13 September 2013

“လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့”




စက်တင်ဘာလ ၁၃ ရက်နေ့ကို လူကုန်ကူးမှုတိုက် ဖျက်ရေးနေ့အဖြစ် ဘယ်တုန်းက သတ်မှတ်ခဲ့သည် ကိုကျနော်မသိ။ ဒါပေမယ့်ပြည်တွင်းမီဒီယာတွေမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ သတင်းကို ဖေါ်ပြလို့ သာ သိလိုက်ရတာပါ။ အမှန်ကလူကုန်ကူးမှုဆိုတဲ့ အသံကိုလည်း မကြားချင်တော့သလိုလုပ်ချင်ကိုင် ချင်စိတ်တွေလည်းတဖြည်းဖြည်းကုန်ခမ်းလာနေ လို့ဖြစ်တယ်။
   ပြည်တွင်းစာစောင်တွေမှာတော့ လူကုန်ကူးမှုနဲ့
ပတ်သက်တဲ့ရေးသားချက်တွေကတော့ ဖတ်ချင်စဖွယ် ချယ်မှုန်းထားကြတယ်။



       “ကျနော်တို့ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ဘယ်တုန်းကစပြီး စတင်လုပ်ဆောင်လာသလဲ”
        ဘယ်သူတစ်ဦးတစ်ယောက်ကမှ တိုက်တွန်း ခိုင်းစေလို့လုပ်ကိုင်ခဲ့တာမဟုတ်ပဲ မိမိသဘော အရ လုပ်ကိုင်ခဲ့တာသာဖြစ်ပါတယ်။ အလုပ်သမား ကိစ္စရပ်တွေကို စတင်လုပ်ဆောင်ကာစ ၂၀၀၃/ ၂၀၀၄ ၀န်းကျင်က  မတရားဖိနှိပ်ခံရတဲ့ အလုပ်သမားတွေ   ရောင်းစားခံရတဲ့ အလုပ်သမားတွေရဲ့ သတင်း အချက် အလက်တွေကို စုဆောင်းမှတ်တမ်းတင်ပြီး တော့ တရားဝင်အင်ဂျီအိုတွေကို ပေးပို့ခဲ့ရတယ်။ မိတ်တွေနဲ့ စုပေါင်းတည်ထောင်ထားကြတဲ့သတင်းစာတစ်စောင် မှာလည်း ထည့်သွင်းရေးသားဖေါ်ပြကြ တယ်။  ခရီးစရိတ်တွေ ဖုန်းဖိုးတွေ အမြောက်အမြားကုန်ကျခဲ့တယ်။

                ပရိုပိုဇေ တပွေ့တပိုက်နဲ့  လစာနဲ့ခရီးစရိတ်နဲ့လုပ်နေကြတဲ့ အဲဒီအင်ဂျီအိုတွေဟာ ကျနော်တို့ ရရှိတဲ့သတင်းအချက်အလက်တွေကို ထိုင်းအစိုးရအဖွဲ့နဲ့ထိုင်းအင်ဂျီအိုတွေကို ပြပြီးပူးပေါင်းလုပ်ဆောင်ကြ ပါတယ်။ ပြဿတွေရဲ့  ၁ ရာခိုင်နုန်းလောက် အကောင်အထည်ဖေါ်ကြတယ်။ အကောင်းအထည်ဖေါ်တဲ့ နေရာတို့ ပူးပေါင်းဆောင်ရွက်ကြတဲ့ ထိုင်းအစိုးရအဖွဲ့အစည်းတို့နဲ့ ကျနော်တို့ကို ထိတွေ့ မိတ်ဆက်ပေးခြင်းမရှိခဲ့ကြဘူး။ အဖြစ်အပျက်နဲ့ပတ်သက်တဲ့ ဆောင်းပါးနဲ့ သတင်းတို့ရေးရင်သုံးနိုင်   အောင် ဓါတ်ပုံတစ်ပုံ လောက် ပေးပါလို့တောင်းတာကိုတောင် မရရှိခဲ့ပါဘူး။ နိုင်ငံတကာအဖွဲ့ အစည်းတွေ မှာ လုပ်နေကြတဲ့ထိုင်း နဲ့ အင်္ဂလိပ်ဘာသာလို ကျွမ်းကျင်တဲ့ မြန်မာအရာရှိနဲ့အင်ဂျီအိုဝန်ထမ်းတွေရဲ့ လူလည် ကျမှုတွေကို ခါးခါး သီးသီး အများကြီးခံခဲ့ကြရတယ်။        

    

              လူလည်ကျတဲ့အင်ဂျီအိုတွေ ကို သတင်း အချက်အလက်အပြည့်အစုံပေး နေရတဲ့အနေ အထားကနေ ၂၀၀၇လောက်မှာ ထိုင်းအစိုးရ အာဏာပိုင်တွေနဲ့ တိုက်ရိုက် ဆက်သွယ်လုပ်နိုင် လာခဲ့တယ်။ ပထမ ဦးဆုံး အောင်မြင်ခဲ့မှုကတော့ ဘန်ကောက်မြို့လယ် ဒင်းဒဲန် အရပ်မှာရှိတဲ့ အိမ် တွင်းအထည်ချုပ် အလုပ်ရုံ တစ်ခုက အခန်းပိတ်ေ လှာင်ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမား ၃၅ ဦး ကစခဲ့တာပါ။ ဒုတိယကတော့ ဘန်ကောက်မြို့စွန် မှာရှိတဲ့ အထပ် ၃၀ ပါရှိတဲ့ ကွန်ဒိုတိုက်ခန်းပိုင်ရှင် ထိုင်းစစ်တပ်က အငြိမ်စား အရာရှိ ကြီး တစ်ဦးအိမ်မှာ ဒူးထောက်သွားရတဲ့ မြန်မာအလုပ်သမား ဇနီးမောင်   နှံ ၂ဦးတို့တို့ကို ကယ်တင်နိုင်ခဲ့ တာက စတင်ခဲ့တယ်လို့ ဆိုရပါမယ်။


                                           “ဘာတွေအခက်အခဲရှိလဲ”
     ကျနော်တို့ဟာ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ ပရိုပိုဇေနဲ့ လုပ်နေရတဲ့ အဖွဲ့လည်းမဟုတ်ဘူး။ ၀န်ထမ်းတွေနဲ့ စနစ်တကျလည်ပတ်နိုင်တာလည်းမဟုတ်ဘူး။ အခက် အခဲတွေအများကြီးရင်ဆိုင်ရတယ်။ ထိုင်းဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့သူ ကျနော် မှာ မိတ်ဆွေ ၁၀ ယောက်လောက် ရှိလာခဲ့တယ်။ အားလုံးဟာ လုပ်ငန်းခွင်အမျိုးမျိုးမှာ အလုပ် လုပ်နေကြတဲ့ သာမန်အလုပ်သမားတွေပဲဖြစ်ကြတယ်။

