၂၆၊ ၂၊ ၂၀၁၅ နေ့တွင် မဟာချိုင် တာလာကုန့် တွင် သူငယ်ချင်းအား သွားကြိုနေစဉ် မဟာချိုင်
ရဲက
မဟာချိုင် ဟောင်းမိုင် mmb ငါးသေတ္တာစက်ရုံအလုပ်သမား မောင်ဝင်းနိုင်
ကိုဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။ အစ်ကိုဖြစ်သူက ရဲစခန်းသို့
လိုက်ပါပြောဆိုရာ ဘတ်ငွေ ၅,၀၀၀ ပေးမှပြန်လွှတ်မည်ပြောသည်။ အစ်ကိုဖြစ်သူမှာ
ငွေမရှိ၍ အကူညီလိုက်လံတောင်းခံခဲ့သည်ဟုဆိ
ကိုစိုင်းအေ က" မဟာချိုင်ပတ်စပို့ထုတ်ပေးရေးရုံးလုပ်ကိုင်ခွင့်ရထားတဲ့ ပွဲစားမကြီးက လူကြီတွေရှေ့မှာ
ကြွားတယ်လေ။ သူထုတ်ပေးနိုင်တယ်တဲ့။ ကျနော်ထုတ်ပေးရင် မနေ့ကတည်းကလွတ်တာပေါ့။ ဒီကောင်မ
ဘယ်လောက်စွမ်းမလဲလို့ ပစ်ထားလိုက်တာ။ အလုပ်သမားတော့ ရဲစခန်းအချုပ်ထဲမှာ တစ်ညအိပ်ခဲ့ရတာ
တော့စိတ်မကောင်းဘူး။ တရားဝင်နေထိုင်ခွင့်ပြည့်စုံလျှက် ပုလိပ်အဖမ်းခံရရင် ကျနော့်ကို ဖုန်းဆက်ပါ။
ကျနော် လွတ်အောင် ကူညီပေးပါမယ်။ ကျနော့်ဖုန်းက 080 588 5548 ဖြစ်ပါတယ်" ဟုပြောသည်။
ပတ်စပို့၏ရှုတ်ထွေးသောမူဝါဒများကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများမှာ ပတ်စပို့ကိုင်ဆောင် ထားခြင်းကြောင့် ပေါ့စေလိုလို့ ဆေးမင်ထိုးခါမှ ဆေးကြောင့်လေး ဆိုသလိုဖြစ်နေကြောင်း MAT အဖွဲ့က ပြောသည်။