02 May 2014

“ငါးဖမ်းလှေမှမြန်မာ၆ဦးအားကယ်တင်”



                              
၂၀၁၄    မေ  ၂ ရက်

ကိုတီး
          ငါးဖမ်းလှေပေါ်တွင်  ၈လကြာရောင်းစားခံနေခဲ့ရသည့်အလုပ်သမား ၃ဦးအပါအ၀င် အလုပ်သမား၆ဦးတို့ အား ယမန်နေ့ညနေက ဘန်ကောက်မြို့ အခြေစိုက် MATအဖွဲ့၊ ဖန်ငအေခြစိုက်  ပညာရေးဖေါင်ဒေးရှင်းFED နှင့်   ချောင်းစမေးစံ ရွာလူကြီးအကူညီဖြင့်  ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
               ၎င်းတို့သည် ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော် အကွာတွင်ရှိ သောခြုံဘူရီခရိုင်၊ ချောင်းစ မေးစံ ငွေလာစင်တံတားမှ လှေအမှတ်
YC 12 ပေါ်တွင် ရောင်းစားခံခဲ့ရသူများဖြစ်ကြသည်။
ပြန်လည်လွတ်မြောက်လာသူများမှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ၃ဦး၊ ဖျာပုံမှ ၁ဦးနှင့် ပဲခူးမှ ၂ဦး ဖြစ်ကြသည်။ ၎င်းတို့သည် ငါးဖမ်းလှေပေါ်တွင်  အများ  ဆုံး၈လမှအနည်းဆုံး ဆယ်ရက်ကျော် အထိအလုပ် လုပ်ခဲ့ကြရသူများ   ဖြစ်ကြသည်။  
     လွတ်မြောက်လာသူများထဲတွင် ပါဝင်သည့် ရခိုင်အလုပ်သမား ၃ဦးတို့မှာ ဧပြီလ ၂၅ ရက်နေ့က ဘန်ကောက်မြို့တွင် ၄ရက်နှင့် ၃ည အခန်းပိတ်လှောင် ခံနေခဲ့ရသည့် ရခိုင်အလုပ်သမ၏ ခင်ပွန်းနှင့် ခဲအိုတို့ပါဝင်ကြသည်။ ၎င်းတို့ သုံးဦးအားတစ်ဦးလျှင် ဘတ်ငွေ ၁၆,၀၀၀ ဖြင့်ဘန်ကောက်မှပွဲစား အမျိုးသမီး တစ်ဦးက ရောင်းစားခဲ့ခြင်းဖြစ်သည်။
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “လူကုန်ကူးခံနေရသူတွေနဲ့ အချိပ် အဆက် ကွက်တိရအောင် ဆက်သွယ်ရတာအတော်ခက်ခဲပါတယ်။ ငါးဖမ်းေ လှပေါ်က မြန်မာအလုပ်သမားတွေ လွတ်မြောက်ဖို့ ခက်ခဲအောင် ထိုင်းငါးဖမ်း လုပ်ငန်းရှင်တွေနဲ့ မြန်မာ ပွဲစားတွေက စနစ်တကျ စီစဉ်ထားကြတာ။ ငါးဖမ်း   လှေ ကို မြန်မာအလုပ်သမားတွေ အစုလိုက်အပြုံလိုက် ရောင်းစားဖို့လွယ် ကူပေမယ့်  လှေပေါ်က မြန်မာ တစ်ယောက်ကို ကျနော်တို့ ခေါ်တင်နိုင်ဖို့ အတော်ခက်ခဲပါတယ်။ လူကုန်ကူးတဲ့ ယန္တရားက ကြီးမားပြီး ကျယ်ပြန့်တယ်။ ကျနော်တို့က လူကုန်ကူးမှုတိုက်ဖျက်ရေးကို နှစ်နိုင်ငံအစိုးရနဲ့ ပူးပေါင်းဆောင် ရွက် နေတာဖြစ်ပေမယ့် အထူးသတိထား လုပ်ကိုင်ရတယ်။” ဟုပြောသည်။
       ပြန်လည်လွတ်မြောက်လာသူဖြစ်သော
 ဖျာပုံမှ ကိုဌေးနိုင် က“ ကျနော် ဖုန်း၂လုံးဝယ် ထားတယ်။ ကျနော် အလိမ်ခံနေရတာလှေေ ပါ်  မှာ ၈လကျော်ပြီ ရခိုင်၃ ယောက်ရောက် လာမှ ဦးကျော်သောင်း နဲ့ အဆက် အသွယ်ရ တာ။ သူ့ဆီကို ဖုန်းကယ်မရာနဲ့ လိုအပ်တာ   တွေ ကိုရိုက်ပြီးပို့ပေးတယ်။ ပိုက်ဆရာတွေ မသိအောင်အချက်အလက်တွေကို လှမ်းပြော ပါတယ်။ မနေ့ညနေက ကျနော်တို့ ကမ်းကို ကပ်လာတယ်။  ပစ္စည်းတင်ပြီးတာနဲ့ ချက်ချင်း   လှေပြန်ထွက်မှာဖြစ်တယ်။  သူဌေးမန်နေဂျာက မလွှတ်ဘူး။ တစ်ယောက်ကို ဘတ်  ၁၆,၀၀၀ ပေးမှ ပြန်သွားရမယ်လို့ပြောတယ်။ MAT ကဦးစိုင်းအေးနဲ့ အခြေအတင် ပြောကြတယ်။ ကယ်မရာပါတဲ့ကျနော့်ဖုန်းကို မန်နေဂျာ  သိမ်းယူ သွားတယ်။ နောက်ထပ် ဖွက်ထားတဲ့ဖုန်းနဲ့ နောက်ဆုံးအခြေအနေတွေကို ဦးကျော်သောင်း ကို ကျနော် သတင်းပို့နေခဲ့တယ်။ မွန်ပွဲစားတွေနဲ့လှေဆိပ်က ပုလိပ်တွေနဲ့ လှေပိုင်ရှင်တွေနဲ့ ကျနော်တို့ကို စားမတတ် ၀ါးမတတ်ပါပဲ။ ကယ်တင်ပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ” ဟုပြောသည်။
          ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ထိုင်းတောင်ပိုင်ဖန်င အခြေစိုက် FED နှင့်အတူ  ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး တို့အား ကယ်တင်နိုင်ခဲ့သည်။ ၂၀၁၄ခု  နှစ်ဇန်န၀ါရီလမှ စ၍  ယခုအမှု ကိစ္စ အပါအ၀င် လေးလအတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာအလုပ် သမားေ ပါင်း ၈၁ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း MAT မှတ်တမ်းများအရ သိရှိ ရသည်။

