https://www.youtube.com/watch?v=-GjP2zjdgyo&feature=youtu.be တိုက်ရိုက်ကြည့်ရှုရန်လင့်
05 June 2018
30 May 2018
MOU အလုပ်သမားကိုထိုင်းအလုပ်ကြပ်သေနတ်ဖြင့်ပစ်သတ်
၃၀.၅.၂၀၁၈
ရွှေလုပ်သား
ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘိအရပ် TTK သစ်စက်တွင်
အလုပ်လုပ်ကိုင်နေသည့် MOU မြန်မာ အလုပ်သမား တစ်ဦးအား ထိုင်းအလုပ်ကြပ် ၀ဏက သေနတ်ဖြင့်ပစ်သတ်၍
သေဆုံးခဲ့သည်။
Labels:
သတင်း
23 May 2018
အလုပ်သမားနှင့် လ.၀.က ၀န်ကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခံရ
မေ(၂၂) ၂၀၁၈၊ ရန်ကုန် The Nyang News
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးသိန်းဆွေသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားခံထားရကြောင်း ငြမ်းမီဒီယာ၏ သတင်းရင်းမြစ်များနှင့် ငြမ်းမီဒီယာက ရရှိထားသော ခိုင်မာသည့် အထောက်အထားများအရသိရသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားသူမှာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ကြောင်း ငြမ်းမီဒီယာ ၏ သတင်းရင်းမြစ်များ ကဆိုသည်။
01 April 2018
MOU အလုပ်သမား ၂၁ဦး မီးလောင်သေဆုံးမှုအတွက် တာဝန်ယူနိုင်ကြပါစေ။ MOU မူဝါဒများကို သမ္မတ သစ်လက်ထက်မှာ ပြင်နိုင်ကြပါစေ
MOU အလုပ်သမား ၂၁ဦး မီးလောင်သေဆုံးမှုအတွက် တာဝန်ယူနိုင်ကြပါစေ။ MOU
မူဝါဒများကို သမ္မတ သစ်လက်ထက်မှာ ပြင်နိုင်ကြပါစေ ...
၃၀.၃ .၂၀၁၈ ရက်နေ့က
ကားမီးလောင် သေဆုံမှုတွင် .....,
၂။ အဝေးပြေး ခရီးသည်တင်ကားတွင် ရှိရမည့် အင်္ဂါ ရပ်များ မပြည့်စုံပါက မည်သူကို မည်သို့ အရေးယူမည်နည်း။
၃။ MOU စနစ်အရ အလုပ်သမားပို့ဆောင်သူ ခေါ်ယူသူ ကိုယ်စားလှယ်များ ကားပေါ်တွင် ပါ မပါ အလည အထူးစစ်ဆေးပေးပါ။
၎။ အလုပ်သမားများသေဆုံးမှုအတွက် ထိုင်းနိုင်ငံဘက်မှ မော်တော်ယာဉ်နှင့် အသက်အာမခံကြေး။ ဘတ်ငွေ ၂သန်းအာမခံထိုင်း အေဂျင် အစီ လျှော်ကြေး များအပြင် ဂရုဏာကြေး တို့ ရရှိမည်မှာ သေချာပါသည်။
၅။ မြန်မာ အစိုးရ အလုပ်သမား ဝန်ကြီး ဌာနဘက်က မြန်မာအေဂျင်စီအာမခံ ကျပ်ငွေ သိန်း၅၀၀ က ပေးလျှော်မလား။ ဘာရန်ပုံငွေကပေးလျှော်မည်နည်း။ ထိုင်းဘဏ်၂ခုထဲက ပေးလျှော်ကြမည်လား..?
၆။ MOU သတ်မှတ်ချက်နှင့် မပြည့်စုံပါက မည်သို့ အရေးယူဆောင်ရွက်မည်နည်း။
၇။ ဖြစ်လာရင်ရှင်း။ ပေါ်လာရင်ဖိ။ တိုင်လာရင် ချက်လက်မှတ် ဖြစ်နေသော လက်ရှိ MOU မူဝါဒ အတိုင်း ဆက်သွားနေကြအုံးမလ
၇။ ငှက်တိုင်း လင်းဠထက် လှတယ်လို့ ပြောခဲ့ သမ္မတကြီး ဦးဝင်းမြင့် မိတ်ဆက်မိန်းခွန်းမှာ အလုပ်သမားတွေဘဝ သာယာလှပစေရေး ဆိုတာကို ထည့်ပြောသွားလေတော့.?
