08 November 2015
07 November 2015
“ငါးဖမ်းလှေတွင်လူကုန်ကူးခံရသူ၁ဦးကိုကယ်တင်”
၂၀၁၅ ခု နိုဝင်ဘာ
၇ ရက်
ကိုခွန်

ဘန်ကောက်မြို့တောင်ဘက်
ကီလိုမီတာ ၇၀ ကျော်အကွာတွင်ရှိသော၊ စမုတ်ဆုံခါခရိုင်၊ မဲခေါင်ငါးဖမ်း လှေဆိပ်တွင် တစ်နှစ်ကျော်ကြာ
ရောင်းစားခံနေရသူတစ်ဦးအား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူး ရဲတပ်ဖွဲ့
AHTD နှင့် MAT အဖွဲ့တို့ပူးပေါင်းကယ်တင်နိုင်လိုက်သည်။
မဲခေါင်လှေဆိပ်၊ ထိုင်ချွန်လှေအမှတ် ၂ အစိမ်ရောင်
လှေပေါ်တွင် မှ ၁နှစ်နှင့် ၄လကြာ ရောင်းစားခံခဲ့ရ သူမှာ ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊
၁၀ရပ်ကွက်၊ ၁၀လမ်းမှ ဦးဟုတ်ကျင်+ဒေါ်ဝင်းကြည်တို့၏ သားအသက် ၃၁ နှစ်အရွယ်ရှိ ပြည့်ဖြိုးအောင်
ဆိုသူဖြစ်သည်။
ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT၏
နိုင်ငံခြားဆက်ဆံရေးနှင့်ရုံးတာဝန်ခံ ကိုစိုင်းအေး က“ကျနော်တို့ကို ဆက်သွယ်လာသမျှ လူကုန်ကူးခံရသူတွေကို
လွတ်အောင် တတ်နိုင်သမျှ ကယ်ထုတ်ပါတယ်။ ကျနော်တို့က နှစ်ပေါင်းများစွာ လူကုန်ကူးမှုကို
တတ်စွမ်းသမျှ လုပ်နေကြတာကြောင့် ထိုင်းဘု ရင့်ရဲတပ်ဖွဲ့အထူးကွန်မင်ဒို၊ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့AHTD
တို့နဲ့အထွေ အထူးပြောစရာ မလိုအောင် ယုံကြည်မှုရရှိပြီးသားဖြစ်ပါတယ်။ ကျနော်တို့က သတင်းအချက်အလက် ခိုင်မာအောင် ပင်ပန်းခံပြီး လုပ်ကြပါတယ်။
အဓိက ကတော့ ထိုင်းအစိုးရလူကုန်ကူးမှုအထူးထောက်လှမ်းရေး DSI နဲ့ မြန်မာသံရုံးအလုပ် သမားကူညီစောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူးနဲ့သံအမတ်ကြီးတို့ကလည်းဝိုင်းဝန်းကူညီပေးကြလို့ဖြစ်ပါတယ်”
ဟုပြောသည်။
ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့
AHTD က လှေပိုင်ရှင်အား စစ်ဆေးဆဲဖြစ်သည်။ ပြည့်ဖြိုးအောင် အား ဘတ်ငွေ ၁၈,၀၀၀ ပေးချေပြီး
မြန်မာပြည်သို့ ယနေ့ပြန်သွားခဲ့ပြီဖြစ်သည်။
MAT အဖွဲ့သည်ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦးနှင့် ၂၀၁၅ခုနှစ်တွင် ၂၅ ကြိမ်ကယ်တင်မှုတွင် ၁၈၄ ဦး တို့အား ကယ်ထုတ်နိုင်ခဲ့ပြီးလူကုန်ကူးသူပေါင်း ၁၆ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။
MAT အဖွဲ့သည်ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦးနှင့် ၂၀၁၅ခုနှစ်တွင် ၂၅ ကြိမ်ကယ်တင်မှုတွင် ၁၈၄ ဦး တို့အား ကယ်ထုတ်နိုင်ခဲ့ပြီးလူကုန်ကူးသူပေါင်း ၁၆ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။
