက်
ရခိုင်အကဲစမ်းမှု အပေါ် မြန်မာသံအမတ်ကြီး အမြင်
ရခိုင်ပြည်မြောက်ပိုင်း ပြသနာကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အလားအလာ ဘယ်လိုဖြစ်လာမလဲဆိုတာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့သဘောထား ပေါ်မှာ မူတည်နေတယ်လို့ အမေရိကန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်း က ပြောကြား လိုက်ပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကိုလည်း ထိခိုက်နိုင်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။ ဦးအောင်လင်းနဲ့ ဆက်သွယ်မေးမြန်းချက် ထဲက တချို့ကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
12 September 2017
မေယုခရိုင်ကို ဘင်္ဂလီလက်ထဲ ပေးသင့်ကြောင်း ရခိုင်နှင့်ဘင်္ဂလီဟာ မဟာမိတ်သာဖြစ်ကြောင်း ပြောကြားခဲ့သော (AA)
မူရင်းလင့်http://www.apannpyay.com/?p=2567
မောင်တောဒေသအခြေအနေနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်မှ
ဗိုလ်မှူးကြီး ကျော်ဟန်နှင့် မိုးမခသတင်းဌာန ဆက်သွယ်မေးမြန်းချက်
သူဇာလွင်
------------------------------------------------------------------------------------
” မေယုခရိုင်ကို ခြေကုတ်ယူပြီးတော့ရက္ခိုင်တစ်ပြည်နယ်လုံးလွတ်မြောက်အောင်ကြိုး ပမ်းနိုင်မှာဖြစ်ပါတယ်။”
(ဗိုလ်မှူးကြီး ကျော်ဟန်)
………………………………………………………….......................................
မိုးမခ 👉 အခုဖြစ်ပွါးနေတဲ့ ရက္ခိုင်-မူဆလင်အဓိကရုဏ်းနဲ့ပတ်သက်လို့ ဗိုလ်မှူးရဲ့ အမြင်သဘောထားလေး ပြောပြပေးလို့ရမလားရှင့်။
ဗိုလ်မှူးကြီး 👉 တကယ်တန်းပြောရရင် တော့ ဒါကနိုင်ငံရေးလှည့်ကွက်ပဲလေ။ တစ်ကောင်ထိုးကျွေးလိုက်မယ်။ ပြီးတော့ နှစ်ကောင်စားပြီး ကင်းဝင်မယ်။ အခုထိုး ကျွေးလိုက်တာက စစ်သား၊ ရဲသားတွေပေါ့လေ။ ပြီးတော့အေအေနဲ့ မူဆလင်လွတ် မြောက်ရေးအဖွဲ့တွေကို ရန်တိုက်ပေးမယ်။ နှစ်ဖက်စလုံး အင်အားချည့်နဲ့နေတဲ့အ ချိန်မှာ အခွင့်ကောင်းယူပြီးတိုက်မယ်။ လူထုထောက်ခံမှုရယူမယ်။ ဒီသဘောပါပဲ။
………………………………………………………………………………………………….
မိုးမခ 👉 ဆိုလိုတာက ခုဖြစ်ပွါးနေတဲ့ ပြဿနာတွေကို တပ်မတော်ကပဲ ဖန်တီး တယ်လို့ ဆိုလိုရှင်တာလားရှင့်။
ဗိုလ်မှူးကြီး 👉 ဟုတ်တယ်။ စစ်တပ်က ဖန်တီးတာပါပဲ။ ဒီလိုဖန်တီးတယ်လို့ ယုံကြည် လို့ရတဲ့ သမိုင်းအထောက်အ ထားတွေလည်းရှိတယ်။ သက်သေ သာဓကတွေလည်း ရှိတယ်။ ဗမာတွေ အကြောက်ဆုံးက တိုင်းရင်းသားအချင်း ချင်း စည်းလုံးညီညွတ်ရေး ပဲလေ။ ဒါကြောင့် နည်းမျိုးစုံနဲ့သွေးခွဲ အုပ်ချုပ်ဖို့ အချိန်တိုင်းကြိုးစားနေတယ်။ အထူးသ ဖြင့် ၂၀၂၀ မှာ ရက္ခိုင့်တပ်မတော်က ပြည်သိမ်းတိုက်ပွဲစမယ်ဆိုတဲ့သတင်း ပေါက် ကြားသွားတော့ ရက္ခိုင်မူဆလင် ပဋိပက္ခကို အမြန်ဆုံးဖန်တီး လိုက်တာပဲလို့ ယုံကြည် ပါတယ်။ နောက်ဝီရသူတို့ အလိုတော်ပြည့်တို့လို ဘုန်းကြီးတွေကို အသုံးချပြီး ဘာရေး သွေးထိုးပေးတယ်။
………………………………………………………………………………………………….