ဒီလို အဖြစ်ဆိုးမျိုး နောက်ဆုံးဖြစ်ပါစေ။ ပွဲစားနဲ့ အကျင့်ပျက်ဝန်ထမ်းများ တရားဝင် လူကုန်ကူးမှု ပပျောက်ပါစေ။ အေဂျင်စီလည်း အကျိုးရှိ တိုင်းပြည်လည် သိက္ခာရှိ အလုပ်သမားများလည်း တကယ်ကောင်းမွန်စေမယ့် ( ရပ်ကြေး+ ဘဏ်+ အလည=MOU) ကို အလျှင်အအြန် အကောင်အထည် ဖေါ်နိုင်ကြပါစေ။ ရွှေလုပ်သား MAT အဖွဲ့ ၃၁. ၃. ၂၀၁၈

“ ဖဲ့ခြွေခံနေရတဲ့မွေးရပ်မြေ”
နိုင်ငံခြားမှာ ဆယ့်ငါးနှစ် လောက်နေခဲ့တဲ့
ကျနော် မွေးရပ်မြေ ရခိုင်ကို အလည်ခဏ သွားခဲ့ပါတယ်။ မြင်ရကြားရတာတွေ အသစ်အဆန်းတွေချည်းပါပဲ။
ဝမ်းနည်းဝမ်းသာခံစားမိတယ်။
Labels:
ဆောင်းပါး
23 March 2018
ထိုင်းနိုင်ငံ- ကော့တောင်ကျွန်း(လိပ်ကျွန်း) အယူခံမှု့ထိုင်းအစိုးရရှေ့နေဖက်က ခုခံချေပလျောက်လဲချက် တင်ခဲ့ပါပြီ-
ထိုင်းနိုင်ငံ- ကော့တောင်ကျွန်း(လိပ်ကျွန်း) အယူခံမှု့
အတွက် ထိုင်းနိုင်ငံ အဆင့်အမြင့်ဆုံးတရားရုံးသို့
ယနေ့(၂၃-၃-၂၀၁၈)ရက်နေ့တွင်-
ထိုင်းအစိုးရရှေ့နေဖက်က ခုခံချေပလျောက်လဲချက်
တင်ခဲ့ပါပြီ-
တရားရုံးတော်မှ တင်ပြလျောက်လဲချက်ကို သုံးသပ်
ပြီ- မကြာမီကာလတွင် အမိန့်ချမည်ရက်ကို တရားခံများဖက်သို့ အကြောင်းကြားလာမည်ဖြစ်သည်-
05 March 2018
တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ သတ်မှတ်
5 March 2018
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီရဲ့ ပဉ္စမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ကျင်းပစဉ်/ Photo: Ctum Myanmar - facebook |
အလုပ်သမားတစ်ဦးကို တစ်ရက်အလုပ်ချိန် ၈ နာရီမှာ တစ်ရက် ၄၈၀၀ နှုန်းနဲ့ အလုပ်သမား ၁၀ ဦးနဲ့အထက် အကျုံးဝင်ရမယ်ဆိုပြီး သတ်မှတ်လိုက်တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အလုပ်သမားကိုယ်စားလှယ် ကိုဝင်းဇော် က ပြောပါတယ်။
Labels:
သတင်းတို
ငြိမ်းစုစီ ပြင်ဆင်ချက်အဆို ကန့်ကွက်ဆန္ဒပြ
5 March 2018 ဗွီအိုအေ (မြန်မာပိုင်း)
အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ အာဏာပိုင်တွေက သူတို့နဲ့ အယူအဆ မတူသူတွေကို အလွယ်တကူ ဖိနှိပ် အရေးယူလို့ ရနိုင်အောင် ရည်ရွယ် ရေးဆွဲထားတဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ဒီဥပဒေ မူကြမ်းကို ဆန့်ကျင်သူတွေက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ အဲဒီ ငြိမ်းစုစီ ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။ ဒီအကြောင်း ဆန္ဒပြပွဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ထက်က တင်ပြပေးပါမယ်။
Labels:
သတင်း
02 March 2018
ထိုင်းမလေးနယ်စပ် လူကုန်ကူးခံရသူများဖမ်းမိ
၂၈.၂.၂၀၁၈ VOA မအေးအေးမာ
ထိုင်းမလေးနယ်စပ်ဆုံခလာပြည်နယ် စဒေါင်းခရိုင်အတွင်းမှာ မလေးရှားကိုခိုးဝင်ဖို့ကြိုးစားတဲံမြန်မာနိုင်ငံသား ၁၀ဦးထက်မနည်းကိုထိုင်းအာဏာပို င်တွေက ဖေဖေါ်ဝါရီလ ၂၆ ရက်ညကဖမ်းဆီးဖို့ကြိုးစားခဲ့ရာ မှာ ၆ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ထိုင်အာဏာ ပိုင်တွေကဆိုပါတယ် မအေးမာကသတင်းပေးပို့ထားပါတယ်။
Labels:
သတင်းတို
27 February 2018
