06 October 2015

“မြန်မာလူကုန်ကူးဂိုဏ်းကြီးတစ်ခုကို ထိုင်းနိုင်ငံတွင်နှိမ်နင်း”

                                  
၂၀၁၅ အောက်တိုဘာ ၆

ခွန်တီးခက်လွမ်း.....

 ထိုင်းနိုင်ငံတွင် အကြီးဆုံးမြန်မာလူကုန်ကူးဂိုဏ်းတစ်ဂိုဏ်းအား ထိုင်းအစိုးရလူကုန်ကူးမှုအထူး
စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့အကြီးအကဲ Pol.Lt Col. Komvich ဦးဆောင်သည့်ထိုင်းအာဏာပိုင်များနှင့် မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်MATတို့ပူးပေါင်း ၍ စီနင်းဝင်ရောက် နှိမ်နင်းခဲ့သည်။

   ဖမ်းဆီးရမိသည့် ဂိုဏ်းခေါင်းဆောင် ဆိုသူမှာ အသက်လေးဆယ်ကျော်အရွယ် ကိုသိန်းဇော် နှင့်အတူ ဂိုဏ်းသား၂ဦးတို့အား ယမန်နေ့ညဥ့်က ဖမ်းဆီးမိခဲ့ပြီးယနေစီးနင်းမှုတွင် ဂိုဏ်းသား၃ ဦး ကိုဖမ်းဆီမိခဲ့သည်။ တစ်ဦးမှာ ထိုင်းနိုင်ငံသားကဒ်ကိုကိုင်ဆောင်ထားသဖြင့် ပြန်လည်လွှတ်ထားခဲ့သော်လည်း အချက်အလက်များခိုင်မာစွာရှိသဖြင့် တရားရင်ဆိုင်ရမည် ဖြစ်ပါသည်။

ဘုရားသုံးဆူနယ်စပ်မှ ကီလိုမီတာ ၉၀ ခန့်အကွာ ထိုင်းနိုင်ငံအနောက် မြောက်ပိုင်း ကန်ချနဘူရီခရိုင်၊ ထာမကန်မြို့နယ်၊ ဆင်တော်ရပ်ကွက်တွင် နိုင်ငံတကာသို့ တင်ပို့ရောင်းချသည့် အသီးအနှံမျိုးစုံအစားအစာထုတ်လုပ်သည့် (VITA FOOD FACTORY) V&K PINE APPLE CANNI NG Co,Ltd ဟူ၍ရှိပါသည်။


05 October 2015

“၂၀၀၈ ဖွဲ့စည်းပုံပြင်ပါ” စာအုပ်ကို ပြုစုရေးသားသူ ဦးကျော်သောင်း နှင့် တို့ခေတ် ဂျာနယ် အင်တာဗျူး ၂.၉.၂၀၁၅



စစ်အစိုးရလက်ထက်လျှိုဝှက်ဖြန့်ဝေရန်စီစဉ်ပြုစုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ပါ” ရေဒီယိုအင်တာဗျူးများအကြောင်း
MOEAF အမည်ပျက်စရင်းသွင်းခံထားခြင်းခံထားရသူ ဦးကျော်သောင်း နှင့်အမေးအဖြေ

တို့ခေတ်-၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရေဒီယိုအင်တာဗျူးတွေကို စုစည်းဖြစ်ခဲ့ပုံ အကြောင်း အနည်းငယ်ရှင်းပြပေးပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့ စုစည်းဖြစ်ခဲ့တာလဲဗျ။

ကျော်သောင်း - ၂၀၀၃ကနေ  ၂၀၀၇ ကာလအတွင်းမှာ အင်တာနက်ကို ကိုယ်နေတဲ့ အခန်းမှာသုံးလို့မရ
သေးဘူး။ အင်တာနက်ဆိုင်မှာပဲသုံးရတယ်။ သားသမီးငယ်သေးတော့ အလုပ်များများလုပ်ရတဲ့ အချိန်လည်း
ဖြစ်တယ်။ ရေဒီယိုကိုနားနဲ့စာဖတ်တယ်လို့ သဘောထားပြီး မလွတ်တမ်းနားထောင်တယ်။ ၁၉၉၀ ရွေး
ကောက်ပွဲ မှာ NLD အနိုင်ရရှိရေး ရပ်ကျေးဥက္ကဌ အဖြစ် ကျနော်လုပ်ခဲ့တယ်။ မဲအပြတ်သတ်နိုင်ပေမယ့် န၀တ စစ်အစိုးရက အာဏာ မလွှဲတဲ့အခါ တော်တော်ခံစားခဲ့ရပါတယ်။ မဲဆန္ဒရှင်တွေနဲ့ လုပ်ဖေါ်ကိုင်ဖက်
တွေက ကျနော့်ကို တော်တော်မေး ခဲ့ကြတယ်။ ဒါကျနော့်စိတ်ထဲကအစိုင်းအခဲပေါ့။

ဦးခင်ညွန် ချမှတ်တဲ့ ရိုဒ်မက်() လုပ်ငန်းစဉ်ရဲ့နံပါတ်() အစီအစဉ်ဖြစ်တဲ့ ညောင်နှစ်ပင်ညီလာခံ လုပ်က တည်းက စစ်အာဏာရှင်စနစ်ကို တာရှည်ခံအောင်လုပ်မယ့် ဗီလိန် ဖွဲ့စည်းပုံ ဥပဒေ ဖြစ်မယ် ဆိုတာကျနော် သိတယ်။  ဒါပေ မယ့် ကျနော့်အဆင့်က ပြောပိုင်ခွင့် ဝေဖန်ပိုင်ခွင့်မရှိဘူးလေ။ အနိုင်ရအမတ်တွေကို လွှတ်
တော် တစ်ရပ်ခေါ်နိုင်ဖို့ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ ကျနော် အကြံပြုချင်တာရှိခဲ့ပေမယ့် ပြည်နယ်ပြည်မ ဆက်
သွယ်ရေး အခက်အခဲအပြင် ကျနော်က ရပ်ကျေး အဆင့်သာရှိတာကြောင့် မပေါက်ရောက်နိုင်ခဲ့ဘူး။


“လူကုန်ကူးခံရသူ ၈ဦး နေရပ်ရင်းသို့ပြန်”

                                      
၂၀၁၅  ခု အောက်တိုဘာလ ၅        စောဆန်း  



           ခြုံဖေါ်ရဲစခန်းတွင် ၅လတိုင်တိုင် ချုပ်နှောင်ခံခဲ့ရသော လူကုန်ကူးခံမြန်မာအလုပ်သမား ၈ဦး ယနေ့တွင် မြန်မာအစိုးရ ကော့သောင်းလူကုန်တားရဲတပ်ဖွဲ့စိတ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်းသိရှိရသည်။