       ဒါပေမယ့်ကျနော်က ၂၀၀၇ မှာအလွတ်သတင်းထောက်လုပ်လိုက်၊ ဖယောင်းလက်မှုအတတ်ပညာ လုပ်လိုက်ဆိုတော့ အလုပ်သမားကိစ္စတွေကို ပိုမိုအချိန်ပေးလာနိုင်ခဲ့တယ်။ အင်ဂျီအိုတွေဖိတ်သမျှ စည်းဝေးပွဲ တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို စဉ်ဆက်မပြတ် တက်ရောက်နိုင်အောင် ကြိုးစားလာခဲ့တယ်။ ၂၀၁၀ မှာ မိတ်ဆွေ တစ်ယောက်က ကျနော့်ကို  လစဉ်ဘတ်ငွေ  လေးထောက်စီထောက်ပံ့ပေးတဲ့အကူ ညီတစ်ခုကို မမျှော်လင့်ပဲ ကျနော်ရရှိခဲ့တယ်။  ကျနော် အခန်းခအတွက် ပူပင်စရာမလိုဖြစ်ခဲ့တယ်။



              ထိုင်းနိုင်ငံအနှံ့က သိရှိသမျှ အလုပ် သမားပြဿနာတွေကို လုပ်ငန်းခွင်အသီသီက  မိတ်ဆွေ ဘာသာပြန်တွေက ဖုန်းနဲ့ ၀ိုင်းကူ ပြန်ပေး ကြတယ်။ သွားလာလှုပ်ရှားလို့ ကုန်ကျသမျှ ငွေ
တွေ ကတော့ ကျနော့်လုပ်အားခတွေကပဲ အသုံးပြု ရတာဖြစ်တယ်။
 ၂၀၁၁ ခုနှစ်မှာ ထိုင်းစာနဲ့ထိုင်းစကား အထူးကျွမ်း ကျင်တဲ့ မိတ်ဆွေတစ်ယောက်ကျနော့်ဆီကိုအပြီး     ပြောင်းလာခဲ့တယ်။ ဒါကြောင့် ကျနော် အလုပ် သမား ကိစ္စတွေကို ပိုမိုထိထိရောက်ရောက်လုပ်လာနိုင်ခဲ့တယ်။ အခြားအဖွဲ့တစ်ခုမှာ တာဝန်ခံလုပ်တုန်းက မဟာချိုင်လိုနေရာကို အလုပ်သမားတွေ ကိစ္စနဲ့ ကျနော်တို့သွားတာ ပုလိပ်ဖမ်းလို့ငွေပေးရဖူးတယ်။ လူကုန်ကူးမှုကိစ္စတွေကို သတင်းစတင်ဆုတောင်းရတဲ့အခါ ကျနော်တို့ အတွက် ခက်ခဲပင်ပန်းပြီး အလွန် အန္တရာယ်များပါတယ်။တစ်ခါတစ်ရံကျနော်တို့မလုပ်ချင်မလုပ်နိုင် လောက်အောင် ဖြစ်စေပါတယ်။  ခြေကုန်
လက်ပန်းကျပြီး ငိုင်စင်းသွားဖူးပါတယ်။
              ကျနော်တို့ဟာ တရား၏၀င်မှုတစ်စုံတစ်ရာ လုံခြုံမှုတစ်စုံတစ်ရာ ရှိတဲ့လူတွေမဟုတ်ဘူး။ ဒါကြောင့် ဖြစ်သင့်တာက ကျနော်တို့သိထားတဲ့ လူကုန်ကူးမှုသတင်းအချက်တွေကို ကျနော်တို့ ရရှိလာတဲ့ အခါ ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP နဲ့ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက် ရေးအဖွဲ့ တွေကို ပဏာမ သတင်းပေးလိုက်တယ်။ အဲဒီသတင်းကိုအခြေခံပြီးတော့ သူတို့ ငွေကြေးအပြည့်အစုံအလျှံ ပယ် ထောက်ပံ့ထားတဲ့ ထိုင်းအင်ဂျီအို အဖွဲ့တွေကို ဆက်လက်စုံစမ်းဖို့နဲ့  နောက်ပိုင်းဆောင်ရွက်မှုတွေကို သူတို့ ဆက် လက်အကောင်အထည်ကြရပါမယ်။

        တကယ့်လက်တွေ့မှာအဲဒီအဖွဲ့အစည်းတွေ ဟာ  ကျနော်တို့ဆီက နောက်ဆုံးဖမ်းဆီးကယ် ထုတ်ရန်အဆင်သင့် တင်ပြနိုင်မှအကောင်အထည်   ဖေါ်ပေးတာကြောင့် လူကုန်ကူးခံရ သူတွေ ကိုသ နား လွန်းတဲ့ ကျနော်တို့တွေဟာ ကျားရဲတောထဲကို အကာအကွယ်မပါပဲ တိုးဝင်ကြရတော့တယ်။  အလုပ်သမား ၁၈၀ ကျော်ကိုလုပ်အားခမပေးပဲ  ပိတ်လှောင်ပြီးတော့ တစ်နေ့ကို ၁၈နာရီအဓမ္မခိုင်ေ စနေတဲ့ မဟာချိုင်ကပင်လယ်အစားအစာထုတ်လုပ် တဲ့ အလုပ်ရုံတစ်ခုကို  ၀င်ရောက်စီးနင်းကြစဉ်မှာ ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က အကြီးဆုံး အရာရှိက ဒီလူတွေလာတိုင်လို့ လာဖမ်းရတာပါ ဆိုပြီး ကျနော့်ကို လက်ညှိး ထိုးပြတယ်။ အလုပ်သမား ၅၀၀ ကျော်လောက် အဓမ္မခိုင်းစေနေတဲ့ နေရာတစ်ခုကို စီးနင်းဝင်ရောက်ဖို့ ပြင်ဆင်နေတုန်း ထိုင်းဘက်က သတင်းပေါက်ကြားသွားလို့ ကျနော်တို့ လုပ်ကြံမှု ၂ကြိမ် ခံလိုက်ရသေးတယ်။

              UNIPကတော့သတင်းအချက်စုဆောင်းပြီး နှစ်နိုင်ငံအစိုးရနဲ့နိုင်ငံတကာအစည်းဝေးတွေမှာ တင်ပြရုံကလွဲပြီး  လက်တွေ့ဘာဆိုဘာမှမလုပ်ပေးနိုင်ဘူးလို့ပြတ်ပြတ်သားသား ကျနော့်ကိုပြောဖူးပါတယ်။ သူတို့ဟာ ငွေကြေးရော့နည်းပညာပါ ဘာအကူညီမှလည်း မပေးဖူးတဲ့သူတွေဖြစ်တယ်။ 
                   ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေကတော့ အရာရာ အဆင်သင့်ဖြစ်မှမလွဲ မသွေလိုက်မှဖြစ်တော့မယ်ဆိုတဲ့ အနေအထားအထိ အချက်အလက်တွေ အထောက်အထားတွေပြည့်စုံမှ လိုက်လံဖမ်းဆီးပေးပါတယ်။ အချက်အလက်အပြည့်အစုံပေးထားပါလျှက် မသိချင်ယောင်ဆောင် ခံထား ရတဲ့ လူကုန်ကူးမှုတွေလည်း အများကြီးလို့ပြောလို့ရပါတယ်။ ဘာပဲပြောပြော အရေးပေါ်အခြေအနေဖြစ်   နေတာတွေကို ၀င်ရောက် ကယ်ထုတ်ပေးတဲ့အတွက်တော့ ကျေးဇူးတင်ထိုက်ပါတယ်။


