"ယနေ့ထုတ်မြန်မာပို့စ်ဂျာနယ်ပါ ဆောင်းပါးကို အွန်လိုင်းပရိတ်သတ်များအတွက်ကူးယူဖေါ်ပြပါတယ်"
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဘင်္ဂါလီပြဿ နာဟာ၊
ဘာသာရေးပြဿ နာမဟုတ်ပဲ လူဝင်မှုပြဿ နာ၊ ခြစားမှု ပြဿ နာ၊ လူမျိုးရေးပြဿ နာ၊ နိုင်ငံသား၊ တိုင်းရင်းသားရေးပြဿ နာတွေဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အိမ်နီး ချင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံဆိုတာ မြန်မာနိုင်ငံထဲက ရှမ်းပြည်နယ်လောက်သာကျယ်ဝန်းပေမယ့်
လူဦးရေ သန်း ခြောက်ဆယ်ကျော်ရှိနေတဲ့တိုင်းပြည်ပါ။ ဒါကို မြန်မာနိုင်ငံသားတိုင်း အထူးဂရုပြုရမယ့်အချက်ပါ။
ဒါ့အပြင် အိမ်နီးခြင်းတရုတ်နိုင်ငံနဲ့ အန္ဒိယနိုင်ငံဆိုတာလူဦးရေးသန်း ၁,၂၀၀ ကျော်စီရှိကြတဲ့ဧရာမနိုင်ငံကြီးတွေဖြစ်ကြပါတယ်
။ ဒီထုထည်ကြီးတွေဟာ မြန်မာနိုင်ငံကို ရတဲ့နည်းနဲ့ ၀င်ရောက်နေကြဆဲဖြစ်ပါတယ်။
၁၈၈၅ ခုနှစ် နောက်ဆုံးဘုရင်သီပေါမင်း
ပါတော်မူပြီး မြန်မာနိုင်ငံတော်ကြီးကို ဗြိတိသျှအစိုးရကသိမ်းပိုက် ခဲ့တယ်။ မြန်မာနိုင်ငံအနောက်ဘက်တံခါး
ဒလဟောဖွင့်ပြီးလယ်ကူလီအဖြစ် အိန္ဒိယနဲ့ အင်္ဂလားဒေ့ခ်ျ နိုင်ငံသား တွေကို ဗြိတိသျှနယ်ချဲ့
အင်္ဂလိပ်တွေက အကန့်အသတ်မဲ့တင်သွင်းခဲ့တယ်။ နယ်ချဲ့တွေရဲ့ M သုံးလုံးဖြစ်တဲ့ Mission,Marketနဲ့
Missionary တွေ ရောက်လာခဲ့ကြတယ်။ မြန်မာဘုရင်နန်းတော်မှာ အ၀ယ်တော်အရာထမ်း တွေအနေနဲ့
အိန္ဒိယကုလားအနည်းငယ်သာရှိခဲ့တယ်ဆိုတာမြန်မာရာဇ၀င်ကျမ်းမှတ်တမ်းတွေအရသိရပါတယ်။
“ဘင်္ဂါလီအစ”
မြန်မာ့သမိုင်း၊ အရှေ့တောင်အာရှသမိုင်းမှာရော
အင်္ဂလိပ်တွေမှတ်တမ်းတွေမှာပါ ရိုဟင်ဂျာဆိုတာ မရှိခဲ့ပါဘူး။ ၁၉၅၁-ခုနှစ် လောက်မှာ ရိုဟင်ဂျာ
အမည်သစ်တီထွင်ပြီး အမည်ပေါက်အောင်စတင်ကြိုးစားခဲ့ကြ ပါတယ်။ တကယ်မရှိခဲ့တဲ့ဟာကို ရှိသယောင်ပြုနေကြတဲ့
လုပ်ကြံဖန်တီးမှုဖြစ်ကြောင်း နိုင်ငံတကာသမိုင်း ပညာရှင်တွေက တညီတညွတ်တည်းပြောထားကြပြီးလည်းဖြစ်ပါတယ်။
“စိတ်ကောင်းရှိခဲ့ကြတဲ့
မြန်မာတွေ”
မြန်မာနိုင်ငံမှာရှိနေကြတဲ့ နိုင်ငံခြားသား၂မျိုးကို
မြန်မာနိုင်ငံသားတွေကအသားဖြူသူကိုတရုတ်နဲ့ အသားမဲ သူကို ကုလားဆိုပြီးခေါ်ကြပါတယ်။ နှစ်ရာနဲ့ချီပြီး
နေထိုင်ပေါက်ဖွားလာခဲ့တဲ့ တရုတ်နဲ့ ကုလားလူမျိုးတွေ မြန်မာ နိုင်ငံအနှံ့အပြားမှာရှိကြပါတယ်။