စစ်တွေဗုံးပေါက်ကွဲမှုကြောင့် ခေါ်ယူစစ်ဆေးခြင်းခံနေရသူ ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရမန်ယူ
26 February 2018 Central News Myanmar
စစ်တွေ၊ ဖေဖော်ဝါရီ ၂၆။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ခေါ်ယူစစ်ဆေးခြင်းခံနေရသူ ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(က)(ဈ)တို့ဖြင့် မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရမန်ယူလိုက်ပြီ ဖြစ်သည်။
သူတို့အား ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်တွင် စစ်တွေမြို့နယ်တရားရုံး၌ ချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။
Labels:
သတင်းတို
24 February 2018
မောင်တောခရိုင်တရားရုံးက ဘင်္ဂါလီ ၄ ဦးကို သေဒဏ်ချ
By မင်းအောင်ခိုင် 23 February 2018
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော အကြမ်းဖက်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုထားသော ဘင်္ဂါလီ ၄၅ ဦး အမှုကို ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မောင်တောခရိုင်တရားရုံး (ဘူးသီးတောင်ရုံးစိုက်) က စီရင်ချချက်မှတ်လိုက်ကြောင်း သတင်း ရရှိသည်။

ဗြိတိန်အပါအ၀င် နိုင်ငံခြားသား ၁၁ဦး နယ်စပ်ဘင်္ဂလီဒုက္ခသည်စခန်းအနီးတွင် ဖမ်းဆီးခံရ
24 February 2018 Narinjara
ဖေဖော်ဝါရီ ၂၃
ဗြိတိန်နိုင်ငံသား ၂ ဦး အပါအ၀င် နိုင်ငံခြား ၁၁ ဦးကို မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိုကီယားနယ်စပ်တွင် ဘင်္ဂလာဒေ့ရှ် အထူးမှုခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB က ဖမ်းဆီး လိုက်သည်ဟု Cox’sbazar News တွင် သတင်းဖော်ပြသည်။
ဖမ်းဆီးခံရသူများမှာ ဗြိတိန်နိုင်ငံသား ၂ ဦး၊ နယ်သာလန် ၁ ဦး၊ တူရကီ ၁ ဦး၊ အီတလီ ၂ ဦး၊ ဘယ်လ်ဂျီယံ ၁ ဦး၊ ဘရာဇီးလ် ၁ ဦး၊ တောင်ကိုးရီယား ၁ ဦး၊ နော်ဝေး ၁ ဦးနှင့် ကင်ညာ နိုင်ငံသား တစ်ဦးတို့ ဖြစ်ကြသည်။
Labels:
သတင်းတို
ရခိုင်အရေးဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ခြိမ်းခြောက်မှု အန္တရာယ်ဖြစ်နိုင်ဟု ကန်ထောက်လှမ်းရေးသုံးသပ်
24 February 2018 ဗွီအိုအေ (မြန်မာပိုင်း)
ရခိုင်ပြည်နယ်အကျပ်အတည်းတွေကြောင့် မြန်မာ့ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှု အန္တရာယ်တရပ် ဖြစ်လာနေကြောင်း အမေရိကန် ထောက်လှမ်းရေး သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
ခန့်မှန်းချေ ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပေါ်မှာ ခြိမ်းခြောက်မှုတရပ် ဖြစ်လာနေရုံသာမက အစွန်းရောက်ဝါဒီတွေရဲ့ အကြမ်းဖက် အန္တရာယ်တွေ တိုးလာနိုင်သလို၊ တရုတ်နိုင်ငံက သြဇာချဲ့ထွင်ခွင့်ရအောင် လမ်းဖွင့်ပေးရာ ရောက်တဲ့အကြောင်း အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာနက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
Labels:
သတင်းတို
စစ်တွေမှာ အလုပ်သမားတွေ နစ်နာကြေးပေးဖို့ တောင်းဆို
2018-02-22 RFA