         မြန်မာနိုင်ငံသို့ယနေပြန်ရောက်သွားခဲ့ကြသူများမှာ ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က နယ်စပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ရသူများဖြစ်ကြသည်။ သူတို့မှာ ပဲခူးတိုင်း ဝေါမြို့နယ်မှ မယုမာနွယ်၊ မသန္တာဗို၊ မျိုးမြင့်ဗို တို့ မောင်နှမ၃ဦး၊ နှင့် မင်းသူအောင်၊  ပဲခူးတိုင်းရေတာရှည်မြို့နယ်မှ မေဇာဦးနှင့် ဦးဝေလွင်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှ မောင်သီဟကို နှင့်မောင်သန့်ဇင် တို့ဖြစ်ကြပါသည်။ 


03 October 2015

“လူကုန်ကူးခံရသူ၈ဦး အိမ်မပြန်ရသေးသဖြင့် ရဲစခန်းထဲတွင်ငို”

                         
၂၀၁၅ ခု အောက်တိုဘာ ၃      မင်းရန်နိုင်



      ခြုံဖေါ်ရဲစခန်းအတွင်းလအတန်ကြာနေထိုင်ခဲ့ကြရသည့် လူကုန်ကူးခံမြန်မာအချို့အားယမန်နေ့ ကပြန် လည်ပို့ဆောင်ပြီး ၈ဦးကျန်နေခဲ့ရသဖြင့် စိတ်ထိခိုက်၍ ငိုကြွေးနေကြကြောင်းသိရှိရသည်။

ကျန်နေခဲ့ရသူများမှာ အမျိုးသမီး၂ဦးနှင့် အမျိုးသား ၆ဦးဖြစ်ပါသည်။ ထိုသူတို့မှာ (၁)မစမ်းသော်တာ (၂) စန္ဒာဝင်း (၃)အောင်မင်းမင်းသန်း  (၄) ကျော်မျိုးထွန်း  (၅)၀င်းကိုဦး (၆) ကျော်ကိုကိုသက် (၇)ကျော်နိုင် နှင့် (၈) ယောင် ဆိုသူတိုဖြစ်ကြပါသည်။

          ယခုလူကုန်ကူးခံကိစ္စရပ်သည် ပြီးခဲ့သည့် ပြီးခဲ့သည့်မေလ ၈ ရက်နေ့က ခြုံဖေါ်မြို့နယ်တောထဲတွင် ၂၈ ယောက်ဖမ်းဆီးခံခြင်းနှင့် မေလ ၉ ရက်နေ့တွင် ၄၇ဦးဖမ်းဆီးခံခဲ့ရခြင်းကိစ္စဖြစ်ပါသည်။ မေလ၈ရက်နေ့ က မြန်မာ မိန်းကလေး ၂ ယောက်မှာ ပွဲစားများ၏အဓမ္မကျင့်ခြင်းကိုခံခဲ့ရသည်။ ခြုံဖေါ်ရဲစခန်းအချုပ်ခန်းထဲ တွင်ကျန်နေခဲ့ရသည့် မစမ်းသော်တာ ဆိုသူမှာ အပျိုစင်တစ်ဦးဖြစ်ပြီး မစန္ဒာဝင်း ဆိုသူမှာ ထိုင်းပွဲစားများ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရသူဖြစ်သည်။

မစန္ဒာဝင်း က“ဦးရယ်၊ သမီးဟာ အဓမ္မလည်းပြုကျင့်ခံရတယ်။ ရဲစခန်းမှာ အဖမ်းခံနေရတာလည်း ၅လရှိပြီ။ အခြားလူ တွေကို ပြန်လွှတ်လိုက်ပေမယ့် သမီးတို့နေခဲ့ရသေးတယ်။ မစမ်းသော်တာ ဆိုတာလည်း အဖေ ကျမ္မာရေး မကောင်းလို့ ဆေးကုသပေးချင်လို့ တက်လာတာ။ သူ့အဖေ သေမှန်းမသိရှင်းမှန်းမသိ၊ သမီး တို့ကို လာခေါ် ထုတ်ပေးပါလားဦးရယ်” ဟု ငိုရှိုက်ရင်းပြောချာသည်။
ထိုအလုပ်သမားများအား ခြုံဖေါ်ရဲစခန်းတာဝန်ရှိသူများက အပြင်ကိုထုတ်၍ ပန်းရံလုပ်ခိုင်းခြင်း၊ ရဲအရာရှိ  အမျိုးသမီးတစ်ယောက်ပိုင်ဆိုင်သည့် ရေသန့်စက်ရုံသို့ခေါ်ယူ၍ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မပေးပဲ အလုပ်လုပ်ခိုင်းခြင်းတို့ကို ၂လခန့်ပြုလုပ်ခဲ့ကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံ သားများအဖွဲ့MAT က သိရှိခဲ့ရသည်။ သို့ဖြစ်၍ MAT အဖွဲ့က မြန်မာနိုင်ငံ နေပြည်တော် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်း ထံသို့ အထောက်အထားများဖြင့် တင်ပြခဲ့သည်။


          ရဲမှူးချုပ်၏ ဆက်လက်ဆောင်ရွက်မှုဖြင့် စက်တင်ဘာလဆန်းကတည်းကစ၍ အလုပ်သမာများအား အပြင်သို့ထုတ်၍ ခိုင်းစေခြင်းမပြုတော့ကြောင်း သိရှိရသည်။ သို့ရာတွင် အချုပ်ခန်းထဲတွင် နေကြရသည့် လူကုန်ကူးခံမြန်မာအလုပ်သများမှာ ထိုင်းရဲများ၏ ဆူငေါက်ခြင်းနှင့် စောင့်ကြည့်ခြင်းကိုခံနေကြရကြောင်း  ပြန်လည်လွတ်မြောက်လာသည့် ခြုံဖေါ် ပါနန်းကြီးတွင်နေထိုင်သည့် ထားဝယ်နယ်မှ အမျိုးသမီးတစ်ဦး ကပြောသည်။


MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “လူကုန်ကူးမှုလုပ်ငန်းစဉ်တွေမှာ အားနည်းချက်တွေအများကြီးပါပဲ ။
 မြန်မာနိုင်ငံသားတွေကိုယ့်ကိုကိုယ် လူကုန်ကူးမခံရအောင် အစစအရာရာ သတိထားကြရပါမယ်။ လူကုန်ကူးခံပြီး၊ ပွဲစားတွေရောင်းစားလို့ခံရရင်လည်း လောကငရဲခံရပြီ၊  ထိုင်းပုလိပ်တွေဖမ်းမိလို့ လူကုန်ကူးမှုနဲ့ ရဲစခန်းမှာ အချုပ်ခံရ၊ ကယ်ဆယ်ရေးစခန်းထဲမှာနေရ၊ သူတို့လွှတ်မှပြန်လွတ်တဲ့ဘ၀၊ ဆိုတာသိထားဖို့လိုပါတယ်။ ကုလ သမဂ္ဂကရော၊ နိုင်ငံတကာအိုင်အင်ဂျီအိုတွေရော၊ အင်ဂျီအိုတွေပါ အကူညီတောင်းခံကြည့်ပါ။ သူတို့ ဘယ်လို လူကုန်ကူးမှုတိုက်ဖျက်နေကြသလဲဆိုတာသိပါလိမ့်မယ်” ဟုပြောသည်။

   