စီးပွားရေး၊ လူမှုရေးတွေနဲ့ရောထွေးဆက်ဆံနေကြရသူတွေပါ။
ရခိုင်လူမျိုးက စိတ်ကောင်းရှိပါတယ်။ အညာဒေသကလာပြီးတော့
ထန်းခေါက်ဖါနဲ့ ဈေးလာရောင်းတဲ့ ဈေးသယ်တွေကို ထမင်းအလကားကျွေးပါတယ်။ အခမဲ့တည်းခိုစေပါတယ်။
နေမကောင်းရင် ဆေးဝါးကုသပေး ပါတယ်။ အညာဒေသက ထန်းခေါက်ဖာထမ်းပြီး ဈေးရောင်းဖူးတဲ့ အညာသားတိုင်းကို
မေးကြည့်ရင် သိနိုင်ပါ တယ်။ ဘင်္ဂလားဒေ့ခ်ျကခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကိုလည်း စားစရာ၊ နေစရာပေးပါတယ်။
အခကြေးငွေပေးပြီး အလုပ်ခိုင်းတယ်။ ပုလိပ်ကိုမဖမ်းခိုင်းခဲ့ကြပါဘူး။ ခိုင်းတဲ့နေရာမှာ
တာဝန်ကျေလွန်းလို့ “ကျွန်မှာကုလား၊ မယား မှာ တောသူ” ဆိုတဲ့ မြန်မာစကားပုံတောင်ရှိနေသေးတာပဲ။
ကုလားလူမျိုးတွေဟာ
အလုပ်မရွေး၊ ပင်ပင်ပန်းပန်းမရွံမချာအလုပ်လုပ်ကြတာမို့
မြန်မာနိုင်ငံဟာ အလုပ် အလွန်ပေါတဲ့ တိုင်းပြည်ဖြစ်တာမို့ မြန်မာနိုင်ငံဟာ ဘုမိနက်သန်မြေအစစ်အမှန်ပါပဲ။
ရခိုင်နဲ့ မြန်မာလယ်ပိုင်ရှင် တွေဟာ လယ်ကူလီကုလားတွေကို မိမိတို့ရဲ့ လယ်ယာလုပ်ငန်းတွေကို
လုပ်ပေးတဲ့ ကျေးဇူးရှင်တွေအဖြစ်ရှုမြင် ကြပြီး လယ်အချို့ကို ခွဲခြမ်းပေးတာတွေ၊ နေစရာတွေအလကား
ပေးတာတွေလုပ်ကြပါတယ်။ ဗမာပြည်မ အချို့ နေရာတွေမှာ အလုပ်အကိုင်ကြိုးစားပြီး လယ်ပိုင်ရှင်အပေါ်မှာ
သစ္စာရှိလွန်းသူအချို့ကို သမီး၊ တူမတွေနဲ့ လက်ထပ်ထိမ်းမြားပေးတာတွေလည်းရှိခဲ့ကြပါတယ်။
“အဆိပ်ပင်ကိုစိုက်ပျိုးခဲ့ကြတယ်”
၁၉၅၈ ခုနှစ် မှာ ဖလပလ ၀န်ကြီးချုပ် ဦးနုဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေရဲ့မဲတွေကိုရဖို့
အတွက် မြန်မာ့အသံက ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်ကို
ထုတ်လွှင့်ခွင့်ပြုခဲ့တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမဲအနိုင် ရရှိရေးအတွက် ရခိုင်ပြည်က
ဘင်္ဂါလီ တစ်သန်းကျော်ကို ၁၉၉၄ မှာ White Card ထုတ်ပေးခဲ့တာတွေ ပြုလုပ်ခဲ့ ကြပါတယ်။ အနာဂတ်မှာရှင်းမကုန်တဲ့ လူမျိုးရေးပဋိပက္ခဖြစ်လာမှာကိုမစဉ်းစားပဲ
မိမိမဲအနိုင်ရရှိရေးနဲ့ အာဏာ ရရှိရေးကိုသာ အဓိကဦးစားပေး စဉ်းစားခဲ့တယ်။ တိုင်းပြည်အတွက်အမှိုက်ကစပြီးပြဿ ဒ် ကိုမီးလောင်စေခဲ့တဲ့
အဓိကအကြောင်းအရာတွေဖြစ်ပါတယ်။
“ကမ္ဘာ့မီဒီယာနဲ့မြန်မာမီဒီယာများကို ထိုးဖေါက်ဝင်ရောက်ကြခြင်း”
ရိုဟင်ဂျာအရေးလှုပ်ရှားကြတဲ့ မြန်မာပြည်ဖွား မွတ်ဆလင်တွေဟာ
