၂၀၁၇.ခု ဇန်န၀ါရီလ၂၅ ရက်နေ့ထုတ် မြန်မာပို့စ်သတင်းဂျာနယ်ပါဆောင်းပါးကို ရွှေလုပ်သား
အွန်လိုင်း ပရိတ်သတ်များအတွက် ကူးယူဖေါ်ပြတာပါတယ်။
......................................................................................................................
ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် Certificate Identity…CI
စခန်းတွေဖွင့် ခွင့်တွေကို စခန်း၆ခု ဖွင့်လှစ်ဖို့အတွက် မြန်မာအစိုးရက လေလံစနစ်နဲ့
စီစဉ်ခဲ့တယ်။ မြန်မာ အလုပ်သမားတွေ မျှော်တော်ဇောနဲ့မောခဲ့ရတာကြာပြီ။ ထိုင်းအစိုးရက ခွင့်ပြုထားပြီးဖြစ်သလို
လုပ်ပိုင်ခွင့်ရထားသူတွေဘက်ကလည်းစခန်း တွေအဆင်သင့်ဖြစ်နေကြပြီ။ မြန်မာအစိုးရဘက်က
CI လုပ်မယ့်ဝန်ထမ်းတွေ မရောက်လာကြသေးပါ။
စခန်းပိုင်ရှင်တွေ
ဘတ်၂သန်း(ကျပ်ငွေသိန်း၇၀၀) တင်ထားကြရတယ်။ ၀န်ဆောင်မှုကို မြန်မာ အစိုးရက ထုတ်ပေးထားတယ်။
ပွဲစားတွေနဲ့ CIစခန်းက၀န်ထမ်းတွေ ဇယားမရှုတ်ရ။ စည်းကမ်းချက်တွေကို ဖေါက်ဖျက် ပါက
ဒီငွေတွေကို ပြည့်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမယ်လို့ စာချုပ်မှာပါတယ်။
မြန်မာအလုပ်သမားတွေ တရားဝင်ကုန်ကျမယ့်ငွေတွေက (ဆဲဗင်းအလဲဗင်း မှာ
၃၁၀ဘတ်+ဗီဇာ၅၀၀+နယ်ကျော်ခွင့် ၁၀၀ဘတ်) သာကုန်ကျမှာဖြစ်ပါတယ်။ ဒါပေမယ့်
အပြင်မှာပွဲစားတွေဈေးခေါ်နေတာက (ဘတ်ငွေ
၃၀၀၀ ကနေ ၅၀၀၀ အထိ)ကြားသိရတယ်။ ပွဲစားမပါရင်မပြီးပေမယ့် ဘာပဲပြောပြော ၂၀၁၂
ကာလတုန်းကမြန်မာနဲ့ထိုင်းအစိုးရတို့ ပတ်စပို့ ထုတ်ပေးခဲ့တုန်းကထက်၊ ထက်ဝက်လောက်
ဈေးလည်းသက်သာနေ၊ လွတ်လွတ်လပ်လပ် လည်း သွားလာခွင့်ရှိတယ်ဆိုတာကြောင့် မြန်မာအလုပ်သမားတွေ
စိတ်ဝင်စားနေကြပါတယ်။
၂၀၁၂ ခုနှစ်
ပတ်စပို့ထုတ်ပေးတုန်းက ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတဲ့
မောထော (Name List)