            ၂၀၁၅ ခုမေလ ၁၃ ရက်နေ့က မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးလှထွန်း၊ MAT အဖွဲ့မှ ဥပဒေအကြံပေး မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်နှင့် ဒါရိုက်တာ ဦးကျော်သောင်း တို့ ခြုံဖေါ်အချုပ်ခန်း သို့သွား ရောက်ခဲ့ကြစဉ်ကအသက်(၁၃/၁၄နှစ်အရွယ်ရှိ) ရခိုင်လူမျိုးကလေး၅ဦးနှင့် ထိုင်းလူကုန်ကူး ဂိုဏ်းသားတို့ရိုက်နက် သတ်ဖြတ်ခြင်းခံရပြီးနာမကျန်းဖြစ်နေသော အခြားအလုပ်သမား၁ဦးနှင့်အဓမ္မပြု ကျင့် ခံရသူအမျိုး သမီး၂ဦး စုစုပေါင်း၈ဦး တို့အားမြန်မာနိုင်ငံ သို့အလျင်အမြန်ပြန် ပို့ပေးပါရန်ထိုင်းရဲအရာရှိအား  မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှ မေတ္တာရပ်ခံခဲ့ပါသည်။

ဦးအောင်မျိုးသန့်က “ကလေးတွေကို ပြန်ပို့မယ်လို့ကြားလို့ မြန်မာသံရုံးကိုတော့ အချိန်မီသတင်း ပို့ထားခဲ့ ပါ တယ်၊ လူကုန်ကူးမှုတွေက အယင်ကထက်ပိုများလာတယ်။ မြန်မာသံရုံးက စီမံချက်ချပြီး ဂရုတစိုက် လုပ်သင့်ပါတယ်။ လူတွေကလည်းများလာတောအခြား ပြဿ     နာတွေကလည်းများလာတယ်လေ” ဟုပြော သည်။

 မြန်မာ အလုပ်သမားများသည်ထိုင်းနိုင်ငံအတွင်း၌ နေ့တဓူဝ အသတ်ဖြတ်ခံခြင်း၊ လူကုန်ကူးခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း များနေ့စဉ်ဖြစ်ပေါ်လျှက်ရှိပါသည်။ မြန်မာသံရုံးသည် မြန်မာအစိုးရကို ကိုယ်စားပြုသည် ဆိုသော်လည်း၊ ထိုမျှများပြားသည့်ပြဿနာများနှင့် လူကုန်ကူးမှုကိစ္စများကို နိုင်နင်းစွာဆောင်ရွက်ခြင်းမရှိချေ။ ထိုင်းနိုင်ငံတွင်တရားဝင်သုံးသန်းကျော်ခန့်ရှိနေသည့် မြန်မာအလုပ်သမားများ၏ကိစ္စရပ်ကို မြန်မာအစိုးရ အနေ ဖြင့် ယခုအနေအထားအတိုင်းထား၍ မဖြစ်နိုင်တော့ကြောင်းသိသင့်ပါသည်။    

 မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်သောင်းကကျနော်တို့ သွားခဲ့ရတုန်း က အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေး ၂ယောက်ကို မလိုလားအပ်တဲ့  ကိုယ်ဝန်ရှိတာမျိုး HIV ရောဂါကူးစက်ခံရတာမျိုး မဖြစ်အောင် ဆေးတိုက်ကျွေးနိုင်အောင် ပြင်ဆင်နိုင်ခဲ့တာ ဒီကလေး မလေးတွေအတွက် သိပ်ကံကောင်းပါတယ်” ဟုပြောသည်။

 ယခုလူကုန်ကူးမှုနှုင့်ပတ်သက်၍ ခြုံဖွန်ရွာသူကြီးကိုဖမ်းဆီးထားကြောင်းလည်း ထိုင်းမန်နေဂျာအွန်လိုင်းနှင့် ထိုင်းသတင်းများတွင်ထုတ်လွှင့်ခဲ့ကြပါသည်။
ခြုံဖွန်ရဲစခန်းအချုပ်ထဲတွင်ရှိသော လူကုန်ကူးခံရသော မြန်မာနိုင်ငံသား၅၁ဦးအား ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဝင်းမောင်က တစ်ဦးလျှင် ဘတ်ငွေ ၁၀၀စီကူညီထောက်ပံ့ခဲ့သည်။

            ထိုင်းနှင့်မြန်မာအစိုးရတို့သည် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကိုအတူတကွ ပူးပေါင်း လုပ်ဆောင်ကြသည်ဟုဆိုသော်လည်း  လူကုန်ကူးခံရသည့် အလုပ်သမားများအားပြန်လည် ပို့ဆောင် သည့်အခါ လူကုန်တားကပြန်လည်ပို့ဆောင်ခြင်းမဟုတ်ပဲ ဖမ်းဆီးချုပ်နှောင်ရာ နယ်မြေ မှ လ၀က အစီအ စဉ်ဖြင့် ပို့ဆောင်ကြသည်။ သို့ဖြစ်၍ ယခုပြန်လည်ပို့ဆောင်ခံရသည့် လူကုန်ကူးခံမြန်မာအလုပ်သမားများ၏ အခြေအနေမှာ အထူးစိုးရိမ်းစရာဖြစ်သည်။

          ယမန်နေ့ကပို့ဆောင်လိုက်သည့် မြန်မာအလုပ်သမားအရေအတွက်မှာ မည်ရွှေ့မည်မျှ၊မည်သူမည်ဝါ ဆိုသည်တို့ကို ဘန်ကောက်မြန်မာသံရုံးလည်းသိနိုင်မည်မဟုတ်သလို နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ကလည်းသိရှိလိမ့်မည်မဟုတ်ကြောင်း MAT အဖွဲ့က သုံးသပ်သည်။


(ဘင်္ဂါလီကခိုးဝင်၊ တရုတ်ကသစ်ဝင်ခိုး၊ ထိုင်းကငါးဝင်ဖမ်း) မြန်မာနိုင်ငံ၏အချုပ်အခြာသည်???

စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

02 October 2015

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ထံသို့အိတ်ဖွင့်ပေးစာ



သို့                                                                                       ရက်စွဲ။  ။ ၂၀၁၅ ခု အောက်တိုဘလ ၂ ရက်နေ့
ဦးသိန်းစိန်                                                    
နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်



“MOUစနစ်ဖြင့်အလုပ်သမားတင်ပို့နေကြသည့်အေဂျင်စီအချို့၏လုပ်ရပ်များမှာ တရားဝင် လူကုန်ကူးနေသည်နှင့် တူနေပါသဖြင့် အရေးယူဆောင်ရွက်ပေးပါရန်တင်ပြခြင်း”



         ၂၀၀၉ ခုနှစ်မှစ၍ မြန်မာအလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်အေဂျင်စီ(ပွဲစား)များဖြင့် ထိုင်းနိုင်ငံသို့ MOU အလုပ်သမားတင်သွင်းခဲ့ကြရာ ယခုအခါ မြန်မာအလုပ်သမားပေါင်း နှစ်သိန်းနီးပါးအထိ ရောက်ရှိနေခဲ့ပြီဖြစ်ပါသည်။ သို့သော်လည်းအကျင့်ပျက်အေဂျင်စီများ၏ မမှန်မကန်လုပ်ရပ်များကြောင့်  မြန်မာနှင့် ထိုင်းအစိုးရ တို့၏ မူလစေတနာနှင့်ရည်မှန်းချက်များမှာ မှေးမှိန်ပျောက်ကွက်လျှက်ရှိပါသည်။



