21 April 2014

“အမူးလွန်သေဆုံးသည့်အလုပ်သမားအလောင်း မိသားစုပြန်ဖေါ်ကြည့်”



                 


ကိုတီ
၂၀၁၄ ခု ဧပြီလ ၂၁
           အမူးလွန်၍ရေထဲပြုတ်ကျသေဆုံးခဲ့သည့် ငါးဖမ်းလှေ မြန်မာအလုပ်သမားတစ်ဦးအား ပိုင်ရှင်မဲ့ အလောင်းအဖြစ်သဂြိုဟ်ထားခဲ့သည်ကို မိသားစုဝင်များက ဓမ္မတာအတိုင်းသေဆုံးမှုဟုတ် မဟုတ်သိလို သဖြင့်ယမန်နေ့ကပြန်လည်ဖေါ်ကြည့်ခဲ့ကြကြောင်းသိရှိရသည်။
            သေဆုံးသူမှာ ပဲခူးတိုင်း၊ မွန်စံပြ ဟင်္သာကုန်၁၉ ရပ်ကွက် ရွှေဖရုံမယ်၈လမ်းနေ ဦးကျော်တင် +ဒေါ်ကြည် တို့၏ သား အသက်၃၆နှစ်အရွယ် မောင်မျိုးအောင် ဆိုသူဖြစ်သည်။
           ဧပြီလ၂၀ ရက်နေ့နံနက် ၅နာရီခန့်က ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ကျော် အကွာ တွင်ရှိသောခြုံဘူရီခရိုင် ချောင်းစမေးစံလှေဆိပ်တစ်နေရာတွင် အမူးလွန်၍ ရေထဲသို့ပြုတ် ကျသေဆုံးခဲ့ေ ကြာင်း၁၁နာရီခန့်တွင်ပိုင်ရှင်မဲ့အလောင်းအဖြစ် မြေမြုပ်လိုက်ပြီဖြစ်ကြောင်း ပြန်ကြည့်၍မရနိုင်တော့ကြောင်း
အတူတူအလုပ်လုပ်ကြသူများကဖုန်းဆက်လာသဖြင့် ဆွေမျိုးများက သံသယဖြစ်ခါ မဟာချိုင်မှ MAT အတွင်းရေးမှူး ကိုခိုင်ကြီးကို အကူညီတောင်းခံခဲ့သည်။
          ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသာများအဖွဲ့MAT ရုံးတာဝန်ခံ ကိုစိုင်းအေး လိုက်ပါ၍ လှေဆိပ်ရွာသူကြီး၏ အကူညီဖြင့် ညနေ  ၈နာရီခွဲခန့် တွင် အလောင်းကိုပြန် ဖေါ်ကြည့် ရှုခွင့်ရရှိ ခဲ့သည်။  လှေပိုင်ရှင်က အလောင်းသဂြိုဟ်စရိတ်များအကုန်အကျခံခဲ့သည့်အပြင် သေဆုံးအတွက် ကောင်း မှု  ကုသိုလ်များပြုလုပ်နိုင်ရန်အတွက်ဟု ဆိုကာ သေဆုံးသူ၏ မိသားစုများအား ဘတ်ငွေ ၂၂,၀၀၀ ထောက် ပံ့  လိုက်ကြောင်းသိရှိရသည်။ သေဆုံးသူတွင် ဇနီးနှင့်သားသမီးများ မရှိကြောင်းသိရှိရသည်။ 
 MAT အဖွဲ့အား ကျန်ရစ်သူမိသားစုများက ကျေးဇူးတင်ကြောင်းပြောဆိုသွားသည်။


“ဂါရ၀ပြုမှတ်တမ်း”



မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ေ အာက်မှ လွတ်မြောက်နိုင် 
ရေး၊ ဒီမိုကရေစီရ ရှိရေး တို့အတွက်စွမ်းစွမ်း တမံ ဆောင်ရွက် ခဲ့သည့် ၀ါရင့်သတင်းစာဆရာကြီး ဟံသာ ၀တီ ဦးဝင်းတင် ကွယ်လွန်သွားသဖြင့် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများ အဖွဲ့ MAT ကနှမျောတသ၀မ်းနည်း ရပါသည်။

           တိုင်းပြည်နှင့်လူမျိုးအတွက် စစ်အာ ဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ မကြောက်မတွန့်ပဲ တွန်းလှန်ခဲ့သော ဘဘဦးဝင်းတင် ၏ စိတ်ဓါတ်နှင့် သတ္တိတို့အား MAT အဖွဲ့က အစဉ်အလေးပြု ဦးညွတ် ဂါရ၀ပြုနေ မည်ဖြစ်ကြောင်း။ တိုင်ပြည်နဲ့ ပြည်သူ လူထု ကိုဘယ်တော့မှကြောခိုင်းမသွား