01 May 2014

ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ်ဖြင့် စာပေဟောပြောပွဲကျင်းပ


စောမောင်  ၊ မဟာချိုင် ၂၀၁၄  မေ ၁ ရက်

ထိုင်းနိုင်ငံ-မဟာချိုင်မြို့၌နေထိုင်ကြသော မြန်မာရွှေ့ပြောင်းအလုပ် သမား လူငယ် များမှစုပေါင်း၍  ယနေ့ 
စာပေဟောပြော ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိပါသည်။

အဆိုပါစာပေဟော ပြောပွဲ၌ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေး အရှင်အဂ္ဂဓမ္မ (နိက္ခမ)၊ စာရေးဆရာ 
အရိုး နှင့် လင်းသိုက်ညွှန့်(မြန်မာ့မြေ) တို့ မှ ဟောပြောခဲ့ ကြောင်းသိရှိရသည်။

29 April 2014

“ပတ်စပို့ဝတ်ပါမစ်ရှိသည့်မြန်မာအလုပ်သမား၁၂ဦးအားဘန်ကောက်တွင်ဖမ်း”


   
မြတ်ညို (အလွတ်သတင်းထောက်)



၂၀၁၄ ခုဧပြီ ၂၉ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ 
လယ်တွင်ရှိသော ပတူနန်းကုန်တိုက် ညဈေးတွင်
 ဈေး အကူရောင်းသည့် ပတ်စပို့  နှင့် ၀တ်ပါ မစ်
အပြည့် အစုံရှိသည့် မြန်မာအလုပ်သမား ၁၄ ဦး 
တို့အား ယမန်နေ့ညနေက ထိုင်းလ၀က မှဖမ်း 
ဆီးသွားကြောင်း အလုပ်သမားများ၏ အစ်မ တစ် 
ဦးက ပြောသည်။
          အလုပ်သမား ကိုကျော်နိုင်ဦး ၏ အစ်မဖြစ်သူ မချယ်ရီက“ကျမလည်း   စဉ်းစား တာပေါ့။ ပတ်စပို့ကို အကုန်အကျခံလုပ်ထားပြီး ဒီလိုပဲ အချုပ်ထဲဝင် လိုက်၊ ပိုက်ဆံရှင်း ရလိုက်နဲ့ မလုပ်တာပဲ ပိုကောင်းမလားလို့၊ မြန်မာသံရုံးက လည်းတာဝန်မယူဘူးလေ၊ 
အခြားအလုပ်သမားများတွင် ဈေးဆိုင်ပိုင်ရှင်နဲ့ ပတ်စပို့ ၀တ်ပါမစ် လုပ်ထားတာ ဟုတ် 
လားမဟုတ်လားတော့ မသိဘူး။ ဒါပေမယ့်အားလုံးမှာ ပတ်စပို့နဲ့ဝတ်ပါမစ်ရှိ တာ
တော့   သေချာပါတယ်။ ကျမမောင်လေးမှာတော့ ဒီသူဌေးနဲ့ပဲ စာအုပ်ရော့ဝတ်ပါ 
မစ်ပါလုပ်ထားတာ အတိအကျပဲ” ဟုပြောသည်။ 

28 April 2014

“MOU အလုပ်သမားတစ်ဦး စိတ်ဖေါက်၍ပျောက်ဆုံးနေ”



