စက်တင်ဘာ ၂၅ မြတ်ညို(အလွတ်သတင်းထောက်)
စက်တင်ဘာ ၂၅ မြတ်ညို(အလွတ်သတင်းထောက်)
မဲဆောက်/မြ၀တီက
မြန်မာပွဲစား တစ်ဦးထံမှာ ဘတ်ငွေ ၁၆,၀၀၀ နဲ့ပြီးစလွယ်ဝယ်ယူပြီး ဘန်ကောက်မြို့ကို အလုပ်လုပ်ရန်
လာခဲ့ကြသည့် မြန်မာအလုပ်သမား ၃ဦးအား စက်တင်ဘာ၂၄ ရက် ညဥ့်ဦးပိုင်းတွင် မဲဆောက်အထွက်
ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
တွေ့ရှိချက်များအရ
အဆိုပါ အလုပ်သမားသုံးဦးတို့မှာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်၊လယ်ခြားမြောင်းကျေးရွာမှ
ဦးအေး ခန်း+ဒေါ်ခင်မာချို တို့သမီး၏ အမည်ရင်းမှာ မသီရိအေးဖြစ်ပြီး ပတ်စပို့စာအုပ်တွင်
(ယဉ်ယဉ်သန်း) နှင့် တရွာတည်းမှ ဦးခင်ရွှေ+ဒေါ်သိန်းဝင်း တို့သမီး၏ အမည်ရင်းမှာ ပန်းအိဖြူ
ပတ်စပို့စာအုပ်တွင် (ခင်သန်းရွှေ)တို့ဖြစ်သည်။ တတိယ တစ်ဦးမှာ ကရင်ပြည်နယ်၊နောင်လုံအရှေ့ကျေးရွာမှဦးလှထွေး +
ဒေါ်စန်းမြင့် သား၏အမည်ရင်းမှာ ကိုမျိုးဦး ဖြစ်ပြီး ပတ်စပို့တွင် (ကိုတင်) ဖြစ်နေပါသည်။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT
မှ ရုံးတာဝန်ခံ ကိုစိုင်းအေး က
“ကျနော်တို့ရုံးက မြန်မာသံရုံးအကူညီနဲ့ တစ်နေ့က ကယ်တင် ခဲ့တဲ့
စစ်ကိုင်းတိုင်းယင်းမာပင် မြို့နယ်၊ ချင်းပုန်း ကျေးရွာက မိန်းကလေး ၄ယောက်ကို ကားငှါးပြီးတော့ သွားပို့တာ မဲဆောက်အ၀င်ဂိတ်မှာ ထိုင်းလ၀က က ကျနော်တို့ ကိုဘာ သာပြန်ပေးဖို့ အကူညီးေ တာင်းပါတယ်။ ကျနော်တို့ စာအုပ် တွေနဲ့
တိုက်ကြည့်ပါတယ်။ ခက်တာက ထိုင်းမှာက ပတ်စပို့ အတုလုပ်တဲ့သူတို့
တံဆိပ်တုံးအတုထုတဲ့သူတို့ကို မဖမ်းဘူး။