Labels:
သတင်း
“လိမ်လည်သည့်အေဂျင်စီအားအလုပ်သမားသံအရာရှိစိစစ်”
၂၀၁၅ ခုနိုဝင်ဘာ
၇ ရက်
ဆန်းဦး+စောမောင်
တိုးတက်ချမ်းသာအေဂျင်စီဖြင့် ထိုင်းနိုင်ငံသို့လာခဲ့သော
အလုပ်သမား၃ဦးတို့အား စာချုပ်ပါစည်းကမ်းချက်များအတိုင်းအလုပ်ရှာမပေးရုံသာမက ဘတ်ငွေ
၈,၀၀၀ ပေးစေ၍ ပတ်စပို့ကိုအရွေးခိုင်းပြီးအတင်းအဓမ္မ လက်မှတ်ထိုးခိုင်းမှုအား ယနေ့ဖေါ်ထုတ်နိုင်ခဲ့သည်။
၂၇-၁၀-၂၀၁၅ ခုနေ့က အလုပ်သမားကျား၁၄၀ ဦးနှင့်မ၁၈ဦး
စုစုပေါင်း(၁၅၈)ဦးတို့အား တိုးတက်ချမ်း သာအေဂျင်စီသည် မြန်မာနိုင်ငံတွင် အီလက်ထရွန်နစ်အလုပ်လုပ်ရမည်ဟုဆိုကာစာချုပ်ချုပ်ဆိုလာခဲ့ကြောင်း
အလုပ်သမားများကပြောသည်။ ထိုင်းနိုင်ငံနေရာပေါင်းစုံသို့ အစုလိုက်ခွဲခြမ်းပို့ဆောင်ပြီးနောက်
အလုပ်သမား ၄ဦးမှာ ထိုင်းနိုင်ငံတောင်ပိုင်း နခိုစီဌာမ သစ်စက်သို့ရောက်ရှိသွားကြပါသည်။
ရခိုင်အလုပ်သမားတစ်ဦးမှာ ပတ်စပို့စာအုပ်အား
ဘတ်ငွေ ၈၀၀၀ ဖြင့်ရွေးကာထွက်ခွာသွားခဲ့ပါသည်။
ပဲခူးတိုင်း
ညောင်လေးပင်မြို့နယ်၊ ကြာအင်ကြီးကျေးရွာမှ ကိုကျော်ဇေ၊ ရန်လင်းဦးနှင့် ချစ်ဖွယ် ဆိုသူတို့က
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံသားမြန်မာနိုင်ငံသားများအဖွဲ့MAT
သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သည်။
ချစ်ဖွယ်က
“ကျနော်တို့ MAT အဖွဲ့က ဦးကျော်သောင်း ကိုဆက်သွယ်မှန်း ပွဲစား မစိုးတို့လင်မယားသိသွားတယ်။ ရွာကမိဘတွေကို ပတ်စပို့စာအုပ်အတစ်အုပ်အတွက် ဘတ် ၈,၀၀၀ စီ ရန်ကုန်ကို သွားပေးရတယ်။
တစ်ရာကိုတစ်လ တစ်ဆယ်ကျပ်တိုးနဲ့ ပေးဆပ်ပါမယ်လို့ တိုးတက်ချမ်းသာအေဂျင်စီကိုသွားပြီး
လက်မှတ်ထိုးရပါတယ်” ဟုပြောသည်။
ယမန်နေ့က အလုပ်သမား၃ဦးအတွက် မိသားစုများထံမှ
ငွေရရှိသည်နှင့်တပြိုင်နက် ပွဲစားမစိုးက မြန်မာ
ပြည် ကိုပြန်ရန်အတွက် ကားဂိတ်သို့လိုက်လံပို့ဆောင်ပေးခဲ့သည်။ အလုပ်သမား၃ဦး ကအကူညီတောင်းခံလာ
သဖြင့် MAT အဖွဲ့က အလုပ်သမားသံအရာရှိ နှင့် ဆက်သွယ်၍ ယနေ့တွင်သွားရောက်ဖြေရှင်းခဲ့ကြသည်။
အလုပ်သမားသံအရာရှိက အတင်းအဓမ္မစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုးစေခြင်းနှင့် မတရားမှုများအတွက်
အလုပ်သမားဝန်ကြီးထံသို့တင်ပြမည်ဟုဆိုသည်။
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ပွဲစားတွေနဲ့
အလုပ်သမားအာဏာပိုင်တွေနဲ့ မြန်မာအလုပ်သမားတွေကို စာရွက်စာတမ်းဗန်းပြပြီး တရားဝင်လူကုန်ကူးနေတာလို့
