15 October 2016
"ပြည်သူရွေးတဲ့အစိုးရ မတရားမှုများကို ဖေါ်ထုတ်ပြီလော့???"
Labels:
ဆောင်းပါး
14 October 2016
"မြောက်ဒဂုံပင်လုံခန်းမရှေ့က လဘက်ရည်ဆိုင်ကို ကြွရောက်သုံးဆောင်ကြဖို့"
ပင်လုံခန်းမ။
ပင်လုံ နာမည်ပါပေမယ့် လွတ်လပ်ရေးယူဖို့အတွက် လွတ်လပ်ရေးတိုက်ပွဲဝင် တောင် တန်း မြေပြန့်
နိုင်ငံရေးခေါင်းဆောင်တွေ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြတဲ့ ရှမ်းပြည်နယ်က သမိုင်းဝင်
ပင်လုံ အရပ်မဟုတ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွန်ကြားရေး ဦးစီးဌာနက
တည်ဆောက်ထားတဲ့ ပင်လုံခန်းမ။ ပြည်ပထွက်ခွာ အလုပ်လုပ်ကြမယ့် အလုပ်သမားတွေ ကို သင်တန်းပေးဖို့
ရည်ရွယ်ဆောက်လုပ်ထားတာ။
ပင်လုံဆိုတာ သမိုင်းဝင်နာမည်ဖြစ်တယ်။ ဒါ့ကြောင့်ထင်ပ
အလုပ်သမားညွန်ကြားရေးဦးစီးဌာနအောက် က မြောက်ဒဂုံပင်လုံခန်းမလည်း သမိုင်းတစ်ခု ထုဆစ်နေလေရော့သလား။
အလုပ်သမားဝန်ကြီးဌာနပိုင် မြေပေါ်မှာ ပင်လုံခန်းမဆိုတာ
အလုပ်သမားသင်တန်းကျောင်းဖြစ် တယ်။ မြောက်ဒဂုံပင်လုံခန်းမရှေ့မှာ ပုံပါတဲ့ လဘက်ရည်ဆိုင်တစ်ဆိုင်ရှိတယ်။
ထမင်း၊ အအေး အကုန် ရတယ်။ မိတ္တူ ဓါတ်ပုံကူးပေးတယ်။
ဒီမြေပေါ်မှာ လဘက်ရည်ဆိုင် ဆောက်တယ်။ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဆောက်တာလဲ။ တရားဝင်ငှါးရမ်းထားတာလား။
တစ်လကို ဘယ်လောက်နဲ့ အငှါးချထားလဲ။ ၇သိန်းလား၊ ၁၀သိန်းလား၊ အဲဒီငွေတွေ အလုပ်သမားဝန်ကြီးဌာနငွေစာရင်းထဲကို
ဝင်သလား။
တစ်နှစ်ပြည့်တိုင်း
တစ်လကို ကျပ်ငွေ တစ်သိန်းစီထပ်တောင်းနေလို့ သတင်းတွေထွက်လာတယ်။ ရှမ်းပြည်နယ် ပင်လုံမှာရှိတဲ့
သမိုင်းဝင် ပင်လုံကျောက်တိုင်ကတော့ ဒီအတိုင်းရှိနေတယ်။ ရန်ကုန်မြောက် ဒဂုံခြံဝင်းနဲ့
လဘက်ရည်ဆိုင်ဆိုတာ ဘယ်သူ့လက်ထဲကိုများ ကျရောက်နေပါလိမ့်ဆိုတာ လူထုရွေးချယ် တင်မြှောက်ထားတဲ့ အမေစု ခေါင်းဆောင်တဲ့ NLD အစိုးရသိသင့်တယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် အကိုကြီး ဦးဖြိုးမင်းသိန်းနဲ့
ပြည်တွင်းပြည်ပ အလုပ်သမားအရေးရာကော်မ တီ ဥက္ကဌ ဦးကျော်ထွေး တို့လည်း မြောက်ဒဂုံပင်လုံခန်းရှေ
့က အမိုးပြာပြာ ထီးဝါ၀ါအောက်မှာ ဘလက် ရည်၊ ထမင်း နဲ့ အအေး လာရောက်သုံးဆောင်ကြည့်ရင်ဖြင့်၊
အမွှေတိုင်ထွန်းထားတဲ့ ခြံအုံကြီး အနံ့ကိုတော့ ရတန် ကောင်းပါရဲ့လို့ ဖိတ်ခေါ်လိုက်ပါတယ်။
မောင်ကံ
(ပင်လုံ)
Labels:
ကြော်ငြာချက်
13 October 2016
"၀မ်းနည်းပူဆွေးစွာ ဂါရ၀ပြုပါတယ်ထိုင်းဘုရင်ကြီး"
ထိုင်းအိမ်တိုင်းမှာ
ဘုရားပုံတော်မရှိရင်သာနေမယ်၊ ဘုရင်ပုံတော်မရှိတဲ့အိမ်မရှိ။ ဘုရားနဲ့အတူတူကြည်ညိုကြ၏။
ဘုရင့်ပုံတော်ပါတဲ့
ငွေစက္ကူကို မသင့်တော်တဲ့နေရာမှာသိုဝှက်ထားရင် သူတို့စိတ်ဆိုးကြတယ်။
ထိုင်းဘုရင်ကြီးကျမ္မာစေဖို့
နိုင်ငံအနှံ့ဆုမျိုးစုံတောင်းခဲ့ကြတယ်။
ဘာကြောင့်
ဘုရင်ကြီးကိုထိုင်းပြည်သူတွေချစ်ခင်မြတ်နိုး ကိုးကွယ်ကြသလဲ။
မိုးခေါင်ရင်
ဘုရင်ကရွာပေးနိုင်တဲ့ နည်းပညာကို တတ်မြောက်ထားတယ်။
လမ်းတံတား၊ရေကာတာ၊
ရေမီး၊ ကုန်သွယ်၊ စိုက်ပျိုးနည်းတွေအစုံတီထွင်ကြံဆခဲ့သူ။
