04 February 2012
မြန်မာအလုပ်သမားတွေ အလုပ်အပ်ဖို့ စောင့်ကြိုနေကြတယ်
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မြန်မာသံရုံးမှာ မြန်မာအလုပ်သမားဒုဝန်ကြီးနဲ့ ဘန်ကောက်မြို့ အခြေစိုက်  မြန်မာ သံအမတ်ကြီးတို့ ဦးစီးပြီးတော့ ယူအင် အပါအ၀င် နိုင်ငံတကာ အင်ဂျီအိုတွေနဲ့ မြန်မာ အလုပ်သမားအဖွဲ့ တချို့ကို ဖိတ်ခေါ်ပြီးတော့  မြန်မာနိုင်ငံသား ကူညီစောင့်ရှောက်ရေးအသင်း ဆိုပြီး  ဖွဲ့စည်းလိုက်တယ်။
ထိုင်းနိုင်ငံရောက်  မြန်မာအလုပ်မားတွေနဲ့ နိုင်ငံတကာရောက် မြန်မာတွေ ၀မ်းမြောက်ခဲ့ကြတယ်။
ထိုင်းမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ ပြဿနာတွေထဲကအချို့ကို ပြောရရင်-
(၁) တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို  အလုပ်သမားများ ကိုင်ဆောင်ခွင့်မရရှိခြင်း၊
(၂) အလုပ်သမားတစ်ဦး  တရားဝင်ဖြစ်ဖို့လုပ်ငန်းရှင် တစ်ဦးရဲ့အဆုံးအဖြတ်ပေါ်တွင် တည်မှီနေခြင်း၊
(၃)အလုပ်သမားများထံမှ  လုပ်ငန်းရှင်က ငွေများ  ယူထားသော်လည်း အချိန်လွန်မှ မလုပ်သေးသည်ကိုသိသဖြင့် ငွေလည်းဆုံး  တရားမ၀င် အလုပ်သမားဖြစ်သွားခြင်း၊
(၅) မတော်တဆ ထိခိုက်သေဆုံးမှု
ဒါလေးရှုလိုက် သက်သာသွားအောင်
မွေ့ယာ အလုပ်ရုံမှ အလုပ်သမားများ လုပ်အားခရရှိ
ဖေဖေါ်ဝါရီ ၄။ ကိုတီး (ထိုင်းဘာသာပြန်သတင်းထောက်)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်စောင်နယ်မြေ၊ စင်ထလေ ၂၄ လမ်း၊ ခြံအမှတ် ၄၄/၂ တွင်ရှိသော Bangkok  Living  Co,Ltd ကုမ္ပဏီမှ လုပ်အားခ ရှင်းမပေးသည့် မြန်မာအလုပ်သမား ၇ဦး အတွက် လုပ်အားခများအားပြန်လည် ရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အလုပ်သမား ကိုအစိုးက “ ကျနော်တို့ လူ၇ ယောက်အတွက်လုပ်အားခ ဘတ်ငွေ ငါးသောင်း နီးပါး ဖြစ်ပါတယ်။ ကျနော်တို့  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT ရုံးကို လာပြီးတော့ အကူအညီတောင်းတာ အလုပ်ရုံက သိသွားတယ်။ ဒီနေ့ ကျနော်တို့ ကို ခေါ်ပြီးရှင်းပေးတယ်။ မရတော့ဘူး ထင်ထားတာ ကျနော်တို့ အလွန်ပဲ ပျော်သွားကြပါတယ်။ BAT ကိုကျေးဇူးအထူး တင်ပါတယ်ဗျာ’’ ဟုပြော သည်။ BAT အဖွဲ့ တာဝန်ခံ ဦးကျော်သောင်း က  “ကျနော်တို့ ကတော့ အလုပ်သမားတွေ အကူအညီ တောင်းလာရင် တတ်နိုင်သမျှ ကူညီပေးပါတယ်။ အလုပ်သမားအတော်များများတွေမှာ တွေ့ရတဲ့ အားနည်းချက်တွေကတော့ မိမိလုပ်တဲ့ အလုပ်ရုံလိပ်စာကို တိတိကျကျ မပြောနိုင်ကြဘူး။ ငွေရှင်းပေးတဲ့ စာရွက်တွေကို သိမ်းမထားတတ်ကြဘူး။ ဒါကြောင့် အချက်အလက်စုဆောင်းရတာ အခက်အခဲ အတော် ရှိပါတယ်။” ဟုပြောသည်။
