06 August 2012

MOU အလုပ်သမား ၅၀ ကိစ္စ ဒေါ်မေကျော့ရှင်း ၏ ရှင်းလင်းချက်



သို./                  
     ညွှန်ကြားရေးမှူးချုပ်        နေ.စွဲ၊ ၂၀၁၂- ခုနှစ်၊ ဇူလိုင်လ ၃၁      အလုပ်သမားဝန်ကြီးဌာန
     နေပြည်တော် - ပြည်ထောင်စု မြန်မာနိုင်ငံ။                         

အကြောင်းအရာ။       ။ ကိုးဆစ် ကုမ္မဏီမှခေါ်ယူသော အလုပ် သမား(၅၀) နှင့်ပတ်သက်၍ အဖြစ်မှန်များကို ရှင်းလင်း  တင်ပြ အစီရင်ခံခြင်း ၊
          ကျမ(မေကျော့ရှင်း)သည် ဗန်ကောက်သို. အလုပ်ဖြင့် တရားဝင်ရောက်ရှိ နေသည်မှာ (၂၅)နှစ်ရှိပြီး ဌာနဆိုင်ရာ ပုဂ္ဂိုလ်များနှင့်လည်း သိကျွမ်းခင်မင်လက်ရှိသည့်အတိုင်း အကူ အညီလိုသူ မြန်မာမိတ် ဆွေများရှိလာပါက ကူညီပေးနေသူဖြစ်သလို မြန်မာသံရုံး၏ မြန်မာအလုပ်သမားများ ကူညီ စောင့် ရှောက်ရေး ကော်မီတီဝင် တစ်ဦးလည်းဖြစ်သည့်အတိုင်း အကူအညီတောင်းလာပါက မိမိ စရိတ်ဖြင့် လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူလည်းဖြစ်ပါသည် ။
            ကိုးဆစ် ကုမ္မဏီနှင့်ပတ်သက်၍ လည်း ကူညီပေးခဲ့မိခြင်းမှာ-၁) MOU မြန်မာအလုပ်သမား (၅၀) အတွက် ဘတ် ၄- သိန်းကို မြန်မာအမျိုးသားတစ်ယောက်နှင့်   ထိုင်းအမျိုးသမီးတစ်ယောက်မှ  လိမ်လည် သွားသည့်အတွက် မပြီးပြတ်သေးသည်ကို ဆက်လက် ကူညီဆောင်ရွက်ပေးရန် မိတ်ဆွေတစ်ဦး၏  အကူ အညီတောင်းလာသည်ကို  မြန်မာ အမျိုးသမီး တစ်ယောက်အနေဖြင့် မှန်မှန်ကန်ကန်လုပ်ပြရန်လက်ခံ ကူညီပေးခဲ့ခြင်းဖြစ်ပါသည်။
၂) ၄င်းကိစ္စကို Golden Sea Company ပိုင်ရှင် Million Tin ခေါ် ကိုသန်းတင် နှင့် ဇနီးဖြစ်သူIris   လေပြေဦး တို.သို.  အလုပ်အပ်ခဲ့ပါသည် ။  နောက်ဆုံး စာချုပ်လက် မှတ်ထိုးနိုင်ရေးကို  ကိုးဆစ် ကုမ္မဏီ မှကိုယ်စားလှယ်အဖြစ် လူစားထိုးပေးရန် အကူအညီတောင်း လာပြန်သည့်အတွက်   ဗန် ကောက်မှ ထိုင်းတစ်ယောက်ကို အစားထိုးပေးခဲ့ရပါသည်။ ကုမ္မဏီမှကိုယ်စားလှယ် ဖြစ်ကြောင်းကို ကုမ္မဏီတံဆိပ်နှင့် တကွ သူဌေးမှလက်မှတ်ပါထိုးပေးခဲ့ပါသည် ။