ဆင်းရဲမှုလျော့နည်းပပျောက်အောင်
နယ်စွန်နယ်ဖျားမကျန် လက်တွေ့အကောင်အထည်ဖေါ်ခဲ့သူ။
မျှတတဲ့ လူမှုစီးပွားစီမံကိန်းတွေကို
လက်တွေ့အကောင်အထည်ဖေါ်နိုင်မှုကြောင့် ကုလသမဂ္ဂ ဆုချခဲ့တယ်။
ဒီဘုရင်ကို ထိုင်းလူမျိုးတွေ ရိုးတွင်းခြင်ဆီထဲက စွဲနစ်စွာချစ်ခင်မြတ်နိုးကြတယ်။
ဘုရင်ကိုအထိမခံကြဘူး။
ထိုင်းဘုရင်ကြီးက အိမ်နီးချင်း မြန်မာတွေအတွက်ကော.........
လေးငါးသန်းသော မြန်မာတွေကို အလုပ်လုပ်ကိုင်ဖို့ ခွင့်ပြုပေးတယ်။ ပညာသင်ခွင့်ပြုခဲ့တယ်။
စစ်ဘေးဒုက္ခသည်တွေကိုလည်း ကာကွယ်စောင့်ရှောက် ကျွေးမွေးပေးခဲ့တယ်။
နှစ်တိုင်းဘုရင့်မွေးနေ့မှာ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်။
ထိုင်းနိုင်ငံသားတွေစားသလို၊ နေသလို၊ ဆေးဝါးကုသလို့ ဥပဒေရဲ့အကာအကွယ်တွေကိုလည်းရရှိစေတယ်။
အဆင့်အတန်းသတ်မှတ်ပြီး နိုင်ငံသားအဖြစ်ပင်လက်သင့်ခံခဲ့သူ။
သန့်ရှင်းတဲ့ရေနဲ့ ဖွဲ့နုမပါ ခဲသလဲကင်းစင် ဖြူဖွေးသန့်စင်တဲ့ ထမင်းကို
စတင်ဝါးမြိုရကတည်းက
ဘုရင်ကြီးကို ကျေးဇူးရှင်အနန္တဟူ၍ ကျွန်တော် အလေးနက်ထား သတ်မှတ်ကြည်ညိုခဲ့တယ်။
နေထိုင်ခိုလှုံခွင့်ပြုခဲ့တဲ့ ထိုင်းဘုရင်ကြီး အဒူရာဒက် မြင့်မြတ်သည့်ဘုံဘ၀မှာ
ထာဝရစံစားနိုင်ပါစေလို့
MAT အဖွဲ့က ကျေးဇူးဆပ် ဆုတောင်းမေတ္တာ ချွေလိုက်ပါတယ်။ ။
အလုပ်သမားများ၏ကိုယ်စား
ဦးကျော်သောင်း
ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MAT
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်
Labels:
ကဗျာ
"ထိုင်းငါးဖမ်းလှေ၂စီးပေါ်တွင်လူကုန်ကူးခံရသူ၁၇ ဦးအား ကယ်ထုတ်"
၂၀၁၆ ခု အောက်တိုဘာ ၁၃ ရက်
စိုင်းခက်အောင်
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ
သုံးရာကျော်အကွာတွင်ရှိသော ပကျွတ်ခီရီခံနယ်မြေ အုန်းနွဲ့ ငါးဖမ်း လှေဆိပ်တွင်
ရောင်းစားခံနေရသော မြန်မာ၁၇ ဦးတို့အား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့DSI
နှင့် အတူ MAT အဖွဲ့က ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့သည်။
အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းရေး DSI
နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ထံသို့ မြန်မာအစိုးရ မြ၀တီလူကုန်တား တပ်ဖွဲ့ စိတ်ATTFမှ
လူကုန်ကူးခံရသူ ၆ဦးတို့၏ အမည်နှင့် အကြောင်းအရာများကို ရေးသား၍ အကူညီတောင်းခံ လာခဲ့ပါသည်။
ထို့နောက် အသက် ၁၇ နှစ်အရွယ် ကိုဗညားထွန်း ထံသို့ ဆက်သွယ်၍အရေးကြီးသည့်
အချက်အလက်များကို အလျှင်အမြန် ရယူနိုင်ခဲ့ပါသည်။ အပြည့်အစုံမရရှိမီ
လက်ကိုင်ဖုန်းအဆက်သွယ်ပြ တ်တောက်သွားခဲ့ပါသည်။
MAT အဖွဲ့က ရရှိသမျှသောအချက်အလက်များအား
ဘန်ကောက်မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင် ထံသို့ သတင်းပေးပိုခဲ့ပါသည်။
ထို့နောက် ဘာသာပြန်ဆို၍ DSI မှ Chief of Prevention and Suppression မှ Div. 2 မှ Pol. Maj. Jatuporn Arunleaktawin
ထံသို့
ချက်ချင်းအကြောင်းကြားခဲ့သည်။
ယမန်နေ့ နံနက်ကတည်းက DSI နှင့် MAT
