13 February 2018 Ministry of Home Affairs, Myanmar
တပ်ကုန်းမြို့နယ်၌ မှုခင်းဖြစ်ပွား။ ဓါတ်ပုံ - ကိုမျိုး(ရွှေပေါက္ကံ) |
၁၆၄၅ အချိန်တွင် ဦးမောင်ဝေ(၅၇)နှစ် (သေဆုံးသူ၏ဖခင်)မှ တိုင်တန်း၍ တပ်ကုန်းမြို့မရဲစခန်း (ပ)၄၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းခဲ့ ရာ တပ်ကုန်းမြို့အထွက် အေးရှားဝေါလ် တိုးဂိတ်ရှိ CCTV မှတ်တမ်းနှင့် အခြားစုံစမ်းချက်များ အရ သေဆုံးသူ မxxxxxနှင့် ကိုပို(ခ) တင်ရွှေ(၄၃)နှစ်တို့သည် ရေသန့်ဗူးခွံများ ကောက်ရန် စက်ဘီးကိုယ်စီဖြင့် ရှောက်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရ၍ ကိုပို(ခ) တင်ရွှေအား တပ်ကုန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်မေးခဲ့ရာ
မxxxxxအား အခင်းဖြစ် တဲအတွင်းသို့ ရေသန့်ဗူးခွံဝင်ကောက်မည်ဟု ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယား ပြုကျင့်ရန် ကြိုးစားစဉ် မxxxxxမှာ အော်ဟစ်ငိုယိုနေသဖြင့် မအော်နိုင်ရန် လည်ပင်းအား ညှစ်စဉ် သေဆုံးသွား၍ အနီးတွင်တွေ့ရှိသည့် ဇာပုဝါဖြင့် မxxxxx လည်ပင်းအား ချည်နှောင်ထားခဲ့ကြောင်း ထွက်ဆို သဖြင့် ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် စီစဉ်ထားရှိကြောင်း သတင်း ရရှိပါသည်။