 “မြန်မာအစိုးရသစ် လက်ထက်မှာ ဘာတွေ အကူ ညီ ရသလဲ”
            ကျနော်တို့တွေဟာ ၂၀၀၀ ပြည့်လွန်   နှစ်တွေမှာမှ ထိုင်းကိုရောက်လာခဲ့ကြသူတွေဖြစ် ကြတယ်။ လွတ်လပ်စွာပြောဆို စုရုံးခွင့်ရရှိတဲ့ ထိုင်းလိုနိုင်ငံကိုရောက်ရှိလာခဲ့အခါ နိုင်ငံရေး စည်းဝေးပွဲတွေ၊ ဆန္ဒပြပွဲ တွေကို ဦးဆောင် စီစဉ်ဆောင်ရွက်ခဲ့ကြသူတွေလည်းဖြစ်ကြတယ်။  ကျနော်တို့လုပ်တဲ့နိုင်ငံရေးဟာ နိုင်ငံရေးအရေခြုံပြီး ဒုက္ခသယ်အဖြစ် တတိယနိုင်ငံတစ်ခုခုကို ထွက်ရရေး အတွက်မဟုတ်ဘူး။ ထိုင်းနိုင်ငံအတွင်း ကိုရောက်နေကြတဲ့ သန်းချီရှိတဲ့အလုပ်သမားတွေ  အထဲက အကူ ညီလိုအပ်သူတွေကိုတတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးခြင်းနဲ့ မြန်မာနိုင်ငံအတွက် အလုပ်အကျွေး   ပြုခြင်း ဟာလည်း နိုင်ငံရေး လုပ်တာပဲလို့ ယုံကြည်မှုနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူဆိုတဲ့ခေါင်းစဉ် ကို ရဲရဲဝံ့ဝံ့စည်းနှောင်ခဲ့ကြသူတွေဖြစ်တယ်။

           ၂၀၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ ရေးမြုပ်လို့ အလုပ်သမားတွေ ဒုက္ခအကြီးအကျယ်ရောက်ကြတယ်။ ကျနော်နဲ့ အလွန်ရင်းနှီးကြတဲ့ မဟာချိုင်က  ကိုခိုင်ကြီး ဆိုသူ နဲ့ ရွှေတွံတေးဆရာတော် တို့ နဲ့အတူ မဟာချိုင် ၀တ်နန်းစောင် ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းတစ်ခုကို ဖွင့်လှစ်ခဲ့ကြတယ်။  

ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း ဒါရိုက်တာ ကိုထူးချစ် ဟာ  ဒီကယ် ဆယ် ရေးစခန်းအတွက် ဘတ်ငွေတစ်သန်းကျော် ကူညီထောက်ပံ့ခဲ့တယ်။ ဒီကယ်ဆယ်ရေးစခန်းဟာ တရားဝင် ဖွင့်လှစ်ခွင့်ရတာ မဟုတ်ပဲ ဖွင့်လှစ်တဲ့ ကယ်ဆယ်ရေးစခန်းဖြစ်တာကြောင့် မဟာချိုင်က အင်ဂျီ အိုတွေနဲ့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနကပါ ပိတ်ပစ်ဖို့ဖိအားပေးတာခံခဲ့ရတယ်။ အဲဒီအချိန်မှာ တစ်ခါမှ မသိဖူး မရင်းနှီးဖူးတဲ့ မြန်မာ သံရုံးက မြန်မာသံမှူး ဦးနိုင်ထွန်း ဆိုသူနဲ့ ရင်းနှီးသိကျွမ်းခွင့်ရရှိခွင် ရရှိခဲ့ပါ တယ်။

                  “သံမှူး ဦးနိုင်ထွန်း နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ”
                ဘန်ကောက်အခြေစိုက်  မြန်မာ့အရေးတက်ကြွသူဖြစ်ခဲ့သူ၊ အလွတ်သတင်းထောက်အဖြစ် လုပ်နေတဲ့  ကျနော့်ကို ဦးနိုင်ထွန်း  ဟာ အထူးသတိထားဆက်ဆံပါတယ်။ အင်တာဗျူးတာနဲ့ ဓါတ်ပုံရိုက် တာကိုလည်း အထူးသတိထားပါတယ်။ ဒါပေမယ့် ရေဘေးသင့် မြန်မာအလုပ်သမားတွေကို ကူညီပေးကြ ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်  အပြန်အလှန်အသိအမှတ်ပြုပြီး အဆက်အဆံပြုလာခဲ့ကြပါတယ်။ လစာမရှိပဲ အခြားပြည့်စုံမှုများမရှိပဲ အလုပ်သမားတွေရဲ့ပြဿနာပေါင်းစုံကို  နေရာမရွေး ကူညီလုပ်ကိုင်   ပေးနေကြတဲ့ ကျနော်တို့ရဲ့ လုပ်ရပ်အပေါ် အသိအမှတ်ပြုပြီးနားလည်သဘောပေါက်သွားခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ရဲ့ မြန်မာပြည်နဲ့မြန်မာလူမျိုးတို့အပေါ်မှာ ထားရှိကြတဲ့ စေတနာကိုနဲ့ကျနော်တို့ရဲ့ စိတ်နေ သဘောထားနဲ့ ရပ်တည်ချက်တွေကိုလည်း သိရှိသွားခဲ့ပုံပေါ်တယ်။

                မြန်မာအလုပ်သမားသေဆုံးမှုအတွက် သံရုံးက လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ တစ်ခါတစ်ရံ လူကုန်ကူးခံရသူတွေ ပြန်သွားဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေ နဲ့ လူကုန်ကူးမှုသတင်းအချက်အလက်တွေ ကို ပူးပေါင်းဆောင်ရွက်လာခဲ့ကြပါတယ်။ ထိုမှတစ်ဆင့် လူကုန်ကူးမှုနှိမ်နင်းခြင်းတို့အတွက် အခါ အားေ လျှာ်စွာ  ခရီးစရိတ်ထောက်ပံ့ကူညီမှုမျိုးတွေရှိလာပါတယ်။ နောက်ပိုင်းမှာ မြန်မာအစိုးရသစ်ရဲ့ပေါ် လစီ အရ မူလက  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT ကို MAT လို့ပြောင်းရွှေ့ပေးဖို့ပါ  မေတ္တာရပ်ခံ လာခဲ့တာကြောင့် ကျနော်တို့ဟာ Burma ကနေ Myanmar ဆိုပြီး ပြောင်းလိုက်ပါတယ်။

              အစိုးရတစ်ရပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင် င်ခြင်းအားဟာ ကျနော်တို့အတွက်ရော ဖိနှိပ်ခံ အ လုပ် သမားတွေအတွက်ပါ အထူးအရေးပါအရာေ ရာက်ပါတယ်။ သံမှူး ဦးနိုင်ထွန်း ဟာ အစိုးရ၀န် ထမ်းပီပီ လုပ်ကိုင်ခွင့်တွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်သူတစ်ယောက်မဟုတ်ပေမယ့် အလုပ်သ မားတွေအတွက် အကျိုးရှိမယ်ဆိုရင် အထက်အမိန့် ကို စောင့်ဆိုင်းခြင်းမရှိပဲ ရဲရဲရင့်ရင့်  ဆုံးဖြတ်ရဲသူ တစ်ယောက် ဖြစ်ပါတယ်။  သူ့ရဲ့အဓိကအားသာချက်က ထိုင်းဘာသာစကားနဲ့ ထိုင်းစာကို ကျွမ်းကျွမ်းကျင်ကျင်တတ် မြောက်ခြင်း ပဲဖြစ်တယ်။  နောက်ပိုင်းမှာ သူဟာ လူကုန်ကူးခံရ သူတွေကို ပေးဖို့အတွက် အင်းဂျီအထည် ၃၀၀ ကိုဆေးရိုက်ပြီး MATအဖွဲ့ကိုပေးထားခဲ့တယ်။ အရေးကြီး တဲ့နေရာတွေကို ကျနော်တို့နဲ့အတူ ကိုယ်တိုင် လိုက်လံကူညီပေးမှုတွေလည်းရှိပါတယ်။