ရွေးကောက်ပွဲနှင့်အတူ ရင်ခုန်ရမည့် လိပ်ကျွန်းအမှု



Byငြိမ်းချမ်း
On  Thu, 2015-10-01 12:53
လာမည့် နိုဝင်ဘာလပိုင်းတွင် အပြီးသတ်အမိန့်ချမှတ်မည့် လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး သည် တရားသေဖြင့် လွတ်မြောက်လာမည်ဟု မြန်မာသံရုံးအထူးအဖွဲ့က ယုံကြည်နေကြသည်။

လိပ်ကျွန်းလူသတ်မှု တရား လိုပြသက်သေနှင့် တရားခံပြသက်သေများအားလုံး ရုံးထုတ်စစ်ဆေး ပြီးချိန်တွင် မြန်မာလုပ်သားနှစ်ဦး က လူသတ်မှုကျူးလွန်ကြောင်း သက်သေပြနိုင်သော အချက်အလက်များ မတွေ့ရှိခြင်းကြောင့် ဖြစ်သည်ဟု မြန်မာသံရုံးအထူးအ ဖွဲ့က ပြောသည်။

တရားစွဲဆိုသည့် ထိုင်းရဲတပ် ဖွဲ့က ဇူလိုင် ၈ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တရားလိုပြသက်သေ များအား ရုံးချိန်း ၁၃ ကြိမ် ရုံးထုတ် ပြီး မြန်မာလုပ်သားနှစ်ဦးကို အ ပြစ်ရှိကြောင်း ရုံးတော်သို့ တင် သွင်းခဲ့သည်။ ထိုသို့တင်သွင်း သောအချက်များကို မြန်မာဘက်မှ ရှေ့နေများက ချေဖျက်နိုင်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က တင်သွင်းသော အချက်များက မှုခင်းသဘော သ ဘာဝအတိုင်း လုပ်ဆောင်ခဲ့ခြင်းမ ရှိသည်ကိုသာ ထပ်မံပေါ်လွင်စေခဲ့ သည်။

01 October 2015

“ထိုင်းနဲ့မြန်မာဂျွန်းထိုးမှောက်ခုံ MOU လောကဇါတ်ခုံ”

                                     
၂၀၁၅ အောက်တိုဘာလ ၁
ကိုတီး+စောမောင်+မင်းဘခက်+ကိုခွန်


(၁) စတားပိုင်အိုးနီးယားကုမ္ပဏီ  ဖြင့် အလုပ်သမား၂၀၀ဦး ၁၅၊ ၉၊ ၂၀၁၅ နေ့ကထိုင်းနိုင်ငံ ဖစ်ဘူရီ စီဒီပြားစက်ရုံ (MOUသင်္ချိုင်း)သို့ ခေါ်လာခဲ့သည်။ ယနေ့အထိ ထိုင်းစကားသင်နေရသည်ဟုဆိုကာ အလုပ်မ လုပ်ရ သေးပါ။ အလုပ် သမား တစ်ဦးစီ ကုမ္ပဏီသို့ ကျပ်ငွေ သုံးသိန်းခွဲမှ ငါးသိန်းအထိပေးခဲ့ရသည်ဟုဆိုပါသည်။စာချုပ် စာရွက်တစ်ယောက်မှ ရမလာဟုသိရသည်။ 

             စတားပိုင်အိုးနီးယားကုမ္ပဏီသည် ရန်ကုန်မြို့ပင်လုံခန်းမတွင် ထိုင်းနိုင်ငံ ကနောင်စီ ဆိုသည့် ကုမ္ပဏီ ဖြင့် ကြက် သားပါကင်ထုတ်ရမည်ဟုဆိုကာ အလုပ်သမား ၉၉ (ကျား၅၉+မ၄၀) ဦးကို စာချုပ်ချုပ်ဆိုပြီး ၉၊ ၉၊ ၂၀၁၅ နေ့က ထိုင်းနိုင်ငံ သို့ပို့ဆောင်ခဲ့ပါသည်။ ခရစ်ယာန်ကျောင်းတစ်ကျောင်းတွင်၈ရက်နေခဲ့ရပြီး ကန်ချနဘူရီ ခရိုင် V&K နာနတ်သီးစက်ရုံသို့၁၂၊ ၉၊၂၀၁၅ နေ့ကအလုပ်သမား ၇၁ဦးကိုပို့ဆောင်ပေးခဲ့ပါသည်။ အလုပ်သမားများက တစ်နေ့ကိုနေ့ တစ်ဝက်သာလုပ်ရသဖြင့် မလုပ်နိုင်ဟု ပြောကြသဖြင့် မလုပ်နိုင်လျှင် ပစ်သတ်၍ရသည်ဟု စတားပိုင်အိုးနီးယားပွဲစားကပြောသဖြင့် ကြောက်ကြောက် လန့်လန့်ဖြင့် လုပ်နေရသည်ဟုဆိုသည်။

            ၂၈၊ ၉၊ ၂၀၁၅ နေ့က အလုပ်သမား ၄ဦးအား ကနောင်စီ ဆိုသည့်အရပ်သို့ ခေါ်ယူသွားရာ ကြက်ချီးများကျုံးနေရ ကြောင်းသိရပါသည်။အလုပ်ရုံမန်နေဂျာအားအသိမပေး၊လက်မှတ်မထိုးရပဲလုပ်နေကြရကြောင်းသိရသည်။ အခြားအလုပ် သမား ၆ဦး(မ၃ဦး+ကျား၃ဦး)တို့မှာ မည်သည့်အလုပ်မှ မလုပ်ရပဲ နကပထုန် ဘုန်းကြီးကျောင်း အနီး အဆောင်တစ်ခုတွင် နေရပါသည်။ ဆန်တစ်အိပ်နှင့် ထမင်းအိုးတစ်လုံးဝယ်ပေးထားပါသည်။ အလုပ်သမား များတွင် မြန်မာနိုင်ငံမှ ပါလာသည့် ငွေအချို့ဖြင့် စုပေါင်း၍ ချက်ပြုတ်စားသောက်နေကြပါသည်။

         ၈၊ ၉၊ ၂၀၁၅ နေ့က..ကူရဘူရီမြို့နယ်၊ ပကျွတ်၊ (မ၁၃+ကျား၁၈) ၃၁ဦးရောက်ရှိနေပါသည်။ ရန်ကုန်မြို့ကျပ်ငွေ လေးသိန်းမှ အများဆုံးငါးသိန်းခွဲအထိပေးခဲ့ရပါသည်။ ထနုန်စီ ကြက်သားစက်ရုံလုပ်ရမည်ဟု စာချုပ်ချုပ်လာခဲ့ပါ သည်။ ၃၊၈၊ ၂၀၁၅ နေ့ကစာချုပ်ချုပ်သည်။ ၄၊ ၉၊ ၂၀၁၅ နေ့က ထိုင်းကိုလာခဲ့သည်။ 