                       
မောင်ပေါ်ထွန်း
၂၀၁၄ ဧပြီလ ၂၈ ရက်



        MOU ဖြင့်လာရောက်အလုပ်လုပ်ကိုင် သည့်အလုပ်သမားတစ်ဦး စိတ်ဖေါက်ပြန်၍   ပျောက်သွားခဲ့သည့်မှာသုံးရက်မြေက်ပြီးဖြစ်ေ သ်ာလည်း သတင်းအစအန ယခုတိုင်မရရှိေ သးကြောင်း ညီဝမ်းကွဲ တော်စပ်သည့် အလုပ်  သမားကပြောသည်။
             ဘန်ကောက်မြို့စီယက်ဘန်ဖူ အရပ် တွင် မိုးပျံရထားလမ်းတည်ဆောက်နေသော   ဆောက်လုပ် ရေးအလုပ်သမား တစ်ဦးသည် ပြီးခဲ့သည့် အပတ်ကတည်းက စိတ်မူမှန်မဟုတ်တော့ပဲ   နေရပ် ကို    ပြန်လိုသည်ကို တတွတ်တွတ်ပြော ဆိုနေ ခဲ့သည်။ ထို့အပြင် ဧပြီလ၂၂ ရက်နေ့က ကမ်ပူးရှား အလုပ်သမတစ် ဦးအား အကြောင်းမရှိပဲ   လက်သီးဖြင့် သွားထိုးခဲ့သဖြင့်  တောင်းပန်ခဲ့ရသည်ဟု ညီဖြစ်သူက ပြောသည်။ ၂၅ ရက်ေ န့  ညတွင် လုပ်အားခ ဘတ် ၆,၀၀၀ ခန့်ကိုထုတ်ယူသွားပြီးနောက် ညီဖြစ်သူ   နှင့်  လိုင်းကားအမှတ် ၁၃၄ ဖြင့်စီး သွားကြကာ ညီဖြစ်သူအားဆင်းခိုင်းပြီး ၎င်းတစ်ဦးတည်း ကားပေါ်တွင်ပါသွားရာက  ယနေ့တိုင် ဆက်သွယ်မရတော့ ပဲ ပျောက်ဆုံးနေခဲ့သည်ဟုဆိုသည်။
           ပျောက်ဆုံးနေသည့်အလုပ်သမားမှာ မကွေးတိုင်း အောင်လံမြို့နယ်၊ လက်ပခုံးကျေးရွာမှ အဖ ဦးဘိုးတိုး၏ သား အသက်၃၅နှစ်အရွယ် ကိုဆန်းဝင်း ဆိုသူဖြစ်သည်။ ၎င်းသည် ၂၀၁၂ ခု နိုဝင်ာလ ၂၄ ရက်နေ့က Human Resource InternationalCo,ltd(HRI) ကုမ္ပဏီနှင့် မြန်မာဘက်မှ 
 ရွှေရည်ဖြိုးအောင် ကုမ္ပဏီတို့ တင်ပို့လိုက်သည့် အလုပ်သမား ကျား ၁၇၀ဦး   နှင့်အတူ ထိုင်းနိုင်ငံအထဲသို့ ၀င်ရောက်လာခဲ့ သူဖြစ်သည်။
          အလုပ်သမားများ က မြန်မာသံရုံးသို့ ဆက်သွယ် အကူညီတောင်းခံရာ ကိုဆန်းဝင်း ၏ ပတ်စပို့ မိတ္တူလိုအပ်သည်ဟု ပြောဆိုသဖြင့် လုပ်ငန်းခွင် တာဝန်ရှိသူထံတွင် တောင်းခံရာ မရှိကြောင်း ပြောဆို သဖြင့် ပျောက်ဆုံးသူ၏ အလုပ်သမား ကဒ်ပြားနှင့်  မြန်မာအမျိုးသား မှတ်ပုံတင်တို့ကိုယူဆောင်၍ မြန်မာသံရုံးသို့ အကူညီတောင်းခံရန် သွားခဲ့ကြသည်။
           MATအဖွဲ့ဒါရိုက်တာဦးကျော်သောင်း   က“MOU အလုပ်သမားတွေ ပြဿနာတွေတက် လာရင် ကျနော်တို့ ကအချက် အလက် စုဆောင်းပေး၊ အလုပ်သမားတွေကို သံရုံးကိုသွားဖို့ အကူညီပေး၊ လမ်းစရိတ် မရှိ စားစရာ မရှိရင် တတ်နိုင် သလောက်ပေး။ ဒီလောက်ပဲ ကျနော် တို့လုပ်နိုင်တာ။ G to G တံဆိပ်ကြီး ကပ်ထားပြီးတော့ ပွဲစားတွေ လုပ်ချင်တာ လုပ်နေတာကို ကျနော်တို့က ဒီအတိုင်းလက်ပိုက်ကြည့်နေရတာ။ အလုပ်သမားတွေ ကတော့အခံဘက် ကချည်းပါပဲ။   အေဂျင်စီတွေနဲ့ပွဲစား တွေဟာ အလုပ်သမားတွေကို ထိုင်းကို ပို့ပြီးတာနဲ့ သူတို့ တာဝန်ကျေပြီးလိုသဘောထားပြီး ပြစ်ထားလိုက်ကြတာ။ ကိုယ်ပို့ထားတဲ့ အလုပ်သမားတွေကို နဲနဲလောက် ဂရုစိုက်ကြရင် ပြဿ     နာ   နည်းမယ်။ ခုဟာက တာဝန်ယူမှုနည်း နေကြတယ်” ဟုပြောသည်။
  HRI ကုမ္ပဏီသည် ၂၀၁၂ ခုနှစ် ဇွန်လ၁၇ ရက်နေ့က တင်သွင်းလာခဲ့သည့် အလုပ်သမား ၃၅၀ဦး အနက်မှ ရန်ကုန် သာကေတမှ ကိုကျော်ကျော် ဆို သူမှာ ဘန်ကောက်မြို့စမူပါကန် ၃၉လမ်းတွင်ရှိသော ကားပစ္စည်းများထုတ် လုပ်သည့် (SSK) KOLAKARN CO,LTD အလုပ်ရုံတွင် မျက်လုံးထိခိုက်မိ သဖြင့်  မျက်လုံးကွယ်ခဲ့ရသည်ကို MAT အဖွဲ့က မြန်မာအလုပ်သမားသံအရာ ရှိထံသို့ ဖြေရှင်းပေးရန် အထောက် အထားများဖြင့်  အကူညီတောင်းခံခဲ့သော် လည်း မဖြေရှင်းနိုင်ခဲ့ချေ။