မိုးမခ 👉 ရက္ခိုင်နဲ့ မူဆလင်ကြားမှာ ညီညွတ်ရေးပျက်ပြားသွားအောင် ဖန်တီးလိုက် တာပေါ့လေ။ ဒီ့အပြင်တခြား ဘာရည်ရွယ်ချက်တွေများရှိမယ်လို့ ထင်ပါသလဲ။
ဗိုလ်မှူးကြီး 👉 တခြားရည်ရွယ်ချက် ကတော့ မူဆလင်တွေကိုတိုက်မယ်ဆိုပြီး ရက္ခိုင့်တပ်မတော်ရဲ့ထိုးစစ်ကို ခုခံဖို့ ပြင်ဆင်တာလည်းပါနိုင်တယ်။ ဒါမှ မဟုတ် ပဋိပက္ခထဲရက္ခိုင့်တပ်မတော်ကို ဆွဲသွင်းချင်တာလည်းရှိမယ်။ ရက္ခိုင့်တပ်မတော်ကိုသူ တို့ဖက်ပါအောင် စည်းရုံးချင်တာလည်းဖြစ်နိုင်ပါတယ်။
………………………………………………………………………………………………….
မိုးမခ 👉 တပ်မတော်ရဲ့ ရည်ရွယ်ချက် ဘယ်အတိုင်းအတာထိ အောင်မြင် တယ်လို့ ဆိုနိုင်မလဲရှင့်။
ဗိုလ်မှူးကြီး 👉 မအောင်မြင်ပါဘူး။ မအောင်မြင်တဲ့အပြင် ဆုပ်လည်းစူး၊ စားလည်းရူး ဆိုတဲ့ အခြေအနေရောက် သွားတယ်။ ရက္ခိုင့်တပ်မတော်ကို ပဋိပက္ခထဲ ဆွဲသွင်းမယ့် အကြံအစည် ပျက်သွားတယ်။ မေယုခရိုင်ကိုလည်း လက်လွတ်ဆုံးရှုံးရတော့မယ်။ လူထု ထောက်ခံမှုလည်း ကျဆင်းနေတယ်။ ကုလသမဂ္ဂကလည်း ဒဏ်ခတ်အရေးယူ တော့မယ်ကြားတယ်။ ဒီတော့ ကိုယ့်အတတ်ကိုယ် ပြန်စူးတယ်..လို့ ဆိုနိုင်ပါတယ်။
………………………………………………………………………………………………….
မိုးမခ 👉 မအောင်မြင်တဲ့ အကြောင်း တရားကရော ဘာတွေဖြစ်မလဲရှင့်။
ဗိုလ်မှူးကြီး 👉 ဗိုလ်ချုပ်ရဲ့ အမြော် အမြင်ကြီးမှုကြောင့်လို့ ပြောလို့ရပါတယ်။ ခါတိုင်း ဗမာကပဲ ရက္ခိုင်နဲ့မူဆလင်ကို ကစားနေတယ်။ ခုတော့ ပြန်ကစားခံ လိုက်ရတဲ့ ပုံစံမျိုြး ဖစ်သွားတာပေါ့လေ။ နှစ်ဖက်လုံးက ဗမာစစ်တပ်ရဲ့ လှည့်ကွက်ကိုသိထားတယ်။ အချင်းချင်း လည်း အတိုင်းအတာတစ်ခုထိ ယုံကြည် မှု တည်ဆောက်ထားနိုင်တယ်။ မူဆလင် အဖွဲ့တွေကလည်း အစိုးရ လက်နက်ကိုင် တွေကိုပဲ ပစ်မှတ်ထားတယ်။ ဒေသခံ လူထုမထိခိုက်အောင် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်။ တချို့ ကြားညပ်သွားတာ။ ကြောက်လန့်ပြီး ထွက်ပြေးကြတာတော့ ရှိတယ်ပေါ့လေ။ ဒါက သဘာဝပါပဲ။ စစ်ဆိုတာ ဒီအတိုင်းပဲ လေနော။
………………………………………………………………………………………………….
