07 June 2014

“မြန်မာလူကုန်ကူးဂိုဏ်ကြီးတစ်ဂိုဏ်းအားနှိမ်နင်း”



                          
၂၀၁၄ ဇွန်လ ၇ ရက်
မင်းဘခက်   မြန်မာလူကုန်ကူးမှုဂိုဏ်း ကြီးတစ်ဂိုဏ်းအား ထိုင်းနိုင် ငံ ဘန်ကောက်၊ မဟာချိုင်   နှင့်မဲခေါင်ငါးဖမ်း လှေဆိပ် တို့တွင်ထိုင်းအစိုးရလူကုန်  ကူးမှုအထူးရဲတပ်ဖွဲ့ AHTD, MAT အဖွဲ့နှင့် FED အဖွဲ့တို့ က ယမန် နေ့က နှိမ်နင်း လိုက်ကြောင်းသိရှိရသည်။
             ဇွန်လ၄ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပနိုကျေးရွာမှ  အသက် ၁၈ နှစ်အရွယ် ကိုပိုင်ဆိုသူသည် ပွဲစားများ အခန်းပိတ်လှောင်ထားစဉ် ခေါင်မိုး   အောက်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။   ငါးဖမ်းလှေပေါ်သို့ ရောင်း စားခံလိုက်ရသည့် တရွာတည်းသား သက်ကိုလွင်   နှင့် ဝေအောင် တို့ လွတ်မြောက်ရေးအတွက် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန် မာနိုင်ငံသားများအဖွဲ့ MAT သို့ဆက်သွယ် အကူညီေ တာင်းခံလာခဲ့သည်။

  ပထမဦးဆုံးထွက်ပြေးလွတ်မြောက် သူ အသက် ၁၈နှစ်အရွယ် ကိုပိုင် က” ကျနော်တို့ကို ပေါင်မုန့် အလုပ် ရုံကိုသွင်းပေးမယ် ဆိုပြီးတစ်ယောက် ကို ဘတ်ငွေ ၁,၅၀၀ စီနဲ့ အလုပ်ရှာေ ပးခယူပါတယ်။ လှေဆိပ်မှာ ထပ်ပြီး တစ်ယောက်ကိုဘတ်ငွေတစ်သောင်း စီနဲ့ ရောင်းစားခဲ့ပါတယ်။ ကျနော့်သူ ငယ်ချင်း ၂ယောက်ကို ငါးဖမ်းလှေကို ထည့်လိုက်ပါတယ်။ ကျနော့်ကိုနောက်   နေ့မှာ တစ်နေရာကို ပို့မယ်လို့ပြော ပါတယ်။ ပွဲစားအိပ်နေတုန်း အမိုးနဲ့ နံရံ ကြားက ကျော်တက်ပြီး ၈နာရီလောက် လမ်းလျှောက်ပြီး ဘန်ကောက်က အဝေးပြေးကားဂိတ်ကို အငှါးကား စီးလာတယ်။ အဲဒီကတစ်ဆင့် ဘန်ကော က်မှာ အလုပ်လုပ်နေတဲ့ အစ်မ ဆီကို အရောက်လာခဲ့တာပါ။  ပွဲစားသိန်းဦး က အစ်မကိုဖုန်းဆက်သေးတယ်။ ကျနော်တို့ သုံးယောက် ထွက်ပြေးတာ ပုလိပ်ဖမ်းလို့ တစ်ယောက်ကို တစ်သောင်းစီ နဲ့ရွေးရမယ်လို့ ထပ်ပြီး လိမ်ေ တာင်းသေးတယ်”  ဟုပြောသည်။
     