အလုပ်သမားတစ်ယောက်အတွက်ဘတ်ငွေ ၁၀၀၀၊ မြန်မာသံရုံးကို တစ်ယောက်အတွက် ဘတ် ၃၀၀စီ ကောက်ခံခဲ့ကြတာကြောင့် ထိုင်းမြန်မာ ၀န်ထမ်းတွေ၊ ပွဲစားတွေ
အကြီးအကျယ် ချမ်းသာသွားခဲ့ကြပါတယ်။
အလုပ်သမားတစ်ဦးစီအတွက်
Bio Data မိတ္တူကူးခ ဆိုပြီး ကျပ်ငွေ၁၅၀၀စီကို မြန်မာဗိုလ် မှူးဟောင်းတစ်ယောက်ဟာ ပတ်စပို့လုပ်တဲ့
မြန်မာအလုပ်သမားတစ်သန်းခွဲအတွက်(ကျပ်သိန်း
ပေါင်း နှစ်သောင်းကျော်)ကိုအမြတ်ထုတ်သွားခဲ့တယ်။
အဲဒီဗိုလ်မှူး ကောက်သွားတဲ့ Bio Data
တွေဆိုတာ လက်ရှိဘယ်မှာရှိသလဲ။ အလုပ်သမားတွေထဲက
တစ်စုံတစ်ယောက် ပြဿ နာကြီး ငယ်ပေါ်လို့၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေမေးကြတဲ့အခါ အဲဒီကာလက ထုတ်ထား တဲ့ ပတ်စပို့အချက်အလက်ကို ဘန်ကောက်
မြန်မာသံရုံးမှာကော နေပြည်တော်အစိုးရဆီမှာပါ မရှိတော့ပါ။
တာဝန်ခံသူလည်းရှိမည်မထင်ပါ။ ဒီလုပ်ရပ်ဟာ မြန်မာအာဏာပိုင်
တွေက လုပ်ကိုင်ခွင့်နဲ့ အလုပ်သမားတွေအပေါ်မှာ ဂွင်ဖန်ပြီးမတရား ဂုတ်သွေးစုတ်သွားတဲ့
လုပ်ရပ်ဖြစ်တာ ကြောင့် သိရှိသူတွေမကျေနပ်ကြပါ။ စခန်းဖွင့်ဖို့ကြာနေတာဟာ အယင်လိုပဲ Bio
Data အကြောင်းပြပြီး စား ကွက်ဖန်တီးနေကြသလားလို့ CI စခန်းဖွင့်ခွင့်ရသူတွေဘက်က
သံသယဖြစ်တဲ့အသံတွေ ကြားနေကြရတယ်။
“မြန်မာသံရုံးပတ်စပို့ထုတ်ပေးရေးစခန်း”
မြန်မာသံရုံးမှာဖွင့်လှစ်ထားတဲ့
ပတ်စပို့ထုတ်ပေးရေးစခန်းမှာ မြန်မာမှတ်ပုံနဲ့ အိမ်ထောင်စု သန်းခေါင်စါရင်း ရှိတဲ့သူတွေ
ပတ်စပို့လျှောက်လို့ရပါတယ်။ စါရင်းသွားပေးတာနဲ့ အယင်တုန်း ကဘတ်ငွေ ၃၀၀ ပေးရပါတယ်။ အခုဘတ်ငွေ၂၅၀
ဖြစ်ပါတယ်။ အနည်းဆုံး ၆လ ထက်မနည်း ကြာတတ်ပါတယ်။
ဒီလိုကြာလွန်းလို့ နေထိုင်ခွင့် သေသွားတဲ့ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားတဲ့မြန်မာ
အလုပ်သမားတွေအမြောက်အမြားရှိပါတယ်။
မြန်မာသံရုံးမှာဖွင့်လှစ်ထားတဲ့
ပတ်စပို့ထုတ်ပေးရေးစခန်းမှာ ပတ်စပို့အသစ်ပြုလုပ်ခ ဘတ်ငွေ ၁၆၀၀၊ စာအုပ်သက်တမ်းတိုးတာ၊