ရခိုင်ပြည်နယ် စစ်တွေမြို့က Gallant Ocean Co., Ltd ရဲ့ ငါး၊ ပုစွန်လုပ်ငန်း အအေးခန်းစက်ရုံမှာ အလုပ်သမား ၁၉ ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ဖို့ စက်ရုံတာဝန်ရှိသူတွေက ကြေညာလိုက်တာကြောင့် အလုပ်သမား ၁၀၀ ကျော်လောက်က ဒီကိစ္စဖြေရှင်းပေးဖို့ စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးကို ဒီနေ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

ပရီမီယာကော်ဖီစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
23 February 2018
ပရီမီယာကော်ဖီမစ်စက်ရုံ အလုပ်သမားတွေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒပြစဉ်/ Photo: Thant Zin Oo/RFA |
Labels:
သတင်းတို
20 February 2018
ထိုင်းနိုင်ငံတောင်ပိုင်း၊ကော့တောင်ကျွန်း(လိပ်ကျွန်း)(ခိုတောင်ကျွန်း)
Aung Myo Thant added 2 new photos.
အ၈င်္လိပ်နှစ်ဦး အသတ်ခံရမှု့ -
(၂၂-၂-၂၀၁၈) ရက်နေ့ ရက်ချိန်းတွင် -ထိုင်းအစိုးရရှေ့နေဖက်မှ နောက်ဆုံးလျှောက်လဲချက်တင်ရန်ချိန်ဆိုထားသည့်နေ့ရက်ဖြစ်ပါတယ်-
ထိုလျှောက်လဲချက်တင်ရန်အတွက်-ထိုင်းရှေ့နေဖက်မှ စတုတ္ထအကြိမ်
ရွေ့ဆိုင်းလာခဲ့ပြီး၊ ယခု ပဉ္စမမြောက် ရက်ချိန်းလည်းဖြစ်ပါတယ်။

အမှန်တရားသည် ခါး၏ ထိုပြင် အချိန်ကြာစောင့်ရတတ်၏ - လို့ ပြင်ရေး
ရပါတော့မည်။
ရပါတော့မည်။
Labels:
သတင်းတို
18 February 2018
ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်းကျေးရွာ အနီး၌ ကျပ်သိန်းပေါင်း ၉ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ တွေ့ရှိ
18 February 2018 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် လွယ်ခန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၅ဝဝ ခန့်အကွာ၌ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မီးသွေးအမှုန့်သုံးအိတ်၊ ဂက်စ်အိုးကြီး ၂၂ လုံး၊ မီးစက်ကြီးနှစ်လုံး၊ Freezer လေးလုံး၊ ဖန်ပေါင်းချောင်ငါးလုံး၊ စတီးပေါင်းအိုး ၂၇ လုံး၊ ဂက်စ်အိုး ၁ဝ၅ လုံး၊ ဂါလန် ၅ဝ ဝင် အက်စစ်ပီပါ ၁၂ဝ လုံး၊ အက်စစ်ပုလင်း ၂ဝဝ လုံး၊ ၁၄ ကီလိုဂရမ်ပါ ကော့ဆစ်ဆိုဒါ ၂ဝဝ အိတ်၊ ဓာတ်ငွေ့ကာ အင်္ကျီ ၃ဝဝ ထည်၊ သားရေလက်အိတ် ၅ဝဝစုံ၊ သံပေါင်းအိုးငါးလုံး၊ YM-90 မော်တာ ရှစ်ခု၊ ကတ္တားသုံးခု၊ အနံ့ချွတ်ဆေး ၃ဝဝ အိတ်၊ ၂ လီတာဝင် အက်စစ် ၆ဝဝ ဘူး၊ TGPM တံဆိပ်ပါ အဖြူရောင်အက်စစ်ပီပါ ၁ဝ လုံး၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ၅ ဂါလန်ဝင် ၁၅ဝ ပုံး၊ မီးစက်ကြီးလေးလုံး၊ ဆေးပြားရိုက်စက်နှစ်ခု၊ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝ၃ဝဝ ပြား၊ ဘိန်းညိုမှုန့် ၁၈ ကီလိုဂရမ်၊ ဘိန်းညိုခဲ ၂၅ ကီလိုဂရမ်၊ ကဖင်း၃ဝ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၁၃ ကီလိုဂရမ်၊ Ice ၉၉ ကီလိုဂရမ်နှင့် ဘိန်းဖြူဆပ်ပြာခွက် ၁ဝ ဂရမ်ခန့်ပါ ၁ဝ ခွက်(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၄၄၆၇၆၂၅ဝဝဝ) အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
Labels:
သတင်း
17 February 2018
ရခိုင်အရေး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများ လက်မခံနိုင်ကြောင်း သမ္မတ ရုံးပြော