 MAT အဖွဲ့ရုံးတာဝန်ခံ ဦးစိုင်းအေး က MAT အဖွဲ့၏ ဥပဒေ အကြံပေး ဦးအောင်မျိုးသန့် နှင့် အတူ ပူးပေါင်းဆောင်ရွက်နေကျဖြစ်သော ထိုင်းတောင်ပိုင် ဖန်ငအခြေစိုက် ပညာရေးေ ဖါင်ဒေးရှင်း FED တို့နှင့် ညှိနှိုင်းတိုင်ပင်ပြီးေ နာက် မြန်မာလူကုန်ကူးမှု ဂိုဏ်းကြီးအားAHT D နှင့် ပူးပေါင်းကာ နှိမ်နင်းခဲ့ခြင်းဖြစ်သည်။
           ဘန်ကောက်မြို့ ဖလန်ဆောင်နယ်   မြေထပ်ခမ်းရဲစခန်းအကူညီဖြင့် ဇွန်လ ၅ ရက်နေ့ နံနက် ပိုင်းက  ဘန်ကောက်မြို့ ဘန်ခွန်ထီယန်နယ်မြေတွင်နေထိုင်သည့် ဂိုဏ်းခေါင်ဆောင် သိန်းဦးအား အထောက် အထားအပြည့်အစုံဖြင့် ဖမ်းဆီးနိုင် ခဲ့သည်။
           MAT အဖွဲ့ဝင်တို့သည် လွတ်မြောက်လာသူတို့၏ အကူညီဖြင့် လိုအပ် သည့်အချက်အလက်များအား ထပ်မံစုံစမ်းပြီးနောက် ဇွန်လ ၆ ရက်နေ့တွင် မဟာချိုင်မှ ပွဲစားဂိုဏ်း ခေါင်းဆောင် အမျိုးသမီးကြီး ဒေါ်ချမ်း ကို ဖမ်းဆီးခဲ့ သည်။ ထို့နောက်  စမုတ်ဆုံခါခရိုင် မဲခေါင်လှေဆိပ်မှ အခန်းပိတ်လှောင်ထား သည့် ပွဲစားအခင် နှင့်အကျော်ဆိုသူတို့အားဖမ်းဆီးပြီး နောက်ငါးဖမ်းလှေပေါ်   သို့ ထပ်မံ ရောင်းစားသည့် ပွဲစား အောင်နိုင်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
            MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ဒီလထဲမှာ လူကုန်ကူး ခံနေရသူတွေကို ကယ်ထုတ်ဖို့ အချက်အလက် အပြည့်အစုံစုဆောင်းထားပြီး သား နောက်ထပ် ၃ နေရာကျန်ပါသေးတယ်။ နိုင်ငံရေးအခြေအနေအရ ထိုင်း အစိုးရဘက်က အလုပ်လုပ်နိုင်မှုအားနည်းနေသလို ကျနော်တို့မှာလည်း လုံခြုံ  အရရော စရိတ်စကပါ ကျနော်တို့ ကိုယ့်အား ကိုယ်အင်နဲ့လုပ်နေရတာဖြစ် တာကြောင့်ချင့်ချိန်ပြီးလုပ်နေရကြတာပါ။ထိုင်းငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံနေရသမျှ မြန်မာတွေကို ကျနော်တို့ ကယ်တင်ဖို့ ခက်ခဲဦးမှာဖြစ် ပါတယ်။ မြန်မာအစိုးရနဲ့ နိုင်ငံတကာ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေ မူဝါဒတွေ ပြောင်းလဲ လုပ်ကိုင် နိုင်ပါစေလို့ သာဆုတောင်း နေမိတယ်” ဟုပြောသည်။
     မြန်မာအမြောက်အမြား   ထိုင်းနိုင်ငံအတွင်း လူကုန် ကူးခံနေကြရသော် လည်း လူကုန်ကူးမှုတစ်ခု ဖေါ် ထုတ် ရန်အတွက်အချိန်နှင့် စရိတ်စကအမြောက်အမြား အသုံးပြုကြရကြောင်း MAT အဖွဲ့က ပြောပြသည်။ လူကုန်ကူးမှုတိုက် ဖျက်ရေးလုပ်ငန်းသည် ချမ်းသာသူများ၊ အာဏာပိုင်များနှင့် လူမိုက်များ ပူးပေါင်း လုပ်ဆောင်ကြသည့် ဧရာမစီးပွားရေးလုပ်ငန်းကြီး တစ်ခု   ဖြစ်သည်။    ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့တို့တွင် အစိုးရ ပီပီ ယာဉ်၊ ကိရိယာများနှင့် လူအင်အား ငွေအင်အား အသုံးပြုနိုင်ကြသည်။ 
       MAT အဖွဲ့ တွင်မူ မည်သည့်အစိုးရနှင့် မည်သည့်အဖွဲ့အစည်းတို့ကမှ ကူညီပေးထားမြင်းမျိုးမရှိပေ။အချို့အမှုကိစ္စများအတွက်ရင်းနှီးသည့်မိတ်ဆွေများ ထံမှ အခါအားလျှော်စွာ စရိတ်စက အကူညီတောင်း၍ လုပ်ကိုင်နေကြရသည်။
         MAT အဖွဲ့သည်  ၂၀၁၄ ခုနှစ်၊ ယခုလူကုန်ကူးမှုအထိ  လူကုန်ကူးခံရ သူပေါင်း ၉၀ဦးတို့ကို ကယ် တင်နိုင်ခဲ့ပြီး မြန်မာပွဲစားပေါင်း၈ဦးတို့အား ဖမ်း ဆီးနိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၂၀၁၁ ခုနှစ်တွင် လူကုန် ကူးခံခဲ့ရသူ ပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင်  ၂၉၂ ဦးနှင့် ၂၀၁၃  ခုနှစ်တွင်၂၆၄ဦး တို့ အား ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း  ထုတ်ပြန်ထားသည်။
     ယခု သတင်းအပြီးသတ်ချိန်တွင် ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေခဲ့ရသူ ၂ဦးအား AHTD သို့ လာရောက်ပို့ဆောင်ထားဖြစ်သည်။ လွတ်မြောက် လာ သည့်အလုပ်သမား၃ဦးတို့မှာ အမှုကိစ္စပြီးမြောက် သည်အထိ ကယ်ဆယ်ရေး စခန်းထဲတွင် နေထိုင်ကြရမည်ဖြစ်ပြီး ဖမ်းဆီးထားသည့် လူကုန်ကူးဂိုဏ်းမှာ ထိုက်သင့်သည့် ပြစ်ဒဏ်များချမှတ်ခံရမည်ဖြစ်ကြောင်းသိရှိရသည်။