ကျနော်ပြောရင် ကျနော့်ကိုစိတ်ဆိုးကြတယ်။ မှန်တယ်ထင်ရင်၊ အာမခံရဲရင် စစ်ပြပါလား အလုပ်သမားခေါ်စာတစ်စောင်လောက်လို့
ကျနော် စိန်ခေါ်ထားတာပဲ။
ခု တိုးတက်ချမ်းသာကုမ္ပဏီကသွင်ထား တဲ့ အလုပ်သမား ကျား၁၄၀ ဦးနှင့်မ၁၈ဦး စုစုပေါင်း(၁၅၈)
ဦး တို့ကို ရှာပြလေ။ မရှိတော့ဘူး။ ခုလုပ်နေကြတာက လူသွင်းစားနေကြတာပါ။ MOU ပတ်စပို့က
ထိုင်းနိုင်ငံမှာ ပန်းရောင်ဘတ်ကဒ်လောက်အသုံးမ၀င်ဘူး။ အလုပ်လည်းရှာမရဘူး။ ဒါကို အေဂျင်စီတွေသိပါတယ်။
သိလျှက် နဲ့ ဘာကြောင့် အလုပ်သမားတွေကို ဘတ် ၈,၀၀၀ ၁၂,၀၀၀ နဲ့ ရွေးခိုင်းနေကြတာလဲ။ အလုပ်သမားဝန်ကြီးဌာနက မသိချင်ယောင်ဆောင်နေရင် နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖြစ် ပြည်ထဲရေးဝန်ကြီဖြစ်ဖြစ်
MOU နဲ့ လူကုန်ကူးနေ တာကို သေသေချာချာ အရေးယူသင့်ပြီ” ဟုပြောသည်။
ယနေ့အလုပ်သမား၃ဦးပြဿ နာအား အလုပ်သမားသံအရာရှိ
ဦးလှထွန်း ကဖြေရှင်းပေးရာတွင် အလုပ်သမားမိသားစုများရန်ကုန်တွင် ပေးဆပ်ရသည့် ဘတ်ငွေ
၈,၀၀၀ ကို ပြန်လည်ပေးအပ်စေပါသည်။ မြန်မာနိုင်ငံတွင် အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ ၃၈၀,၀၀၀
ပေးခဲ့ရမှုကို နောက်ထပ်အလုပ်ရှာပေးခဟုဆိုသည်။ အလုပ်သမားများအား တစ်ပတ်အတွင်း အလုပ်သစ်ရှာပေးရန်နှင့်
အလုပ်မရမီ နေထိုင်စားသောက် စရိတ်ကို တိုးတက်ချမ်းသာအေဂျင်စီ၏ ပွဲစား ကျော်နိုင် မှ
ကျခံစေရန် အဆုံးအဖြတ်ပေးခဲ့ပါသည်။
Labels:
သတင်း
“မြန်မာအရိုးစုနှင့်အတူ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လင်မယား၂ဦးကိုဖမ်းမိပြီ”
၂၀၁၅ နိုဝင်ဘာ ၇ ရက်
ကိုတီး
မြန်မာပေါင်းများစွာတို့အား နှစ်ပေါင်းများစွာ သတ်ဖြတ်၊ညှဉ်းပန်းနှိပ်စက်၊လူကုန်ကူးသည့်
ကတန် ငါးဖမ်းလှေဆိပ်မှ ထိုင်းဂိုဏ်းခေါင်းဆောင် ဇနီး မောင်နှံတို့အား ယနေ့နံနက်စောစောက
စီးနင်းဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ
၈၆၄ ခန့်အကွာ ထိုင်းနိုင်ငံတောင် ဘက်အစွန်မလေးရှား နယ်စပ် တရန်ပြည်နယ်၊ ကတန်မြို့
ငါးဖမ်းလှေဆိပ်တွင် ဆယ်စုနှစ်နှင့်ချီ၍ လူကုန်ကူး၊သတ်ဖြတ်နေသည့်
ထိုင်းဂိုဏ်း ခေါင်းဆောင်အမျိုးတို့ဇနီးမောင်နှံတို့အား ထိုင်းစစ်တပ်နှင့်ဒေသခံထိုင်းအာဏာပိုင်းများပူးပေါင်း၍ ဖမ်းစီးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုင်းစစ်တပ်၊နယ်မြေအာဏာပိုင်များနှင့်အဖွဲ့စုံတို့သည် နံနက် ၅နာရီအချိန်က လူကုန်ကူးမှုဂိုဏ်းခေါင်း