ပြစ်ချက်အဟောင်း။    ။ စတားပိုင်အိုးနီးယားနှင့် ဌေးဆားဗစ် ကုမ္ပဏီတို့က ၉၊ ၁၊၂၀၁၅ ခုနေ့တွင်အလုပ်သမား ၉၈ ယောက်တို့အား ထိုင်းနိုင်ငံအတွင်းသို့ သွင်းယူခဲ့ပါသည်။ အမည်မသိနာနတ်သီးအလုပ်ရုံတွင် အလုပ် သမား အချို့ကို ချထားခဲ့ပြီးအမျိုးသမီး၃၄ဦးတို့အားခြုံဖွန်မြို့ငါးလုပ်ငန်းအလုပ်ရုံတစ်ခုသို့ပို့ဆောင်ပေးခဲ့ပါသည်။အလုပ် သမအားလုံး တို့သည်အနည်းဆုံးကျပ်ငွေသုံးသိန်းခွဲမှခြောက်သိန်းအထိပေးချေခဲ့ရသည်ဟုပြောကြပါသည်။ 

        ၂၀၁၅ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့တွင်  အလုပ်မဆင်းပါက ပုလိပ်ကို လာဖမ်းခိုင်းအုံးမည်ဟုခြိမ်းခြောက်သဖြင့် ကြောက်လန့်၍ အလုပ်သမားများအလုပ်လုပ်ကြရသည်ဟုဆိုပါသည်။ အလုပ်သမားတင်သွင်းထားသည့် ကုမ္ပဏီများမှ လည်း လာရောက်မဖြေရှင်းပေး၊ အလုပ်သမားများမှာလည်း စိုးရိမ်နေကြခြင်းများကြောင့်မြန်မာသံရုံး အလုပ်သမားကူညီ စောင့်ရှောက်ရေးကော်မတီမှ တာဝန်ရှိသူများအားတင်ပြပြီးထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ၁၈ ရက်နေ့ညက အခင်းဖြစ်ပွားနေသည့် ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖွန်ကြီးသို့သွားရောက်ခဲ့ကြသည်။ အလုပ်သမားသား အမိ၂ဦး လူကုန်ကူးမှုဖြင့် ယနေ့အထိ စူရတ်ဌာနီ ကယ်ဆယ်ရေးစခန်း(အကျယ်ချုပ်)တွင်ရှိနေဆဲဖြစ်ပါသည်။

http://www.goldenworkers.asia/2015/02/mou_28.html….http://www.goldenworkers.asia/2015/02/blog-post_27.html……http://www.goldenworkers.asia/2015/02/blog-post_97.html
စတားပိုင်အိုးနီးယားကုမ္ပဏီ သည် အလုပ်မရှိပဲခေါ်သွင်းလာပြီး  ၂၀၁၅ ခု ဇူလိုင်လ ၁ ရက်နေ့က ပွဲစားများအဖွဲ့ ချုပ်မှ အမည်ပျက်စါရင်းတွင်ပါသော V&K နာနတ်သီးစက်ရုံ သို့ အလုပ်သမားများပို့နေခြင်းကို နားမလည် နိုင်ကြောင်း MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကပြောသည်။

 (၂) လူထိပ်မိုး အေဂျင်စီ က ၂၄၊ ၉၊ ၂၀၁၅ နေ့က လုဘူရီ ဆာဟာဖန်း ၈၈ကြက်သားစက်ရုံသို့ အလုပ်သမား အလုပ်သမား ၁၈၁ ဦးကို သွင်းလာသည်။ အလုပ်သွင်းတော့ ၈၁ ယောက်သာလက်ခံသည်။ ထိုအထဲမှ  ၆၀ဦး သာအလုပ်ဝင်ရပြီး ကျန်အားလုံး အလုပ်မရဖြစ်နေသည်။(ပြင်ဆင်သင့်သည့်MOU အားနည်းချက်ကိုသိနိုင်ပါသည်)

 (၃) မေ၀င့်ကုမ္ပဏီမှ  ၄၊၂၊၂၀၁၅ နေ့က ကန်ချနဘူရီခရိုင်၊ VITA နာနတ်သီး စက်ရုံတွင်ထိုင်းပွဲစားများစုပေါင်းဖွဲ့ စည်းထားသော VV Group နှင့် မေ၀င့်ကုမ္ပဏီတို့သည် ရန်ကုန်မြို့ပင်လုံခန်းမတွင် သစ်သီးဖျော်ရည်အလုပ် လုပ်ရမည်ဟုဆိုကာ၊ ရန်ကင်း ကျောက်ကုန်းတွင် အလုပ်သမား၂၀၀ ဦးစာချုပ်ချုပ်ဆိုလာခဲ့ပါသည်။ အလုပ် သမားများသည်တစ်ဦးလျှင် ကျပ်ငွေ၆သိန်း /၇သိန်းအထိ ကုန်ကျခဲ့ကြကြောင်းပြောပါသည်။

           မြ၀တီကျောက်လုံးကြီး စခန်းသို့ရောက်သည့်အခါ ထိုင်းဖုန်းဆင်းကဒ်တစ်ခုနှင့် အသက်အာမခံကြေး ဟုဆိုကာ အလုပ်သမားအချို့ထံမှဘတ်ငွေ ၅၀၀ စီကောက်ခံခဲ့ပါသည်။ ၁၈၊၂၊၂၀၁၅ နေ့တွင် ထိုင်းနိုင်ငံအတွင်း သို့အလုပ်သမားများအား တင်သွင်းလာခဲ့ပြီးလူစုခွဲကာ နေရာပေါင်းစုံသို့ပို့လိုက်ပါသည်။ အလုပ်သမား ၉၅ဦးမှာ ကန်ချနဘူရီခရိုင်၊ဘော်ဖွယ်မြို့နယ်တွင်ရှိသော BORPLOY FOOD INDUSTRY CO,LTD နာနတ်သီးအလုပ်ရုံ သို့ရောက်ရှိလာခဲ့ပါသည်။

    ထိုအလုပ်သမားများအထဲမှ အချို့မှာမြန်မာပွဲစားများသွေးထွက်သံယိုဖြစ် အောင်ဝိုင်းရိုက်နှက်ခံရသဖြင့်မြန်မာ ပြည်သို့ပြန်သွားသူများနှင့်အခြားအလုပ်သမားများမှာ နေရာပေါင်းစုံသို့ အပို့ခံခဲ့ကြရပါသည်။ အချို့အလုပ်သမား များမှာဘတ်ငွေ တစ်သောင်းစီဖြင့် ပတ်စပို့စာအုပ်ကို ရွေး၍ ထွက်ခွာသွားခဲ့ကြပါသည်။ သို့ရာတွင်နေ၀င့်ကုမ္ပဏီ သည် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်သမားဆက်လက်တင်သွင်းလျှက်ရှိပါသည်။