၂၀၁၁ ထိုင်းရေနစ်စဉ်
01 February 2012
Thai Boss Asks Police to Arrest Burmese employees (ဗီဒီယို)
တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် စာရွက် စာတမ်း များ အပြည့်အစုံရှိပြီး ယာယီ ပတ် စပို့  လျှောက်ထားပြီးသည့် အလုပ်သမား ၁၅ဦးနှင့် စုရွက်စာတမ်း မပြည့်စုံသည့် အလုပ်သမား၁ဦး တို့ အား လုပ်ငန်းရှင် က ထိုင်းရဲအား ဖမ်းခိုင်းပြီး သဖြင့် ချုပ်နှောင်ထားသည့် အလုပ်သမားများအား အလုပ်သမားအရေး ကူညီသူများကပူးပေါင်း ကယ်တင်နိုင်လိုက်သည်။ မနေ့က သတင်းကို ဗီဒီယိုအဖြင့် ကြည့်နိုင်အောင်တင်ထားပေးတာပါ။ 
26 January 2012
မတရား ဖမ်းဆီးခံရသော အလုပ်သမား (၁၆)ဦးအား ကယ်တင်
 ကြက်သားထုတ်လုပ်သည့် အလုပ်သမား ၁၆ဥင်္ီးအား ဖမ်းဆီးချုပ်နှောင်ထားရာမှ ကယ်တင်
ဇန်န၀ါရီ ၂၆
ကိုတီး
တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် စာရွက် စာတမ်း များ အပြည့်အစုံရှိပြီး ယာယီ ပတ် စပို့  လျှောက်ထားပြီးသည့် အလုပ်သမား ၁၅ဦးနှင့် စုရွက်စာတမ်း မပြည့်စုံသည့် အလုပ်သမား၁ဦး တို့ အား လုပ်ငန်းရှင် က ထိုင်းရဲအား ဖမ်းခိုင်းပြီး သဖြင့် ချုပ်နှောင်ထားသည့် အလုပ်သမားများအား အလုပ်သမားအရေး ကူညီသူများကပူးပေါင်း ကယ်တင်နိုင်လိုက်သည်။
22 January 2012
မဟာချိုင် ပုဇွန်အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော် အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး မဟာချိုင်တွင်ရှိသော TYC ပုဇွန် အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော်ကို ခိုင်လုံသည့် အကြောင်းပြချက် မပေးဘဲ အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
ဇန်န၀ါရီလ (၁၉)ရက်နေ့က အလုပ်ငန်းခွင် ၀င်ရန်သွားကြသည့် အလုပ်သမားများအား အလုပ်သမားလက်မှတ် (ဘတ်)နှင့် ယာယီပတ်စ်ပို့ လုပ်ရန် ပေးသွင်းထားသည့် ငွေများနှင့်အတူ အလုပ်ထုတ်ပယ်သဖြင့် နစ်နာကြေး တစ်ဦးလျင် ဘတ်ငွေ တစ်ထောင်စီ ပေးကာ အလုပ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။
အလုပ်သမား ကိုတာက “အလုပ်သမား (၁၂၀)လောက်ရှိတယ်၊ ကျနော်တို့က ဘတ် (အလုပ်သမား လက်မှတ်) မရှိဘူးလေ၊ ဘတ်လုပ်ဖို့ ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးတော့ ကျနော်တို့ ဘာတတ်နိုင်မလဲ။ ဘတ်လုပ်တဲ့ အချိန်မှာ လုပ်ခွင့် မရလိုက်တော့ တရားမ၀င် အလုပ်သမား ဖြစ်နေရတော့တာပဲလေ”ဟု ပြောပြသည်။
28 December 2011