ပြည်ပအခြေစိုက် မြန်မာနဲ့ နိုင်ငံ တကာမီဒီယာတွေကို ၀င်ရောက်ထိုးဖေါက်နိုင်ခဲ့တယ်။ ၈၈
နောက်ပိုင်းမှာ ပြည်ပကိုထွက်ခွာလာခဲ့ကြပြီးမှတည် ထောင်ခဲ့ကြတဲ့ ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေအားလုံးဟာ
အလှူရှင်တွေရဲ့ငွေတွေနဲ့ လည်ပတ်ကြရတာဖြစ်တယ်။ အဲဒီငွေထဲမှာ အီးယူနဲ့ အစ္စလာမ်နိုင်ငံများအဖွဲ့တွေရဲ့ငွေတွေအများစုဖြစ်တယ်။
ဒါကြောင့် ပြည်ပအ ခြေစိုက် မြန်မာမီဒီယာတွေအားလုံး ရိုဟင်ဂျာလို့သုံးရပါတယ်။ မြန်မာနဲ့ကမ္ဘာ့မီဒီယာတွေဟာ
ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာသမိုင်းပညာရှင်တွေနဲ့ ဒီဘိတ်ပွဲလုပ်ခဲ့တာမရှိပါဘူး။ ဥပမာ ရခိုင်လူမျိုး
သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းနဲ့ မလုပ်ရဲကြဘူး။ မီဒီယာတွေဟာ ကျင့် ၀တ်အရ
ကြားနေရမှာဖြစ်ပေ မယ့် ရိုဟင်ဂျာ အမည်ပေါက်အောင် အားပေးကူညီခဲ့ကြသူတွေလို့ ဆိုနိုင်ပါတယ်။
ပြည်ပအခြေစိုက် မီဒီယာလောကသားတွေအားလုံးဟာ
ရိုဟင်ဂျာလို့တစ်ခွန်းခေါ်လိုက်တိုင်း အသဲကို ဓါးနဲ့တစ်ချက်မွှမ်းသလိုခံစားနေရတဲ့ ရခိုင်တွေရဲ့ခံစားရမှုတွေကိုသိပေမယ့်
ငွေပေးထားကြတဲ့ အနောက်နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့တွေအကြိုက် တရိုတည်းရိုပြီး တစ်ဟင်တည်းဟင်ကြရပါတယ်။
တချို့မီဒီယာတွေမှာဆိုရင် မီဒီယာကျင့်ဝတ်ကို လုံးဝဆန့်ကျင်ကာ တစ်ဘက်တည်းကို အင်တာဗျူးပြီးတင်ထားတာ
ယခုတိုင် အင်တာနက်ထဲမှာရှိပါတယ်။
သာဓကပြစရာတစ်ခုက (BBC သတင်းဌာနမှာ
အင်နာဂျုံးစ်
ဆိုတဲ့ သတင်း ထောက်အမျိုးသမီးက ၂၀၁၁. ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ထုတ် Bleak Outlook
for Burma’s Ethnic Group ဆိုတဲ့ ဆောင်းပါးမှာ ရခိုင်ပြည် နယ်နေရာမှာ
သံပုရာခြမ်းဆောင်းထားတဲ့
ဘင်္ဂါလီလူမျိုးပုံတွေ
ကိုဖေါ်ပြ ထားတာကို ရုပ်သိမ်းပေးဖို့) ရခိုင်နဲ့မြန်မာ တိုင်းရင်းသားရာပေါင်းများစွာဟာ၂၀၁၂ -
ခု
ဧပြီလ
၃၀
ရက်နေ့မှာ
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ BBC ရုံး အခြေစိုက်ရာ နိုင်ငံခြားသတင်းထောက်များကလပ်
FCCT ရုံအောက်မှာ ဆန္ဒပြပွဲကြီး
တစ်ခုလုပ်ခဲ့ကြပါတယ်။
အဲဒီ သတင်းကို
စာရေးသူဟာ
ပြည်ပအခြေစိုက် နာမည်ကြီး
မြန်မာသတင်းဌာ တစ်ခုမှာ
VDO သတင်းထောက် အဖြစ် လုပ်နေချိန်မို့
ရိုက်ကူးပေးပို့ခဲ့ပါတယ်။ ဒါပေမယ့်