         

အရေးအကြီးဆုံးအကူညီတစ်ခုကတော့ကျနော်တို့ တစ်ဖွဲ့လုံးကို (အလုပ်သမားကူညီစောင့်ရေးအတွက်   မြန်မာသံရုံးကစေလွှတ်လိုက်တဲ့သူတွေ) ပါဆိုပြီး ကဒ်တစ်ခုစီလုပ်ပေးတယ်။ ဒီကဒ်ဟာ ဒေသခံ အာဏာ ပိုင်တွေနဲ့ စကားပြောဖို့လိုအပ်တဲ့အခါ ကျနော်တို့အတွက် အလွန်အသုံးတည့်ပါတယ်။ ဒီကဒ်ဟာ တိုင်းပြည် အတွက်ရော ထုတ်ပေးတဲ့သူအတွက်ပါ တန်ဘိုးကြီးမားတာကြောင့် ကျနော်တို့ကလည်း ဒီကဒ်ကို အရေး ကြုံ လို့ထုတ်သုံးတာကလွဲရင် အခြားဘယ်နေရာမှာမှ အလွဲသုံးစားပြုကြသူတွေ မဟုတ်ကြဘူး။ ဒါကြောင့် ၁နှစ် သက်တမ်းရေးပေးထားတဲ့ ဒီကဒ်အတွက် ဘာမှပြဿနာမဖြစ်ခဲ့ဘူး။


                             “ဘာကြောင့် မြန်မာတွေလူကုန်ကူးခံနေကြရသလဲ”
            ပြီးခဲ့တဲ့စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ လူကုန်ကူးမှုတိုက် ဖျက်ရေး  အထိမ်း အမှတ်နေ့ ကျင်းပရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဗဟိုရဲမှူးချုပ် ခင်မောင်စီက မြန်မာနိုင်ငံမှာ လူကုန်ကူးခံရမှု အများဆုံး ဖြစ်နေတာက ဆင်းရဲမှု၊ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အသိ ပညာနည်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှု အဲဒါတွေကြောင့် လူကုန်ကူးခံရမှု အများဆုံး   ဖြစ်နေတယ်။ တချို့ ဘွဲ့ရတွေ တောင်မှလူကုန်ကူးခံနေရတာကိုတွေရတယ်။ဘာလို့လဲဆိုတော့ ပြင်ပနိုင်ငံတွေမှာ အလုပ်သွား  လုပ်ပြီး ပွဲစား တွေက အလိမ်ခံရတာတွေကနေတစ်ဆင့် လူကုန်ကူးခံရတယ်။

ပြီးတော့ အတတ်ပညာ တစ်ခုတည်း ကိုပဲတတ်တဲ့ တစ်ခုကောင်း ကျွမ်းကျင်မှုတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံ အနေနဲ့ လုပ်ငန်းရှင်ကြီးတွေ စုပေါင်းပြီး ရေထွက်ပစ္စည်း စက်ရုံကြီးတွေ၊ အထည်ချုပ် စက်ရုံကြီးတွေ ရှိလာ မယ် ဆိုရင် သူတို့တွေအနေနဲ့ ပြင်ပကိုသွားပြီး အလုပ်လုပ်စရာ မလိုတော့ဘူး။ အဲဒီနည်းလမ်းနဲ့ လူကုန်ကူး ခံ ရမှုကို တစ်စိတ်တစ်ဒေသ တားဆီးနိုင်မယ် ဟု ပြောကြားခဲ့ပါတယ်။

       ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၂၀ ဒသမ ၉ သန်း လုပ်အားအမြတ်ထုတ် ကျွန်ပြုခြင်းကို ခံနေကြရပြီး ၂၀၁၂ ခုနှစ် စာရင်းများအရ ကမ္ဘာပေါ်ရှိ လူဦးရေ တစ်ထောင်မှာ သုံးယောက်ဟာ လုပ်အားအမြတ်ထုတ် ကျွန်ပြုခြင်းကို ခံနေရတယ်လို့ နိုင်ငံတကာသတင်းကို ကိုးကားပြီးသူက ပြောကြားခဲ့တယ်။
   
       ရဲချုပ်ပြောတဲ့စကားက ရေဘုယျ အားဖြင့်ခြုံ ငုံပြော လိုက်တာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေ   မြန်မာနိုင်ငံမှာ လုံလုံခြုံခြုံ မနေနိုင်သေးရင်၊ထမင်း ၀၀ စားနိုင်လောက်တဲ့ အလုပ်အကိုင်အခွင့် အလမ်း   တွေ၊ ဒေသ နဲ့ အဆင့်အတန်း အတတ်ပညာအ လိုက်သင့်တော်တဲ့လုပ်အားခရရှိအောင် နိုင်ငံတော် အစိုးရကမဖန်တီး ပေးနိုင်သေးသရွေ့ အရွယ်ရော က်ပြီး ခွန်အားဗလနဲ့ပြည့်စုံတဲ့ မြန်မာလူငယ်တွေ   နိုင်ငံခြားကို ထွက်ခွာပြီး အလုပ်လုပ်နေကြရအုံး မှာဖြစ်တယ်။

                နိုင်ငံခြားကို ထွက်ခွာလာသမျှလူတွေဟာ လူပွဲစားတွေ၊ လူကုန်ကူးသူတွေနဲ့ပဲ ထိုင်းနိုင်ငံ အတွင်းကိုဝင်လာခဲ့ကြရတာဖြစ်တယ်။ အကျိုးဆောင်ခကို ရယူပြီး သွားလိုရာကိုချောချောမောမော   ရောက် အောင် ပို့ဆောင်ပေးတဲ့ လူကုန်ကူးတဲ့သူတွေဟာ သာဓုခေါ်ချင်စရာကောင်းပေမယ့် အခကြေးေ ငွတွေလည်း ယူ၊ လူကိုလည်း နှစ်ရှည်လများ ရောင်းစားတဲ့လူကုန်ကူးသူတွေက အများသား။ အဆိုးဆုံးက အလုပ်မလုပ် နိုင်တော့လို့ မလုပ်ချင်တော့လို့ ထွက်ပြေးကြတဲ့ မြန်မာတွေကို သတ်ဖြတ်တာ၊  မိန်းကလေးေ တွကို မုဒိမ်းကျင့်တာ သတ်ဖြတ်တာတွေက အဆိုးဆုံးဖြစ်တယ်။