မိုးမခ 👉 တကယ်လို့ မေယုခရိုင်က တပ်မတော်ဆုတ်ခွါသွားရရင်ရော ရက္ခိုင်တိုင်း ရင်း သားတွေအကြမ်းဖက်ခံရနိုင်တာမရှိဘူးလားရှင့်။
ဗိုလ်မှူးကြီး 👉 မရှိနိုင်ဘူး။ ဘာလို့လဲ ဆိုတော့ ဘယ်ကွေ့ရောက်ရင်ဘာတက်နဲ့လှော် ရမယ်ဆိုတာ ရက္ခိုင့်တပ်မတော်မှာ မဟာဗျူဟာ ကြိုတင်ရေးဆွဲပြီးသားရှိတယ်။ ဗမာတပ်တွေဆုတ်သွားတာနဲ့နယ်စပ်မှာချထားတဲ့ရက္ခိုင့်တပ်မတ်ေတပ်ရင်းတပ်ဖွဲ့တွေ က ချက်ချင်းနေရာဝင်ယူလိုက်လို့ရတယ်။ တခြားအင်အားစုတွေနဲ့ပူးတွဲကော်မတီဖွဲ့ပြီး အခြေအနေငြိမ်သက်အောင် ပြန်ထိန်းသိမ်းလို့ရပါတယ်။ ရက္ခိုင့် တပ်မတော်သာ ရက္ခိုင်ပြည်ကို ဒီနေ့ အုပ်ချုပ်ခွင့်ရရင် မနက်ဖြန်မှာ ပြဿနာ ငြိမ်းအေး သွားပါလိမ့် မယ်။
………………………………………………………………………………………………….
မိုးမခ 👉 မေယုခရိုင်ကျသွားရင် ရက္ခိုင်တွေအတွက် နစ်နာဆုံးရှုံးတယ် ဆိုနိုင်မလား ရှင့်။
ဗိုလ်မှူးကြီး 👉 မဆိုနိုင်ပါဘူး။ သူတို့က ရက္ခိုင်ပြည်နယ်က ခွဲထွက်ဖို့ တောင်း ဆိုနေ တာမှ မဟုတ်ဘဲလေ။ အခုလည်း ဒေသခံတွေရဲ့ ကိုးဆယ့်ရှစ်ရာခိုင်နှုန်း လောက်က မူဆလင်တွေပဲ။ ဘာထူးလို့လဲ။ မေယုခရိုင်သာ လွတ်မြောက်နယ် မြေဖြစ်သွားလို့ရှိရင် ရက္ခိုင်လွတ်မြောက်ရေး တပ်တွေလည်း အခြေချလို့ရမယ်။ အင်အားတိုးချဲ့တည်ဆော က်နိုင်မယ်။ မေယုခရိုင်ကို ခြေကုတ်ယူပြီးတော့ ရက္ခိုင်တစ်ပြည်နယ်လုံးလွတ်မြောက် အောင်ကြိုးပမ်းနိုင်မှာ ဖြစ်ပါတယ်။
………………………………………………………………………………………………….
မိုးမခ 👉 ကုလသမဂ္ဂတပ်တွေ ၀င်လာရင်ရော ဘာတွေဖြစ်လာနိုင်မလဲ။
ဗိုလ်မှူးကြီး 👉 ကုလသမဂ္ဂတပ်တွေ ၀င်မယ်ဆိုရင် တရုတ်က ခွင့်ပြုမှရမယ်။ ဒီအခြေ အနေရောက်လာရင် တရုတ်တပ်ဖွဲ့တွေကိုပါ စေလွှတ်သင့်တယ်။ တရုတ်နယ်စပ်မှာ ရှိနေတဲ့ ရက္ခိုင့်တပ်မတော်ကိုလည်း တပါတည်းလိုက်ပါခွင့် ပေးစေချင်တယ်ဆိုတာ ကျွန်တော်တို့ ဗိုလ်ချုပ်က တရုတ်ကာကွယ်ရေး ဦးစီးချုပ်ကို အကြံပြုတင်ပြထားပါ တယ်။ သူတို့ကလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ပြန်ကတိ ပေးပါတယ်။
………………………………………………………………………………………………….