သတင်းဌာနက မထုတ်လွှင့်ခဲ့ပါ။ အခြားမြန်မာနဲ့ နိုင်ငံ တကာသတင်းတွေကထုတ်လုပ်ခဲ့တာလည်းမရှိခဲ့ပါ။
ဒါကြောင့် ရွှေလုပ်သားဘလော့မှာပဲ တင်ခဲ့ကြရပါတယ်။
“နိုင်ငံတကာအသိုင်းအ၀ိုင်းတွေက မြန်မာနိုင်ငံအပေါ်မှာအမြင်သဘောထား”
ရခိုင်ပြည်နယ်က
ပဋိပက္ခတွေမှာ ဘင်္ဂါလီတွေပဲ ဒုက္ခရောက်နေတယ်။ စီးပွားရေး၊ လူမှုရေး၊ ကျမ္မာရေးတွေ အရာရာနိမ့်ကျနေတဲ့အပြင် လူမျိုးတုံးသတ်ခံရမှာကိုကြောက်ရွံ့နေရတယ်လို
့ထင်ထားကြတယ်။ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေရဲ့လှည့်ကွက်တွေကြောင့် ရခိုင်ပြည်နယ်ထဲက
ဘင်္ဂါလီတွေကို ဟစ်တလာခေတ်က ဂျာမဏီ နိုင်ငံထဲမှာ လူနည်းစု ဂျူးတွေလို နေထိုင်ရတယ်လို့
ထင်နေတတ်ကြတယ်။
၂၀၁၂ -ခုနှစ် မသီတာထွေး အရေးခင်နောက်ပိုင်း
ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီဒုက္ခသည်စခန်းထဲမှာနေ ထိုင်ကြရသူတွေရဲ့အခြေအနေတွေကို ပြောဆိုတတ်ကြပါတယ်။
ရခိုင်ပြည်နယ်ထဲမှာရှိနေကြတဲ့ ရခိုင်လူမျိုးနဲ့ ပြည်သူပြည်သားတွေ ဘယ်လောက်အထိ ဆင်းရဲကျပ်တည်း
အာဟာရပြတ်လတ်နေကြရတယ်ဆိုတာကိုထည့် သွင်းပြောဆိုကြတာမတွေ့ရဘူး။ ရခိုင်ပြည်နယ်ဟာ မြန်မာပြည်မှာ
ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်တယ် ဆိုတာကိုလည်း သတိပြုဟန်မတူဘူး။
ဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ်မှာ လူနည်းစုမဟုတ်ပါဘူး။ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာ
ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေ ၂ရာခိုင်နုန်း ၃ရာခိုင်နုန်းပဲ နေထိုင်လို့ရှိပါတော့တယ်။ စစ်တွေ၊ ရသေ့တောင်မြို့နယ်တွေမှာ ထက်ဝက်ကျော်သွားပါပြီ။ရခိုင်တွေနေထိုင်လို့
လုံခြုံမှုမရှိဖြစ်နေခဲ့ကြပါပြီ။ ဘင်္ဂါလီတွေရဲ့လူဦးရေပေါက် ဖွားနုန်းနဲ့ များမကြာမီမှာ
တစ်နိုင်ငံလုံးကိုဝါးမြိုသွားနိုင်တယ်ဆိုတာမြန်မာနိုင်ငံသားအားလုံးအထူးသတိပြုကြရပါမယ်။
“တိုင်းရင်းသားနဲ့ နိုင်ငံသားဆိုတာ”
နိုင်ငံတကာ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းနဲ့
တိုင်းရင်းသား မတူဘူးဆိုတာကို တိတိပပနားမလည်ကြတာလား။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်ကြတာလား။
သိအောင် မလုပ်ကြတာလား သံသယဖြစ်စရာပါ။
၁၉၈၂-ခု မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၅ မှာ (တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊
မွေးရာပါနိုင်ငံသား ဖြစ်သည်လို့ ပြဌာန်းထားပါတယ်။) တိုင်ရင်းသားတိုင်းက နိုင်သားဖြစ်ပေမယ့်
နိုင်ငံသားတိုင်းကတော့ တိုင်းရင်းသားမဟုတ်ပါဘူး။
အခြားလူမျိုးတစ်မျိုး၊ အခြားနိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံသားခံယူရင် အခြေခံဥပဒေမှာပါတဲ့နိုင်ငံသားအားလုံးရဲ့ မူလအခွင့်အရေးတွေကိုတန်းတူရမှာပဲ။ ဒါပေမယ့် တိုင်းရင်းသားတွေကို ပေးထားတဲ့အခွင့်အရေး
(ဥပမာ တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်တာမျိုး)
ကိုတော့မရနိုင်ပါဘူး။
ဘင်္ဂါလီအရေးဆိုတာ ရခိုင်တွေရဲ့အရေးလို့မမြင်ပဲ မြန်မာတစ်မျိုးသားလုံးအရေးဖြစ်တယ်ဆိုတာ
အား လုံးသတိချပ်သင့်ပါတယ်။ ဘင်္ဂါလီကို တိုင်းရင်းသားအဖြစ်သတ်မှတ်တာကို အခြားတိုင်းရင်းသားတွေ
လက်ခံ မလား။ ဘူးသီးတောင် မောင်တောမြို့နယ်တွေကို လူဦးရေးအချိုးအစားအလိုက် (ရိုဟင်ဂျာတိုင်းရင်းသားရေး
ရာဝန်ကြီးခန့်ပေးတာကို) အခြားတိုင်းရင်းသားတွေလက်ခံနိုင်ကြမလား။ စဉ်းစားထားကြပါ။
နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး ကိုက်ညီရင် နိုင်ငံသားပေးလို့ရတယ်။
ဒါပေမယ့် တိုင်းရင်းသားလို့တော့ သတ်မှတ်လို့မရဘူး။ ကျနော်တို့ နိုင်ငံရဲ့ ဥပဒေတွေအရ
တိုင်းရင်းသားဆိုတာ ၁၈၂၃-ခုနှစ် အင်္ဂလိပ်ကိုလိုနီ မဖြစ်ခင်ထဲက အခု မြန်မာနိုင်ငံလို့ခေါ်တဲ့
ဒေသတွေမှာ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့တဲ့မျိုးနွယ်စုတွေကိုပဲ သတ် မှတ်တာဖြစ်တယ်ဆိုတာကို
လေ့လာထားသင့်ပါတယ်။
ရခိုင်လူမျိုး သမိုင်းပညာရှင် ဒေါက်တာအေးချမ်း
က“အမေရိကန်၊ ကမ္ဘာ့ကုသမဂ္ဂ
အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေက အမှန်တရားကိုမသိတာလား၊ လက်မခံတာလားတော့မသိဘူး။
အမေရိကန် တောင်ပိုင်းမှာလဲ မက္ကစီကန်တွေပြဿ နာတက်နေတာပဲ။ ကိုးရီးယားကျွန်းဆွယ်ဟာ ဂျပန်ရဲ့ကိုလိုနီ
ဖြစ်ခဲ့တုန်းက ဂျပန်မှာ အလုပ်ခိုင်းဖို့ခေါ်လာတဲ့ ကိုးရီုးယားတွေ အခု မျိုးဆက်သုံးဆက်ဖြစ်သွားပြီ။
နိုင်ငံသားမဖြစ်ကြသေးဘူး” လို့ ပြောခဲ့ပါတယ်။
“သမ္မတဟောင်း
ဦးသိန်းစိန် ဘင်္ဂါလီအပေါ်ပြတ်သားခဲ့တယ်”
ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၀ မှာမဲအနိုင်ရရှိရေးအတွက်