31 May 2014

“ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေရသူ၂ဦးအားကယ်တင်”




၂၀၁၄ မေလ ၃၁       

ကိုတီး
        ငါးဖမ်းလှေပေါ်တွင်တစ်လကျော် ကြာရောင်းစားခံခဲ့ရသည့်မြန်မာအလုပ် သမား၂ဦးအားထိုင်းနိုင်ငံရောက် မြန်မာ   နိုင်ငံ သားများအဖွဲ့ MATနှင့် ပူးပေါင်းေ ဆာင်ရွက်သည့် အဖွဲ့များ က ယမန်နေ့ ညနေက ကယ်တင်နိုင်လိုက်သည်။
     ဧပြီလ၂၅ ရက်နေ့က ဘန်ကောက် မြို့ဖလန်းဆောင်နယ်မြေ စကင်ငန် ၃၅/၁ တွင်နေထိုင်ကြသည့် နေမျိုးဝင်း   နှင့် မောင်ညွန့်ဝင်း တို့အား နေလင်း(ခေါ်) ပိုင်းဖြတ် ဆိုသူက စားသောက် ဆိုင်တွင် အလုပ်သွင်း ပေးမည်ဟုဆိုကာ အလုပ်သွင်းပေးခ ဘတ်ငွေ ၁၅၀၀ ယူဆောင်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီ ခရိုင် အချောင်လှေဆိပ်သို့ တစ်ဦး လျှင် ဘတ်ငွေ တစ်သောင်းငါးထောင်ဖြင့် ရောင်းစားခဲ့သည်။
       ခင်ပွန်းဖြစ်သူ နေမျိုးဝင်း လွတ်မြောက်ရေးအတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ မစကားဝါသင်း နှင့် သာမညတောင်ခြေ ရွှေညောင်ပင်ရပ် ကွက်မှ ရောင်းစားခံရသူ မောင်ညွန့်ဝင်း ၏ညီမဖြစ်သူ မသန်းသန်းဝင်း တို့က   မေလ ၅ ရက်နေ့တွင် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ   နိုင်ငံ  သားများအဖွဲ့ MATရုံးသို့ လာရောက်အကူညီတောင်းခံခဲ့သည်။
          MAT အဖွဲ့က ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေး ရှင်း FED နှင့်ညှိနှိုင်းလျှက် အချောင် ရွာလူကြီး ထံသို့ ရောင်းစားခံရသူများ၏ ဓါတ်ပုံနှင့် လှေနံပါတ် ၁၄၈၇၄  လှေအရောင် အဖြူနှင့် အပြာ လှေနံမည် (ပိုင်ခေါ်)  စသည့် အချက်အလက်များအား ပေးပို့ခဲ့သည်။
            MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းငါးဖမ်းလှေတွေနဲ့ ပင်လယ်အစားအစာထုတ်လုပ်တဲ့လုပ်ငန်းခွင်ထဲမှာ မြန်မာတွေလူကုန်ကူးခံနေ
ရပါတယ်။ ဒါကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိုင်းနဲ့မြန်မာ အစိုးရ တွေပါ သိပါတယ်။ လာတဲ့လမ်းကြောင်း၊ လူကုန်ကူးခံရတဲ့နေရာ၊ လူကုန်ကူးခံရ သူတွေ၊ အချက်အလက် တွေကို ကျနော်တို့ တင်ပြပါတယ်။ ဒါပေမယ့်   မြန်မာလူငယ်တွေ နေ့တိုင်း ဒီနေရာတွေမှာ လူကုန်ကူးခံ နေကြရတယ်။   နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေ၊ ထိုင်းနဲ့မြန်မာအစိုးရ လူကုန် ကူးမှုတိုက် ဖျက်ရေးအဖွဲ့တွေဟာ အယင်မူတွေအတိုင်း ဆက်လုပ်နေလို့ ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးက ဟိုတယ် အစည်းဝေးပွဲတွေမှာပဲ အချက်အလက်တွေပြောနေကြတာနဲ့ပဲ အဆုံးသတ်နေပါမယ်။ လက်တွေ့   အောင် မြင်ကြ မှာမဟုတ်ဘူး” ဟုပြောသည်။
    ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံခဲ့ရသည့် မြန်မာအလုပ်သမားများမှာ ထိုင်းအစိုးရနှင့် မြန်မာအစိုးရ တို့သာမက နိုင်ငံတကာအဖွဲ့အစည်းများကပါ ဂရုစိုက်မှုအထူးနည်းပါးသည်။ ပြီးခဲ့သည့် ၂၀၁၄ ခု မတ်လ ၃ ရက်ညဥ့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ အကွာ၊ မလေးရှားနယ်စပ် ကတန်မြို့ ဝှေ့မင်းလှေဆိပ်လှေ အမှတ်(၁) KTHAVEESIMပေါ်တွင်ရောင်း စားခံနေရသည့် ရခိုင်အလုပ် သမား၆ဦးအား MAT,FEDနှင့်နယ်မြေခံရဲတပ်ဖွဲ့တို့က ထိုင်းရေတပ်သင်္ဘောဖြင့် သွားရောက် ကယ်ထုတ်ခဲ့ သည်။
           ၎င်းတို့သည်တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့်  ထောင်ဒဏ် ၄၉ ရက်ချမှတ်ခံခဲ့ရပြီးအလုပ်သမား များ၏ ငွေကြေး၊ဖုန်းနှင့် အ၀တ်အထည်များ အားလုံးတို့အား အကျဉ်းထောင်နှင့် ရဲစခန်းတို့မှ ယူဆောင် ထားလိုက်သဖြင့် ကိုယ်လုံးတီးသဘောမျိုးဖြင့်လွတ်မြောက်လာခဲ့ရသည်။  မေလ ၆ ရက်နေ့တွင် ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းသို့ ကတန် ရဲစခန်းမှ လာရောက်ပို့ ဆောင်ခဲ့သည်။ ထိုအလုပ်သမား များအား ကော့သောင်း ဘက်သို့ အမြန်ပို့ရန် အတွက် တစ်ဦးလျှင် ဘတ်ငွေ ၁,၀၀၀ စီတောင်းခံပါသည်။   အလုပ်သမား၅ဦးတို့အား မေလ ၁၈ ရက်နေ့တွင် ကော့သောင်း ဘက်သို့ ပို့ဆောင် ခဲ့ရာ ငွေမပေးနိုင်သဖြင့် ကင်းမွန် မီးထွန်းလှေသို့ ဘတ်ငွေ ၇,၀၀၀ ဖြင့်ရောင်းချလိုက်ကြောင်း ကျန်နေခဲ့သည့် အလုပ်သမား ခေါင်းေ ဆာင် ကိုအောင်တင်ဇေါ်က ပြောသည်။
      သူက“ကျနော် ဘတ်တစ်ထောင်ပေးခဲ့ရပါတယ်။ ကျနော်တို့ လူကုန်ကူးခံ ခဲ့ရသူတွေကို ထိုင်းအစိုးရက မြန်မာအစိုးရလက်ထဲကို သေသေချာချာ အပ်နှံ ပြီးတော့ လူကုန်ကူးတဲ့သူတွေ ဖေါ်ထုတ်တာမျိုးမရှိဘူး။ ကျနော်တို့ကို အိမ် တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးတာမျိုးတို့မရှိဘူး။ ကျနော်တို့ကိုရောင်း စားလိုက်တဲ့ ပွဲစားကိုရော၊ ခု ပြန်လာပြီးမှ ရောင်းစား လိုက်တဲ့ လှေသမား ကိုရော ကျနော် ပြချင်ပါတယ်။ လူကုန်ကူးတဲ့ သူတွေကို ပြင်းပြင်ထန်ထန် အရေးယူလိုက်မှ လူကုန်ကူးမှုတွေ လျှော့နည်းလာ မယ်လို့ကျနော်ထင်ပါ တယ်။ မြန်မာအစိုးရ ကျနော့်ကို ဆက်သွယ်လာဖို့ ကျနော်စောင့်နေပါတယ်။ အခု ကျနော် ကော့သောင်းမြို့က ရခိုင်ဘုန်းတော်ကြီးကျောင်းမှာ ကပ်နေ ပါတယ်” ဟုပြောသည်။
         အလားတူ ထိုင်းနိုင်ငံအတွင်း အဆိုးဝါးဆုံး ကတန်လူကုန်ကူးသူလက် ထဲမှ MAT နှင့်ပူးပေါင်းအဖွဲ့တို့ ကယ်ထုတ်ခဲ့သည့် အလုပ်သမား ၁၅ ဦးတို့မှာ လုပ်အားခပင် ပြည့်ပြည့်စုံစုံမရရှိပဲ ရနောင်းကယ်ဆယ်ရေး စခန်းထဲတွင် တစ်နှစ်နှင့် သုံးလတိုင်တိုင် အချိန်ကုန်ခဲ့ရသည်။   စခန်းတာဝန်ခံများရိုက်နှက်မှုများကို အကြိမ် ကြိမ်ခံခဲ့ကြရသည်။ ၎င်းတို့အား    မေလ ၂၂ ရက်နေ့က မြန်မာနိုင်ငံဘက်သို့ ထိုင်းအစိုးရက ပြန်ပို့ ပေးခဲ့ သည်။  မြန်မာအစိုးရက အဆိုပါအလုပ်သမားများအား ကော့သောင်း ကယ်ဆယ်ရေးစခန်းသစ်ထဲတွင် လက်ခံခဲ့သည်။ သို့ရာတွင် လူမှုဝန်ထမ်းပြန် လည်နေရာချထားရေးဌာနက စနစ်တကျ လက်ခံ၍ ၎င်းတို့ အားမိသားစုများ ထံသို့ ရောက်ရှိအောင် ပြန်လည်ပို့ဆောင်ခြင်းမျိုးမရှိ ခဲ့ကြောင်း အလုပ်သမား များ ပြော ပြချက်အရ သိရှိရသည်။