ဆောင်၏နေအိမ်အား စီးနင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်ဇနီးမောင်နှံကိုဖမ်းမိခဲ့သော်လည်း
အဓိက လူသတ်သမားတစ်ဦးဖြစ်သူ မြန်မာအခေါ် ဘဲခြမ်းကြီး(ခ)လီယန်း တို့မှာ ရှောင်တိမ်းလွတ်မြောက်နေပါသည်။
မြန်မာအလုပ်သမားများ က မေစောဟုခေါ်သည့် အဆိုပါ ထိုင်းအမျိုးသမီးကြီးထံတွင် ဆယ်စုနှစ်နှင့်ချီ၍
လူကုန်ကူးခံခဲ့ရသူများကိုယ်တိုင် လိုက်လံပြသ၍ ဖမ်းဆီးခြင်းဖြစ်သည်။
အဓိကသက်သေဖြစ်သူ ကိုရန်နိုင် က“မနက်၅နာရီလောက်မှာ
ပွဲစားမကြီး မေစောအိမ်ကို ၀ိုင်းကြပါတယ်။ သူတို့လင်မယား၂ယောက်လုံးကိုဖမ်းမိပါတယ်။ အိမ်ပြန်ဖို့
လုပ်အားခတောင်းတဲ့လူတွေကို သတ်ပြီး ပစ်ချတဲ့ ရေတွင်း၂တွင်းရှိပါတယ်။ ဒီရေတွင်းက ပင်လယ်ကို
မြေအောက်က လက်သွယ်ထားတဲ့လှိုင်ခေါင်းရှိပါတယ်။ အလောင်းတွေကို ဒီကပဲဖျောက်ဖျက်တာပါ။ ဒီရေတွင်းကို
ရေတွေစုတ်ထုတ်ပါတယ်။ လူဦးခေါင်းတစ်ခုနဲ့ အရိုး စုအချို့တွေ့ပါတယ်။ မြေတူးစက်တွေနဲ့
ခြံထဲမှာ အလောင်းဖျောက်ဖျက်တာတွေကို မြေလှန်ရှာပါတယ်” ဟု ပြောသည်။
ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးထောက်လှမ်းရေ
Mr.Komvich
Padhanarath Chief of Prevention and Suppression Div. 1Anti-Human Trafficking
Center , Department of Special Investigation , Ministry of Justice ၏
ဦးဆောင်စီစဉ်မှုဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်၊
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT တို့က ကတန်လှေဆိပ်တွင်
၃နှစ် ကျော်ကြာရောင်းစားခံနေရသော ကိုရန်နိုင် နှင့်၁၅နှစ်ကြာရောင်းစားခံခဲ့ရသူ
ကုလား(ခ) ကျော်သူ အား ၁၀၊ ၁၀၊၂၀၁၅ေ န့တွင် DSI နှင့် MAT တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့သည်။
၎င်းတို့၂ဦး
တို့၏ ဆက်သွယ်မှုဖြင့် အောက်တိုဘာ၂၀ ရက် နေ့က ၄နှစ်မှ ဆယ်နှစ်ကျော်ကြာရောင်းစားခံနေရသူ
နောက်ထပ် ၁၂ကို ထပ်မံ ကယ်ထုတ်နိုင်ခဲ့ကြပါသည်။
ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MATမှ
အချက်အလက်ပေးပို့၍ အကူညီ တောင်းခံထားခဲ့သည့် ဖယ်ကိုကာလှဆိပ်မှ လှေအမှတ်၃၄၊ ၁၉၊ နှင့်
ဝန်နစ်၂ (လှေ၃စီး) တို့ ဆိုက်ကပ် လာခဲ့ သဖြင့် လှေ၃စီးပေါ်မှ ပဲ့နင်း၃ဦးကိုဖမ်းဆီးခဲ့သည်။
လုပ်ငန်းရှင် ၈ဦးတို့ကိုလည်းခေါ်ယူစစ်ဆေးခဲ့ကြသည်။ လူကုန်ကူး ခံနေကြရသော မြန်မာ၉ဦးကို
ကယ်ထုတ်နိုင်ခဲ့ကြပါသည်။ ထိုအလုပ်သမားများအား နေရပ်သို့ ပြန်လိုက ပြန်ခွင့် ပြုမည်ဖြစ်ပြီး