၃) ဗီဇာရရှိရေးအတွက် ထိုင်းအစိုးရမှ အဆင့်ဆင့်စီစဉ်ဆောင်ရွက်နေစဉ်အတွင်း  Golden  Sea Comp any ပိုင်ရှင် Million Tin  ခေါ်  ကိုသန်းတင် နှင့် ဇနီး  Iris လေပြေဦး တို.မှ   အလျင်အမြန် စီစဉ်ပေးရန် သို.မဟုတ်ပါက မြဝတီရှိ အလုပ်သမားများ၏ နေရေး စားရေးမှာ အလွန်အခက် အခဲ ဖြစ်နေကြောင်းနှင့် ပတ်စ်ပို.များလည်း ရေး ပြီးနေပြီ အမြန်ခေါ်ရန် အပူတိုက်နေ၍  Kosit Company  ရှိရာ  ဖူးကက်သို. ကျမကိုယ်တိုင် အရောက်သွားပြီး  ၄င်းတို. ကုမ္မဏီမှ မြဝတီသို. သွားကာအလုပ် သမား ၅၀ကို ခေါ်ယူရန်   ဆွေးနွေးခဲ့ပါသော်လည်း ရုံးတွင်မည်သူမျှ သွားနိုင် မည့်သူမရှိကြောင်းနှင့် ဆက်လက် ကူညီပေးရန် အပြင်ကိုးဆစ်ကုမ္မဏီ  အနေနှင့်   လူ (၅၀) လုံးအလုပ်ခွင်သို. အရောက် ပို. ပေးမှ တစ်ယောက် ဘတ် တစ်သောင်းနှင့်ဘတ်(၅-သိန်း)ကို ပေးနိုင်မည်ဖြစ်ကြောင်း သို့မဟုတ်  ပါက အခြားလိုနေသည့် ကုမ္မဏီ သို. ပေးလိုက်ရန်ပြော ပြီးလွှဲစာ ကိုပါ ထုတ်ပေးခဲ့ပါသည်။
၎) ဗီဇာခ (တစ်ယောက် ၂၅၀၀) စုစုပေါင်း (တစ်သိန်း ငါးသောင်း ) ပေးရန်နှင့် လမ်းစရိတ်စသည် စားစရိတ် စသည်ကို  Golden  Sea  Agent  မှ စိုက်ထုတ်ပေးထားရန် ဆွေးနွေးရာ အဆင်မပြေပဲ အခြား -အလားတူ ကုမ္မဏီ တစ်ခုကိုရှာပေးရန် Agent မှ ပြောလာခဲ့ပါသည် ။
၅) ဖူးကက်ဒေသတွင် တာဝန်ကျသူ ရင်းနှီးသည့်  မိတ်ဆွေဖြစ်သူ ထိုင်းဗိုလ်မှူးကြီး ( အငြိမ်းစားမ  ဟုတ်- ရာထူးလက်ရှိ) တစ်ဦးနှင့်ဆွေးနွေးရာ  သူ.ဆွေမျိုးများ၏  ကုမ္မဏီ  အတွက်ယူမည်ပြောပြီး ဗီဇာဖိုးနှင့် အသုံးစားရိတ်အဖြစ် ၂  သိန်း  ၅ - သောင်းထုတ်ပေးခဲ့ရာ( Agent  အတွက်ပေးရန် ငွေ  ၁ - သိန်း  ၅ - သောင်း အနက် အိုင်းရစ္စ လေပြေဦး ထံသို. ၇ - သောင်းပို.ပေး ရန်ဖြစ်သော်လည်း ဗီဇာဖိုးပေးရန် ၁ -သိန်း ၅- သောင်းကိုပါ ထုတ်ထားပြီးဖြစ်၍ ၂ သောင်း ၅ -ထောင်ကိုသာ ပထမဆုံး ပို.ပေးနိုင်ခဲ့ပြီး ကျန်ငွေ ကို နောက်နေ. ဖူးကက်ရောက်မှ ဘဏ်မှထုတ်ပြီး ပို.ပေးရန်  သဘော တူခဲ့ ပါသည်) ။
၆)ဇူလိုင်လ၂၀-ရက် သောကြာနေ.မနက်မဲဆောက်ရောက်သည်နှင့်ကိုသန်းတင်နှင့်အိုင်းရစ္စ  လေပြေဦးတို.