17 May 2014

“မြန်မာ၃၈ဦးအား ကာရာအိုကေ ဆိုင်ဟောင်းတွင်ဖမ်းမိ”




            

၂၀၁၄ မေလ ၁၇
ကိုတီး(ဘာသာပြန်)
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ်တစ်နေရာတွင် ရှိသော  ကာရာအိုကေဆိုင်ဟောင်းထဲတွင် လူကုန်ကူးသူများသိုဝှက်  ထားသည့် မြန်မာ ၃၈ဦးအားထိုင်းလ၀ကအမှတ်(၅)မှ    ချောင်   တခင်ဝင်ရောက် ဖမ်းဆီး လိုက်ကြောင်း  ထိုင်းရပ်သတင်းတွင် ဖေါ်ပြထားသည်။
         လူကုန်ကူးသူများ၏ အခြေအနေအား ရပ်ကွက်ထဲမှ တာဝန်ရှိသူများတိုင်တန်းချက်အရနေ့ နံနက် ၈း၃၀ တွင် ချင်းလိုင်းခရိုင်မယ်ဆိုင်မြို့   ဘက်မှ  ချင်းမိုင် ဘက်သို့ တိုယိုတာ ဖေါ်ကျွန်နိုး တခါး () ပေါက်ကားဖြင့်တင်ဆောင်လာပြီး ကာလာအိုကေ ဆိုင်တစ်ဆိုင်တွင် လာရောက်ထားစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
          ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဆိုင်ပိုင်ရှင်နှင့် မြန်မာအလုပ်သမားများအား စစ်ဆေးရာ အမျိုးသား၂၅ဦး၊ အမျိုးသမီး၁၁ဦးနှင့် ကလေးငယ်တစ်ဦး တို့ဖြစ်ကြသည်။ တစ်ဦးလျှင် ဘတ်ငွေ သုံးသောင်းမှ ငါးသောင်းအထိ ပေးချေခဲ့ရကြောင်း အလုပ်သမားများက ထွက်ဆိုကြသည်။   
  တိုက်အမှတ် ၂၅၇/၂၂၄ တိုက် ပိုင်ရှင် နိင်ဘွန်လို့ ချာဝနီ ချာကွန်း အသက် ၅၁ နှစ်အား ထိုင်းနိုင်ငံ အတွင်းဝင်ရောက် လာသော အထောက်အထားမပြည့်စုံသည့် နိုင်ငံခြားသား များအား လက်ခံထားမှုဖြင့် တရားစွဲဆိုထားပြီး ဖမ်းမိသည့် မြန်မာအလုပ်သမားများအား နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်   ကြောင်း ရေးသားဖေါ်ပြထားသည်။