16 April 2014

“ထိုင်းဘုန်းတော်ကြီးတစ်ပါးအား မြန်မာအလုပ်သမား၃ဦးအသေသတ်”




ဘန်ကောက်မြို့အနီး နွန်ထဘူရီမြို့ ဆိုင်ငန့် ဘုန်းတော်ကြီးကျောင်း ထိုင်း ဆရာတော် ၀ိုင်ဖုတ်ကွတ်ဘွန်ယို (ခ) အာကျန်းသွေ့ အား အသေသတ် ၍ ထွက်ပြေးသွားကြသည့်မြန်မာတစ်ဦး လွတ်မြောက်သွားပြီး၂ဦး အား ပြီးခဲ့တဲ့ စနေနေ့မှာလမ်းစစ်ကား ဂိတ်တွင် ဖမ်းဆီးမိလိုက်သည်။

ဧပြီလ၁၂ ရက်ညဥ့်၁၁နာရီခန့်က သက်တော်၄၈နှစ်ဝါတော် ၂၈၀ါ ရှိသော ဘုန်းတော်ကြီး အာကျန်းသွေ့ အား ကျောင်းတွင်မှီခို ကပ်ယပ်နေ ထိုင်ကြသည့် မြန်မာအလုပ်သမား၃ဦးက သင်္ကြန်လည် ပတ်ရန် ငွေလိုသဖြင့် ၆လက္မအရှည်ရှိသော ဓါးဖြင့်ထိုးသတ်၍ထွက်ပြေးသွားခဲ့ကြသည်။


14 April 2014

“ပရဟိတ၂၁ဖွဲ့စုပေါင်း၍ မဟာစည်တရားစခန်းဖွင့်”



၂၀၁၄ ခု ဧပြီလ ၁၄ ရက် စောမောင်

           ထိုင်းနိုင်ငံ မဟာချိုင်မြို့ ထပ်ဆိုင်ရပ်ကွက် ၀ပ်စီမိန် ထိုင်းဘုန်းတော်ကြီး ကျောင်းတွင် မဟာချိုင် မြို့နယ် အတွင်းမှ ပရဟိတအဖွဲ့ပေါင်း၂၁မှ စုပေါင်း၍ မဟာ စည်လုပ်အားပေးတရားစခန်းပွဲနှင့်ရဟန်းခံ၊သီလရှင်ဝတ်ပွဲကိုစည်းကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့သည်။

တရားစခန်းကျင်းပပြုလုပ်သည့်အဖွဲ့ဝင် ကိုကျော်ကြီး က“ဒီနှစ်နဲ့ဆို   တရားစခန်းပွဲကျင်းပတာ သတ္တမ အကြိမ်ရှိပါပြီ။ ပြည်ပနိုင်ငံမှာလာရောက်အလုပ် လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တွေအားလုံး သင်္ကြန်တွင်ကာလ ရသမျှနားရက်ကလေးမှာ မိမိတို့ ဘာသာအပေါ် ပိုမိုသက်ဝင်ယုံကြည်ကြစေရန်နှင့်
မြန်မာနိုင်ငံသားများအပေါ် ဘာသာရေးနှင့်ပက်သက်၍ များစွာချီးမြှောက်တော် မူတဲ့  ၀ပ်စီမိန်ကျောင်း ထိုင်ဆရာတော် ပခိုဆာခွန်လီဝပ်အာကျန်ယိုင် နဲ့ ပြည်တွင်း/ပြည်ပသာသနာပြု မြို့မယဉ်ငေး ဆရာတော် တို့နှစ်ပါး ပိုမိုရင်းနှီးစေရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ကျင်းပတာဖြစ်ပါတယ်” ဟု ပြောသည်။

13 April 2014

ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ မြန်မာအလုပ်သမားများ ပထမဆုံးအကြိမ်စုပေါင်းရှင်ပြု ရဟန်း ခံပွဲကျင်းပ