ထို့အပြင် အလုပ်သမားတစ်ဦးလျှင် ပတ်စပို့ဖိုးအတွက်ဘတ်၂၂,၀၀၀စီဖြတ်   တောက်မှုခံရမှုကိုလည်း မဖြေရှင်းနိုင်ခဲ့ပေ။ ဤအချင်းအရာများကို သံရုံးနှ င့် MAT အဖွဲ့ တို့သို့ လိုက်လံပို့ဆောင်ပေးခဲ့သည့် ထိုင်းဘာ သာစကားကျွမ်း ကျင်သည့် အလုပ်သမား ကိုစိုးလွင်ဆိုသူကိုပါ အလုပ်မှ ထုတ်ပယ်ပြစ် ခဲ့သည်။
            HRI ကုမ္ပဏီသည်  လုပ်ငန်းခွင် ထဲ သို့ နယ်မြေရဲများဝင်ရောက်ဖမ်းဆီးလျှင်ဖြစ်စေ၊ အလုပ်သမားများ မကျေနပ်မှုတစ် ခုခုပေါ်
 ပေါက်၍ အလုပ်သမားအဖွဲ့အစည်းများသို့ ဆက်သွယ်စကားပြောလျှင် ဖြစ်စေ နယ်စပ်သို့ ချက်ခြင်း ပို့ဆောင်ဖျောက်   ဖျက်လေ့ရှိခဲ့သည့် အထောက်အထားများ MATအဖွဲ့တွင်မှတ်တမ်း စွာရှိသည်။
          

26 April 2014

“အခန်းပိတ်လှောင်ခံရခိုင်မိန်းကလေးငယ်တစ်ဦးအားကယ်ထုတ်”

               

၂၀၁၄ ဧပြီလ ၂၆| ကိုတီး

  သုံးညနှင့်လေးရက် အခန်းတွင်းပိတ်လှောင်ခံခဲ့ရသည့် ရခိုင်အလုပ်သမတစ်ဦးအား ဘန်ကောက်မြို့တွင် MAT နှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ညနေက ကယ်ထုတ်နိုင်ခဲ့သည်။

          ဘန်ကောက်မြို့ ထပ်ခန်းနယ်မြေအနီးရှိ မြန်မာပွဲစားအမျိုးသမီးတစ်ဦး၏ အခန်းတွင် ပိတ်လှောင် ခံထားရသည့် အသက်၂၀အရွယ် ရခိုင်အလုပ်သမအား ငွေပေး၍ ရွေးထုတ်ရန် အသွင်ယူလျှက် ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ စင်ထရယ် ကုန်တိုက်အနီး ဟော်လန်ဘီယာ ဆိုင်ရှေ့ ကွင်းပြင်တွင် အငှါးကားပေါ်မှ ကယ်ထုတ်နိုင်ခဲ့သည်။

    ပူးပေါင်းကူညီသူများမျှော်လင့်သကဲ့သို့ ပွဲစားအမျိုးသမီး ကားပေါ်တွင်ပါမလာပဲ  အခန်းပိတ်လှောင် ခံခဲ့ရသည့်အလုပ်သမကိုသာ ကယ်တင်နိုင်ခဲ့သည်။

“လူကုန်ကူးခံရသူတို့ကိုထိုင်းအစိုးရကကိုယ်လုံးတီးချွတ်၍လွှတ်သည်”