“လူကုန်ကူးခံခဲ့ရသည့်အလုပ်သမားတစ်ဦးဆေးရုံတွင်သေဆုံး”



                       
၂၀၁၄ ခု မေလ ၁၇
မြတ်ညို(အလွတ်သတင်းထောက်)


    လူကုန်ကူးခံခဲ့ရသည့်   မြန်မာအလုပ်သမားတစ် ဦး မဟာချိုင်လေးထပ်အချုပ် ခန်းမှ အရေးပေါ်ထုတ်၍   ဆေးရုံတင်ခဲ့ရာ ယမန်နေ့ ညနေက သေဆုံးသွား
ကြောင်းသိရှိရသည်။
          သေဆုံးသွားသူမှာ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမှ အသက် ၄၂ အရွယ် ကိုဦး ဆိုသူဖြစ်သည်။ သူသည် မဟာချိုင် ၀တ်ကျက်  ၅ လမ်းတွင်ရှိသော ပုဇွန်အခွံခွာသည့်အလုပ်ရုံတွင် ရောင်းစားခံနေရစဉ် MAT  အဖွဲ့နှင့်ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့တို့က မတ်လ ၂၇ ရက်နေ့က ကယ်ထုတ်ခဲ့သည့် အလုပ်သမား၂၂ဦး ထဲမှ ဖြစ်သည်။ 
            လွန်ခဲ့သည့်  ရက်ပိုင်းအတွင်းက ဇနီးဖြစ်သူ  မလေး က မြန်မာသံရုံး မှ ဖုန်းများအား ဆက်သွယ် မရရှိကြောင်း ပြောဆိုကာ MAT အဖွဲ့သို့ ဖုန်းဆက် ၍ အကူညီတောင်းခံခဲ့သည်။ MAT အဖွဲ့ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီးက “မေလ ၁၅ ရက်နေ့က ကျနော် အလုပ်သမားသံအရာရှိ ဆီကိုဖုန်းဆက်ပါ တယ်။  သံရုံးကြီးကို ဆက်လို့ပြောတာကြောင့် ကျနော် သံမှူးကြီး ကိုဖုန်း ဆက်ပါတယ်။ အလုပ်သမား သံအရာရှိနဲ့ ဆိုင်တယ်ဆိုပြီး ဖုန်းချသွားပါတယ်။ ကျနော် အလုပ်သမားသံအရာရှိဆီကို ထပ်ပြီးတော့ဆက်ပါတယ်။ သံရုံးက တစ်ယောက်ယောက်လာမှ ဖြစ်တော့မယ်။ လူနာ က နေ့လား ညလားဖြစ်နေ တယ်လို့ ကျနော်က ရှင်းပြပြီး ကူညီဖို့ မေတ္တာရပ်ခံပါတယ်။ သူက မဟာချိုင်က အမျိုးသမီးကြီးတစ်ဦးကို သွားကြည့်ခိုင်းတယ်။ အဲဒီအမျိုးသမီးက နောက် ထပ် တစ်ယောက်ကို ခိုင်းတယ်” ဟုပြောသည်။
သံရုံးဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများရှိသဖြင့်   အပြင်တွင်ဖြစ်နေသော အလုပ်သမားကိစ္စများအား လိုက်၍ လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အလုပ် သမားကိုကူညီဖို့အတွက် ပွဲစားများမပါပဲ အမှန်တကယ်ကူညီကြသူများဖြင့် သီးသန့် ကော်မတီ တစ်ရပ် ဖွဲ့စည်းထားရန်လိုအပ်ကြောင်း ကိုခိုင်ကြီး က အကြံပြု ဆိုသည်။  
   ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းမှာ လူကုန်ကူးမှု ဥပဒေနဲ့ လုပ်ထုံး လုပ်နည်းအားနည်းချက်တွေပါ။ ဒါ့အပြင် ကျနော်တို့ အစိုးရအနေနဲ့ ပြည်ပ ကိုရောက်နေတဲ့ သေခါနီးအလုပ် သမားတစ်ယောက်အပေါ်မှာဂရု မစိုက်နိုင် ဘူးဆိုတာကိုပြတာလည်းဖြစ်ပါတယ်။ ဒီအလုပ်သမားတွေက မဟာချိုင် အချုပ်ခန်းထဲမှာ ၄၈ ရက်ကြာနေပြီ။ လူကုန်ကူးခံခဲ့ရသူတွေကို အမှုရင်ဆိုင် မယ်ဆိုရင်လည်း ကယ်ဆယ်ရေး စခန်းထဲမှာ ထားရမှာ။ ခုဟာက ရဲစခန်း အချုပ်ခန်းထဲမှာထားတာ။ ဒီအမှုတွဲက မြ၀တီ  လူကုန်တားက အကူညီ   တောင်းထား တဲ့အမှုတွဲဖြစ် တယ်။ နေပြည်တော်က အစိုးရလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူးဆီကို စာရေးပြီးတော့ အကျိုးအ ကြောင်း ကို တင်ပြထားပါတယ်”ဟုပြောသည်။