မေ၀င့်ကုမ္ပဏီမှ ယခုပို့ထားသည့် ရာပေါင်းများစွာသော အလုပ်သမားများသည် လူကုန်ကူးဂိုဏ်းသားများအုပ်ချုပ် သည့်  စူဖန်ဘူရီ ကြက်သားစက်ရုံသို့ ပို့ဆောင်ထားရာ အလုပ်လက်မဲမရှိပဲဖြစ်နေပါသည်။ ဖစ်ဘူရီတွင်ရှိသော (MOU သင်္ချိုင်း) စီဒီပြားစက်ရုံ သို့လည်း ပို့ဆောင်ထားပါသည်။ အနီးဆုံးပြစ်ချက်ဟောင်း http://www.goldenworkers.asia/2015/06/mou_27.html

 http://www.goldenworkers.asia/2015/06/mou_57.html

(၄)ဌေးဆားဗစ်အေဂျင်စီ သည် အီးတာလျှံထိုင်းကုမ္ပဏီသို့ ၂၄၊ ၃၊ ၂၀၁၅ ခုနေ့က အလုပ်သမား ၁၉၀ ပို့ဆောင်ခဲ့ ပါသည်။ ဘန်ဘူထောင်အရပ် Areeya ပန်းရံဆိုဒ်တွင်၂၊၄၊၂၀၁၅ နေ့မှ ၃၁၊ ၅၊၂၀၁၅ နေ့အထိ လုပ်ခဲ့စဉ်အတွင်း အလုပ်သမားများထံမှ အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ်ငွေ ၂,၀၀၀စီဖြတ်တောက်ထားခဲ့ပြီဖြစ်ပါသည်။ အလုပ်သမားများစုစုပေါင်းရရန် လုပ်အားခငွေ ၂၉၀,၀၁၂ဘတ်ကျန်ရှိပါသည်။ အဆိုပါငွေအား ယခုရောက်ရှိနေ သော ဆာလာဘူရီအရပ်ရှိ အီတာလျှံထိုင်း ကုမ္ပဏီက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်းပြောဆိုပါသဖြင့် အလုပ် သမားများက ၎င်းတို့ ငွေပေးသွင်းခဲ့သည့် မြန်မာအက်စပတ်လင့် ကုမ္ပဏီကိုအကြောင်းကြားသော်လည်း မဖြေရှင်း ပေးကြောင်းပြောသည်။

(၅) ရွှေပင်လယ်အေဂျင်စီ ဖင့် အလုပ်သမား၂၀ဦးတို့သည် ဆောက်လုပ်ရေးဖြင့် စာချုပ်ချုပ်ဆိုလာခဲ့ပြီး ထိုင်းနိုင် ငံသို၂၇.၅.၂၀၁၅ နေ့၌ရောက်ရှိလာခဲ့ကြပါသည်။  ၁၀ဦးမှာ သဘောင်္ကျင်းတွင် တရားဝင်လုပ်ကိုင်ရပြီးအခြား အလုပ်သမား၁၀ ဦးမှာ ပုတ်ပြတ် ပွဲစားတစ်ဦးထံတွင်လုပ်ကိုင်ရပါသည်။ ဇူလိုင်လက ပုလိပ်လာဖမ်း၍ အားလုံး လက်ထိပ်အခပ်ခံတစ်ညအိပ်ခဲ့ရပါသည်။ တစ်ဦးထွက်ပြေးသွားပြီဖြစ်၍ ယခု ၉ယောက်ပဲရှိပါပြီ။ လေးသိန်းခွဲက နေ ၅သိန်းခွဲအထိပေးခဲ့ရသည်။ 

(၆) မိုးမိုးဖင်မလီ က ဘန်ကောက် ထလေချိုင်၂၆လမ်း၊ D8 ရေခဲရုံ  သို့ အလုပ်သမား ၃သုတ်(၃၃+၃၇+၃၅) ယောက်တွင်  ကားမောင်းသည့် ဝေဖြိုးဟန် ဆိုသူအား ကားစက်ပျက်သဖြင့် ဘတ်၂၅,၀၀၀  ဖြတ်မည်ဟုပြောပြီး  တစ်လကျော်ကြာ အလုပ်မလုပ်ခိုင်းခဲ့ပါ။ မိုးမိုးကုမ္ပဏီ အား ဖြေရှင်းပေးရန် အကြောင်းကြားသော်လည်းမလာခဲ့ပါ။ အလုပ်သမားသံအရာရှိ ဦးလှထွန်း ထံသို့သတင်းပို့ သော်လည်း မဖြေရှင်းပေးပါ။ ဒုတိယအကြိမ် MAT မှ ကိုခွန် သွားပြောမှ ဦးလှထွန်း ကဖုန်း ဆက်ခေါ်သဖြင့် အမျိုးသမီးတစ် ဦးရောက်ရှိလာခဲ့ပါသည်။ 
အလုပ်သမားမှာ စားစရာမရှိဖြစ်နေပါသည်။ ထပ်မံ၍ အကြိတ်အနယ်ရှင်းကြရာ မူလ တစ်ရက်ကို ၅၀၀ ဘတ်ဖြင့် မောင်းနှင် သော်လည်း ရှင်းသည့်အခါ ဘတ်၃၀၀ သာရှင်းပေးပါသည်။ ရေခဲရုံသို့ အလုပ်သမား ၁၅၀ ကျော်တင် ပို့ထားပါသည်။ အလုပ်သမားတွေကို တစ်ဦးလျှင် ဘတ်ငွေ ၁၃,၀၀၀ စီဖြတ်ခံရမည်ဟု အလုပ်သမားများကပြောပါသည်။ လက်ရှိ ဆလစ်စာရွက်တွင် ၁၁,၀၀၀ ဖြတ်ထားပြီးဖြစ်ပါသည်။ မိုမိုးမိသားစုက တာဝန်ယူ၍ ဖြေရှင်းပေးခြင်း ယနေ့အချိန် အထိ မရှိသေးပါ။

 အဆိုပါအလုပ်ရုံမှ ချင်းအမျိုးသား အလုပ်သမား ၄ဦးတို့သည် ရေဘေးသင့်သည့်မိမိနေရပ်သို့ပြန်လိုသဖြင့် ပတ်စပို့ စာအုပ်ရလိုသဖြင့် ဘတ်ငွေ ၁၄,၀၀၀ ပေးသော်လည်း ပတ်စပို့ တောင်းခံမရသေးသဖြင့် မပြန်ရပဲဖြစ်နေပါသည်။ အဆိုဆုံးမှာ မြ၀တီကျောက်လုံးကြီးတွင် အလုပ်သမားတစ်ဦးစီထံမှ မည်သည့်အတွက်အကြောင်းပြချက်မခိုင်လုံပဲ ဘတ်ငွေ ၅၀၀ စီ ပေးခဲ့ရပါသည်။ ရန်ကုန်တွင် ကုမ္ပဏီအား အနည်းဆုံးသုံးသိန်းခွဲ၊ လေးသိန်းခွဲနှင့် ငါးသိန်းခွဲအထိ ပေးခဲ့ရပါသည်။ စာချုပ်ကို အလုပ်သမားများကိုစာချုပ်မပေးပါ။ အနီးစပ်ဆုံးသတင်း http://www.goldenworkers.asia/2015/05/mou_10.html