မိမိသဘောဖြင့် အလုပ်လုပ်လိုပါက ဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဟု အာဏာပိုင်များကဆိုသည်။
ယခုဖမ်းဆီးမိသည့် ဖယ်ကယ်ကိုကာ လှေဆိပ်မှ
ဝန်နစ်လှေအမှတ်၂ မှ ထိုင်းလူမျိုးပဲ့နင်းသည်မြန်မာအတော်များများအား
သတ်ဖြတ်ထားသူဖြစ်ကြောင်း ကိုရန်နိုင်တို့က မျက်မြင်ထွက်ဆိုကြသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ဒီဂိုဏ်းခေါင်းဆောင်တွေဖမ်းဆီးနိုင်ဖို့အတွက်
ကျနော်တို့ လပေါင်းများစွာ၊နေ့စဉ်နေ့တိုင်း သတင်း အချက်အလက်စုဆောင်းနေခဲ့ကြရပါတယ်။
ကြားထဲမှာလည်း သက် သေတွေကို ကားထဲကနေ လက်ညှိး ထိုးခိုင်းပြီး ဓါတ်ပုံတွေရိုက်ကူးတာတွေ၊
သေချာအောင် စုံစမ်းတာတွေ အများကြီးလုပ်ခဲ့ကြရပါတယ်။ မနေ့ညနေကတည်းက DSI က ခေါ်ပါတယ်။
ဒီလောက်ဝေးတဲ့ခရီးကို ကျနော်တို့ အခေါက်ခေါက်အခါခါ သွားဖို့ စရိတ်မတတ်နိုင်ဘူးလေ။ ကျနော်တို့ကယ်ထားတဲ့သူတွေကိုပဲ
လိုအပ်တာတွေ ကိုဖုန်းနဲ့ပြောပေးနေရတာပေါ့။ ဘာပဲဖြစ်ဖြစ် ကတန်လှေဆိပ်မှာ လူကုန်ကူးဂိုဏ်းတွေ၊
လူကုန်ကူးခံရတဲ့ မြန်မာ တွေ ရှိနေအုံးမှာဖြစ်ပေမယ့် ကတန်လှေဆိပ်မှာ မြန်မာတွေကို သတ်ချင်သလိုသတ်တဲ့အလေ့အထတော့
လျှော့နည်းသွားပါလိမ့်မယ်” ဟုပြောသည်။
ကတန်လှေဆိပ်တွင် လူသတ်မှုနှင့်လူကုန်ကူးမှုးမြန်မာဂိုဏ်းခေါင်းဆောင် ကိုမျိုးအား
၂၀၁၃ ခု သြဂုတ်လ ၁ ရက်နေ့က မြန်မာသံရုံးအလုပ်သမားကူညီ စောင့်ရှောက် ရေးကော်မတီနှင့်အတူDSI,AHTD,MAT
တို့ ပူးပေါင်း၍ ရာဘာခြံတစ်ခုထဲတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြသည်။
Labels:
သတင်း
04 November 2015
နိုင်ငံသားစိစစ်ရေးအတွက် မြန်မာအလုပ်သမားများထံ ငွေကောက်ခံသူကို ဖမ်းဆီး
By ဒီဗွီဘီ
5 November 2015
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အလုပ်သမားကတ်ရရှိရေး နိုင်ငံသားစိစစ်ဖို့ လိုအပ်တာကို အခွင့်ကောင်းယူပြီး ငွေကောက်ခံနေတဲ့ ပွဲစား ၂ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက် ကျတူးကျတ်နယ်မြေမှာ နေထိုင်သူ ပါ့အွေ့ ခေါ် အဖိန်းယာမီးဆုမ်မတ် (အသက် ၆၂ နှစ်) နဲ့ ပထုန်ဌာနီခရိုင် လမ်လုတ်ကာမြို့မှာ နေထိုင်သူ နိုင်းအားကွန်း ကလိုင်းလိုတ် (အသက် ၅၂ နှစ်) တို့ ၂ ဦးဟာ အလုပ်သမားကတ်ရရှိရေး အကျိုးဆောင်အေဂျင်စီတွေ နဲ့ မြန်မာသံရုံး နိုင်ငံသား စိစစ်ရေးဌာန ကြားမှာ ဆက်သွယ်ဆောင် ရွက်နေတာဖြစ်ပါတယ်။
5 November 2015