             ထိုအလုပ်သမားများသည် ပြီးခဲ့သည့် ၂ပတ်ခန့်က အချုပ်ခန်းထဲ တွင်   ရေ၀၀လင်လင်  မသောက်ရ   ကြောင်းသိရှိခဲ့ရသဖြင့် ရဲစခန်း ဘာ သာပြန်မှ တစ်ဆင့် MAT အဖွဲ့ကေ သာက်ရေသန့်ပုလင်း များ ပေးပို့ခဲ့ေ ကြာင်း သိရ သည်။ MAT အဖွဲ့သည်  လူကုန်ကူးခံရနေရ သည့် မြန်မာအလုပ် သမားများအား ကယ်ထုတ်ကြရာတွင်  ထိုင်းအစိုးရ၊ မြန်မာအစိုးရနှင့် FED တို့နှင့်အတူတူ ပူးပေါင်းဆောင်ရွက်ကြသော်လည်း ကယ်ထုတ်ပြီး   နောက် ပိုင်း တွင် ကယ်ဆယ်ရေးစခန်းအတွင်းအခြေအနေများနှင့် တရာစီရင်ရေး ကိစ္စ ရပ်တို့ကိုမူ သိရှိခွင့်မရရှိတော့ပေ။ ထို့ကြောင့် ကယ်ဆယ်ရေးစခန်းထဲတွင်   နှစ်ချီ၍ ကြာသွားသည့် လူကုန်ကူးခံရသည့်အလုပ်သမားအချို့က  ကယ် ထုတ်သည့်အဖွဲ့များအား အမြင်မကြည် လင်မှုများရှိကြကြောင်းလည်း ကြားသိ ရသည်။

15 May 2014

“သမ္မတကြီးထမင်းငတ်မှာစိုးလို့ပါ”

 ၂၀၁၄ ခု မေလ ၁၄ ရက်နေ့ထုတ်မြန်မာပို့စ် အပတ်စဉ် ဂျာနယ်တွင် ဖေါ်ပြထားသော (ရွှေလုပ်သား ပင်တိုင် သတင်းထောက် မောင်ပေါ်ထွန်း ရေးသားသည့် ဆောင်းပါးအား) အွန်လိုင်း ပရိတ်သတ်များ ဖတ်ရှုနိုင်ရန်ဖေါ်ပြအပ်ပါသည်။ 


ကလေးတွေကိုမြေတောင်မြှောက်ပေးတာဟာ အနာဂတ်ကို တည်ဆောက်   ခြင်းဖြစ်ပါတယ်။ အလုပ်များရင် ထမင်းငတ်တယ်(အလုပ်များ၍ ထမင်းအချိန်မှန်မစားသုံးရန်နိုင်ခြင်းကိုဆိုလိုသည်) ဦးသိန်းစိန်  အလုပ် များပြီး ထမင်းငတ်မှာစိုးလို့ပြောရခြင်းဖြစ်ပါတယ်။

