၂၁ရာစုပင်လုံတဲ့….ကျင်းပတာက နေပြည်တော်မှာ…..........
ငြိမ်းချမ်းရေးအဓိပ္ပါယ်
ဘယ်လိုပုံဖေါ်ကြလို့ စာတစ်လုံးနဲ့ သဘောထားကွဲကြပါလိမ့်။
လက်နက်ကိုင်
ပဋိပက္ခ ကို စွန့်လွှတ်ပါမယ်ဆိုတဲ့
အသုံးအနှုန်းနဲ့...
လက်နက်ကိုင်နည်းလမ်း
ကို စွန့်ပါမယ်ဆိုတဲ့.. စကားလုံး။
သူစဉ်းစားတဲ့နေရာနဲ့
ကိုယ်ဆုတ်ကိုင်ထားတဲ့ယုံကြည်မှုတွေက…
ကိုယ်ကျိုးအတွက်လား၊
အများအတွက်လား၊ တိုင်းပြည်အတွက်လား..လား...လား...လား...?????
တောင်တွေတုံး၊ တောတွေပြုန်းလို့
မြေတွင်းကအ၀ိစိရောက်အောင် ကိုယ်ကျိုးရှာခဲ့ကြပြီ။
မာန်မာနတွေ ထောင်လွှားနေကြသမျှ စစ်တိုက်တမ်း ကစားနေကြရအုံးမှာပေါ့။
မြန်မာပြည်ဆိုတာ
လက်ရှိအချိန်မှာ ဗိုလ်ချုပ်ပြောခဲ့သလို ဖာသယ်လိုနိုင်ငံဖြစ်လို့..
နိုင်ငံခြားကိုထွက်ပြီး
မြန်မာငါးသန်းကျွန်ထွက်ခံနေရပြီ။
ဘာတဲ့… ချဉ်ပေါင်းရွက်၊
ငရုတ်သီးစိမ်း၊ ငပိနဲ့ဆားပါ ထိုင်းက ၀ယ်စားနေကြရလေတော့၊
မြန်မာပြည်ကို၊
ဘယ်လောက်ကြာကြာ ကျောက်ဂူထဲမှာ ဆေးရည်စိမ်ထားကြဦးမလဲ။
ငြိမ်းချမ်းရေးဆိုပြီး ဒီလိုဖြစ်မှရမယ်။ ဟိုဟာပယ်မှ ရမယ်ဆိုတဲ့ ဘောင်သတ်မှတ်လို့။
ပြည်သူနဲ့တိုင်းပြည်ကို
တကယ်ချစ်တယ်ဆို၊ သေနတ်သံတိတ်ရမှာပေါ့။
စစ်ဆိုတာ
ဘယ်သူတွေအတွက် အကျိုးရှိသလဲ အဖြေကရှင်းနေတာပဲဟာ။
ထာဝရငြိမ်းချမ်းရေးမှာ
ကိုယ်ကျိုးအတ္တ၊ အာဃာတ မပါရင်ပြီးတာပဲ မဟုတ်လား။
မြန်မာပြည်တိုးတက်ဖို့အတွက်ဆိုရင်
ပြည်တွင်းစစ်မီးချုပ်ငြိမ်းမှဖြစ်မှာလေ။ ။