              ထိုင်းမြန်မာနယ်စပ်နဲ့ ထိုင်းနိုင်ငံအတွင်းမှာ ကျင်လည် ကျက်စားကြတဲ့ လူကုန်ကူးကြသူတွေ ဟာ ဒေသခံအာဏာပိုင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီးတော့ နေ့ရောညာပါ လူကုန်ကူးနေကြတယ်။      သေခံအာဏာပိုင်တွေ နဲ့အကျိုးတူပူးပေါင်းဆောင်ရွက်နေကြတဲ့လုပ်ငန်းလည်းဖြစ်တယ်။ တစ်နည်း အားဖြင့် အာဏာပိုင်တွေအတွက် အလကားနေရင်း ၀င်ငွေရနေတဲ့လုပ်ငန်းလည်းဖြစ်တယ်။  လူကုန်ကူး သူတွေရဲ့ သတင်းအချက်အလက်ကို ကျနော်တို့ အဖွဲ့ဝင်တွေ အခက်အခဲတွေအများကြီးကျော်ဖြတ်ပြီး၊ အချိန်နဲ့ စရိတ် စကတွေအများကြီးသုံးပြီး ရယူစုဆောင်းကြရပါတယ်။  

တိကျတဲ့အချက်အလက်တွေကို ဒေသခံအာဏာပိုင် တွေကိုပြောပြလိုက်တဲ့အခါသူတို့သိပြီးသားကိစ္စ္စတွေ
ဖြစ်နေပါတယ်။ သူတို့နဲ့ထိတွေ့ဆက်ဆံနေတဲ့ လူကုန်ကူး နေကြသူတွေလည်းဖြစ်ကြပါတယ်။ ကျနော်တို့အတွေ့အကြုံအရ ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်မှု မရှိဘူး။ လူကုန်ကူးမှုမြောက်အောင်နဲ့ တရားမ၀င်တဲ့ အလုပ်သမား တွေကို တရားမ၀င် ဖိနှိပ်ခိုင်းစေလိုတဲ့ လုပ်ငန်းရှင်တွေကို အပြစ်ပေးတာမရှိဘူး။ လူကုန်ကူးမှုကို ကျူးလွန် နေတဲ့ သူဌေးတွေဒေသခံအာဏာ ပိုင်တွေဆိုတာ နှယ်နှယ်ရရ လူတွေမှမဟုတ်ပဲလေ။

             “ရေနွေးနဲ့ပြုတ်ပြီးတော့ ဆီအိုးနဲ့ထည့်ကြော်ခံရတဲ့ လူကုန်ကူးခံရသူတွေ”
             ကံမကောင်းအကြောင်းမလှလို့ တစ်နေ့ကို ၁၈နာရီကနေနာရီ ၂၀ လောက် မနားမနေ အလုပ် လုပ် နေကြရတဲ့ လူကုန်ကူးခံရသူတွေ၊ အဖေရော သားရော ကားမောင်းသူတွေကိုပါ လိင်ဖျော်ဖြေပေးရ တဲ့ ရောင်းစားခံ အိမ်အကူအလုပ်သမားတွေကိုလည်း ကယ်ထုတ်ဖူးတယ်။ အသက် ၉နှစ်ကနေ၁၅နှစ်ေ လာက် အတွင်းသာရှိသေးတဲ့ ရောင်းစားခံရတဲ့ကလေးအလုပ်သမားတွေကိုလည်း ကယ်ထုတ်ဖူးတယ်။ တစ်နေ့ကို အမျိုးသား ၁၀ဦးထက်မနည်း ရွေးချယ်ပိုင်ခွင့်မရှိပဲ စိတ်ကြွဆေးတွေသောက်၊ မူးယစ်ဆေး ၀ါးတွေသုံးစွဲပြီး လိင်ဖျော်ဖြေရေးအလုပ်လုပ်ရတယ်။ အသက် ၁၀နှစ်ကတည်းက ရောင်းစားခံခဲ့ရပြီး ၅နှစ်တိုင်တိုင် ပြည့်တန်ဆာအဖြစ် အလုပ်လုပ်နေခဲ့ရသူ၊ ယခုတိုင် အမျိုးသမီးသဘာဝမလာသေးဘူးလို့ ဆိုတယ်။ ဒီလို စိတ်ထိခိုက်ဖွယ်ရာ လူကုန်ကူးခံရသူအမြောက်အမြားကို ကျနော်တို့ ကယ်ထုတ်ဖူးကြပါ
တယ်။ တစ်နည်း အားဖြင့် ရေနွေးပွက်ပွက်ဆူနေတဲ့ လူကုန်ကူးခံရာနေရာက ကျနော်တို့ ဆွဲထုတ်ဖူးကြ တယ်။
               ကျနော်တို့တွေဟာ အသက်အရွယ်မျိုးစုံ ထိုင်းနိုင်ငံနေရာအနှံ့ လုပ်ငန်းခွင့်ပေါင်းစုံတို့ မှာရောင်း စားခံနေရတဲ့ မြန်မာတွေကို ကယ်ထုတ်စဉ် တဒင်္ဂမှာ……..ကျနော်တို့ကို  လူကုန်ကူးခံကြရသူတွေကြည့်တဲ့ အကြည့်ဟာ… ငါတို့ဒီတစ်သက်မလွတ်နိုင်တော့ဘူး။ ခုလာကယ်ကြသူတွေဟာ နတ်သိကြားတွေလား?. ...  စူပါမင်းတွေလား?... ၀မ်းသာလွန်းလို့ ရှိခိုးကြသူရှိသလို ဖက်ငိုသူတွေလည်းရှိကြတယ်။ 
လွတ်မယ်မထင်တော့လို့ အချို့ မိမိကိုယ်အဆုံး စီရင်သွားခဲ့ကြတာတောင်ရှိတယ်လို့လည်းသိရတယ်။

               အဲဒီအချိန်မှာ ကျနော်တို့ အဖွဲ့သားတွေဟာ ပင်ပန်းထားသမျှ မေ့ပျောက်သွားကြတယ်။ ပါလာ တဲ့ အ၀တ်အထည်တွေကိုပေးကြတယ်။ အစားအစာ အကောင်းတွေ ၀ယ်ကျွေးကြတယ်။ သုံးစရာပိုက်ဆံ   တွေပေးကြတယ်။ မိသားစုကိုဆက်သွယ်ဖို့ လွယ်ကူကြသူတွေကို မိဘတွေ မိသားစုတွေနဲ့ ဖုန်းဆက်ပြီး စကားပြောစေတယ်။ လူကုန်ကူးခံရာက လွတ်မြောက်လာသူတွေပျော်နေတာကို ကြည့်ပြီး ကျနော်တို့ ပီတိ  ဖြစ်ရတာကို ဘယ်အရာနဲ့မှ မလဲနိုင်အောင် ကျနော်တို့ ကြည်နူးဝမ်းမြောက်နေကြတယ်။            

ပင်ပန်းထားတာတွေ၊ ဗိုက်ဆာနေတာတွေ၊ နံစော်နေတဲ့အ၀တ်အစားတွေနဲ့ အိပ်ရေးပျက်နေကြနေကြတဲ့ ကျနော်တို့MAT အဖွဲ့သားတွေဟာ ပျော်ရွှင်တက်ကြွနေကြတယ်။ သံမှူး ဦးနိုင်ထွန်းတို့ ဦးထူးချစ် တို့ ရှိနေ ရင် သူတို့ကို  အောင်မြင်ပြီဖြစ်ကြောင်း သတင်းပြန်ပြောဖြစ်တယ်။သူတို့ကလည်းဖုန်းထဲကနေ ကျေးဇူး တင် ကြောင်း  ချီမွမ်းပြောဆိုတတ်ကြတယ်။