အဖွဲ့တို့ သီးခြားစီခရီးထွက်ခဲ့ကြပြီး ပကျွတ်မြို့အ၀င်လုံခြုံ သည့် တစ်နေရာတွင်
အဆိုပါအလုပ်သမားများအား ကယ်ထုတ်နိုင်ရေးအတွက် အရေးပေါ်စည်းဝေး၍ အစီ အမံများကို
ချမှတ်ခဲ့ကြပါသည်။ ထို့နောက် နေ့လည်ပိုင်းတွင် စစ်ကြောင်း ၂ခုခွဲ၍
ဒေသခံရဲများနှင့်အတူ ငါးဖမ်းလှေ ပြန်မထွက်မီ ရှောင်တခင် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ပြန်လည်လွတ်မြောက်လာသည့် ရန်ကုန်တိုင်း
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန် ကျူးကျော် တဲများတွင်နေထိုင်သည့်
ကိုဗညားထွန်း က" သားတို့ကို မော်လမြိုင်မှာ ငါးရွေးရမယ်၊ ငါးလှမ်းရမယ်။
ပုဇွန်ေ တွ အခွံချွတ်ရမယ်၊ ရေခဲရိုက်ရမယ်၊ တစ်လကို သုံးသိန်းအနည်းဆုံးရမယ်ဆိုပြီး
ပွဲစားကခေါ်လာတာပါ။ ညဘက်တွေမှာ ကားနဲ့လာရတာ ထိုင်းက ငါးဖမ်းလှေပေါ်ကိုရောက်လာတာတောင်
မော်လမြိုင် ရောက် တာလို့ ထင်မှတ်နေခဲ့တယ်။ လှေပေါ်မှာ ပိုက်ဆရာရိုက်တာကိုခံရသလို့
ကမ်းကိုရောက်ရင် ငါးတွေ ငပိေ တွချရတယ်။ ပြီးရင်ရေခဲတင်ရတယ်။ ပြီးဒါနဲ့ ပွဲစားမ အခန်းမှာ သော့ပိတ်ထားပါတယ်။ ပြန်မထွက်ခင်
MAT အဖွဲ့က လာရောက် ကယ်နိုင်ခဲ့လို့ ကျနော်တို့ လွတ်မြောက်လာခဲ့တာပါ"
ဟုပြောသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း
က" အသက် ၁၅နှစ်အရွယ်တစ်ယောက်၊ ၁၇နှစ်အရွယ်က ၄ ယောက် အခိုင်းခံနေရတယ်။
ကျွန်ပြုနေတာက မြန်မာတိုင်းရင်းသား အမျိုးသမီးတစ်ယောက်ပါ။ အလုပ် သမားတိုင်းမှာ
ပန်းရောင်ဘတ်ကဒ် လုပ်ထားပါတယ်။ ပန်းရောင်ဘတ်ကဒ်လုပ်ထားတာနဲ့ လူကုန်ကူးခံရ တာ ဘာမှမဆိုင်ပါဘူး။
ဒါ့အပြင် ဒီလောက်ငယ်တဲ့ကလေး ၅ယောက်ကို အသက် ၁၈နှစ်ပြည့်ပြီး အလုပ် လုပ်ခွင့် ပန်းရောင်
ဘတ်ကဒ်လုပ်ပေးထားတာဟာလည်းသက်ဆိုင်ရာဌာနရဲ့ မရိုးသားမှုကိုပြတာဖြစ်ပါ တယ်။ ကျနော်တို့ကတော့
ကလေးတွေကို မြန်မာပြည်ကို အမြန်ဆုံးပြန်ပို့ပေးနိုင်အောင် အမှုကိုအမြန်ဆုံး စစ်ဆေးပေးဖို့
DSI ကို မေတ္တာရပ်ခံခဲ့ပါတယ်။ အလုပ်သမားတွေကိုသော့ပိတ် ကျွန်ပြုနေတဲ့မြန်မာတိုင်းရင်း သူ
အမျိုးသမီးနဲ့ အလုပ်သမားတွေ ကိုရိုက်နှက်တဲ့ မြန်မာတိုင်းရင်းသား ပိုက်ဆရာတို့ကို
အရေးယူပေးဖို့ ပါ တောင်းဆိုခဲ့ပါတယ်" ဟုပြောသည်။
လူကုန်ကူးခံခဲ့ရသူများ၏
ထွက်ဆိုချက်အတိမ်အနက်ပေါ်မူတည်၍ ဆုံးဖြတ်သည့် ထိုင်းအစိုးရ လူကုန် ကူးမှုဥပဒေအရ၊
ကယ်ထုတ်လာသည့် မြန်အလုပ်သမား ၁၇ဦးအနက်၊ လူကုန်ကူးမှုမြောက်သူ ၁၀ဦးဖြစ်ပြီး မိမိ သဘောနှင့်
လာရောက်အလုပ်လုပ်ကိုင်သည်ဆိုသည့် မွန်လူငယ် ၄ဦးတို့မှာ
ငါးဖမ်းလှေပေါ်သို့ပြန် သွား ခဲ့ကြ သည်။ ၃ဦးတို့မှာ အမှုဖွင့်ရာတွင် ပါဝင်ရန် ဆန္ဒမရှိသဖြင့်
MAT ဘန်ကောက်ရုံးသို့ ခေါ်ဆောင် လာခဲ့သည်။
မွန်လူငယ်တစ်ဦးကို မိဘရှိသည့် မဟာချိုင်သို့ပို့ဆောင်ပေးခဲ့ပြီး ရခိုင်ပြည်နယ်၊
ဘူးသီးတောင် မြို့ မှ ကိုကျော် ၀င်း နှင့် ဧရာဝတီတိုင်း ပန်းတနော်မြို့မှ ကိုဇင်မင်း
တို့ကို နက်ဖြန်တွင် မြ၀တီလူ ကုန်တား တပ်ဖွဲ့စိတ်သို့ ပြန် လည်ပို့ဆောင်ရန်စီစဉ်ထားကြောင်း
MAT အဖွဲ့ကပြောသည်။
ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ထိုင်းအစိုးရလူကုန်ကူးမှု
