ဘောလုံးစွမ်းရည်ပြခဲ့သည့် ကလေးငယ် လက်စတာစီးတီးအသင်း ကူညီရန်ကမ်းလှမ်း
ထိုင်းရုပ်မြင်သံကြားမှာ
ဘောလုံးစွမ်းရည်ပြသွားတဲ့ ၇နှစ်အရွယ် နောင်ပီးဆိုသူ ကလေးငယ်ကို အင်္ဂလန်
လက်စတာ စီးတီးအသင်းက ထောက်ပံကူညီရန် ကမ်းလှမ်းလိုက်ကြောင်း Bangkok Post
သတင်းက ဆိုပါတယ်။
လက်စတာစီးတီးအသင်းကို ထိုင်းသန်းကြွယ်သူဌေး Vichai Srivaddhanaprabha က ပိုင်ဆိုင်တာဖြစ်ပါ တယ်။
မွန်လူမျိုး မိဘ၂ပါးက မွေးဖွားခဲ့တဲ့ ၇နှစ်သားအရွယ်ရှိ
ဆူဗင် ( ခေါ်) နောင်ပီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်နေ့က သူ့ရဲ့
ဘောလုံးစွမ်းရည်ကို ထိုင်း ရုပ်မြင်သံကြားမှာ ပြသခဲ့ပြီးနောက်၊
ဘောလုံးကလပ်အသင်း တော်တော်များများက သူ့အေ ပ်ါစိတ်ဝင်စားခဲ့ပြီး၊ သူ့ရဲ့
စွမ်းရည်ကို ရိုက်ကူးထားတဲ့ ဗီဒီယို ကြည့်ရှု့သူ ပေါင်း ၉ဒဿ မ ၁သန်ရှိခဲ့ပါတယ်။
လက်စတာစီးတီးအသင်းရဲ့ ဒုဥက္ကဋ္ဌ Aiyawatt
Srivaddhanaprabhaကလည်း ဒီလူငယ်လေး ရဲ့ အနာဂတ်အတွက်
ကြေးစားဘောလုံးသမားတစ်ဦးဖြစ်လာဖို့ ကူညီသွားမယ်လို့သတင်းစာ ရှင်လင်းပွဲမှာ
ပြောဆိုသွားပါတယ်။
လက်စတာစီးတီးအနေနဲ့ ဆူဗင်အတွက် ထိုင်းနိုင်ငံအတွင်း
သို့မဟုတ် ပြည်ပမှာ ကျောင်း တက်နိုင်အောင်လည်း ထောက်ပံ့ပေးမှာဖြစ်တဲ့အပြင်
ဘောလုံးနဲ့ပတ်သက်ပြီး ဆက်လက်သင် ကြားနိုင်အောင်လည်း နည်းပြတစ်ဦးကို သူ့အတွက်ပို့ပေးမယ်လို့လည်းဆိုပါတယ်။
Topics: Sports
.......................................................................................................................
ကာယကံရှင်ရဲ့ဆန္ဒအတိုင်းသာ
၂၀၁၇ ဇန်န၀ါရီ ၁၉ ရက်နေ့ထုတ်
ပြည်မြန်မာဂျာနယ်သတင်းတစ်ပုဒ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ
ဦးဇော်မင်းထိုက် က ကာယကံရှင်များရဲ့ဆန္ဒသဘောအတိုင်းသာဖြစ်ကြောင်း ၁၄ ရက်နေ့က
ထုတ်ဖေါ်ပြောဆိုကြောင်းရေး ထားပါတယ်။ ထိုင်းမီဒီယာတစ်ချို့မှာ နောင်ပီးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က
ပြန်လည်ခေါ်ယူမယလို့ရေးထားကြတာကြောင့်
ထိုင်းအမျိုးသားလက်ရွေးစင်အသင်းက၊
ပြန်လည်မေးမြန်းတဲ့အခါ၊ မြန်မာဘောလုံးအဖွဲ့ချုပ် အနေနဲ့ ကလေးငယ်ကို တစ်စုံတစ်ရာ ဆက်သွယ်မှုများပြုလုပ်ထားခြင်းမရှိကြောင်း၊
ဦးဇော်မင်းထိုက် ကပြောဆိုကြောင်း၊ သူတို့မိဘတွေကထိုင်းမှာအလုပ်လုပ်နေတာ၊
ဘယ်နိုင်ငံသားခံယူမလဲဆိုတဲ့အပေါ်မှာမူတည်တာပေါ့၊ တကယ်လို့ထိုင်း နိုင်ငံသားခံယူရင်တော့ကျနော်တို့လည်း ဘာမှမတတ်
နိုင်ပါဘူး။သူကိုယ့်နိုင်ငံပြန်လာမယ်ဆိုလည်းအခွင့်အရေးတွေအများကြီးရနိုင်ပါတယ်။ဒီမှာလည်း
ဘောလုံးအကယ်ဒမီတွေရှိနေပြီ
လေ။ လောလောဆယ်တော့ ကလေးငယ်နဲ့ပတ်သက်ပြီး တော့
ဘာအဆက်အသွယ်မှ မရထားဘူး” လို့ပြောဆိုပါတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့်
မြန်မာနဲ့ ထိုင်းလူမျိုးတို့ရဲ့ အရည်အချင်းရှိသူတစ်ယောက်အပေါ် တန်ဖိုးထားခြင်း၊
အလေးနက်ထားခြင်း၊ အမြင်သဘောထားခြင်း ရည်ရွယ်ချက်ခြင်းမတူညီတာကို ၀မ်းနည်းဖွယ်ရာ
တွေ့ရှိရတာဖြစ်ပါတယ်။
မြန်မာတိုင်း မြန်မာနိုင်ငံအနာဂတ်အတွက် ထည့်သွင်းစဉ်းစားနိုင်ကြပါစေရန် ရွှေလုပ်သားက ဆန္ဒပြုလိုက်ရပါတယ်။