ထံ ဖုံးဆက်ရာ လာခေါ်မည်ပြောခဲ့သော်လည်း  မနက်  ၉ - နာရီအထိ  ပေါ်မလာ သည့်အတွက် မဲဆောက် ရှိထိုင်းလဝကရုံးသို.မိမိအစီအစဉ်ဖြင့်သွားကာလိုအပ်သည့်ဗီဇာ လျှောက်လွှာများကို  တောင်းယူကာ လူ ၅၀
 - အတွက် မိတ္တူကူးပြီး ထမင်းဆိုင်မှာပင် ရေးဖြည့် ပေး ခဲ့ပါသည် ။
၇) ၁၁- နာရီ ခန့်မှ Agent မှ လူငယ်လေးတစ်ယောက် ရောက်လာရာ ကျမမှာ ပတ်စ္စပို. ကိုင်ထား သူဖြစ်၍ မလိုက်လိုကြောင်း  ပြောသော်လည်း အိုင်းရစ္စလေပြေဦး က  ကျမကို မရမက အပါ  ခေါ် ခဲ့ရန်မှာလိုက်ေ ကြာင်း ကိုသန်းတင် ခရီးထွက်သွားကြောင်းပြောရာ နောက်ဆုံးတွင် အားနာ၍လိုက် ပါသွားမိပါသည် ( ဖြစ်သမျှအားလုံး ကျမခေါင်းပေါ်ပုံချရန် စီစဉ်ကြသည်ကို ယခုမှ သိရပါသည်) ။
၈) ကိုးဆစ်ကုမ္မဏီ မှ မခေါ်တော့ကြောင်း - အခြားသော အလားတူကုမ္မဏီ မှခေါ်ကြောင်းကိုကြို တင် အသိပေးခဲ့ပါလျက် အလုပ်သမားများကို ပြောမထားခဲ့ကြောင်း ၊ အလုပ်သမားများထံမှလည်း တစ်ယောက် ကို ဘတ်  ၄- ထောင်ခန့် Agent မှယူထားပြီးဖြစ်ကြောင်း၊ မြဝတီတွင် ရေကိုပင် ဝယ် ချိုးရသလို ချိုးရေ ကိုပင်သောက်ခဲ့ရပြီး ဆင်းဆင်းရဲရဲနေခဲ့ရကြောင်းအလုပ်သမားများမှပြောပါသည်။
၉) မြဝတီမှအလုပ်သမားများကို မဲဆောက်သို.ခေါ်လာရာတွင် Agent မှ မန်နေဂျာဆိုသူ ဦးအောင်နိုင်စိုး ဆိုသူ မဲဆောက်သို.လိုက်ပါလာပြီး လိုအပ်သည့် ဗီဇာပုံစံများကို  ဆက်လက်ရေးဖြည့်ခဲ့ရာ ညနေ  ၅ -နာရီခွဲ တွင်  ထိုင်းဗိုလ်မှူးကြီး စီစဉ်ပေးလိုက်သည့်  ဘတ်စ်ကားကြီးဖြင့် မဲဆောက်မှ ဖူးကက်သို. ထွက်ခွါနိုင်ခဲ့ပါ သည် ။
(၁၀)လမ်းတစ်ဝက်ခန်.ရောက်သည်တွင် -သူ. လူ ၅၀- ကို အခြားကုမ္မဏီ တွင်လုပ်ပါက ရဲနှင့်ဖမ်း  မည်- ဟု ကိုးဆစ်ကုမ္မဏီ ဖုံးဆက်လာကြောင်း အိုင်းရစ္စလေပြေဦး  ထံမှဖုန်းလာရာ ကျမအနေ နှင့်  လည်းအလုပ် သမားများကိုကြိုတင် ပြောထားရန်လိုအပ်မည်ဟုယူဆကာ ပြောလိုက်မိပါသည်။ စောစောကမပြောရ 
 ကောင်းလားဟု အလုပ်သမားများကပြောရာ- Agent ကိုပြောပြီြးုဖစ်၍ အလုပ် သမားကိုရှင်းပြ အသိပေးရန် သူတို.မှာ တာဝန်ရှိကြောင်းနှင့် မန်နေဂျာ ဦးအောင်နိုင်စိုးဆိုသူကိုပင် ယခုမှတွေ.သိရကြောင်း ရှင်းပြပါရပါ သည်။