တိုက်ဖျက်ရေးအထူးတပ်ဖွဲ့များ၊
မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့များနှင့် မြန်မာသံရုံး၏ အကူ ညီတို့ဖြင့်၂၀၁၆
ခုနှစ်တွင် လူကုန်ကူးမှုပေါင်း ၂၇ကြိမ်
အောင်မြင်မှုတွင် လူကုန်ကူးခံရသူပေါင်း ၃၄၃ ဦးကယ် တင်နိုင်ခဲ့ပြီး
လူကုန်ကူးဂိုဏ်းသားပေါင်း ၁၀ဦးတို့ကို ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ပါသည်။
ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်မှုများကြောင့်
အလုပ်အကိုင်ရှားပါးနေသည့် မြန်မာနိုင်ငံသားများမှာ လူကုန် ကူးမှုသားကောင်အဖြစ်ဆက်လက်ကျရောက်နေပါသည်။
ထို့ကြောင့် MAT ဒါရိုက်တာ ဦးကျော်သောင်း ၏ သုံးသပ်ချက်မှာ အလုပ်သမားများအခြေအနေနှင့်
လူကုန်ကူးမှုလက်ရှိအခြေနေများ အရ မြန်မာနိုင်ငံတွင် အလုပ်လုပ်၍ ထမင်းစားရသည့်အနေအထားဖြစ်နိုင်ရန်လိုအပ် ချက်များစွာရှိနေ သဖြင့်
အရွယ်ရောက်ပြီး အလုပ်လုပ်ကိုင်နိုင်ကြသူများစွာတို့မှာ ထိုင်းနှင့်အိမ်နီးချင်းနိုင်ငံများစွာတို့သို့
အလုပ်ထွက်လုပ် နေကြရဦးမည်ဖြစ်သည်။
သို့ဖြစ်၍ ပြဿ နာအနည်းဆုံးလည်းဖြစ်
ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းလည်းမခံရပဲ ပြည်ပထွက်ခွာ
အလုပ်လုပ်ကိုင်နိုင်မည့်နည်းလမ်းဖြစ်သည့် G to G အစိုးရစစ်စစ်
အလုပ်သမားတင်ပို့ခြင်း လုပ်ငန်းကို NLD အစိုးရသစ်အနေဖြင့် အလျှင်အမြန်အကောင်အထည်ဖေါ်ဆောင်ရွက်သင့်ပါသည်။
၎င်းမှာ (ရပ်ကျေး + အလည + ဘဏ် = MOU) ဖြစ်ပါသည်။
ထိုင်းနိုင်ငံအနှံ့အပြား အထူးသဖြင့်
ထိုင်းငါးဖမ်းလှေများပေါ်တွင် လူကုန်ကူးခံနေရသည့် မြန်မာနိုင်ငံ သားအမြောက်အမြားတို့အား
ကယ်ထုတ်နိုင်ရန်အတွက် ဘန်ကောက်မြန်မာသံရုံးတွင် လူကုန်ကူးမှုရဲအရာ ရှိ တစ်ဦးထားရှိရန်လိုအပ်ပါသည်။
သန်းချီရှိသည့် အလုပ်သမားများကို အပြည့်အစုံ ကူညီဖြေရှင်းပေးနိုင်ရန် အတွက်ဆိုပါက
လူကုန်တား၊ လူကယ်ပြန်၊ အလည၊ သတင်းတပ်ဖွဲ့ တို့နှင့်အတူ ထိုင်းအခြေစိုက်၍ အလုပ် သမားအရေးဆောင်ရွက်နေကြသည့်
အဖွဲ့အစည်းများနှင့် သင့်တော်သလိုပူးပေါင်းဆောင်ရွက်ရန်လိုအပ် မည်ဖြစ်သည်။
ထိုင်းရောက်အလုပ်သမားအရေးဆောင်ရွက်ရန်အတွက်
၂၀၁၂ ခုနှစ်က ထိုင်းအစိုးရက သန်းချီရှိ သည့် မြန်မာအလုပ်သမားများထံမှ
အိမ်ပြန်ပို့စရိတ်ဟုဆိုကာ ဘတ်ငွေ တစ်ထောင်စီ ကောက်ခံထားသည့် ကုဋေချီသည့်
ငွေများကို မြန်မာအလုပ်သမားဝန်ကြီးဌာနက အလျှင်အမြန် စီစစ်၍ ပြန်လည်တောင်းခံသင့်ပါ သည်။
သတိချပ်စရာတစ်ခုမှာ အလုပ်သမားကိစ္စရပ်များကို ဆောင်ရွက်ရန် ရောက်ရှိလာကြမည့်
မည့်သည့် ၀န်ထမ်း အရာရှိများကိုမဆို မူလရာထူးအတိုင်းသာခေါ်ဆိုသင့်ပြီး (မူလနိုင်ငံခြားရေးဝန်ကြီးဌာန သံရုံးကြီး ၏ရာထူးနှင့်
ဆင်တူယိုးမှား ဖြစ်စေမည့် သံအရာရှိ) ဆိုသည့် အမည်ဆန်းများတီထွင်၍ မပါသင့်ကြောင်း
အကြံပြုပါသည်။ အဘယ်ကြောင့် ဆိုသော် မူလအလုပ်ဦးတည်ချက်မှ သွေဖယ်၍ (သံဝန်ထမ်း...
သံအရာ ရှိ...) ဟူသည့် နာမ်စားများမှာ
အလုပ်သမားလူတန်းစားများနှင့် နီးစပ်ရန်ခက်ခဲရုံသာမက လက်တွေ့ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း နှောင့်နှေးမှုများရှိနိုင်ကြောင်း အကြံပြုပြောဆိုပါသည်။