                  အဲဒီနောက်.. အဲဒီနောက်မှာတော့၊ ဖမ်းမိလာတဲ့ လူကုန်ကူးသူတွေဟာ  ရဲစခန်းမှာ တစ်ည တောင်မအိပ်ခဲ့ရပဲအာမခံနဲ့ရဲစခန်းက ပြန် လည်လွတ်မြောက်သွားခဲ့ကြပါတယ်။  ကျနော်တို့ ရေနွေးပူအိုး ထဲက နူးနေအောင်ပြုတ် ခံနေရာက ဆယ်ယူလာခဲ့တဲ့ မြန်မာ အလုပ်သမားေ တွ မှာတော့ ကယ်ဆယ်ရေး စခန်းဆိုတဲ့ အကျဉ်းေ ထာင် တစ်မျိုးမှာ အမှုစစ်ဆေးဖို့အတွက်ဆိုပြီး လပေါင်းများစွာ နေထိုင်ကြရပါတော့ တယ်။ အင်ဂျီအိုတွေမှာလုပ်တဲ့ထိုင်းစကားတတ်ကြတဲ့ဘာသာပြန်တွေဟာ  မြန်မာတိုင်းရင်းသား တွေဖြစ်ကြတယ်။ အတော်များများတို့ဟာ မြန်မာစကားကို  နားမလည်ကြသူတွေများတာ တွေ့ရပါတယ်။ လူကုန်ကူးခံရမှု၊ လူကုန်ကူးခံခဲ့ရစဉ် နှိပ်စက် ညှင်းပန်းခံရမှု၊ အလုပ်လုပ်ကိုင်ခဲ့ရမှုတွေကိုမရောက်ပဲ၊ ဘယ်ကလာသလဲ၊ ဘာကားနဲ့လာသလဲ၊ ဘာလုပ် ဖို့လာသလဲ၊ ဘယ်သူနဲ့လာသလဲ၊ အမည်၊ မိဘအမည်၊ ပညာအရည်အချင်း၊ နေရပ်လိပ်စာ၊ မွေးချင်း၊ ကိုးကွယ်သည့်ဘာသာနဲ့ပဲ လုံးချာလိုက်နေတယ်လို့ ကယ်ဆယ်ရေး စခန်းထဲမှာ ရှိနေကြတဲ့ လူကုန်ကူးခံ    မြန်မာအလုပ်သမားတွေကပြောပြကြတယ်။

ကောင်း အလုပ်သမားတွေဟာ လူကုန်ကူးခံရ စဉ်  အစားဆင်းရဲ၊ အနေဆင်းရဲ၊ အလုပ်ပင်ပန်းပြီး စိတ်ဆင်းရဲခဲ့ကြရတယ်။ ကြောက်လန့်တုန်လှုပ်နေ ခဲ့ကြရပါတယ်။
ကယ်ထုတ်ကြတဲ့ MAT အဖွဲ့သားေ တွ နဲ့ အတူ စကားတွေပြောကြရ၊ အစားအစာတွေ စားကြရတဲ့ ရဲစခန်းထဲမှာ ခဏတာ ငြိမ်းချမ်းသလိုခံ စားခဲ့ရ ပေ မယ့်ကယ် ဆယ်ရေးစခန်းလို့ခေါ်တဲ့ အကျဉ်းထောင် တစ်မျိုးထဲမှာလပေါင်း များစွာ… ၀င်ငွေမရှိ ပဲနေကြ ရတယ်။ 
      ငပိနဲ့ငါးခြောက်နဲ့နှုတ်မိန်တတ်တဲ့ မြန်မာ ပါးစပ်   မြန်မာ ခံတွင်းဟာ သကြားတွေနဲ့ချက်ထားတဲ့ ထိုင်းဟင်းတွေ၊ နာနတ်သီကိုမှ ဟင်းလုပ်ထားတာ   တွေ ကို မျိုချရတဲ့အခါ၊ စခန်းတာဝန်ခံတွေက အပြစ်ရှိသူ တစ်ဦးလို ဆက်ဆံလာတဲ့အခါ၊ MAT အဖွဲ့ အပေါ် မှာငြိုငြင်လာတယ်။ ဆီပူအိုးထဲမှာ အကြော်ခံနေရပြီလို့ သူတို့ စိတ်ခံစားမှုကိုပြောကြတယ်။ အမှုပြီးစီးသွားတဲ့အခါလူကုန်ကူးမှုကိုကျူးလွန်ကြတဲ့ လုပ်ငန်းရှင်တွေဟာ တရားမ၀င်အလုပ်သမားခိုင်း   စေမှုဆိုတာနဲ့  အမှုပြီးသွားခဲ့တယ်။ 

           လူကုန်ကူးခံခဲ့ရတဲ့ မြန်မာအလုပ်သမားေ တွကတော့ အချိန်လည်း ကုန်၊ လုပ်ခဲ့သမျှ လုပ်အားခ   တွေလည်းမရ။ နယ်စပ်ရောက်တော့ DKBA ဂိတ်မှာ ဘတ် ၂၀၀၀ နဲ့ရွေးထွက်ရတာ နဲ့သာ ပွဲသိမ်းရတော့ တယ်။ ကျနော်တို့ လည်း အားပေးစကားပြောပြရုံကလွဲလို့ မည်သို့မှမတတ်နိုင်။ နေပြည်တော်အစိုးရက လည်းနယ်စပ်မှာ ဂိတ်ဖွင့် ကောက်နေသူတွေကို တစ်ခွန်းမှမဟနိုင်။

      “နိုင်ငံတကာယဉ်ကျေးမှုဆိုတာဟန်ဆောင်မှုနဲ့မသိချင်ယောင်ဆောင်မှုကိုဆိုလိုတာများလား”
                    နိုင်ငံတကာရုံးကြီးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းအကြီးကြီးတွေ ထိုင်းနိုင်ငံမှာ အစုံရှိပါတယ် ။ “ရွှေ့ပြောင်းအလုပ်သမား”ဆိုတဲ့ခေါင်းစဉ်အောက်မှာ အလုပ်လုပ်နေကြတဲ့ သူတွေ အများကြီးရှိတဲ့နိုင်ငံ လည်းဖြစ်တယ်။ ဥပမာ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM ကမ္ဘာ့အလုပ် သမားအဖွဲ့ချုပ် ILOနဲ့ World Vision , Save the Children အပြင် ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ UNIAP အဖွဲ့တွေ ရှိကြတယ်။  လူကုန်ကူးမှု တိုက်ဖျက်ရေးခေါင်းစဉ်နဲ့ ပရိုပိုဇေ အမြောက်အမြား လက်ကိုင်ပြီးလုပ်နေကြတဲ့ ထိုင်းအင်ဂျီအိုတွေ တကယ်သာအလုပ်လုပ်ကြရင် (သိုမဟုတ်) ၎င်းတို့ ပရိုပိုဇေ ညွန်ကိန်းရဲ့ ဆယ်ရာခိုင်   နုန်းလောက် အလုပ်လုပ်ကြရင် ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ မြန်မာအလုပ် သမားတွေ ဒီလောက်အထိ အကာ အကွယ်မဲ့ဖြစ် စရာမရှိဘူးလို့ ကျနော်ပြောချင်တယ်။
            
  ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေက မလုပ်ဖူးလားဆိုတော့လုပ်တယ်။ ဒါပေမယ့် ပြတ်ေ အာင် မလုပ်ဘူး။ ရှင်းပါတယ်။လူကုန်ကူးခံရသူတွေ က ထိုင်းနိုင်ငံသားတွေမှမဟုတ်ပဲလေ။အကျိုးရှိ နေ တာက ထိုင်းလူမျိုး ထိုင်းလုပ်ငန်းရှင်တွေပဲမဟုတ် လား။ သဘာဝကျပါတယ်။ မြန်မာအစိုးရက လုပ် မယ် တော့ပြောတယ်။ မြန်မာပုလိပ်တွေဟာ စုံစမ်း   ထောက်လှမ်းမှုမှာ အတော်အားကောင်းပေမယ့် လူကုန်ကူးမှု ယန္တာရားလည်ပတ်နေပုံကတော့ အသွားသင်စကလေးပေါက်စလေးပဲ။ မွဲတဲ့တိုင်းပြည်က ဆင်းရဲတဲ့အဖွဲ့ကို။  ကျနော်အစိုးရိမ်ဆုံးကတော့ စစ်ထောက်လှမ်းရေးခေတ်ကလို အမြင်ကတ်ရင် လူကုန်ကူးမှုနဲ့ဖမ်းဆွဲလိုက်မှာကိုတော့ အထူးသတိပြု ကြရပါမယ်။ မြန်မာလူကုန်တား ပုလိပ်တွေလည်းဆင်ခြင်ကြရပါမယ်။

              နှစ်ပေါင်း ၆၀ လောက် ခိုင်းတာလုပ်၊ ခံမပြောနဲ့အမိန့်နာခံလာပြီး အမှားအမှန်ဝေဖန် ပိုင်ခြား ခွင့်မရှိတဲ့မြန်မာ ၀န်ထမ်းလောက။ ကိုယ်ပိုင်အသိဉာဏ်တွေကို  brain wash အလုပ်ခံထားရတဲ့စစ်ဗိုလ်။  (အလွတ်ကျက်နဲ့ခိုးချ အတန်းအောင်၊ ဘွဲ့ရ) လောက။ အဲဒီထဲက မှ အမေကိုပေးလို့ အဖေမဖြစ်တဲ့ပုလိပ် ဆိုတဲ့လူတန်းစား၊ ငွေပေးမှလိုက်တဲ့ ပုလိပ်၊ တောင်းမှစားရတဲ့သူတောင်းစား၊ အစရှိသဖြင့် (မြန်မာတွေ နာနာကျည်းကျည်းနဲ့သတ်မှတ်ထားတဲ့ရဲတပ်ဖွဲ့)  တရားဥပဒေစိုးမိုး မှုမရှိတဲ့ ခေတ်ပျက်ကြီးထဲမှာ နှစ်၆၀ ကြာလာ ခဲ့တဲ့ ဂုဏ်သိက္ခာမဲ့ဖြစ်နေတဲ့ ရဲတပ်ဖွဲ့။ အဲဒီရဲတပ်ဖွဲ့ထဲကမှ လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းရေး တပ်ဖွဲ့ ဆိုတော့  စဉ်းစားရတော့ကျပ်တာပေါ့။  

      တရားဥပဒေဘက်တော်သား နိုင်ငံသားတိုင်းရဲ့  စည်းစိမ်ဥစ္စာ ကိုအဓိက ကာကွယ်စောင့်ရှောက်နေတဲ့   မြန်မာပုလိပ်တပ်ဖွဲ့ဝင်တွေ စားရမယ့်သောက်ရမဲ့ဖြစ်ပြီး ကျဉ်းကျပ်နေရင် တော့ အားလုံးဂျွမ်းထိုးမှောက် ခုံ ဖြစ်မှာတော့ ကိန်းသေပဲ။ ပုလိပ်အဖွဲ့ကြီးဟာ စစ်တပ်အောက်မှာရော ဘယ်အဖွဲ့အစည်းအောက်မှာ မှမရှိပဲ သီးခြားရပ်တည်ခွင့်ရတဲ့အဖွဲ့ဆိုပြီး ဖွဲ့စည်းပုံမှာ မပြဌာန်းသရွေ့ မတရားမှုကိုဖေါ်ထုတ်ရဲ့တဲ့ ရဲတပ်ဖွဲ့ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ အဓိကကတော့ ဘယ်ဌာနက ၀န်ထမ်းမဆို အဆင့်မီမီ နေထိုင်စားေ သာက်နေ ထိုင်နိုင်ပြီး သာမန်လူတန်းစားထက် ၀င်ငွေကောင်းရပါမယ်။  ဒါမှ မြန်မာပြည်မှာ ခြစားမှု ပျောက် ကင်နိုင်မယ်လို့ ကျနော်ယူဆတယ်။

“လူကုန်ကူးမှုပပျောက်ေ အာင် ဘယ်လိုလုပ် မလဲ”
           ပျော့ပျောင်းနေတဲ့ လူကုန်ကူးမှုဥပဒေ ကို ပြန်လည်ပြင်ဆင်သင့်တယ်။      ။ ထိုင်းနိုင်ငံ လူကုန်ကူးမှု ဥပဒေမှာ စိတ်ပျက်ဖို့ကောင်းတဲ့ လူကုန်ကူးမှုဥပဒေပြဌာန်းချက်တွေက အခန်း ပိတ်လှောင်ထားသလား၊ သော့ခတ် ထားသလား၊ ထွက်ပြေးလို့မလွတ်ဘူးလား၊ ရိုက်နှက်ခံရ သလား၊ အချိန်ဘယ်လောက်ကြပြီလဲ၊ လူကုန်ကူးခံ နေရာပြီ လား ဆိုတာတွေအပြင် ရောင်းစားခံထား ရသူတွေရဲ့အမည်၊ အသက်၊ ဓါတ်ပုံတွေရှိမှ ဆိုတဲ့ အရာတွေက ပါနေတယ်။ ဒီအချက်အလက်တွေကို လူကုန်ကူးခံရတဲ့သူတွေဆီက ရရှိဖို့ဆိုတာ ဘယ်လွယ်မလဲ။ လူကုန်ကူးမှုမြောက်တဲ့ အမှုကိစ္စတစ်ခု ရုံးတော်မှာ အလှည့်ကျဖို့က နှစ်နဲ့ ချီပြီးကြာတယ်။ လူကုန်ကူးခံရ သူတွေဘ၀ပျက်၊ အသက်သေသွားခဲ့ကြပေမယ့်  လူကုန်ကူးကြသူတွေမှာ အနေမပျက် အစားမပျက်၊ အလုပ်မပျက် အပြုံးမပျက် ဆက်လက်ရှင်သန်နေကြဆဲဖြစ်တယ်။

           လူကုန်ကူးမှုဥပဒေဟာ ပြင်ထန်နေရမှာဖြစ်သလို လူကုန်ကူးမှုနဲ့ နာမည်ရှိတဲ့ တိုင်းပြည်တိုင်းမှာ လည်း လူကုန်ကူးမှုအတွက် သီးသန့်တရားရုံးရှိသင့်တယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေ၊ ရာဇ၀တ် မှု နှိမ်နင်းရေးအဖွဲ့ဝင် အင်အားတောင့်တင်းဖို့လိုပါတယ်။ ဒါမှ မှန်ကန်မြန်ဆန်ထိရောက်မှုဘက်ကို ဦးတည် သွားနိုင်မယ်။ ယခုလက်ရှိ ထိုင်းအခြေအနေကတော့ သူတို့ တိုင်းပြည်က ထုတ်လုပ်တဲ့ ရေထွက်ကုန် အစား အစာတွေကို ပိတ်ပင်လို့ စိတ်ဆိုးနေကြတယ်။ ပြန်လည် ဖွင့်ချင်ကြတာပဲတွေ့ရပြီး အဓမ္မ လုပ်အားေ ခါင်းပုံ  ဖြတ်နေတဲ့ ဒီကိစ္စတွေကို ဘယ်လို လုပ်ကြမလဲဆိုတာ အဖြေမှန်မထုတ်ကြသေးပဲ အမှန်အတိုင်း   ဖေါ်ထုတ်နေကြတဲ့ UK နိုင်ငံက EJF အဖွဲ့နဲ့ ကျနော်တို့အဖွဲ့တွေကို စိတ်ဆိုးနေကြတယ်။