မေး 👉 ရက္ခိုင့်တပ်မတော်ရဲ့ ဘင်္ဂလီ မူဆလင်တွေအပေါ်ထားတဲ့သဘောထား ကို သိပါရစေရှင့်။
ဗိုလ်မှူးကြီး 👉 သူတို့လည်းရက္ခိုင်တွေနဲ့ ဘ၀တူပါပဲ။ ရက္ခိုင်တွေလိုပဲ ဗမာနိုင်ငံရေး သမားတွေ ကစားတာခံနေရတယ်။ နေရပ်စွန့်ခွါထွက်ပြေးနေရတယ်။ ဟိုတလော ကဆို ဗမာစစ်တပ်က လူသတ်မှု၊ မုဒိန်းမှုတွေပါ ကျုးလွန်ခဲ့တယ်လို့သိရပါတယ်။ ရက္ခိုင့် တပ်မတော်ကိုဖွဲ့စည်းထားတာ လူသားအချင်းအချင်း အနိုင်ကျင့်အကြမ်းဖက်ဖို့ မဟုတ်ဘူး။ ဘ၀တူမဟာမိတ်များနဲ့ပူးပေါင်းပြီး ရက္ခိုင်ပြည်လွတ်လပ်ရေးရ အောင် တိုက်ပွဲဝင်သွားဖို့ဖြစ်ပါတယ်။
ဟုတ်ကဲ့။ ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
……………………………………………………………………….
Labels:
အင်တာဗျူး,
ကြော်ငြာချက်
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအပေါ် ထိခိုက်ဆဲဆိုခဲ့သည့် အမျိုးသား သက်ဆိုင်ရာရဲစခန်းသို့ လာရောက်အဖမ်းခံ
Labels:
သတင်း
ဘင်္ဂါလီများအား ကာကွယ်ရန် နယ်စပ်အနီးတွင် ကုလသမဂ္ဂက ထောက်ခံသည့် ဘင်္ဂါလီဘေးကင်းဇုန်တစ်ခု တည်ထောင်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဘင်္ဂလားဒေ့ရှ်သမ္မတ တိုက်တွန်းပြောကြား
12.9.2017 ဒေးလီးအလဲဗင်း
မြန်မာနိုင်ငံ
ရခိုင်ပြည်နယ်မှ ထွက်ြေ ပးလာသည့် ဘင်္ဂါလီများ (မူရင်းသတင်း တွင် ရိုဟင်ဂျာဟု
သုံးနှုန်းထား) အား ကာကွယ်ရန် နယ်စပ်အနီးတွင် ကုလ သမဂ္ဂက ထောက်ခံသည့်
ဘေးကင်း ဇုန်တစ်ခု တည်ထောင်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဘင်္ဂလားဒေ့ရှ်
သမ္မတ မတ်အက်ပ်ဒူဟာမစ်က တိုက်တွန်း ပြောကြားခဲ့ကြောင်း www. bdnews24.com
ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၀ ရက် က ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံ
ရခိုင်ပြည်နယ်မှ ထွက်ြေ ပးလာသည့် ဘင်္ဂါလီများ (မူရင်းသတင်း တွင် ရိုဟင်ဂျာဟု
သုံးနှုန်းထား) အား ကာကွယ်ရန် နယ်စပ်အနီးတွင် ကုလ သမဂ္ဂက ထောက်ခံသည့်
ဘေးကင်း ဇုန်တစ်ခု တည်ထောင်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဘင်္ဂလားဒေ့ရှ်
သမ္မတ မတ်အက်ပ်ဒူဟာမစ်က တိုက်တွန်း ပြောကြားခဲ့ကြောင်း www. bdnews24.com
ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၀ ရက် က ဖော်ပြထားချက်အရ သိရသည်။
Labels:
သတင်း,
ကြော်ငြာချက်
Subscribe to:
Posts (Atom)