ရခိုင်ပြည်နယ်က ဘင်္ဂါလီ တစ်သန်းကျော်ကို ၁၉၉၄ မှာ White Card ထုတ်ပေးခဲ့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂-ခုနှစ် မှာ ကုလားရခိုင်အရေးအခင်း ပေါ်ပေါက်ခဲ့တယ်။ နိုင်ငံတကာက
ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ၊ လူ့အခွင့် အရေးချိုးဖေါက်တဲ့အစိုးရလို့ ပက်ပက်စက်စက်ပြောကြတယ်။
ဦးသိန်းစိန်က “မြန်မာတိုင်းရင်းသား၁၃၅မျိုးထဲမှာ
ရိုဟင်ဂျာမရှိဘူး။ ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်ဘူး၊ သနားကြတဲ့ နိုင်ငံတွေက
လာခေါ်သွားကြပါ လား” လို့ အတိအလင်းကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူပြောခဲ့တဲ့စကားကို
ဒီနေ့အထိ ဘယ်နိုင်ငံကမှအကောင် အထည်မဖေါ်ခဲ့ကြပါဘူး။
“အမေဘုတ်ရဲ့သူ့ချည်ခင် ဘယ်သူထွင်လို့ရှင်းပါ့မလဲ”
သမ္မတဦးသိန်းစိန်လက်ထက်မှာ မသီတာထွေးသတ်ဖြတ်ခံရတာကစခဲ့တဲ့ ရခိုင်ပြဿ နာကိုပါသင့် ပါထိုက်သူတွေ၊
ပညာရှင်တွေနဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စာမျက်နှာ ၁၆၀ ရှိတဲ့အစီရင်ခံစာထုတ်ဝေခဲ့တယ်။ အစီရင်ခံစာတွေ့ရှိချက်ကို ကော်မရှင်ကော
မြန်မာအစိုးရကပါပြောခဲ့တယ်။ ဒါပေမယ့် ကမ္ဘာကြီးက လက်မခံ ဘူး။ ကမ္ဘာကြီးက သိထားတာတစ်မျိုး၊
မြေပြင်မှာ ဖြစ်နေတာကတစ်သွယ်။ ရိုဟင်ဂျာဆိုတဲ့နာမည် ကမ္ဘာကျော် အောင်၊ ကမ္ဘာ့ပြဿ နာတစ်ခုဖြစ်အောင်
ဘင်္ဂါလီလူမျိုးတွေဟာ နှစ်ပေါင်း ၅၀ လောက်ကြိုးစားလာခဲ့တာ။ ဒေါ်လာသန်းပေါင်းများစွာအကုန်အကျခံခဲ့ပြီ။
ဒါကြောင့် ကမ္ဘာကြီးပါ ပါမှ ဖြေရှင်းလို့ရမယ်လို့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယူဆပုံပေါ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာကကြည်ညိုမှုရှိတဲ့
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ကမ္ဘာ့ကုလ
သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်
ကို ဥက္ကဌအဖြစ် တာဝန်ပေးအပ်ပြီးဖွဲ့စည်းတာဝန် ပေးဟန်တူပါတယ်။
ပြဿ နာတွေကို ဖြေရှင်းကြတဲ့အခါ မျက်လုံး(အမြင်)နဲ့လုပ်ရတဲ့အလုပ်ရှိတယ်။ ဥဏှောက်
(ဥာဏ်) နဲ့ လုပ်ရတာလည်းရှိတယ်။ ရင်ဘတ်(နှလုံးသား) နဲ့ လုပ်ရတာလည်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ဘင်္ဂါလီအရေးအပေါ်မှာ ဘာအမြင်နဲ့ချဉ်းကပ်ပြီး
ကိုဖီအာနန်က ဘယ်သဘောထားနဲ့ချဉ်းကပ်မလဲဆိုတာ အထူးသတိထားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီပြဿ နာက