စာအုပ်အသစ်လဲတာအတွက် ဘတ်ငွေ ၁၅၃၀။ ပျက်စီး၊ ပျောက်ဆုံးအတွက် ဘတ် ငွေ ၄၃၀၀ လို့ရေးထားပါတယ်။
ဒါ့အပြင် အပြင်မှာ ဘတ်ငွေ ၄၀၊ ၅၀ သာပေးရတဲ့ ပတ်စပို့ထည့်တဲ့အိပ်ခွံတစ်ခုကို ပတ်စပို့ထုတ်သူတိုင်းဘတ်ငွေ၁၂၀
ပေးပြီး မ၀ယ်မနေရ၀ယ်နေကြကြောင်း အလုပ်သမားတွေကပြောကြပါတယ်။
သံရုံးပတ်စပို့ထုတ်ပေးတဲ့စခန်းဟာ
အချိန်အလွန်ကြာပြီး အရာအားလုံး အလွန့်အလွန်ဈေး ကြီး မြင့်နေပါတယ်။
ပတ်စပို့ထုတ်ပေးတဲ့နေရာဟာ နိုင်ငံခြားသားတွေအတွက်
ဗီဇာထုတ်ပေးတဲ့အနီးမှာ ဖွင့် ထားပါတယ်။ အဲဒီ လမ်းတလျှောက်မှာ တကိုယ်ရေသန့်ရှင်းမှုအားနည်းကြတဲ့ မြန်မာတွေစုပြုံ
နေတာကို ထိုင်းမြူနီစပယ်နဲ့
ထိုင်းနိုင်ငံသားတွေကလည်း အမြင်မကြည်ကြောင်းကြားသိရပါ တယ်။
“ပြည်သူအားကိုးရတဲ့အစိုးရဖြစ်ပေးပါ”
ပြည်ပကမ္ဘာအနှံ့မှာ မြန်မာနိုင်ငံသားတွေ၅သန်းထက်မနည်းပြန့်နှံ့ရောက်ရှိနေကြတယ်။
ပြည်ပရောက် မြန်မာတွေအပေါ်မှာ မြန်မာသံရုံးတွေက
ဘယ်လိုဆက်ဆံတယ်ဆိုတာ အား လုံးသိကြပါတယ်။ ဘယ်လိုမောက်မာတယ်။ ဘယ်လိုတာဝန်မဲ့ခဲ့ကြတယ်ဆိုတာတွေ
အားလုံး ကြုံဖူးကြပါတယ်။ အဲဒါကြောင့် ဘာကိုသွားအားကိုးရမလဲ။ စနစ်တကျဆိုတာ တစ်သက်လုံး
မရှိခဲ့တဲ့အစိုးရလို့ လူတိုင်းဆဲခဲ့ကြတယ်။ ဒါတွေကို အတိတ်မှာထားခဲ့ချင်တယ်။ NLD အစိုးရ လက်ထက်မှာ
နိုင်ငံခြားက ငွေရှာပို့နေတဲ့ လုပ်သားထုကြီးကို တန်ဖိုးထားသင့်ပါပြီ။
“ထိုင်းအစိုးရစိတ်ပြောင်းသွားမှဖြင့်”
အခု ထိုင်းနိုင်ငံမှာ ပန်းရောင်ဘတ်ကဒ်လုပ်ထားတဲ့
အလုပ်သမားတွေက တစ်သန်းနီးပါး၊ ခရမ်းရောင်ပတ်စပို့စာအုပ်(၄နှစ်ဗီဇာကုန်) စာအုပ်က တစ်သန်းနီးပါးရှိပါတယ်။
၆နှစ်သက်တမ်း ကုန်သွားတဲ့ သိန်းချီတဲ့အလုပ်သမာျးတွေလည်းရှိပါတယ်။
ရက်ပိုင်းအတွင်း ဇန်န၀ါရီလက ကုန်တော့မယ်။
CI စာအုပ်ထုတ်ပေးတဲ့စခန်းက မြန်မာ ဘက်ကမဖွင့်နိုင်သေး။ ထိုင်းဘက်ကအဆင်သင့်ဖြစ်နေပြီ။
ဗမာဘက်ကမဖွင့်ပေးလို့ ပန်းရောင် ဘတ်ကဒ်တွေ တဖြည်းဖြည်း နေထိုင်ခွင့်တွေကုန်လာရင်ထိုင်းအလုပ်ရှင်တွေရဲ့တောင်းဆိုချက် အရ
