၂၀၁၇ ဇန်န၀ါရီလ
၈ ရက်
မြတ်ညို
(အလွတ်သတင်းထောက်)
ဘန်ကောက်မြို့
ပါနန်းအရပ်တွင်အလုပ်လုပ်ကိုင်သည့် ကရင်အမျိုးသမီးငယ်တစ်ဦးသေဆုံးမှုမှာသဘာဝ မကျ ယုတ္တိမတန်ကြောင်း
ကရင်အလုပ်သမားအသိုင်းအ၀ိုင်းများက ဝေဖန်နေကြသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ၀င်းဖရ(ကလဲထော်)
ရွာမှ အသက် ၂၃ နှစ်အရွယ် ကရင်အမျိုးသမီး နန်းဌေးဌေးဦး၏ ရုပ်အလောင်းအား ယမန်နေ့ က
Wat Siripong Thamnimit ဘုန်းကြီးကျောင်း တွင် မီးသဂြိုဟ်ခဲ့ကြသည်။
သူမသည် ဘန်ကောက်ပါနန်းအရပ်ကွက်မှ
သူဌေးတစ်ဦး၏ အိမ်တွင် အိမ်ဖေါ်အလုပ်လုပ်ကိုင်သည်။ လုပ်ငန်းရှင်အိမ်တွင် မနေပဲ ကွန်ဒိုတိုက်ခန်းတစ်ခုတွင်နေသည်ဟုသိရသည်။
ဇန်န၀ါရီလ ၄ ရက်နေ့တွင် ပုပ်ပွနေသည့် သူမ၏ အလောင်းကို အခန်းပိုင်ရှင်က သိရှိခဲ့သည်ဟုဆိုသည်။
သေဆုံးသူတွင်အစ်မအရင်း၂ဦးဘန်ကောက်တွင်အလုပ်လုပ်နေကြသော်လည်း ညီမဖြစ်သူ၏ နေထိုင်း မှုနှင့် အခြားသောအခြေအနေများကို တစ်စုံတစ်ရာ မသိဖြစ်နေကြသည်။ သေဆုံးသူ၏ ရည်းစားဖြစ်သူ
ကရင်လူငယ်ကလည်း မည်သည့်အကြောင်းအရာကိုမှ မသိရှိကြောင်း ဆိုပါသည်။
အစ်မဖြစ်သူက
အသုဘ အခမ်းအနားတွင်လူအများအားပြောဆိုသည်မှာ(ရဲစခန်းမှ ခေါ်ယူ၍သွားကြည့် သည့်အခါ ဓါတ်ပုံ၊
လက်ကိုင်ဖုန်းနှင့် ပတ်စပို့များကိုပြ၍ သူ့ညီမဖြစ်ကြောင်း အတည်ပြုခိုင်းသည်) ရဲဆေးစာရွက်အားဖတ်ပြရာတွင်အသက်ရှုလမ်းကြောင်းပိတ်၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆေးစစ်ချက်
အတိ အကျကို ၂လကြာမှသိရမည်ဟု ရဲစခန်းက ပြောဆိုကြောင်း
အစ်မဖြစ်သူကပြောသည်။
သေဆုံးသူနှင့် ရင်းနှီးစွာဆက်ဆံခဲ့ဖူးသည့် ကရင်အမျိုးသမီးတစ်ဦး က“ ကျမ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ကို
ဖုန်းဆက်ပါတယ်။ ရဲစခန်း ကိုအမှုဖွင့်ခိုင်းတယ်။ စီအိုင်ဒီကိုပို့ခိုင်းတယ်။ ကာယကံရှင်ေ တွက
ရဲကိုသွားပြီးတော့ အမှုဖွင့်ရမယ်။ ကျနော်တို့ သံတမန်အနေနဲ့ သူတို့ရဲ့နိုင်ငံအချုပ်အခြာဥပဒေကို
ဝင်ရောက် စွက်ဖက်လို့ မဖြစ်ဘူး။ သံတမန်အနေနဲ့ မကောင်းဘူး။ မည်သည့်နိုင်ငံမှာမဆို မှတ်ထားပါလို့ ပြောတယ်ရှင့်။ ကူညီမယ့်သူမရှိဘူး” ဟုပြောသည်။
ဆရာမဒေါ်နန်းမိုးက