Labels:
သတင်း
11 October 2016
"အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင် နှင့် ပွဲစားများအဖွဲ့ချုပ် moeaf ဥက္ကဌ .. ဒု-ဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူးတို့အား ပုဒ်မ ၂ခုဖြင့် အမှုဖွင့် သတင်းများ"
http://www.thithtoolwin.com/2016/10/blog-post_602.html
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် နဲ့
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF
က တာဝန်ရှိသူ ၃ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့ MAT
ဒါရိုက်တာ ဦးကျော်သောင်း က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရဲစခန်းမှာ အာမခံလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ဆက်သွယ်ရေး ဆိုင်ရာ ဥပဒေပုဒ်မ ၆၅ တို့နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
တရားဝင်ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေမှာ အသုံးပြုတဲ့ ဆင်းမ်ကဒ်တွေ နဲ့ အာမခံတွေကို မြန်မာအလုပ်သမားတွေကို ရောင်းချနေတာကြောင့် အမှုဖွင့်တာဖြစ်တယ်လို့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
" ထိုင်းနဲ့ မလေးရှားနိုင်ငံကိုထွက်မယ့် အလုပ်သမားတွေကို နိုင်ငံတော်က တရားဝင်ခွင့်ပြုချက်မရှိဘဲနဲ့ ထိုင်းနိုင်ငံထုတ် ဆင်းမ်ကဒ်နဲ့ မလေးရှားနိုင်ငံထုတ် ဆင်းမ်ကဒ်ကို ရောင်းခဲ့တာ တစ်ချက်၊ နောက်ပြီးတော့ ထိုင်းကိုထွက်မယ့်အလုပ်သမားတွေကို ထိုင်းနိုင်ငံထဲမှာ အလုပ်သမားတွေ လုပ်ငန်းခွင်ထဲမှာ သွေးထွက် ဒဏ်ရာရ သေဆုံးမှုတွေအတွက်ဆိုပြီးတော့ အာမခံ ၂ နှစ် ရောင်းတယ်၊ အလုပ်သမားညွှန်ကြားရေးမှူးချုပ် နဲ့ ပူးပေါင်းပြီးတော့မှ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF တို့ ပေါင်းပြီးတော့ ရောင်းခဲ့တာ ၂၀၁၅ ခုနှစ် ထဲကလေ၊ ဒါဟာဆိုလို့ရှိရင် ပြည်ပထွက်ခွာမယ့် အလုပ်သမားတွေအပေါ်မှာ လုပ်ပိုင်ခွင့်ကို အကြောင်းပြပြီးတော့မှ မတရားခေါင်းပုံဖြတ်တာပေါ့၊ အဲဒါကို အကိုးအကား အထောက်အထား၊ အချက်အလက်တွေနဲ့ အမှုဖွင့်တင်ပြတာပါ။ " လို့ ဦးကျော်သောင်း က ပြောပါတယ်။
ထိုင်းနိုင်ငံသွားမယ့် အလုပ်သမားတွေကို အာမခံကြေးအဖြစ် ထိုင်းဘတ်ငွေ ၅၀၀ (မြန်မာကျပ်ငွေ ၁ သောင်းခွဲ) ကောက်ခံတာ ဖြစ်တယ်လို့ ပြောပါတယ်။
အာမခံလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၅ စတဲ့ ပုဒ်မ ၂ ခုလုံးဟာ ထောင်ဒဏ် ၅ နှစ်စီ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတဲ့ပုဒ်မတွေ ဖြစ်ပါတယ်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က ဥက္ကဌ ဦးမင်းလှိုင်၊ အတွင်းရေးမှူး ဦးဝင်းထွန်းနဲ့ ဦးကျော်ထင်ကျော် စုစုပေါင်း ၄ ဦးကို အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
...............................................................................................................................................................
