"ပင်လုံရယ် မလုံလို့ပိတ်ပြေးတာလား"
ရွှေလုပ်သားဝက်ဘ်ဆိုဒ်မှာ ၂၀၁၆ ခု
အောက်တိုဘာလ ၁၄ ရက်နေ့က "မြောက်ဒဂုံပင်လုံခန်းမရှေ့က လဘက်ရည်ဆိုင်ကို
ကြွရောက်သုံးဆောင်ကြဖို့" ဆိုတဲ့ စာညွှန်းတိုတစ်ခု ကို
မောင်ကံ(ပင်လုံ)က ရေးတင်လိုက်တယ်။ ဟော..၂၀၁၆ ခု အောက်တိုဘာ ၁၆ ရက်နေ့ ကျတော့ ဒီလဘက်ရည်ဆိုင် ပစ္စည်းတွေသိမ်းပြီး
ဆိုင်ပိတ်သွားပြီးတဲ့။ အနော်ရထာမင်းမြတ် တည်ထားခဲ့တဲ့မြို့ ပုဂံသားတွေ စကားနဲ့ဆို ဘောက်မဲ့ကြောင့်
ပိတ်သတုံးဟဲ့၊ ၀န်ကြီးကို ပိုင်တဲ့ဆိုင်ဆို။
မြန်မာပြည်မှာကလည်း
စါရင်းစစ်ဝင်ခါနီးဆို မီးလောင်လေ့ရှိတာမို့ ဒီဆိုင်ကိုညဘက်မှာ ဘိုဒူဇာ နဲ့များ ထိုးပစ်မလားလို့
အနီးအနားကသူတွေ ရင်တမမနဲ့ဆိုပဲ။ အယင်အဘတို့ခေတ်ကဆို ဘိုဒူဇာနဲ့ရှင်း ပစ်တတ်လို့တဲ့။
မုန်လာဥဆိုတာ ဆားရေစိမ်အချဉ်ဖေါက်ပြီး ရေဆေးလိုက်ရင်
သားရေကိုပြုတ်ပြီးလှီးထားသလို စားသုံးသူကိုမျက်လှည့်ပြလို့ရတယ်။
မြောက်ဒဂုံပင်လုံခန်းမရှေ့က လဘက်ရည်ဆိုင်ကို ဘယ်လိုဖျော က်မလဲ ... ဥုံ ဖွ.ပျောက်စေဟ.... ၂၁ ရာစု မြန်မာအလုပ်သမားသမိုင်းထဲကပင်လုံခန်းမ။ ။
မောင်ကံ (ပင်လုံ)
အဖိနှိပ်ခံ
အလုပ်သမားများအကျိုးရှိမည့် မည့်သည့်ကိစ္စရပ်များအတွက်မဟူ ခိုင်မာသည့် အချက်အလက်များဖြင့်
ရွှေလုပ်သားသို့ပေးပို့လာပါက သေချာစိစစ်၍ ဖေါ်ပြပေးမည်ဖြစ်ပါသည်။
မည်သူ တစ်ဦးတစ်ယောက်ကို မရည်ရွယ်ပါနှော်။ အမှန်တရားကြီးစိုးတဲ့ခေတ်ကိုရောက်စေချင်လို့ပါနှော်။ ........
ရွှေလုပ်သား