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သဖြင့် လိုအပ်ချက်များကိုအကြံပြုခဲ့သော်လည်း ကာယကံရှင်အစ်မများ ၏ ပူးပေါင်းဆောင်ရွက်မှု အထူးအားနည်းခဲ့ပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများနေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဦးစီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာဝန်ကြီးဦးသိန်းဆွေက ထိုင်း နိုင်ငံသို့ အလုပ်သမားသံအရာရှိ ၃ဦးစေလွှတ်ရန်ပြင်ဆင်နေသည်ဟု ပြောဆိုခဲ့ပါသည်။ ၀န်ကြီးပြောသည့်စကားရပ်အား MAT အဖွဲ့က၊ အလုပ်သမားကိစ္စကို စိတ်မ၀င်စားပဲ ငွေရှာမယ့်သူတွေကို ပဲ စေလွှတ်မယ်ဆိုရင်တော့ အလုပ် သမားသံအရာရှိ ၃ယောက်သာမက အလုပ်သမားဝန်ကြီးဌာနတစ်ခု လုံးကိုစေလွှတ်သော်လည်း ထိုင်းရောက်အလုပ်သမားများအတွက် တစ်စုံတစ်ရာထူးခြားလာမည် မဟုတ် ဟုဆိုသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ နိုင်ငံသားကိစ္စရပ်တိုင်းအတွက်
တာဝန်အရှိဆုံးဟာ သံရုံး
ဖြစ်ပါတယ်။ အမေစုထိုင်းကိုလာတုန်းက သံရုံးထဲမှာပြောသွားတယ်။
ပြည်ပမှာရှိတဲ မြန်မာသံရုံးတိုင်းဟာ တရားဝင်ဖြစ်စေ၊ တရားမ၀င်ရောက်နေ သူဖြစ်စေ၊ ပြည်ပကိုရောက်နေတဲ့
မြန်မာနိုင်ငံသားတိုင်းအတွက် မိဘအိမ်သဖွယ်ဖြစ်နေရမယ်။ ကိုယ့်နိုင်ငံ သားအတွက် အလုပ်မလုပ်နိုင်ဘူးဆိုရင်
ဒီအလုပ်ကိုမလုပ်နဲ့ပေါ့ လို့ပြောခဲ့တယ်။ အလုပ်သမားသံအရာရှိ က အလုပ်သမားကိစ္စတွေကို တကယ်လုပ်တဲ့ သူကိုပဲ ကျနော်တို့ လိုချင်ပါတယ်။ သေမှုသေခင်းဆိုတာ အစိုးရ၀န်ထမ်းသာဦးဆောင်လုပ်ရတာမို့ ကျနော်တို့ တိုက်ရိုက် လုပ် လို့မရနိုင်ဘူး”
ဟုပြောသည်။
ထိုင်းနိုင်ငံတွင်လွန်ခဲ့သည့်ဆယ်စုနှစ်ပေါင်းများစွာကတည်းကပင်
မြန်မာအလုပ်သမားများအဓမ္မပြုကျင့် ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊လုယက်ခံရခြင်း၊ မဟာချိုင်တွင်
နေ့စဉ် ပုလိပ်ဖမ်းဆီးငွေတောင်းခံနေရခြင်းတို့ ကို နေ့စဉ်ခံနေကြရဆဲဖြစ်သော်လည်းဘန်ကောက်အခြေစိုက်
မြန်မာသံရုံးကထိရောက်သည့်ကာကွယ်ပေး မှုနှင့် အရေးယူဆောင်ရွက်ခြင်းမျိုးမရှိခဲ့ပါ။ ထို့ကြောင့်
ထိုင်းရဲ၊ ထိုင်းလမ်းသရဲ၊ ထိုင်းလူမျိုးနှင့် ထိုင်းလုပ်ငန်း ရှင်များက မြန်မာများကို
အတင့်ရဲစွာ သတ်ဖြတ်အနိုင်ကျင့်မှုများကို လုပ်နေကြဆဲဖြစ်ပါသည်။