၁၁) ၂၁- ရက်နေ. ညနေ ၆-နာရီခန်.တွင် ဖူးကက်မြို.နယ်  မှ တကွိုင်ပါ မြို. တွင် ဗိုလ်မှူးကြီးမှ ကြို ဆိုပြီး ညစာ ထမင်းထုပ်များဝေပေးပါသည်။ ထို.နောက် သူ၏ ဆွေမျိုးတော်စပ်သူများ၏ လုပ်ငန်း ခွင်များသို. အလုပ်သမားများအား ခွဲဝေနေရာချထားရာ အလုပ်သမားများက သူတို.ကို ရောင်းစား သည်ဟု စွပ်စွဲပြီြး ပန်ပို.ပေးရန်ကိုသာ ဇွတ်ပြောပါတော့သည် ။ ၁၅ - ယောက်သည်သာ လုပ်ငန်း ဝင်ရန် သဘောတူပြီး ကားပေါ်တက် လိုက်ပါသွားပါသည် ။ ၃၅- ယောက်မှာမူ စကားပြန်ဖြစ်သူများ ၏ ရှင်းပြသောစကားကိုလည်း နားမထောင်ပဲ ယာဉ်မောင်းသူကိုပါ အဆင်သင့်ရပ်ပေးထားသော ကားပေါ် မတက်ပဲ ဓါတ်ဆီဆိုင်တွင်းမှ ထမင်းဆိုင်အတွင်းနှင့် အပြင်မှာပင် ဇွတ်ပေ အိပ်နေကြပါ သည်။ ဒီည ကားနဲ.လိုက်သွားပြီး အဆောင်မှာ   အေးအေးဆေးဆေး သွားအိပ်ပါ-မနက်မှ ပြန်ဆွေး နွေးကြရအောင်ပါ-လို.ပြောသည်ကိုလည်း နားမထောင်ပါ ။  မနက် ၂- နာရီထိုးသည်အထိ ကျမ အနေနှင့် နားချပါသော်လည်း မရသည့်အဆုံး မနက် ၃ နာရီတွင် ဗိုလ်မှူးကြီး၏ တပည့် မောင်နှစ်မ အကူအညီဖြင့် နီးရာ တည်းခိုခန်းသို.သွားအိပ်ရပါသည် ။ ၂- ရက်နှင့် ၂-ည မအိပ်ခဲ့ရပါ။
၁၂) ၂၂-ရက်နေ. မနက် ရ-နာရီ- ၄င်းတို.ထံရောက်သည်တွင် “ ဟိုမှာ ကယ်ဆယ်ရေးတွေလာနေ တယ် ဆရာမ သွားရှင်းလိုက်ပါ“- ဟု ဗိုလ်မှူးကြီးတပည့်မှပြောရာ ကယ်ဆယ်ရေးတာဝန်ခံ ကိုဝဏ နှင့် ကိုမိုးဝေ တို.အားရှင်းပြရပါသည်။ အကြောင်းစုံသိသွားသော ကိုမိုးဝေတို.ကလည်း -  “ မင်းတို. အလုပ်လာလုပ် တာလား- ပြဿနာရှာဖို.လာတာလား“ - ဟုမေးကြသည်ကိုပင် ဂရုမထားပဲ  ကယ် ဆယ်ရေးစခန်း သို. ပို.ပေးရန်ကိုသာ ပြောနေ၍ ကိုမိုးဝေတို.မှ ခေါ်သွားကြခြင်းဖြစ်ပါသည်။  
၁၃) ကျမအနေနှင် ဗန်ကောက်တွင် ဒူရာ့ကစ်ပန်ဒစ် ယူနီဗါစီတီ တွင် ASEAN  နိုင်ငံများ၏  ဘာသာ စကားသင်ကြားရေးဆိုင်ရာ အစည်းအဝေးတက်ရန် လေယာဉ်ကွင်းသို.ကိုမိုးဝေ ကပင် သူ.ကားဖြင့် လိုက် ပို.ပေးပါသည်။ ၂၄ -ရက်နေ.ညနေပိုင်းတွင် ဖူးကက်သို.