17 February 2018 ဧရာဝတီ
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မွတ်စလင် လူနည်းစုများ ဖိနှိပ်ခံနေရခြင်းကို လွတ်လပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ က တောင်းဆိုအပြီး စုံစမ်းစစ်ဆေးမှုများသည် မျှတ၍ ဘက်လိုက်မှု ကင်းမည်ဟု မယုံကြည်သောကြောင့် မည်သည့် စုံစမ်းစစ်ဆေးမှုမျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း မြန်မာအစိုးရက ပြောသည်။
နေပြည်တော်ရှိ သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက “မြန်မာနိုင်ငံက ဒီလိုပဲ လွတ်လပ်တယ်လို့ပြောတဲ့ ယန်ဟီလီလို သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ သို့သော်လည်း ခရီးစဉ်အပြီး ပြောကြားချက်တွေက မျှတမှု မရှိဘူး။ ဒါကြောင့် (ကုလသမဂ္ဂကလည်း တောင်းဆိုထားတဲ့) Fact Finding Mission ကိုလည်း လက်မခံဘူး။ အလားတူ ပြည်ပက လာရောက်စစ်ဆေးမှုမျိုးကိုလည်း လက်ခံမှာ မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
Labels:
သတင်း
အိန္ဒိယနိုင်ငံမှာ (၃) လသားအရွယ် ကလေးငယ်ကို ယစ်ပူဇော်ဖို့ ခေါင်းဖြတ်သတ်
17 February 2018 5 PLUS NEWS
အိန္ဒိယနိုင်ငံမှာ (၃) လသားအရွယ်သာရှိသေးတဲ့ ကလေးငယ်ကို ယစ်ပူဇော်ဖို့ ခေါင်းဖြတ်သတ်လိုက်တဲ့ ဇနီးမောင်နှံကို တရားစွဲဆိုလိုက်တယ်လို့ စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်။နိုင်ငံ တောင်ပိုင်း တယ်လန်နာဂါပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အမျိုးသားတစ်ဦးဟာ ဇနီးသည်ရဲ့ နာတာရှည်ရောဂါပျောက်ကင်းအောင် မကောင်းဆိုးဝါးကို ယစ်ပူဇော်တဲ့အနေနဲ့ အခုလို ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

စီအိုင် အတုဖြင့် လေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သူများကို ပြည်ဝင်ခွင့်ပိတ်မည်ဟု သံရုံးကြေညာ
17 February 2018 Central News Myanmar
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်( C of I) အတုများ ပြုလုပ်၍ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးတွေ့ရှိပါက ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းခံရမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။
မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးအနေဖြင့်ယခင်ကစီအိုင်နေ့ချင်းပြီးအခမဲ့ပြုလုပ်ပေးခဲ့ သော်လည်း စီအိုင် ရရှိ သူများတွင် မြန်မာနိုင်ငံသားဟု အတည်မပြု နိုင်သူများကိုရန်ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့မှစတင်၍ မလေးရှိ ဃှု လျှောက်ထား လာသူများ ၏အချက် အလက်ကို မြန်မာနိုင်ငံသို့ပေးပို့ကာ မြန်မာနိုင်ငံသားမှန်ကန်ကြောင်းလဝက စိစစ်ထောက်ခံချက်ရရှိသူကိုသာ ပြုလုပ်ပေးမည်ဟု ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ စီအိုင်အတုများ ပြုလုပ်၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မှုများ ရှိလာကြောင်း သိရသည်။
Labels:
သတင်း
ပြန်ပို့မည့် ဒုက္ခသည် ၈၀၀၀ ကျော်စာရင်း Bangladesh က မြန်မာကို ပေးအပ်