၂၀၁၄ ခု ဧပြီလ ၁၃ ရက် ၊ စောမောင်

ယနေ့ သင်္ကြန်အကျနေ့တွင်  မဟာချိုင်မှ မြန်မာအလုပ်သမားမိသာစုများမှ စုပေါင်း၍  ရဟန်းခံရှင်ပြု 
အလှူတော် မင်္ဂလာ အခမ်းအနားကို မဟာချိုင်မြို့ မူစီရပ်ကွက်အတွင်းရှိ ၀ပ်ထစ်ဘုန်းတော်ကြီးကျောင်း ၌ပြုလုပ်ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားတွင် ဒုလ္လဘရဟန်း လောင်း၊ ရှင်သာမဏေ
လောင်းနှင့် သီလရှင်လောင်း စုစုပေါင်း၈၂ပါးတို့သာသနာ့ဘောင်အတွင်းသို့ ၀င်ရောက်ခဲ့ကြသည်။

“ရခိုင်ရိုးရာကျင်ပွဲ ထိုင်းနိုင်ငံနေရာအနှံ့စည်းကားစွာကျင်းပ”

                         
၂၀၁၄ ခု ဧပြီလ ၁၃ ရက်|စောမောင်

            ထိုင်းသင်္ကြန်အကျနေ့ဖြစ်သော ယနေ့တွင် ထိုင်းနိုင်ငံနေရာအနှံ့တွင်ရောက်ရှိ အလုပ်လုပ်နေ
ကြသော ရခိုင်ရွှေ့ပြောင်းအလုပ်သမားများက ရခိုင်ရိုးရာ ကျင်ပွဲများကို စည်ကားစွာကျင်းပခဲ့ကြကြောင်း သိရှိရသည်။

ဘန်ကောက်မြို့အနီးမဟာချိုင်မြို့၊မူစီရပ်ကွက် ၀ပ်ထစ်ဘုန်းတော်ကြီးကျောင်း၌ ရက္ခ၀ံသ ရခိုင်လူငယ် အသင်းက ကြီးမှု၍ ဘုရားရေသပ္ပါယ်ခြင်းနှင့်  ရခိုင်ရိုးရာကျင်းပွဲအား န၀မအကြိမ်မြောက် အဖြစ် ကျင်းပခဲ့ ကြခြင်းဖြစ်သည်။

ပွဲကျင်းပရေး ကော်မတီဝင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ဦးခင်မောင်က “ရခိုင်တိုင်းရင်းသားများ အနေဖြင့် ရိုးရာအမွေအနှစ်များအား အစဉ်အမြဲထိန်းသိမ်းတတ်ကြစေရန်နှင့် ထိုင်းနိုင်ငံရောက် ရခိုင် တိုင်းရင်းသားများ တစ်ဦးနှင့်တစ်ဦးပိုမိုချစ်ခင်စည်းလုံးကြစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

“ရခိုင်တမ်းခြင်း”



                                                  

“ရခိုင်သားရို့အိပ်မနိန်ကြကေ့ နိုးနိုးကြားကြားဟိန့်ကြပါလေ..ရန်သူတိက၀ိုင်းနိန်ကြတေ ဒေနိန့် နက်ဖြန်   ပြောမရဗျယ်လေ…ငါရို့မှာဆိုပါကေ…အားကိုးအားထားမိဘ မရှိ ပါလေ..ကိုယ့်ပြည်ကိုရွာစွန့်ခွာပြီးကေ လုံးဝမလားကေ့လေ…. အမြင်တိုင်းဆိုကေလေး…. ရခိုင်သားဆိုကေ အကြောက်တရားကိုဘေးဖယ် ပြီးကေ….ဒေမြီကြီးကိုအဆုံးမခံနိုင်လေ……………”
           ရခိုင်ဒေသမှာ ဒီလို သင်္ကြန်အကြိုနေ့မှာ ဘုရားရေသပ္ပါယ်ဖို့ တစ်ရွာ လုံး နံ့သာသွေးကြတယ်။ လူပျိုတွေက တီးမှုတ်ကခုန်ပြီးတော့ တစ်ရွာလုံကို နံ့သာရေခံကြတယ်။ ညနေ၄နာရီလောက်မှာ ရွာဦးကျောင်းမှာရှိတဲ့ ဘုရား ဆင်းတုတော်တွေရော တောင်ထိပ်တွေမှာရှိတဲ့ ဘုရားဆင်းတုတော်တွေကိုပါ အပျိုလူပျိုတွေက ရေသပ္ပါယ်ကြပါတယ်။

12 April 2014

“ရွှေမြန်မာနာရေးကူညီမှုအသင်း ဖွဲ့စည်းခြင်း”