ပြည်မြန်မာ အပါစဉ်ဂျာနယ်
စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာ
.............................................................................................................................................................
VOICE နေ့စဉ်ထုတ် သတင်းစာ
.................................................................................................................................................
ပြည်ပကိုထွက်ခွာအလုပ်လုပ်နေကြတဲ့အလုပ်သမားတွေဆီက
ပွဲစားတွေနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာတဲ့ အလုပ်သမားညွန်ကြားရေးမှူးချုပ် အမြဲတမ်းတမ်းအတွင်းဝန် တို့မတရားစီးပွားရှာခဲ့မှုကို NLD အစိုးရ အမြန်ဆုံး
ဖေါ်ထုတ် အရေးယူဆောင်ရွက်နိုင်ပါစေလို့ သန်းပေါင်းများစွာသော ပြည်ပရောက် အလုပ်သမားထုကြီးက
စောင့်မျှော်နေကြပါတယ်။
Labels:
သတင်း,
ကြော်ငြာချက်
02 October 2016
"MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း အား မြန်မာရဲချုပ်က ဂုဏ်ထူးဆောင်ဆုလက်မှတ်ချီးမြှင့်"
မင်းဆန်း
ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း အား
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံနေရသည့်မြန်မာအလုပ်သမားများ အား
နှစ်လတာရှည်ကယ်တင်နေမှုကို ဂုဏ်ပြုသော အားဖြင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ကဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခံရ
ကြောင်း သိရှိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (ATIPD) မှ MAT
အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း ထံသို့ ပေးပို့လာသည့်စာတွင်၊ လူကြီးမင်းသည်
မြန်မာနိုင်ငံသား များ ထိုင်းငါးဖမ်းစက်လှေများတွင်
မတရားဖိနှိပ်ညှဉ်းပမ်းခံရမှုများ၊ လူကုန်ကူးခံရမှုများ၊ထိုင်းနိုင်ငံဆိပ်ကမ်း များရှိ
ဂိုဒေါင်များတွင် ပိတ်လှောင်ခံရမှုများတွင် မြန်မာနိုင်ငံသားများအား
ကယ်တင်ဆောင်ရွက်နိုင်ခဲ့ပြီး ၊ မြန်မာနိုင်ငံ သားများ၏အကျိုးကို ကူညီဆေင်ရွက်ပေးနိုင်ခဲ့သဖြင့်
ရဲချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့် လိုကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အကြောင်းကြားခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်သူ့ရဲတပ်ဖွဲ့၅၂နှစ်မြောက်အခမ်းအနားသို့
ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီးနှင့် ပြည်ထောင်စု ၀န်ကြီးများနှင့်
အစိုးရအဖွဲ့ဝင်အရာရှိကြီးများစုံလင်စွာ တက်ရောက်ခဲ့ကြသည်။ ထို့အပြင်
နိုင်ငံခြားသံရုံးများမှ သံတမန်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ စွာ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နိုင်ငံတော်သံစုံတီးဝိုင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး SKY NET
ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ ညနေပိုင်းတွင် အခမ်းအနားကျင်းပရာ