17 February 2018 ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်ပြန်ပို့ရေးလုပ်ငန်းစဉ် စတင်နိုင်ဖို့ ဒုက္ခသည် ၈၀၀၀ ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာဘက်ကို ပေးအပ်လိုက်ပါပြီ။
ဘင်္ဂါလီ (ခေါ်) ရိုဟင်ဂျာ အများစုပါဝင်တဲ့ ဒီ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်ကို နှစ်နိုင်ငံ အရင်သဘောတူခဲ့ပေမဲ့ ပြင်ဆင်မှုအားနည်းခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ဖက်က ရက်သတ္တပတ်တွေ့နဲချီ ရပ်ဆိုင်းခဲ့အပြီး၊ မြန်မာပြည်ထဲရေးဝန်ကြီးရောက်လာအပြီးမှာ ခုလို စတင်ဖို့ ပြင်ဆင်လာတာပါ။
Labels:
သတင်းတို
နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး မြန်မာနိုင်ငံတွင်းမှ နွားများကို ခိုးယူမှုရှိနေ
, February 16, 2018 |
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆
ဘင်္ဂလာဒေ့ရှ်နှင့် နယ်စပ်ချင်း ကပ်ရပ်တည်ရှိနေသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ဘက် တိုင်းရင်းသားကျေးရွာများမှ နွားများကို တစ်ဘက်နိုင်ငံမှ ဘင်္ဂလာဒေ့ရှ် မသမာသူများ ၀င်ရောက်ပြီး ခိုးယူမှုများ ရှိနေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီခန့်ကလည်း ကလေးငယ် နှစ်ဦးကျောင်းနေသည့် နွား ၄ ကောင်ကို တစ်ဘက်နိုင်ငံမှ ၀င်ရောက်လာသူ လူဦး ၈ ဦးမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ဆွဲယူသွားခဲ့သည့် ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုဇော်က ပြောသည်။
Labels:
သတင်းတို
ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်လည်း “အလိုတူအလိုပါ ဖြစ်နိုင်”ဟု ယန်ဟီးလီ ပြော
By ဧရာဝတီ 16 February 2018
ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများကို နည်းစနစ်တကျ ဖိနှိပ်ရာတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း အလိုတူအလိုပါ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က အခိုင်အမာ ပြောကြားလိုက်သည်။
Labels:
သတင်းတို
15 February 2018
ချင်းအမျိုးသားတပ်ဦးမှ ခိုးဝင်ဘင်္ဂလီ ၄ ဦးဖမ်းမိ
ခိုနူမ်းသုန်သတင်း၊ ၁၄ ဖေဖော်ဝါရီ ၂၀၁၈
ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချူပ် ၀ိတိုရိယစခန်းအနီးတွင် ယခုလ ဖေဖော်ဝါရီလ ၆ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ခိုးဝင်လာသော ဆယ်ကျော်သက်အရွယ် ဘင်္ဂလီ ၄ ဦးကို ဖမ်းမိခဲ့သည်ဟုသိရသည်။
အသက် (၁၄) နှစ်မှ (၁၈) နှစ်ခန့်အရွယ်ရှိကြသော ဘင်္ဂလီအမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ကို ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ် နယ်စပ် တီယိုချောင်းတွင် ချင်းအမျိုးသားတပ်မတော် ( CNA) တပ်သားများက ဖမ်မိခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထန်တလန်မြို့ရဲတပ်ဖွဲ့ထံ လွှဲအပ်ပေးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF ) အထွေထွေအတွင်းရေးမှူး(၃) ပူးထက်နီကပြောသည်။
Labels:
သတင်းတို