ထပ်ပြီးတော့ တိုးပေးမယ်။မြန်မာအလုပ်သမားတွေထပ်ပြီးတော့ပိုက်ဆံကုန်ကြရအုံးမယ်။
ထိုင်းလုပ်ငန်းရှင်တွေဘက်က
သူတို့အလုပ်သမားတွေအတွက် ထိုင်းအစိုးရကို နေထိုင်ခွင့် သက်တမ်းတိုးပေးဖို့ တောင်းဆိုဖို့အဆင်သင့်ဖြစ်တယ်။
ကျနော်တို့ အစိုးဟာလည်း အလုပ်သ မားတွေအတွက် အယင်ကလိုမဟုတ်ပဲ အဆင်သင့်ဖြစ်ဖို့ အပူတပြင်းလိုအပ်နေပါတယ်။
ထိုင်းမှာလက်ရှိအုပ်ချုပ်နေတဲ့အစိုးရက အာဏာသိမ်းစစ်အစိုးဖြစ်တယ်။
ထိုင်းအစိုးရစိတ်
ပြောင်းသွားလို့ အမြင်ကပ်ပြီး CI စခန်းတွေ ပိတ်စမ်းကွာလို့ပြောလာရင်တော့
အလုပ်သမား
တွေ အကြီးအကျယ် နစ်နာသွားနိုင်ပါတယ်။
အဲဒီအချိန် မှာ ဘတ် ၂သန်း(ကျပ်ငွေ သိန်း
၇၀၀) သာမက CI စခန်းငှါးရမ်းခ၊ စပေါ်၊ စခန်းပြင်ဆင်ခတွေ ကုန်ထားတဲ့ မြန်မာနဲ့ထိုင်းလုပ်ငန်းရှင်တွေနဲ့
မြန်မာအစိုးရတို့ ရှင်းကြေ တာ့ပေါ့။
အလုပ်သမားထုကတော့ အကုန်အကျ အသက်သာဆုံးနဲ့ လွတ်လွတ်လပ်လပ်
သွားလာ လို့ရတဲ့ အဆင့် အတန်းတစ်ခုကို ထိုင်းအစိုးရကလုပ်ပေးလုပ်ပေး၊ မြန်မာအစိုးရက လုပ်ပေး လုပ်ပေး၊
မြန်မြန်လုပ်ပေးဖို့သာ အရေးတကြီးလိုအပ်နေကြတာပါ။ အဖန်တရာအကုန်အကျများ နေကြတဲ့ မြန်မာအလုပ်သမားတွေကတော့
ပန်းရောင်ဘတ်ကဒ်တစ်ခုတည်းမှာ လွတ်လပ် စွာ ခရီးသွားလာခွင့်ပြုတာကို တစ်နေ့နေ့မှာ၊ကာလတစ်ခုခုမှာ
ဖြစ်လာမယ်လို့ယုံကြည်နေကြ တယ်။ အဲဒီကာလက မြန်မာပြည်ပြောင်းလဲတိုးတက်တဲ့အခါမှာပေါ့။
“မြန်မာအလုပ်သမားများအိမ်ပြန်နည်း”
၂၀၁၀ နောက်ပိုင်းမှာ မြန်မာအတော်များများက
သင်္ကြန်ဆိုရင် ရွာကိုခဏပြန်ကြတယ်။ ဒီနှစ်ဘယ်လို ပြန်ကြမလဲ။ ဖေဖေါ်ဝါရီလ နဲ့ မတ်လမှာ သန်းချီတဲ့
အလုပ်သမားတွေကို CI ထုတ်ပေးလို့ မပြီးနိုင်တာသေချာပါတယ်။ အလုပ်သမားတွေ စိတ်ညစ်နေကြတယ်။
ပန်းရောင်ဘတ်ကဒ်သမားတွေ
အိမ်ကိုပြန်နေရတဲ့ နည်းလမ်းတွေက ဘတ် ၂၅၀၀
ပေးပြီးအဖမ်းပြပြီး၊ မြ၀တီ တရောက်ပို့ပေးတယ်။