သင်္ဂဟဟော်တယ် တွင် ညစာစားပွဲဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
ယမန်နေ့ ဂုဏ်ပြုဆုချီမြှင့်ပွဲတွင်
ရဲတပ်ဖွဲ့မှ စံပြဆုများနှင့် ရာထူးချီးမြှင့်ခံရသူ ၂၀ဦးအပါအ၀င် အရပ်သား ၅ဦးတို့ပါဝင်ခဲ့ပါသည်။
အဆိုပါ အရပ်သား ၅ဦးတို့မှာလူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အမှုကြီးများကိုစုံစမ်းဖေါ်
ထုတ်နိုင်သူများကိုစံထားရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။၎င်းတို့မှာဘန်ကောက်မှ ဦးကျော်သောင်း၊ သတင်းထောက်ချုပ် ဦးဆွေဝင်နှင့် ရှာဘွားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း
ဦးမျိုးမြင့်မောင်၊ DNA (မျိုးရိုးဗီဇ) ဆရာဝန် ဒေါက်တာနေ၀င်း နှင့် မန္တလေးတိုင်း
တံတားဦးရွာမှ ဦးကျော်ခိုင် ဦး ဆိုသူတို့ဖြစ်ကြ ပါသည်။
ရဲတပ်ဖွဲ့ဝင်များအား ချီးမြှင့်ရာတွင် မူးယစ်ဆေးဝါးများဖေါ်ထုတ်ဖမ်းဆီးနိုင်မှု၊
အကြမ်းဖက်ဖေါက်ခွဲ သူများကို အသက်စွန့် တားဆီးနိုင်မှု၊ မိမိစခန်းကို
အသက်ပေးကာကွယ်နိုင်ခဲ့မှု နှင့်ငွေကြေးခ၀ါချမှုတို့ကို စုံစမ်းဖေါ်ထုတ်နိုင်သူတို့အတွက်
ရဲသီဟနှင့် ရဲစံပြဆုများချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အရပ်သား ၅ဦးဖြစ်သော (၁) ဦးကျော်သောင်း ကိုမူထိုင်းနိုင်ငံ အတွင်း၊
ငါးဖမ်းလှေများ၊ ဆိပ်ကမ်း ဂိုဒေါင်များ နှင့် ငါးဖမ်းလှေများပေါ် တွင်ရောင်းစားခံနေရ သည့်မြန်မာနိုင် ငံသားမြောက်များစွာတို့ကို
ကယ်ထုတ် နိုင်ခြင်း ကြောင့် ရွေးချယ်ခြင်းဖြစ် သည်။ (၂) သတင်းထောက်ချုပ် ဦးဆွေဝင်းနှင့်
အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမြင့် မောင်တို့ကိုမူ ရန်ကုန် တိုင်း
ကျောက်တံတားမြို့နယ်၊ လမ်း၄၀ အပေါ်ဘလောက်မှ အင်းဝ အပ်ချုပ်ဆိုင်တွင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရ သည့်
မြန်မာအိမ်အကူ မိန်းကလေး ၂ဦးကိစ္စရပ်တို့ကို စုံစမ်းဖေါ်ထုတ်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။
DNA ကျွမ်းကျင့်သည့် ဒေါက်တာနေ၀င်း ကိုမူ အရေးကြီးမှုခင်းများအတွက် မျိုးရိုးဗီဇ ဖေါ်ထုတ်ပေးနိုင်ခဲ့ခြင်းေ
ကြာင့်ဖြစ်သည်။ မန္တလေးတိုင်း တံတားဦးကျေးရွာမှ ဦးကျော်ခိုင်ဦး
ကိုမူ ရေကြောင်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆိုးခိုးဓါးပြတိုက်နေသည့် ဓါးပြဂိုဏ်းတစ်ခုကို သက်စွန့်ဆံဖြား
ဖေါ်ထုတ်ကူညီခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အခမ်းအနားတွင်ကြေညာခဲ့ပါသည်။
MAT
အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က" အမိနိုင်ငံတော်ရဲချုပ်ကြီးက အခုလိုကျနော်တို့ကိုအသိ အမှတ် ပြုတဲ့အတွက် အလွန်ဝမ်းမြောက်ပါတယ်။ ကျနော်တို့အဖွဲ့ဝင်တွေအားလုံး ဟာ
ပြည့်စုံသူတွေမ ဟုတ်ကြပေမယ့် ထိုင်းနိုင်ငံထဲမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အင်တိုက်အားတိုက်လုပ်ကြပါ တယ်။
စေတနာရှင်တချို့နဲ့ FED က ဒါရိုက်တာ ကိုထူးချစ်တို့၊ မြန်မာသံအမတ်ကြီးဦးဝင်းမောင်သံမှူးဟောင်း