ကမ္ဘာကြီးက မြင်ထားသလို အမြင်နဲ့ အဖြေထုတ် ခဲ့မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးနိုဘယ်ဆုကြီး
ဆယ်ထပ်ကွမ်းရသူဖြစ်ပါစေ၊ Phd ဒေါက်တာဘွဲ့ ဆယ်ထပ်ကွမ်း ရသူဖြစ်ပါစေ အဖြေမှန်၊ အဖြေကောင်းထွက်လာမှာမဟုတ်ပါဘူး။
ကိုဖီအာနန်ဟာ လူ့အခွင့်အရေးအကြောင်းကိုကောင်းကောင်းသိမှာဖြစ်ပေမယ့်
ရခိုင်လူမျိုးတို့ အခြေအနေကို ခရေစေ့တွင်းကျမသိနိုင်ဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုနဲ့
တိုင်းရင်းသားအရေးဆိုတာကို ဘယ်နည်းနဲ့မှ နားမလည်နိုင်ဘူး။ စောစောကပြောခဲ့သလို ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက
မီဒီယာတွေကို ထိုးဖေါက်ဝင်ရောက် ၀ါဒဖြန့်ထားတဲ့ အချက်အလက်တွေကိုပဲ ၎င်းသိမှာဖြစ်ပါတယ်။
ဒါပေမယ့် ကိုဖီအာနန်လို ပုဂ္ဂိုလ်မျိုးက ဂုဏ်သိက္ခာနဲ့ရင်းပြီးလုပ်ရမှာမို့
မမှန်မကန်တာလုပ်မှာမဟုတ်ဘူး။ ကမ္ဘာနဲ့ လုပ်ရတယ်ဆိုတာ အမှန်အကန် လုပ်ရတော့မယ်။ မမှန်မကန်လုပ်လို့မရတော့ဘူး။
ထိထိရောက်ရောက်လုပ်ရတော့မယ်။ ကိုဖီအာနန် ကိုင်တွယ်မယ့် ကော်မရှင်ကို မြန်မာနိုင်ငံသားတွေက
အချက်အလက်အမှန်တွေပေးနိုင် ပြနိုင်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒါမှ ကျနော်တို့အတွက်
မျှော်လင့်ချက်တွေရှိနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ဟာ NLD အစိုးရဖွဲ့ပြီး အုပ်ချုပ်တဲ့ကာလတိုအတွင်း မှာ အခြားသော ပြဿ နာပေါင်း
သောင်းခြောက်ထောင်ကို ရှင်းမကုန်ဖြစ်နေတဲ့ကာလ၊ အထူးသဖြင့် လူထုမျှော်လင့်ခဲ့သလို ဘယ်အရာကိုမှ
လက်တွေ့ကျကျ အကောင်အထည်မဖေါ်နိုင်သေးတဲ့ကာလဖြစ်တယ်။ လူထု သတိထားစောင့်ကြည့်တဲ့ကာလမှာ
ဗြုန်းကနဲ ဘင်္ဂါလီအရေးပြဿ နာကိုကိုင်တွယ်လိုက်တဲ့အပေါ် အားလုံးအံ့သြသင့်ကုန်ကြတယ်။ နဂိုတည်းကိုက ကုလားလို့ခေါ်တာကိုလက်မခံ၊ ရခိုင်ပြည်နယ်က မူဆလင်ဘာသာကိုးကွယ်ကြ
သူများလို့ သတ်မှတ်ခေါ်ဝေါ်လို့ လူထုမကျေမချမ်းဖြစ်ခဲ့ကြရတယ်။ ယခု ရခိုင်ကော်မတီမှာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေလက်မခံတဲ့
အဖြေတစ်ခုထွက်လာခဲ့ရင်တော့ သားကိုယ်ပစ်၊ လင်ကိုပယ် ၁၈နှစ်တိုင်တိုင် အကျယ်ချုပ်ခံခဲ့တဲ့
ဒေါ်စုရဲ့ ပေးဆပ်ခဲ့မှုတွေဟာ အဟောသိက္ခံဖြစ်သွားမှာ မြေကြီးလက်ခပ်မလွဲပါဘူး။ အမေစုကို
ကျနော်တို့ယုံပါတယ်။ အပေးအယူကကြီးမားလွန်းပါတယ်။
“ရောဂါသိမှဆေးရှိမှာမို့