နောက်တစ်နည်းက သံရုံးမှာအိမ်ပြန်ထောက် ခံစာ ယူရတယ်။ တရားဝင် ဘတ်ငွေ ၁၅၀ ပေးရပေမယ့် ဘတ်ငွေ
၅၀၀ ထိအလုပ်သမားတွေ ကုန်ကျတယ်။ မြို့နယ်၊ ထိုင်းအလုပ်သမား ၀န်ကြီးဌာနနဲ့ လုပ်ငန်းရှင်ဆီက
ထောက်ခံစာယူရ ပါတယ်။ ဒီ ထောက်ခံစာ ၃ရွက်နဲ့ သွားတဲ့အခါ မဲဆောက် မရောက်ခင် တောင်ပေါ်ဂိတ်တွေမှာ
အသွားအပြန် ဘတ်ငွေ ၁၆၀၀ လောက်ကုန်ကျတတ်ပါတယ်။ ဒါတွေက ကားခ စားစ ရိတ်မပါပဲ ကုန်ကျတဲ့စရိတ်ဖြစ်ပါတယ်။
“ပွဲစားလုပ်ပေးနည်းတစ်ခု”
ထိုင်းအစိုးရက ခရမ်းရောင် ၄နှစ် ဗီဇာကုန်သွားသူတွေကို
ဗီဇာနဲ့ အလုပ်လုပ်ခွင့်ပါမစ် WP လုပ်ပေးပါ တယ်။ ပွဲစားပေါက်ဈေး ဘတ်ငွေ ၆၅၀၀ ဖြစ်ပါတယ်။
ဗီဇာ ၆နှစ်ကုန်သွားတဲ့ သက်တမ်းသေနေတဲ့ စာအုပ်သမားတွေကို ဘတ်ငွေ ၂၅၀၀ ပေးပြီး အဖမ်းခံ
မြ၀တီတရောက် သွား။ မြန်မာပြည်မှာ ပတ်စပို့စာအုပ်ကြီးကိုထုတ်။ မိမိမှာကိုင်ထားတဲ့ ပန်းရောင်ဘတ်ကဒ်နဲ့
အဲဒီစာအုပ်အသစ်ကို လူလာစရာမလိုပဲ ထိုင်းနယ်စပ်ကိုပြန်ပို့။ ပြည်ဝင်ခွင့်နဲ့နေထိုင်ခွင့် ဗီဇာ ထုပေးပြီးတာနဲ့
ထိုင်းကိုပြန်လာရုံပဲ၊ ကုန်ကျငွေက ဘတ်ငွေ ၆၅၀၀ လောက်ရှိ မယ်လို့ ပွဲစားေ တွကပြောပါတယ်။
၆နှစ်ဗီဇာသက်တမ်းကုန် အလုပ်သမားတွေကို MOU
ထဲကို စွတ်သွင်းပြီး လုပ်နေကြတာ က ဘတ်ငွေ ၁၈၀၀၀ အထိ အေဂျင်စီတွေက တောင်းခံကြပါတယ်။သိန်းချီတဲ့အလုပ်သမားတွေ မဖြစ်မနေလုပ်ခဲ့ကြရပြီးဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေဘယ်လိုအခက်အခဲရှိနေကြတယ်။
မလိုလားအပ်ပဲ ချွေးနည်းစာတွေကုန်ကျနေကြရတယ်။ အကာအကွယ်အကူညီတွေမဲ့နေကြရ တယ်ဆိုတာ အားလုံးသိကြပါတယ်။
နေရပ်ရင်းမှာအလုပ်အကိုင်မရှိ၊ မိသားစုတစ်ခုလုံးအတွက်၊
တိုင်းပြည်တည်ဆောက်ရေး အတွက်တစ် ထောင့်တစ်နေရာကအထောက်အပံ့တွေဖြစ်နေကြတဲ့ ပြည်ပရောက်
မြန်မာအလုပ် သမားတွေကို အမေစုဦးဆောင်တဲ့ NLD အစိုးရသစ်အနေနဲ့၊ လူသစ်၊မူသစ်တွေနဲ့ စီမံသင့်ပြီဖြစ် ကြောင်း
လေးစားစွာတင်ပြလိုက်ရပါတယ်။
မြတ်ညို (အလွတ်သတင်းထောက်)