ပြန်သွားကာ ကိုးဆစ်ကုမ္မဏီ နှင့် ညှိ နှိုင်းဆွေးနွေး ခဲ့ရာ ၄င်း အလုပ်သမား ၅၀ - အတွက်  ၄ -သိန်း အလိမ်ခံထားခဲ့ရသောကြောင့်  တစ် ယောက်ကို ၁၉၀၀၀ - ဘတ် သတ်မှတ်ကာ တစ်လ ၃ - ထောင် ဖြတ်မည်ပြောသည်ကို  လက်မခံ ဖြင့် အလုပ်သမားများ သဘောထားအတိုင်း ၁၂၀၀၀ သတ်မှတ်ပြီး ရ၀၀၀ - ကို စုငွေအဖြစ်ထားပေး ကာ ၂-နှစ်ပြည့်သောအခါ ၄င်းစုငွေများကို ပြန်ထုတ်ပေးမည်ဟုပြောသည်ကိုလည်းအလုပ်သမားများမှလက်မခံပဲမလုပ်လိုကြောင်း
 ပြောပါသည် ။
၁၃) နောက်ဆုံးတွင် ပြန်ပို.ရန်စီစဉ်ရာ -ဗိုလ်မှူးကြီးကလည်း ဗီဇာဖိုး တစ်ယောက် ၂၅၀၀ နှင့် ၅၀ -အတွက်  ၁၅၀၀၀၀  နှင့် ကားခ- ၇၀၀၀၀ ( စားစရိတ်မပါသေး) အနက် ဗီဇာဖိုး   ၁၅၀၀၀၀ -  ကို ပေးခဲ့ပါ - ကျန်ငွေ ကို ကျမအနေနှင့် အာမခံပေးခဲ့ပါ- ပြောပါသည်။
၁၄) ထိုကိစ္စကို Golden Sea  Agent ပိုင်ရှင် Million Tin (ကိုသန်းတင်) အနေနှင့် ဖူးကက်သို.သွား   ရောက်ဖြေရှင်းရာ ဘတ် ၁၅၀၀၀၀ - ပေးခဲ့ပြီး ကျန်ငွေကို ကျမအနေနှင့် အာမခံပေးခဲ့သောကြောင့် ယခုအခါ အလုပ်သမား ၅၀ - ကို ဦးသန်းတင်မှ မြဝတီသို.ပြန်လည်ခေါ်ဆောင်လာပြီဖြစ်ပါသည် ။
အထက်ပါရှင်းလင်းတင်ပြချက်များမှာ အမှန်အကန်ဖြစ်ပါကြောင်း သက်သေ အထောက်အထား နှင့် လူအများလည်း ရှိပါသည် ။
အစဉ်လေးစားလျက်ရှိပါသော
(မေကျော့ရှင်း)
မြန်မာဘာသာ သင်ကြားရေးတာဝန်ခံ
ASEAN  LANGUAGE  Center
ထူရာ့ကစ်ပန်ဒစ် ယူနီဗါစီတီ
ငမ်ယုံဝမ်လမ်း - ဗန်ကောက်မြို. - ထိုင်းနိုင်ငံ
မိတ္တူကို-
၁) ဝန်ကြီး + ဒုဝန်ကြီး  (အလုပ်သမားဝန်ကြီးဌါန)
၂) ဝန်ကြီး  ( နိုင်ငံခြားရေးဆိုင်ရာ ဝန်ကြီးများရုံး -နေပြည်တော် )
၃) သံအမတ်ကြီး (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ဗန်ကောက်မြို.)
၎) စစ်သံမှူးကြီး   (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံး- ဗန်ကောက်မြို.)
၅) ဥက္ကဌ (မြန်မာ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး-မြဝတီ)
၆) ဗိုလ်မှူးနိုင်ထွန်း ( အတွင်းဝန် - မြန်မာသံရုံး -ဗန်ကောက်မြို.)
၇) ဦးကျော်ကျော်လွင် (အလုပ်သမားဆိုင်ရာသံမှူး - မြန်မာသံရုံး -ဗန်ကောက်မြို.)
၈) ရဲမှူးကြီး  (ရဲသတင်းဌာနရုံး - မြဝတီ )
၉) ဦးစီးအရာရှိ  ( အလုပ်သမားဝန်ကြီးဌာန - မြဝတီ )