(၇) စွမ်းတော်ဝင်ကုမ္ပဏမှ ၃၉ ယောက်အား၂၀၁၅ ဖေဖေါ်ဝါရီလက ဆောက်လုပ်ရေးဖြင့်ခေါ်လာပါသည်။  ဆောက်လုပ်ရေးသို့ ၃၀ဦးရောက်ပါသည်။ ၉ဦးက ပုဇွန်ကန်သို့ရောက်ပါသည်။ တစ်လကို ဘတ် ၈,၀၀၀ ရပါသည်။ ဒေါ်အေးမူဆိုသည့်ပွဲစားမက  အလုပ်သစ်ပြောင်းပေးခ ၆,၅၀၀ ပေးရမည်ဟုပြောပါသည်။ မပေးပါက  မြန်မာပြည် သို့ပြန်ပို့မည်ဟု ခြိမ်းခြောက်ပါသည်။ MAT က အလုပ်သမားသံအရာရှိကို အကြောင်းကြားသဖြင့် ယခုအခါ ထိုင်းနိုင်ငံတောင်ပိုင်း တောင်တရုတ်ပင်လယ်ထဲတွင်ရှိသော ကော့စမွေကျွန်း သို့ ပို့ဆောင်လိုက်ပါသည်။

(၈) တစ်ခုတည်းသော မိုးကုတ်စက်ဝိုင်း ကုမ္ပဏီ ၂၆၊ ၂၊ ၊၂၀၁၅ နေ့က ထိုင်းကိုအလုပ်သမား ၃၀ ကျော် ရောက် ပါသည်။ ယခုတိုင် အလုပ်လုပ်ကိုင်ခွင့် WP လုပ်မထားသေးပါ။ ဒါရိုက်တာ ကိုရှိုင်း အား အလုပ်သမားသံအရာ ရှိ ရှေ့တွင် MAT ကပြောဆိုရာ လုပ်ပေးပါမည်ဟု ကတိပြုခဲ့သော်လည်း ယနေ့တိုင်မလုပ်သေးပါ။ ၃၊၉၊၂၀၁၅ နေ့က နယ်မြေရဲက ၀င်စစ်ရာ ရက်၉၀လည်းတုံးမထုထား၊ WP လည်းမလုပ်ရသေးသဖြင့် အလုပ်သမားတစ်ဦးစီထံမှ တစ်လကို ဘတ် ၅၀၀ ပေးခဲ့ရပါသည်။ အလုပ်သမားများမကြာမီ ထောင်ချခံရမည်ကိုစိုးရိမ်ရပါသည်။

(၉) နှင်းပန်းဝါကုမ္ပဏ မှ ထိုင်းနိုင်ငံစူရတ်ဌာနီသို့ ပို့ထားသည့် အလုပ်သမားများ ၂နှစ်ပြည်သွားပါပြီ။ အလုပ်သမား ၅ဦးက မြန်မာပြည်ကို အပြီးပြန်တော့မည်ဟုပြောရာ ထိုင်းလုပ်ငန်းရှင်က ပတ်စပို့ပြန်မပေးပါ။ သေနတ်နဲ့ပစ်သတ် မည်ဟု ခြိမ်းခြောက်ခံနေရပါသည်။

 (၁၀) တိုးတက်ချမ်းသာကုမ္ပဏီ မှ ဖစ်ဘူရီ စီဒီပြားစက်ရုံသို့ ပို့ဆောင်ထားသည့် အလုပ်သမား၁၂၀ ဦးမှာ ကွမ်းစား၊ ဆေးမင်ပါသည်ဟု အကြောင်းပြ၍ အလုပ်မ၀င်ရခြင်း၊ အခြားသူများမှာလည်း အလုပ်မရသေးပဲ ၂လခန့်ရှိပြီဖြစ် ပါသည်။ (အသက်ကြီး၊ ဆေးမင်ကြောင်နှင့်ကွမ်းစားသူများအား မြန်မာပြည်ကတည်းကခေါ်ယူလာရန်မသင့်ပါ)

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “ ကျနော် ရေဘေးကယ်ဆယ်ရေးအတွက် ရခိုင်မှာ တစ်လကျော်ကြာ လုပ်အားပေးနေခဲ့ပါတယ်။ ဘန်ကောက်ပြန်ရောက်တော့ MOU ပြဿနာတွေ စုပုံနေတာပဲ။ ကျနော်လည်း ပြော လည်းမထူးတာမို့ မပြောချင်ပေမယ့် ပြည်တွင်းက အေဂျင်စီပွဲစားတွေက သူတို့ပို့တဲ့အလုပ်သမားတွေကို ကျနော့် ဖုန်းကိုပေးကြတယ်။ အေဂျင်စီပွဲစားတွေ သိန်းထောင်ချီ သောင်းချီချမ်းသာကြပြီး MOUနဲ့လာတဲ့ မြန်မာအလုပ် သမားတွေဘ၀ပျက်ကြရတယ်ဆိုတာ မယုံရင်လာကြည့်ကြပါတော့ဗျာ” ဟုပြောသည်။

MOUဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ကြသော မြန်မာအလုပ်သမားများအနေဖြင့် မိမိတို့ကို အခကြေး ငွေယူဆောင်၍ တင်သွင်းလာခဲ့ကြသော အေဂျင်စီများက စာချုပ်ပါစည်းကမ်းချက်များအတိုင်း အလုပ်မရရှိပါက မြန်မာအလုပ်သမားသံအရာရှိဖုန်း ၀၈၆ ၇၇၄ ၆၈၂၆.. ၀၉၄ ၈၈၄ ၅၅၄၈နှင့်.. ၀၉၀၉ ၂၇၇ ၉၇၂ သို့ ဖုန်းဆက်ကြပါ။ နေပြည်တော်သို့ တိုင်ကြားလိုပါက Complaints Mechanism Centre Ph: 95-67-430184,…. 95-67-430284, 95-1-650089,…95-1-650187  နှင့် အလုပ်သမားဝန်ကြီးဌာနရုံး Migrant Workers Division Ph: 95-67-430183,…95-67-430185  တို့သို့ တိုက်ရိုက်ဆက်သွယ် နိုင်ကြပါသည်။ ၎င်းတို့ အကူညီမပေးပဲလစ်လျှူရှုခံရပါမှ….ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT …084 670 5727 နှင့် 080 588 5548 တို့သို့ ဆက်သွယ် အကြောင်းကြားကြပါ။

           ငွေရှိသူများနှင့်အကျင့်ပျက်ဝန်ထမ်းများပေါင်းဖက်၍ လည်ပတ်နေသော အကျိုးစီးပွားယန္တရားကြီးဖြစ်ပါသဖြင့် MAT အဖွဲ့ နေဖြင့် ထိရောက်စွာ ကူညီနိုင်လိမ်မည်မဟုတ်သည်ကို အလုပ်သမားများ သတိပြုစေလိုကြောင်း MAT အဖွဲ့ ကပြောသည်။