 
၂၀၁၄ ခု ဧပြီလ ၂၆

မောင်ပေါ်ထွန်း
              တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့်  ထောင်ဒဏ် ၄၉ ရက်ချမှတ် ခံခဲ့ရသည့် လူကုန်ကူးခံခဲ့ရသူ မြန်မာအလုပ်သမား၆ဦးတို့၏ ငွေကြေး၊ဖုန်းနှင့် အ၀တ်အထည်များအားလုံးတို့အား အကျဉ်းထောင်နှင့် ရဲစခန်းတို့မှ ယူဆောင် ထားလိုက်သဖြင့် ကိုယ်လုံးတီးသဘောမျိုးဖြင့်လွတ်မြောက်လာခဲ့ကြောင်း အလုပ်သမားများကပြောသည်။
      ၂၀၁၄ ခု မတ်လ ၃ ရက်ညဥ့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ အကွာ၊ မလေးရှားနယ်စပ် ကတန်မြို့ ဝှေ့မင်းလှေဆိပ်လှေ အမှတ်(၁) KTHAVEESIMပေါ်တွင်ရောင်း စားခံနေရသည့် ရခိုင်အလုပ် သမား၆ဦးအား MAT,FEDနှင့်နယ်မြေခံရဲတပ်ဖွဲ့တို့က ထိုင်းရေတပ်သင်္ဘော ဖြင့် သွားရောက် ကယ်ထုတ်ခဲ့သူများဖြစ်ကြသည်။

25 April 2014

“အလုပ်သမား၅ဦးရောင်းစားခံရာကထွက်ပြေးလွတ်မြောက်”



             

၂၀၁၄ ခုဧပြီလ ၂၅|    စောမောင် 
          သံရုံးမှာလုပ်နေပါသည်ဟု ပြောဆိုသုံးနုန်း၍ အလုပ်သမား၅ငါးဦးတို့ အား ဘန်ကောက်မြို့အနီး နကပထုန်နာရီစင်အနီးရှိ သစ်ရွက်အမှုန့်ကြိတ် စက်ရုံတွင်ရောင်း စား ခံခဲ့ရသည့် အလုပ်သမားများထွက်ပြေးလွတ်မြောက်သွား ပြီ ဖြစ်ကြောင်း အလုပ် သမားများကပြောသည်။
           သံရုံးမှဟု ပြောဆိုသူအသက်၄၀၀န်း ကျင်ခန့် ကိုဝင်း (မွတ်ဆလင်)ကအလုပ်
 သွင်းပေး ခအဖြစ်အလုပ်သမားငါးဦးအတွက် ဘတ်၉,၀၀၀ ဖြင့် ပို့ပေးခဲ့သည်သည်။ သို့ရာတွင်လုပ်ငန်းရှင်ထံမှ ဘတ်၆,၀၀၀ ထုတ်ယူသွားကြောင်း အလုပ်သမားများ ကပြောသည်။
           MAT အဖွဲ့က မြန်မာသံရုံး သံမှူးကြီးအား ဖုန်းဖြင့်ဆက် သွယ်မေးမြန်း ခဲ့ရာ ကိုဝင် ဆိုသည့် မွတ်ဆလင် အမျိုးသားအား မြန်မာသံရုံးတွင်မရှိကြောင်း   ပြန်လည်ဖြေကြားခဲ့ပါသည်။ 