ဦးနိုင်ထွန်းတို့ အင်တိုက်အားတိုက် ကူညီပေးခဲ့ကြပါတယ်။ အယင်က၊
လူကုန်တားတပ်ဖွဲ့မှူး ရဲမှူးချုပ် ဦးဝင်းနိုင်ထွန်း နဲ့ ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအထူးစုံစမ်းထောက်လှမ်းရေး
DSIမှ Chief of Prevention and Suppression Div. 1 က Mr.Komvich Padhanarath နဲ့ Chief of Prevention
and Suppression Div. 2 မှ Maj. Jatuporn
Arunleaktawin ဆိုတဲ့အရာရှိကြီး၂ဦးက မြန်မာတွေကို အဓိကအကူညီပေးခဲ့ကြသူတွေဖြစ်ပါတယ်။
ကျနော် တို့နဲ့ ဆယ်စုနှစ်ကြာလက်တွဲပြီး ထောင်ချီရှိတဲ့ လူကုန်ကူးခံမြန်မာတွေကို
ကယ်ထုတ်နိုင်ရေးမှာ ကူညီပေးခဲ့ ကြတဲ့ အရာရှိကြီးတွေဖြစ်ပါတယ်၊ အားလုံးဝိုင်းလုပ်ခဲ့ကြတာပါ"
ဟု အမှတ်တရပြောဆိုပါသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင်
ထိုင်းအစိုးရလူကုန် ကူးမှုအထူးစုံစမ်းရေးDSI မှ နိုင်ငံခြား သားအချို့ထိုင်းလူမျိုးများနှင့်
ဘန်ကောက်မြန်မာသံရုံးနှင့် MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း တို့ အားဂုဏ်ထူးဆောင်ရွှေတံဆိပ်နှင့်
ဂုဏ်ပြုလွှာကို အခမ်းအနားဖြင့် စင်ထရယ် ဟိုတယ်တွင်ကျင်းပ ချီးမြှင့် ခဲ့ပါသည်။
၂၀၁၅ နှစ်ကလည်း ရန်ကုန်အခြေစိုက် ဆဲဗင်းဒေး
သတင်းစာတိုက်မှ အများအတွက် သက်စွန့်ဆံဖျား စွန့်စားကြသူများကို တစ်နှစ်တစ်ကြိမ်
ရွေးချယ်ချီးမြှင့်သော 7Day Hero ဆုကို၊
ပြည်တွင်းမှ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် တို့နှင့်အတူ ထိုင်းနိုင်ငံတောင်ပိုင်း
ဖန်ငအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် အတူ MAT အဖွဲ့
ဦးကျော်သောင်း တို့ ပူးတွဲရရှိခဲ့ဖူးပါသည်။
ဦးကျော်သောင်း သည် ထိုင်းလူကုန်ကူးဂိုဏ်းနှင့်
မြန်မာလူကုန်ကူးဂိုဏ်းသားတို့ လုပ်ကြံခြင်းကို အကြိမ် ကြိမ် ခံဖူးသည့်အပြင်၊
ဦးခေါင်းကိုဖြတ်ပေးနိုင်ပါက ဘတ်ငွေ၂သန်းပေးမည်ဟူ၍ကြေညာခံရဖူးပါသည်။ အလားတူပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့
MOEAF မှ အေဂျင်စီဒါရိုက်တာ တစ်ဦး ကလည်း ဘတ်သုံးသိန်းပေး၍
အသတ်ခိုင်းကြောင်း အခိုင်းခံရသူပြောသည့် VDO မှတ်တမ်းရှိကြောင်း ဦးကျော်သောင်း က ပြောသည်။
ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT သည်ထိုင်းအစိုးရလူကုန်ကူးမှုတိုက်
ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၁
ခုနှစ်တွင် လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင်
၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ ဦးနှင့် ၂၀၁၅ ခုနှစ်တွင် ၂၃ ကြိမ် ကယ်တင်မှုတွင် ၁၇၄
ဦးတို့ အား ကယ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူပေါင်း
၁၀ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။
၂၀၁၆ ခုနှစ်တွင် ၉လအတွင်း
လူကုန်ကူးမှု ၂၆ကြိမ် နှိမ်နင်းရာတွင် လူကုန်ကူးခံရသူပေါင်း ၃၂၆ ဦး ရှိနေပြီဖြစ်သဖြင့်ယခုနှစ်တွင်ထိုင်းနိုင်ငံအတွင်း မြန်မာများလူကုန်ကူးခံရမှုပိုမိုများပြားနေကြောင်း
ပြောနိုင်ပါ
သည်။
Labels:
သတင်း
Subscribe to:
Posts (Atom)