         ဒုတိယအချက်က လုပ်ငန်းရှင်တိုင်းဟာ အလုပ်သမားတစ်ဦးဦးကို ထိုက်တန်တဲ့လုပ်အားခပေးချင် စိတ်ရှိဖို့ လိုပါမယ်။ အလုပ်သမားတစ်ယောက်ရဲ့ဘ၀တိုးတက်မှုမျှော်လင့်ချက် အဲဒီအလုပ်က ပေးနိုင်ရ ပါမယ်။ အလုပ်သမားတွေကို နားချိန်အလုံအလောက်ပေးနိုင်ရပါမယ်။ အလုပ်သမားတွေ လုပ်ငန်းခွင်ပျော် ရွှင်နိုင်ဖို့လည်း ဖန်တီးထားဖို့လိုအပ်ပါမယ်။ အလုပ်သမားတွေရဲ့လုပ်အားခ ကိုအလကားရချင်တဲ့ စိတ်ဓါတ်   တွေကို လုပ်ငန်းရှင်တိုင်း ဖျောက်ဖျက်နိုင်စွမ်းရှိဖို့လိုပါမယ်။ သူ့အလိုလို မဖျောက်နိုင်၊ မဖျောက်ချင်ရင် ဥပဒေက ဖျောက်ဖျက်နိုင်စွမ်းရှိရပါမယ်။ တင်းတင်းကျပ်ကျပ်ဖျောက်နိုင်ရပါမယ်။

          ထိုင်းနိုင်ငံ ငါးဖမ်းလှေပိုင်ရှင်တွေ၊ ပင်လယ်အစားအစာထုတ်လုပ်သူတွေ၊ မြေအုတ်လုပ်ငန်းနဲ့ နယ် စွန်နယ်ဖျားကလုပ်ငန်းရှင်တွေဟာအထက်ပါအချက်အလက်တွေနဲ့  ပြောင်းပြန်ကျင့်သုံး နေကြတာကြောင့် အလုပ်သမားမမြဲဖြစ်နေတာကို သတိမပြုကြပဲ၊ အနိုင်အထက်ကျင့်ပြီး လုပ်အားကိုရယူလိုတဲ့စိတ်တွေက လွန်ကဲနေကြတာတွေ့ရပါတယ်။ 

အချို့ အကြီးစားကုမ္ပဏီကြီးတွေကို သြဇာတက္ကမကြီးမား တဲ့ နိုင်ငံရေး   လောက က အရာရှိတွေပိုင်ဆိုင်ြ က တယ်။ အဲဒီလိုဟာတွေကို ထိုင်းအာဏာပိုင်တွေ လုံးဝလက်ရှောင်ကြ ပါတယ်။ အဲဒီလို အလုပ်ခွင်ကို ရောက်ရှိသွားတဲ့ မြန်မာအလုပ်သမားတွေကတော့ မသေမချင်းခံပေရော့။
       တတိယတစ်ချက်က အလုပ်သမားလူတန်းစားတွေအတွက် အလုပ်အကိုင်ရှာဖွေခွင့်၊ အလုပ်ရွေး ချယ်ခွင့်တွေ ပြောင်းရွှေ့ခွင့်၊ လုပ်အားနဲ့ထိုက်တန်တဲ့လုပ်အားရရှိမှုတွေကို သက်ဆိုင်ရာအစိုးရက စနစ် တကျ စီမံ ကွပ်ကဲထားမှုရှိရပါမယ်။ ဒီအချက်တွေကို ဖြစ်မြောက်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ နိုင်တွေဟာ ဖြစ်မြောက်အောင် အကောင်အထည်ဖေါ်နိုင်ဖို့လိုပါတယ်။

               စတုတ္ထနဲ့အရေးအကြီးဆုံးအချက်ကလူကုန်ကူးမှုကိုကျူလွန်သူ၊အားပေးအားအားမြှောက်ပြု
 သူတွေကို ပထမ ပညာပေးခြင်းနဲ့ ဒုတိယအကြိမ်မှာ ထိထိရောက်ရောက်အပြစ်ပေးခြင်းမျိုးဖြစ်ရပါမယ်။   ပြတ်ပြတ်သားသားအရေးယူရပါမယ်။ လူကုန်ကူးမှုကိုဖေါ်ထုတ်ကြတဲ့ လူပုဂ္ဂိုလ် အသင်းအဖွဲ့နဲ့ အစိုးရ အဖွဲ့ တွေကို သင့်တော်တဲ့ချီမြှင့်မှုမျိုး ထိထိရောက်ရောက်ပြုလုပ်သင့်တယ်။ ဒီပုဂ္ဂိုလ်တွေကို လုံလောက်တဲ့ ပစ္စည်းအသုံးအဆောင်၊ နည်းပညာတွေနဲ့  စရိတ်စကတွေ ပြည့်စုံအောင်လည်း ဆိုင်ရာတို့က တပ်ဆင်   ထောက်ပံ့ထားမှုမျိုးလိုအပ်ပါတယ်။
                နိဂုံးချုပ်အနေနဲ့ကတော့ လူကုန်ကူးမှုဟာ လူသားမဆန်တဲ့ အလွန်ရက်စက်တဲ့ လုပ်ရပ်တစ်ခု အဖြစ် ကမ္ဘာက လက်ခံကြတယ်ဆိုရင်၊ အချက်အလက်ခိုင်မာမယ်၊  သေချာတယ်ဆိုရင် ဘယ်နိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့မဆို နိုင်ငံ့ဖြတ်ကျော် ဖမ်းဆီးဖေါ်ထုတ်နိုင်ခွင့်ကိုလည်း ဥပဒေဘောင် အတွင်းက နည်းလမ်းတကျ ခွင့်ပြုထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အပြစ်ကျူးလွန်သူတွေကိုလည်း သက် ဆိုင်ရာနိုင်ငံကို အလျှင်အမြန် ပြောင်းလွှဲပေးခြင်းတို့ကိုပါ စီစဉ်ထားဖို့လိုအပ်ပါမယ်။

           လူကုန်ကူးမှုပမပျောက်နိုင်တာကတော့ ဒေသခံအာဏာပိုင်တွေ၊ လုပ်ငန်းရှင်ကြီးတွေနဲ့လူကုန်ကူး တဲ့ဂိုဏ်းတွေကို ဒေသခံရဲတပ်ဖွဲ့ဝင်တွေဟာ မသိမဟုတ်၊ သိလျှက်နဲ့ ဥပေက္ခာပြုနေရတဲ့ အနေအထား များစွာ၊ နောက်ခံအကြောင်းအရာများစွာတို့ကြောင့်ဖြစ်ကြောင်း၊ ပုလိပ်တိုင်းသိကြလေတော့သတည်း။