လူကုန်ကူးခံရသူများစောင့်ရှောက်ရေးဂေဟာဖွင့်




ဧပြီ ၂၅  ရက်

မြတ်ညို(အလွတ်သတင်းထောက်)
      ဂျပန်အစိုးရ၏ အကူညီဖြင့် လူကုန်ကူးခံရသူများယာ ယီစောင့်ရှောက်ရေး   ဂေဟာတစ်ခုကို ကော့သောင်းမြို့တွင်ယမန်နေ့ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။
ယခုဖွင့်လှစ်သည့် ပြန်လည်စောင့်ရှောက်ရေး ဂေဟာမှာ ဒုတိယမြောက်ဖြစ်ပြီး ပထမဂေဟာကို၂၀၀၉နှစ်  က တရုတ်နယ်စပ် မူဆယ်မြို့မှာ ပထမ ဖွင့်လှစ် ခဲ့ကြောင်း တာဝန်ရှိသူများပြောပြချက်အရသိရသည်။ ကော့သောင်းခရိုင် ဒုရဲမှူးမင်းခိုင် က ကျနော်တို့နိုင်ငံသားတွေ လူကုန်ကူးခံရသူတွေကို ပြန်လည်   စောင့် ရှောက်ပြီးတော့ အမြန်ဆုံပြန်လည်ပို့ဆောင်ရေးအတွက်ဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနက လုပ်သွား မှာဖြစ်ပါတယ်။” ဟုပြောသည်။
   ယခုဂေဟာဖွင့်လှစ်ပွဲသို့ တက်ရောက်ခဲ့သည့် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း  ဖေါင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က  နယ်စပ်မှာ  ဒီလို ကယ်ဆယ်ရေး စခန်းတစ်ခု ပေါ်လာ တာကြိုဆိုပါတယ်” ဟုပြောသည်။
ဘန်ကောက်အခြေစိုက်  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည်  ထိုင်းအစိုးရ၊ မြန်မာအစိုးရ၊ FEDတို့နဲ့ ပူးပေါင်း၍၊ ၂၀၁၂ ခုနှစ်က လူကုန်ကူးမှုနှိမ်နင်းခြင်း ၁၉ကြိမ်တွင်  မြန်မာအလုပ်သမား ပေါင်း ၂၉၂ဦး။ ၂၀၁၃ခုနှစ်က  လူကုန်ကူးမှုနှိမ်နင်းခြင်း ၄၂ကြိမ်အတွင်း ပြည်တန်ဆာ အဖြစ်ရောင်းစားခံနေရသည့်  မြန်မာအလုပ်သမား ၁၀ဦးအပါအ၀င် ၂၆၄ဦးအား ကယ်ထုတ်နိုင်ခဲ့သည်။

             MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က လူကုန်ကူး ခံခဲ့ရတဲ့   မြန်မာတွေကို မြန်မာ ဘက်အခြမ်းမှာ မြန်မာ အစားအစာ စားသောက်ပြီး အမှုအခင်းပြီးတဲ့ အထိ နေထိုင်းခွင့်ရမယ်ဆိုရင် ထိုင်းဘက်မှာထက်တော့ ကောင်း သွားမှာပေါ့။ ထိုင်းနိုင်ငံနွန်ထဘူရီ ကယ်ဆယ်ရေးစခန်းထဲမှာတော့ ကိုယ်ဝန်အငှါး ဆောင်ခိုင်း တာတွေ  ရှိခဲ့တယ်လို့ ၂၀၁၁ ခုနှစ်က ကျနော်ကယ်ထုတ်ဖူးတဲ့ စက်ချုပ်အလုပ်သမ  ၉ ယောက်က ပြောခဲ့ဖူးတဲ့VDO အင်တာဗျူး ကျနော့်လက်ထဲမှာ ယခုတိုင် ရှိနေဆဲပဲဖြစ်တယ်။    ကယ်ဆယ်ရေးစခန်းဟာ နှိပ်ကွပ်တဲ့နေရာမဖြစ်အောင်တော့ ဂရုစိုက်ရပါမယ်” ဟု အတွေ့အကြုံများနှင့်ယှဉ်၍ ရှင်းပြသွားသည်။

22 April 2014

“စစ်တပ်မိသားစု၇ဦးပါဝင်သောလူကုန်ကူးခံရသူ၁၄ဦးအားစီစစ်”