၂၀၁၄  ခု ဧပြီလ ၁၂ ရက် ၊မောင်ပေါ်ထွန်း
စမွတ်စာခွန်ခရိုင်၊ ကထုန်ဘန်မြို့နယ်၊ အုန်နွဲ့ရပ်ကွက်၊ လွဲဟောင်မိုင် တွင် ၂၃၊ ၃၊ ၂၀၁၄ နေ့ က အဖွဲ့ ၀င်ပေါင်း ၂၄၅ ဦးတို့ဖြင့်  “ရွှေမြန်မာနာရေးကူညီမှုအသင်း ”အားစတင်ဖွဲ့ စည်းလိုက်သည်။ 
          ဤအသင်းသည် ထိုင်းနိုင်ငံအနှံ့အပြားတွင်ရှိသော မြန်မာအလုပ်သမားများ၏ နာရေးကိစ္စ အခက် အခဲကြုံနေကြသူများက အကူညီတောင်းခံလာပါက ကူညီပေးရန်နှင့် ဆွမ်းသွတ်အမျှဝေခြင်းများကို  အဓိက ကညီမည်ဖြစ်သည်။ ထို့အပြင် ဆွေမျိုးမရှိ၊ ကူညီသူမရှိဖြစ်နေကြသည့် အလုပ်သမားများ၏ ကျမ္မာရေး ကိစ္စ ကိုလည်း ကူညီမည်ဖြစ်သည်။
  

11 April 2014

“ပတ်စပို့ရှိအလုပ်သမား၆ဦးအားပုလိပ်ဖမ်း၊တစ်ဦးကိုဘတ်ငါးသောင်းတောင်းခံ”


         
မြတ်ညို(အလွတ်သတင်းထောက်)
         ၂၀၁၄ ခု ဧပြီလ ၁၁ ရက်
       ဘန်ကောက်မြို့ ဆူကူဗစ် ၁၅ လမ်းတွင် ရှိသော ဆောက်လုပ်ရေး  လုပ်ငန်းခွင် တစ်ခုမှ ပတ်စပို့နှင့် ၀တ် ပါမစ် အပြည့်အစုံရှိသည့် မြန်မာ အလုပ်သမား၆ဦးအား ယမန်နေ့က နယ်မြေပုလိပ် များဖမ်းဆီးခဲ့ရာ တစ်ဦးလျှင် ဘတ်ငါးသောင်းပေး မှ ပြန်လွှတ်ပေး မည်ဟု ပြောဆိုကြောင်းသိရသည်။
   ပန်းရံအလုပ်လုပ်နေကြသည့် ချစ်ကိုကို၊ ဦးကြည်ခင်၊ ဦးမြင့်ဦး၊ စိုးမိုးအောင်၊ ကိုဦး၊ မသိန်းသိန်းအေး၊ တို့အား ယမန်နေ့ နေလည် ၁နာရီ ခန့်က ကုမ္ဗဏီ ရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။  အတူတူဖမ်းဆီးခံခဲ့ရသော်လည်း ၂နှစ် အရွယ် ကလေး ရှိသဖြင့်ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မသင်းသင်းမွှေး ကပြောသည်။
“သမီးတို့မှာ ဘတ် တစ်သောင်းကျော်အကုန်ခံပြီး ပတ်စပို့နဲ့ဝတ်ပါမစ်စာအုပ်လုပ် ထားတယ်၊ 


10 April 2014

“အလည်ဗီဇာဖြင့် ထိုင်းနှင့်မလေးရှားသို့ အလုပ်သမားတင်ပို့”



 မောင်ပေါ်ထွန်း | ၂၀၁၄ ခု ဧပြီလ ၉

     ပြည်ပသို့ အလုပ်သမားများတင် ပို့နေ သည့်   အေဂျင်စီပွဲစား အတော် များများတို့သည် သာမန်နို င်ငံကူး လက်မှတ် (ပတ်စပို့ ဗီဇာ) များဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့ နေကြကြောင်း ရန်ကုန် အခြေစိုက် အေဂျင်စီတစ်ခုမှဒါရိုက်တာတစ်ဦးက   ပြောသည်။
            ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအတော်များများတို့သည် ပြည်ပအလုပ်သမားခေါ်စာ Demand Latter ရရှိခြင်း၊ အလုပ်သမားဝန်ကြီး ဌာန၏ တရားဝင်ခွင့်ပြုမိန့်နှင့် လိုအပ်သည့် သင်တန်းများ ပို့ရခြင်းများအပြင် အခြားအသေးစိတ်လိုအပ်ချက်အများအပြားတို့အား လုပ်ဆောင်ရလေ့ရှိသဖြင့် ဗီဇာ ပတ်စပို့  ပွဲစားများဖြင့် မြန်ဆန်သည့်နည်းလမ်းကို အသုံးပြုနေကြခြင်းဖြစ်   ကြောင်းသိရှိရသည်။