“မဲဆောက်ရဲငွေညှစ်တာကို MAT နဲ့ မဲဆောက်လ၀ကကူညီ”

                               
၂၀၁၅ အောက်တိုဘာ ၁
မင်းဘခက်

       မြ၀တီသို့ ပြန်သွားသည့် မြန်မာအလုပ်သမတစ်ဦးအား မဲဆောက်မြ၀တီ ချစ်ကြည်ရေးတံတားပေါ်တွင်ငွေကြေးတောင်းခံသဖြင့် MAT အဖွဲ့က ထိုင်းလ၀က အကူညီဖြင့်ကူညီပေးခဲ့သည်။

         ၂၉၊ ၉၊ ၂၀၁၅ နေ့က မြ၀တီမြို့ ကျွန်းတော ရပ်ကွက်မှ မဖြူဖြူ(ခ) မသီတာဝင်း သည် ဘန်ကောက်မြို့ မှ ပြန်သွားခဲ့ရာ မဲဆောက်တံတားထိပ်တွင်နံနက် ၅နာရီခွဲခန့်က မဲဆောက်ရဲက ပတ်စပို့စစ်ဆေးခဲ့သည်။ ပတ်စပို့ပါရှိသော်လည်း အလုပ်လုပ်ခွင့် WP မပါရှိဟုဆိုကာ ဘတ်ငွေ ၂,၀၀၀ တောင်းခံခဲ့သည်။

     မသီတာဝင်း ကဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သို့ အကူညီ လှမ်းတောင်းခဲ့သဖြင့် MAT ရုံးတာဝန်ခံ ကိုစိုင်းအေးက မဲဆောက်လ၀က(တောမောအရာရှိ) ထံသို့ ဆက်သွယ်အကူညီတောင်းခံခဲ့သည်။

             ကိုစိုင်းအေး က “ မဲဆောက်က ကျနော်တို့နဲ့ ရင်းနှီးတဲ့ တောမောကို အကူညီတောင်းလိုက်ပါတယ်။ သူက မသီတာဝင်း ကို မြ၀တီတံတားထိပ်အထိ လိုက်ပို့ပေးလိုက်ပါတယ်” 
ဟုပြောသည်။

မဖြူဖြူ (ခ) မသီတာဝင်းက “ ထိုင်းနိုင်ငံအတွင်းမှာ ကျမတို့အလုပ်သမားတွေအတွက် ပတ်စပို့နဲ့ ခရီးသွားလို့မရတာဟာ အဓိပါယ်မရှိဘူး။ ၀တ်ပါမစ် ဆိုတာ အလုပ်လုပ်တဲ့နေရာမှာပဲ သက်ဆိုင်တာ။ ကျမက ခုအိမ်ကိုခဏပြန်လာတာ။ ဒီလုပ်ရပ်ကို မြန်မာအစိုးရက ထိုင်းအစိုးရကို ထိထိရောက်ရောက် ပြောဖို့လိုပါတယ်။  MAT အဖွဲ့က ဆရာတို့ကို ကျေးဇူးတင်ပါတယ်ရှင့်” ဟု
ဝမ်းမြောက်စွာပြောဆိုသွားခဲ့သည်။

           တစ်နေ့တည်းတွင် ဘန်ကောက်မြို့ဖလန်ဆောင်နယ်မြေ စက်ရုံအလုပ်သမ မသူဇာဖြူဆိုသူသည် မိမိနေထိုင်ရာ  မြ၀တီ အမတ်(၅)ရပ်ကွက်သို့ ပြန်လာခဲ့ပါသည်။ ပတ်စပို့၂နှစ်သက်တမ်းရာ တွင် ပွဲစားက အတုလုပ်ပေးထားသဖြင့် ပတ်စပို့ကို ပစ်ထားခဲ့သည်။
သူမအား ထိုင်းနယ်စပ်တာဝန်ရှိသူများက မြ၀တီဘက်အခြမ်း  ၉၉၉ ဂိတ်သို့ ပို့ဆောင်ပေးခဲ့သည်။ MAT အဖွဲ့သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သဖြင့် ငွေမပေးရပဲ လွတ်မြောက်လာခဲ့ရသည်။
မသူဇာဖြူက MAT အဖွဲ့ကိုကျေးဇူးတင်ကြောင်း ပြောဆိုသွားသည်။

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားအလုပ်သမားများ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ခွင့်မပြုကြောင်း တားမြစ်ဆိုင်းဘုတ်များ စိုက်ထူသတိပေး


1 October 2015 10:04(+0630)



ကော့သောင်း စက်တင်ဘာ ၃ဝ

မြန်မာ-ထိုင်းနယ်စပ်ဒေသများ ဖြစ်သည့် ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်များတွင် လာရောက်အလုပ် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသား များ အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနိုင်ငံ အတွင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ဈေးရောင်းချခြင်း လုပ်ကိုင်ခွင့်မပြု ကြောင်း တားမြစ်အမိန့်အသိပေး ဆိုင်းဘုတ်ကြီးများကို စက်တင်ဘာ ၂၉ ရက်က စိုက်ထူသတိပေးထား ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ဒေသ ထိုင်း နိုင်ငံအတွင်း ခရိုင်နှင့် မြို့နယ်များ တွင် ပြည်ပမှ ဝင်ရောက်အလုပ်လုပ် ကိုင်ကြသည့် နိုင်ငံခြားသားများ အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ် သမားအချို့ အပိုဝင်ငွေရရှိရေး ကိုယ် ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် မိမိ လုပ်ကိုင်နေထိုင်ရာ မြို့၌ တစ်နိုင် တစ်ပိုင် ခေါင်းရွက် ဗျပ်ထိုးဈေးရောင်း ချခြင်းလုပ်ငန်း အသေးစားများ လုပ်ကိုင်လေ့ရှိရာစက်တင်ဘာ ၂၉ ရက်ကစတင်၍ လုပ်အားဖြင့် ကိုယ်ပိုင်ရောင်းဝယ်ပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံ အတွင်း ကိုယ်တိုင်ပစ္စည်း ထမ်းရွက် လိုက်လံ ရောင်းချခြင်း၊ ကိုယ်ပိုင် ဆိုင်ဖွင့်ရောင်းချခြင်းများ လုပ်ကိုင် ခွင့် ပြုမည်မဟုတ်ကြောင်း၊ စစ်ဆေး တွေ့ရှိပါကဘတ် ၂ဝဝဝ ထက်မပို သည့်ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ် သည့်အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် အလုပ်သမား ကတ်မရှိပါက ငါးနှစ်ထက်မကျော် သည့် ထောင်ဒဏ်နှင့် ဒဏ်ငွေ ဘတ် ၂ဝဝဝ မှ ၁ဝဝဝဝဝ အထိ ကျခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အာဏာပိုင် အဖွဲ့အစည်းမှ တား မြစ်အမိန့်ပါ သတိပေးမြေစိုက် ပိုစတာကြီးများကို မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု လုပ်ကိုင်ရာ ရနောင်းခရိုင်နှင့် ကရဘူရိခရိုင် အတွင်း မြို့များအနှံ့စိုက်ထူထား ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)
Myanmaalinn