အခန်း(၁)
      ဒီရက်ပိုင်းအတွင်းမှာ ကင်းထောက်လူငယ်၊ ဘက်စုံထူးချွန်လူငယ်တွေ၊ လူရည်ချွန်လူငယ်တွေ စခန်းချ ကြ တဲ့နေရာတွေကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ကင်းထောက်ချုပ် ဆိုတဲ့ ရာထူး ကြီးနဲ့ကိုသွား ရောက် တွေ့ဆုံတာတွေကို အစိုးရထုတ်သတင်းစာတွေမှာဖတ်ရှုရတယ်။ ဒါကြောင့် ကျနော် ကြုံခဲ့ တာလေး ကို ရေးပြချင်လာတယ်။

          ကျနော်လူငယ်အရွယ်  ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ လမ်းစဉ်လူငယ်သင်တန်း၊ အရံမီးသတ်သင် တန်း နဲ့ ရှေ့ဦးသူနာပြုသင်တန်းတွေကို နွေရာသီကျောင်းပိတ်ရက်တွေမှာ တက်ရောက် သင်ကြားကြရပါ တယ်။ အလားတူ ၁၉၈၁ နှစ်မှာ အ,သုံးလုံးပြကြရပြီး၊ ၁၉၈၃  မှာ  သန်ခေါင်စါရင်း ကောက်ခံပေးခဲ့ကြရပါ တယ်။  ၁၉၈၄ ခုနှစ်မှာ ရန်ကုန်မြို့ မင်္ဂလာဒုံမှာရှိတဲ့ ဗဟိုနိုင်ငံရေးတက္ကသိုလ် သို့ တစ်နိုင်ငံလုံးတစ်မြို့နယ် ကို တစ်ယောက်ကျစီ ရွေးချယ်ခံရပြီးတော့ လမ်းစဉ်လူငယ်(ကျေးလက်) ခေါင်းဆောင်သင်တန်း အမှတ် စဉ်(၁၂) ကိုတက်ရောက်ခွင့်ကြုံခဲ့ပါတယ်။

“MAT ကယ်လို့အလုပ်သမား၁၆ဦး ပြန်လွတ်”

                             

၂၀၁၄ ခုမေလ ၁၅၊ မြတ်ညို ( အလွတ်သတင်းထောက်)

အလုပ်ပြောင်းကြသည့် ပတ်စပို့နှင့် အလုပ် လုပ်ခွင့်ပါမစ် အပြည့်အစုံရှိသော အလုပ်သ မား ၁၆ဦးအား ထိုင်းရဲကတစ်ဦးလျှင် ဘတ်ငွေ ၃,၀၀၀ စီပေးမှ လွှတ်မည်ဟုပြော ဆိုကာ ရဲစခန်းတွင်ဖမ်းဆီးထားမှုအား MAT အဖွဲ့က ကူညီပေးလိုက်သဖြင့် လွတ်မြောက် သွား ခဲ့ကြောင်းသိရှိရသည်။

ယမန်နေ့ က ပထုံဌာနီတွင် အလုပ် လုပ်နေ ကြ သည့် မြန်မာအလုပ်သမား ၁၆ဦးတို့ သည် အတူတူလုပ်နေကြသည့် ထိုင်းအလုပ်သမား တစ်ဦးက    ခြုံဘူရီအနီး ဘန်းမကုန်အရပ်ရှိရာဘာအလုပ်ရုံ အလုပ်ရှိကြောင်း ပြောဆို သဖြင့် အလုပ်ပြောင်းရွှေ့လာခဲ့ကြသည်။   အလုပ်မရှိသဖြင့်ဘုန်းကြီးကျောင်းတွင် အလုပ်သမားများ တစ်ညတာ တည်းခို အိပ်နေခဲ့ကြရသည်။ ယနေ့နံနက်ပိုင်းက ကားတစ်စီးအားမှာ၍  မူလ အလုပ် လုပ်ကိုင်ခဲ့ကြသည့် ပထုံဌာနီအရပ်သို့ ပြန်ရန်ပြင်ဆင်ကြစဉ် ဘန်ပကွန်ရဲစခန်း မှ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။