အလုပ်သမား ၂ဦး လွတ်မြောက်ရန် ထိုင်းရဲက ဘတ် ငွေ ၁၄၀၀၀ တောင်းခံ
ဒီဇင်ဘာ  ၂၈
ရေဘေးသင့်မြန်မာအလုပ်သမား ၂ ဦး စားစရာဆန်များအလှူခံပြီး အလုပ်ရုံသို့  အပြန် ကထုန်ဘန် ထိုင်းရဲ
က ဖမ်းဆီးပြီး ပြန်လည်လွတ်မြောက်လိုပါက တစ်ဦးကို ဘတ်ငွေ ၇၀၀၀ စီပေးရမည်ဖြစ်ကြောင်း  ကူညီသူ
များကိုပြောသည်။
ကထုန်ဘန်နယ်မြေ ၀တ်လိတ်ခင် ရေဘေးကူညီရေး ယာယီ ကယ်ဆယ်ရေးစခန်းတွင်  ခိုလှုံနေထိုင်ခဲ့ကြ
သည့် ကိုစတား ဆိုသူနှင့် ကိုဝေယံဆိုသူတို့ အား စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သော ကိုခိုင်ကြီး က ဆန်နှင့်
အစားအစာများပေးပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့က  ကထုန်ဘန် ၀တ်နန်းစောင် တွင်ရှိသော SK food  ငါးအချောကိုင် အလုပ်ရုံသို့ သွားရောက် ပို့ဆောင်စဉ် ထိုင်းရဲကဖမ်းဆီးခဲ့သည်။
ကိုခိုင်ကြီးက ” ကျနော့်ကိုလည်းဖမ်းတယ်၊  ကျနော့်မှာ ထိုင်းကဒ် တစ်ခု ကိုင်ဆောင်ထားတာကြောင့်ပြန်
လွှတ်ပေးပေမယ့် သူတို့ ၂ ယောက်ကိုတော့ တစ်ယောက်ကိုဘတ် ၇၀၀၀  ပေးမှ လွှတ်မယ်ပြောတယ်။
ကျနော်က တစ်ယောက်ကို  ဘတ် ၂၀၀၀ လောက်ပေးမယ်လို့ ပြောပေမယ့်မရဘူး။ ဒီအလုပ်သမားတွေ
မှာ ထောရောစာရွက်နဲ့ မြန်မာသံရုံးကထုတ်ပေးထားတဲ့ ရေဘေးသင့်ဒုက္ခသည်  ထောက်ခံစာ စာရွက်
လည်းပါတယ်” ဟုပြောသည်။
မြန်မာ စစ်အာဏာရှင်တွေ တိုင်းပြည်ကို ဘယ်မှာ ထားခဲ့သလဲ
နယ်ချဲ့လက်လက်အောက် လွတ်လပ်ရေးရအောင် တပ်မတော်က တိုက်ယူခဲ့သည်။ တိုင်းပြည်ချောက် ထဲ ကျခါနီး ကယ်တင်ခဲ့သည်။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖေါက်။ တိုင်းပြည်ကို စစ်တပ် ကသာ ချစ်သည်။ အချုပ်အခြာ အာဏာကို ကွယ်စောင့်ရှောက်သည်။ နယ်ချဲ့ရန်ကို ကာကွယ်ဖို့ တပ်မ တော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်။ တပ်မတော်သည်သာအဖ၊ တပ်မတော်သည် သာ အမိ။ ဘေးပြော တာ မယုံ နဲ့ သွေးပြောတာကိုယုံ။ဒို့တာဝန် အရေးသုံးပါးတွေ ၁၂ ပါး တွေ ကို စာအုပ်တိုင်း မှာ မရိုက်မနေရ၊ သီချင်းခွေတွေမှာမထည့်မနေရ။ လမ်းတကာမှာ အနီရောင် ဆိုင်းဘုတ်ကြီးတွေ   ထောင်ပြီးတော့ လိမ်ညာ ဟစ်ကြွေး ခဲ့ကြတဲ့ စစ်အာဏာရှင် တွေက နှစ်ပေါင်း ၄၉ နှစ် အုပ်ချုပ် လိုက်တဲ့ အခါ ကမ္ဘာ့ အမွဲဆုံး တိုင်းပြည် စါရင်းကို ရောက်သွားခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်။ ငတ်မွတ် ခေါင်းပါးမှုနဲ့ ပညာ မတတ်မှုတွေကြောင့် အိမ်နီးချင်း တိုင်းပြည်တွေကို သန်းချီတဲ့ ရွှေ့ ပြောင်း အလုပ်သမားတွေ အဖြစ် ထွက်ခွာသွားကြရတယ်။