ကိုတီး       ၂၀၁၄ ခု ဧပြီလ ၂၂ ရက်
               ဘန်ကောက်မြို့တောင်ဘက်ကီ လိုမီတာ ၇၀ခန့်အကွာတွင်ရှိသော  စမုတ်ဆုံခါမြို့၊ မဲခေါင်ငါးဖမ်းလှေဆိပ် အင်ဒိုနီးရှားငါးဖမ်းလှေ JAKATA2   ပေါ်တွင် ရောင်းစားခံခဲ့ရသည့် စစ်တပ်မိသားစု၇ဦးပါ၁၄ဦး အမှုကိစ္စအား ပူးပေါင်းဆောင်ရွက် သူများ က ယနေ့ ပြန်လည်စီစစ်ကြကြောင်းသိရှိရသည်။
              ထိုင်းငါးဖမ်းလှေသည် အင်ဒိုနီးရှားရေပိုင်နက်သို့ ၁၉ရက်တိုင်တိုင်   မောင်းနှင်ရပြီး ထိုင်းလူမျိုး အလုပ်သမား၈ဦးနှင့် မြန်မာအလုပ်သမား ၁၄ ဦး တို့ ၃ရက်သာအလုပ်လုပ်ခဲ့ရသည်။ လှေပေါ်တွင်မြန်မာ အလုပ်သမားများအား   ထိုင်း ပဲ့နင်း က ရိုက်နှက်သည်ကို မခံမရပ်နိုင်ဖြစ်ပြီး လှေသားများဖြင့်ပြဿ နာဖြစ်ကြရာမှ ပဲ့နင်းဖြစ်သူသေဆုံးသွားခဲ့သည်။     အလောင်းကို ရေထဲသို့ပစ်ချခဲ့ပြီးနောက်  အင်ဒိုနီး ရှားရေတပ်က တရားမ၀င် ငါး ဖမ်းမှုဖြင့် လှေကိုဖမ်းဆီး၍ လှေလုပ် သားများကိုပါ  ၃လတိုင်တိုင် အကျယ် ချုပ် သဘောမျိုးဖြင့် ရေတပ်စခန်း တစ်ခုတွင်ထိန်းသိမ်းထား ခဲ့သည်။


21 April 2014

“တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့MOUပြဿနာတက်ပြန်ပြီ”


မောင်ပေါ်ထွန်း|၂၀၁၄ ဧပြီလ ၂၁ ရက်

ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာ ခရိုင် ချိုင်န 91 moo 2 Chana Songhla Rd. Chanong Chana Songlha 90130 တွင်ရှိသော Lee Heng Seafood Co.Ltd ငါးပုဇွန် အအေးခန်းအလုပ်ရုံတွင် အလုပ်လုပ်နေကြသ ည့် MOU အလုပ်သမားများနှင့်တရားဝင်မြန်မာအလုပ်သမားတစ်ရာကျော်တို့ အလုပ်သမားအခွင့်အရေး ချိုးဖေါက် ခံနေရသဖြင့် အလုပ်မဆင်ပဲ ယနေဆန္ဒပြနေကြကြောင်းသိရှိရသည်။

အလုပ်သမား MOU ဖြင့်လာသည့် အလုပ်သမား ၄၂ဦး နှင့် တရားဝင်မြန်မာပတ်စပို့ဖြင့် အလုပ် လုပ်နေသ ည့် အလုပ်သမား၉၂ဦး(စုစုပေါင်း ၁၃၄ဦး) တို့က အချိန်ပိုခိုင်းစေသည့်လုပ်အားခအား မှန်မှန်ကန်ကန်ပေး
ချေရန်တောင်းဆိုရာ အလုပ်ရုံက မပေးသဖြင့် အလုပ်သမားများ အလုပ်မဆင်းပဲနေကြကြောင်း သိရှိရ သည်။

အလုပ်သမားများအား နေ့စဉ်နံနက် ၈နာရီမှညနေ ၅နာရီအထိ ခိုင်းစေပြီးနောက် ၅နာရီမှ ညနေ ၈နာရီအ ထိလည်းကောင်းယခင်ကာလတုန်းကခိုင်းခဲ့ပါသည်။၂၀၁၄ ခု မတ်လမှစတင်၍ ညနေ၅နာရီမှညဥ့် ၁၁ နာရီအထိအလုပ်လုပ်ကိုင်ကြရသည်။ သို့ရာတွင် အချိန်ပိုများအတွက် လုပ်အားခရှင်းမပေးပဲ အခြား နေ့များ တွင် တစ်နေ့လုံးအလုပ်မလုပ်ရသည့်နေ့များတွင် နေ့တွက် ဘတ် ၃၀၀ ပြည့်အောင်ဖြည့် ပေးသည် ဟု အလုပ်ရုံမှ ပြောကြောင်းအလုပ်သမားများကပြောသည်။