13 February 2018
အင်ဒိုနီးရှား အိမ်ဖေါ်တဦး သေဆုံးမှု မလေးရှား မောင်နှမနှစ်ဦး အဖမ်းခံရ
13 February 2018 RFA Burmese
Labels:
သတင်းတို
တပ်ကုန်း မုဒိန်းကျင့် လူသတ်မှု ဖော်ထုတ်နိုင်ပြီ
13 February 2018 Ministry of Home Affairs, Myanmar
တပ်ကုန်းမြို့နယ်၌ မှုခင်းဖြစ်ပွား။ ဓါတ်ပုံ - ကိုမျိုး(ရွှေပေါက္ကံ) |
Labels:
သတင်းတို
12 February 2018
အီသီယိုပီးယားကိုခဏလောက်ကြည့်ပေးပါ
12-02-2018
ဖွံ့ဖြိုးမှု Model တွေကိုလေ့လာတဲ့အခါအမြင့်နိုင်ငံ
တွေကြည့်ရတာ မောလာတယ်။ ဒါ့ကြောင့် အာဖရိကဘက်က အီသီယိုပီးယားကို ခဏလှည့်မိတယ်။ ဟင်. .. ဒါလား အီသိုယိုပီယား ဆိုပြီးဖြစ်သွားတယ်။
Labels:
သတင်းတို
နယ်စပ်မှာနေသူတွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြဖို့ ဒုဝန်ကြီး သတိပေး
2018-02-12 RFA
ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ တဖက်နိုင်ငံကို ကူးဖို့ စခန်းချပြင်ဆင်နေကြတဲ့ ရိုဟင်ဂျာတွေကို ကိုယ့်ရွာကိုယ် ပြန်ကြဖို့၊ မပြန်ရင် နောက်ဆက်တွဲပြဿနာတွေ ရင်ဆိုင်ရလိမ့်မယ်လို့ မြန်မာ ပြည်ထဲရေးဌာန ဒုတိယဝန်ကြီးက သတိပေးလိုက်ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖေါ်ပြလိုက်ပါတယ်။
Labels:
သတင်း
ရခိုင်အမျိုးသားကောင်စီ ANC လည်း NCA လက်မှတ်ထိုးမည်ဟုဆုံးဖြတ်
11 February 2018 Mon News Agency မြန်မာ
ရခိုင်အမျိုးသားကောင်စီ ANC လည်း NCA လက်မှတ်ထိုးမည်ဟု ဆုံးဖြတ်လိုက်ကြောင်း ချင်းမိုင်မြို့၌ ယနေ့ကျင်းပသည့် UNFC အစည်းအဝေးတက်ရောက်သူများထံမှ သိရသည်။
သို့ရာတွင် လာမည့်ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးပွဲကျင်းပမည့် မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်ပါတီ LDU တို့နှင့်အတူ ANC လက်မှတ်ရေးထိုးမည့်အစီအစဉ်ဖြစ်မဖြစ်ကို အစိုးရထံမှအကြောင်း မပြန်ကြားရသေးပေ။
11 February 2018
သိန်းပေါင်တစ်သောင်းကျော် အကုန်အကျခံ ဖောက်လုပ်သည့် မြေငူကျွန်း ဆံတော်ရှင်လမ်း သုံးနှစ်ကြာလာသော်လည်း မပြီးပြတ်ဘဲ တစ်ပိုင်းတစ်စဖြစ်နေ
February 10, 2018
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀
သိန်းပေါင်း ၁၆၀၀၀ ကျော် အကုန်အကျခံကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တစ်နှစ်နှင့် အပြီး ဖောက်လုပ်သည့် ပေါက်တောမြို့နယ် မြေငုံကျွန်းပေါ်ရှိ မြေသားလမ်းမှာ သုံးနှစ်ကျော် ကြာလာသော်လည်း လမ်းမပြီးဘဲ တစ်ပိုင်းတစ်စ ဖြစ်နေကြောင်း သတင်းရရှိသည်။
Labels:
သတင်း
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မောင်တောဒေသကို သွားရောက်
By ဒီဗွီဘီ 11 February 2018
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့လေကြောင်းလိုင်းနဲ့ စစ်တွေ လေဆိပ်ကို ဒီကနေ့ နေ့လယ်ပိုင်းက ရောက်ရှိလာပါတယ်။
By ဒီဗွီဘီ 11 February 2018
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့လေကြောင်းလိုင်းနဲ့ စစ်တွေ လေဆိပ်ကို ဒီကနေ့ နေ့လယ်ပိုင်းက ရောက်ရှိလာပါတယ်။
Labels:
သတင်းတို
Subscribe to:
Posts (Atom)