မြန်မာနိုင်ငံသားတိုင်းမပေါ့ဆသင့်”
ဘင်္ဂါလီရောဂါဆိုတာ အသစ်အဆန်းမဟုတ်ဘူး။ ကုရာနထ္ထိ ဆေးမရှိတဲ့ ရောဂါမျိုးလည်းမဟုတ်ဘူး။
ရောဂါဟောင်းပဲဖြစ်တယ်။ အတွင်းကိုလှိုက်စားနေတဲ့ နာတာရှည်ရောဂါဖြစ်တယ်။ ဒါပေမယ့် အမြစ်တွယ်နေတဲ့
ကုသရခက်ခဲတဲ့ ကင်ဆာလိုရောဂါတစ်မျိုးဖြစ်တယ်။ ဘင်္ဂါလီအနာကို ကုသတဲ့အခါ လှီးဖြတ်တာ၊ ခွဲခြမ်းတာ၊
ညှစ်ထုတ်တာ၊ ဖေါက်ထုတ်တာတွေအပြင် အနာအသစ်လုပ်တာတွေပါ ပါလာပါလိမ့်မယ်။ အဲဒီအချိန်မှာ
အခံရ ခက်အောင် နာကျင်ကြပါလိမ့်မယ်။ မချိမဆံ့အော်ကြပါလိမ့်မယ်။ အချို့လမ်းပေါ်အထိရောက်လာပါလိမ့်မယ်။
အလားတူ မြန်မာနိုင်ငံသားတွေကလည်း ၀ိုင်းကူဖို့လိုပါမယ်။ ခွဲခြမ်းစိတ်ဖြာ ကုသမယ့်ဆရာဝန်ဟာ
အလွန် ကျွမ်းကျင်ပြီး ပါးနပ်လိမ္မာဖို့လိုပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဖီအာနန်တို့
ကုသကြမယ့် ဘင်္ဂါလီ ရောဂါကို ကျနော်တို့ သတ္တိရှိရှိနဲ့ ခွဲစိပ်ကုသမှု ခံယူကြရပါတော့မယ်။
“သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းပြောခဲ့ဖူးတဲ့လူ့အခွင့်အရေးအပေါ်အမြင်စကား”
အနောက်နိုင်ငံသားတွေမှာ ကုန်လုံကြွယ်ဝပြီးစီးပြီးတော့
သူတို့တွေက လူ့အခွင့်အရေးတွေ လိုတာထက်ရပြီးပြီ ဖြစ်ကြတာကြောင့် တိရစ္ဆာန်အခွင့်အရေးတွေကိုတောင်းဆိုနေကြတာ။
သူတို့ရဲ့လှုပ်ရှားမှုတွေကို မျက်စိစပါးမွေးစူးတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာ လူထုဦးစိန်ဝင်း က“အင်္ဂလိပ်တွေမှာ
အလုပ်စရာ အလုပ်မရှိတော့လို့ တိရိစ္ဆာန်အခွင့်အရေးတွေလာပြောနေတာ။
ကျနော်တို့က လူ့အခွင့်အရေးတောင် ဘယ်နေ မှန်းမသိသေးဘူး။ ကျနော်တို့ကို ထပ်တူလာချပြလို့မရဘူး၊
လက်လည်းမခံနိုင်ဘူး” လို့ပြောဆိုခဲ့ဖူးတာ အားလုံး မှတ်မိကြမယ်ထင်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ ရခိုင်အမျိုးသား
သမိုင်းပါမောက္ခ ဒေါက်တာ အေးကျော် က ဘင်္ဂါလီ လူမျိုး တွေကို ရိုဟင်ဂျာလို့ ထုတ်လွှင့်နေမှုတွေကြောင့်
မီဒီယာသမားတွေကို အမှားအမှန်ကိုချင့်ချိန် ထုတ်လုပ်ကြဖို့ ရိုဟင်ဂျာ ဆိုတဲ့ သမိုင်းလိမ်ကိစ္စတွေကို
အထောက်အထားစာရွက်တွေပေးခဲ့ပေမယ့် ဌာနအလိုကျ ကြော်ညာ ခဲ့ကြရတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက်
သတင်းထောက်ပညာသင်ကျောင်း (အင်တာနယူး) က နည်းပြ ဆရာကြီးတစ်ဦးက ပြောဖူးပါတယ်။ ။
ထွန်းနေရောင် (စနဲ)