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အလုပ်သမားကတ်ရရှိရေး နိုင်ငံသားစိစစ်ဖို့ လိုအပ်တာကို အခွင့်ကောင်းယူပြီး ငွေကောက်ခံနေတဲ့ ပွဲစား ၂ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက် ကျတူးကျတ်နယ်မြေမှာ နေထိုင်သူ ပါ့အွေ့ ခေါ် အဖိန်းယာမီးဆုမ်မတ် (အသက် ၆၂ နှစ်) နဲ့ ပထုန်ဌာနီခရိုင် လမ်လုတ်ကာမြို့မှာ နေထိုင်သူ နိုင်းအားကွန်း ကလိုင်းလိုတ် (အသက် ၅၂ နှစ်) တို့ ၂ ဦးဟာ အလုပ်သမားကတ်ရရှိရေး အကျိုးဆောင်အေဂျင်စီတွေ နဲ့ မြန်မာသံရုံး နိုင်ငံသား စိစစ်ရေးဌာန ကြားမှာ ဆက်သွယ်ဆောင် ရွက်နေတာဖြစ်ပါတယ်။
03 November 2015
“MOU အလုပ်သမားလေးဦးအခက်အခဲရှိ”
၂၀၁၅ ခု နိုင်ဝင်ဘာ
၃
ဆန်းဦး+စောမောင်
တိုးတက်ချမ်းသာအေဂျင်စီဖြင့် ထိုင်းနိုင်ငံသို့
ရောက်ရှိလာခဲ့သည့် မြန်မာအလုပ်သမား၎ဦးအခက်ကြုံ လျှက်ရှိနေကြောင်းသိရှိရသည်။
အလုပ်သမား၎ဦးတို့မှာ ရခိုင်လူငယ်တစ်ဦးနှင့် ပဲခူးတိုင်း၊
ညောင်လေးပင်မြို့နယ်၊ကြာအင်းကြီးကျေးရွာမှ အလုပ်သမား၃ဦးတို့ဖြစ်ကြပါသည်။ အလုပ်သမားတစ်ဦးလျှင်
ကျပ်ငွေ ၃၈၀,၀၀၀ ပေးခဲ့ရပြီး လျှပ်စစ်ဓါတ်ကြိုး ထုတ်လုပ်သည့်အလုပ်ရုံတွင် လုပ်ရမည်ဟုဆိုကာ
စာချုပ်ချုပ်ဆိုလာခဲ့ကြောင်း အလုပ်သမားများကပြောသည်။
အလုပ်သမားတစ်ဦးက “ကျနော်တို့ ခု ထိုင်းတောင်ပိုင်း
နခိုစီဌာမရ နယ်က သစ်စက်တစ်ခုကိုရောက် နေပါတယ်။ ကျနော်တို့ကို သစ်တုံးတွေထမ်းရမယ်လို့ပြောပါတယ်။
ကျနော်တို့ စာချုပ်ပါအတိုင်း ဓါတ်ကြိုးပဲ လုပ်ချင်ပါတယ်။ မလုပ်ချင်ရင် ပတ်စပို့စာအုပ်ကို
ဘတ်ငွေ ၈,၀၀၀ ပေးပြီးရွေးရမယ်ဆိုလို့ အသိတွေဆီက ချေးပြီးဘတ် ၈,၀၀၀ ပေးထားရတယ်။ ဒီနေ့ စာအုပ်တွေ မရွေးရင် ပန်းရံဆိုဒ်ကို
ပို့မယ်လို့ပြောတယ်” ဟု ပြောသည်။
အလုပ်သမားများအား
အခန်းတစ်ခန်းထဲတွင်ထားရှိပြီး ရောင်းစားခံရသည့်ပုံစံမျိုးဖြစ်နေကြောင်းပြောသည်။
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားမျာအဖွဲ့ MAT
ဒါရိုက်တာ ဦးကျော်သောင်း က“ MOU ကိစ္စနဲ့ပတ်သက် ပြီး၊ အလုပ်သမားသံအရာရှိတို့၊ ၀န်ကြီးတို့ ညွန်ချုပ်တို့အပြင်
လွှတ်တော်ကိုပြောပြော၊ သမ္မတဆီစာပို့ပို့ ဘာမှ အရေးမယူဘူး။ အေဂျင်စီတွေယုတ်မာသမျှ အလုပ်သမားတွေခံနေရတယ်။ MOU
တရားဝင်ဆိုတဲ့ တံဆိပ်ကြီး ကပ်ထားတော့ မတရားမှန်းသိနေပေမယ့် လုပ်ရကိုင်ရတာ ခက်ခဲပါတယ်။
MOU စနစ်က အလုပ်သမားတွေ အတွက် ရုန်းမရအောင် နှိပ်ကွတ်ထားတဲ့စည်းကမ်းချက်တွေနဲ့ဖြစ်တယ်။
စကားထဲတောင် ထည့်မပြောချင်အောင်ပါပဲ”ဟုပြောသည်။
Labels:
သတင်းတို
“နားရွက်ကိုတကယ်ကိုက်ဖြတ်နိုင်မှတိုင်းပြည်မှာသူခိုးပျောက်မယ်”
၂၀၁၅ ခု နိုင်ဝင်ဘာ ၄ ရက်နေ့ထုတ် တို့ခေတ် အပတ်စဉ် သတင်းဂျာနယ်ပါ ဆောင်းပါးအား အွန်လိုင်း ပရိသတ်များအတွက် ကူးယူဖေါ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်
ဇွန်လ၁၉ ရက်နေ့က အသက်၇၀နှစ်ပြည့်ခဲ့ပြီ။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက နှစ်စဉ် ဇွန်လ၁၉
ရက်ရောက်တိုင်း၊ မြန်မာအရေးလှုပ်ရှားတက်ကြွခဲ့ကြတဲ့ ကျနော်တို့တွေ ထိုင်းနိုင်ငံမှာ
ဒေါ်စုမွေးနေ့တွေ အများ ကြီးကျင်းပခဲ့ကြတယ်။ ဒေါ်စု နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်
မြန်မာသံရုံးရှေ့မှာ ဆန္ဒပြပွဲတွေ၊ ဆုတောင်းပွဲတွေ ငါးလွှတ်ပွဲတွေ ပြုလုပ်ခဲ့ကြတယ်။ ဒေါ်စု
ကိုမင်းကိုနိုင်တို့ ကျောင်းသားခေါင်းဆောင်တွေ အားလုံးလွတ် မြောက်လာခဲ့ပြီမို့ အဲဒီလှုပ်ရှားမှုတွေ
အဲဒီပွဲတွေ ထိုင်းမှာလုပ်မယ့်သူမရှိတော့ဘူး။
ဒေါ်စုကို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင်လို့
အများကသတ်မှတ်ကြသလို တချို့များဆိုရင် မြန်မာ့ ဒီမို ကရေစီခေါင်းဆောင်လို့တောင် တင်စားခေါ်ဝေါ်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်မှုတွေကို နိုင်ငံတကာက အသိအမှတ်ပြုကြတာကြောင့် ကမ္ဘာအရပ်ရပ်မှာ
နှစ်စဉ်ရွေးချယ်တဲ့ သြဇာတက္ကမရှိသူ ၁၀ဦးမှာဖြစ်စေ ဦးရေ ၁၀၀မှာ ဖြစ်စေ ဒေါ်စုက ယနေ့တိုင် နံပါတ်ချိပ်နေတုန်းဖြစ်တယ်။ ဒါက လူသိရှင်ကြား
အသိအမှတ်ပြုခံရမှုဖြစ်သလို နိုဘယ် ငြိမ်းချမ်းရေးဆုတံအပါအ၀င် ရာချီတဲ့ဆုတံဆိပ်ပေါင်းအများဆုံးရရှိထားတဲ့
အမျိုးသမီးတစ်ဦးအဖြစ်လည်းသိရှိရတယ်။ အရေအတွက်တော့ အတိအကျမသိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို မလိုသူတွေက အမျိုးမျိုးစွတ်စွဲခေါ်ဝေါ်သမုတ်ကြတာတွေလည်းရှိပါတယ်။
လူတိုင်း အမှားမကင်းတာမို့ အမှားအယွင်းလုပ်ခဲ့မိတာတွေလည်း ရှိကောင်းရှိနိုင်မည်ပင်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာပြည်သူတွေကကော နိုင်ငံတကာခေါင်းဆောင်တွေကပါ
ချစ်ခင်လေးစားချစ်ခင်ကြတယ်ဆိုတာ အငြင်းပွားဖွယ် မရှိ ပါဘူး။ “၂၀၁၅
ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေဟာ
ကိုယ်စားလှယ်လောင်းတွေအပြင် ဇနီး ၊ ခင်ပွန်း၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို
စစ်ဆေးခံရမှာဖြစ်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခု ဇွန်လ၂၀ ရက်နေ့က .. အန်အယ်လ်ဒီ ဗဟိုကော်မတီအစည်းအဝေးဖွင့်လှစ်ပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျမတို့ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တဲ့နေရာမှာ အရင်တုန်းကမလုပ်ဖူးတဲ့ မထားဖူးတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေထားမှာဖြစ်ပါတယ်၊ ဥပမာအားဖြင့်ဆိုရင် ကိုယ်စားလှယ်လောင်းများအားလုံးဟာ မိမိတို့ရဲ့မရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်းများစာရင်း၊ မိမိတို့ရဲ့ဇနီး၊ ခင်ပွန်းများရဲ့မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း၊ မိမိတို့ရဲ့ ၁၈နှစ် အောက်သား သမီးများနာမည်နဲ့ရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်"
ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တဲ့အခါ ရွေးကောက်ပွဲပြီး တိုင်းပြည်အကျိုးအတွက် ဘယ်လောက်များ တာဝန် ထမ်းဆောင်ပေးနိုင်သလဲဆိုတဲ့ အရည်အချင်းသတ်မှတ်ချက်အပေါ် အခြေခံရွေးချယ်သွားမှာဖြစ်ပြီး ရွေးချယ်တဲ့အခါ ပါတီ ၀င်တွေသာမကပဲ အပြင်က အရည်ချင်းရှိပြီး တိုင်းပြည်အကျိုး အလုပ်အကျွေးပြုလိုသူတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ ပြောပါတယ်။
"ကျမတို့ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တဲ့နေရာမှာ အရင်တုန်းကမလုပ်ဖူးတဲ့ မထားဖူးတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေထားမှာဖြစ်ပါတယ်၊ ဥပမာအားဖြင့်ဆိုရင် ကိုယ်စားလှယ်လောင်းများအားလုံးဟာ မိမိတို့ရဲ့မရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်းများစာရင်း၊ မိမိတို့ရဲ့ဇနီး၊ ခင်ပွန်းများရဲ့မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း၊ မိမိတို့ရဲ့ ၁၈နှစ် အောက်သား သမီးများနာမည်နဲ့ရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်"
ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တဲ့အခါ ရွေးကောက်ပွဲပြီး တိုင်းပြည်အကျိုးအတွက် ဘယ်လောက်များ တာဝန် ထမ်းဆောင်ပေးနိုင်သလဲဆိုတဲ့ အရည်အချင်းသတ်မှတ်ချက်အပေါ် အခြေခံရွေးချယ်သွားမှာဖြစ်ပြီး ရွေးချယ်တဲ့အခါ ပါတီ ၀င်တွေသာမကပဲ အပြင်က အရည်ချင်းရှိပြီး တိုင်းပြည်အကျိုး အလုပ်အကျွေးပြုလိုသူတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ ပြောပါတယ်။
“နားရွက်ကိုကိုက်
ထိပ်တန်းတက်ပါ ပြည်မြန်မာ”
ငယ်ငယ်က စာတစ်ပုဒ်ဖတ်ဖူးမှတ်ဖူးတယ်။ သူခိုးကြီးတစ်ဦး ကြိမ်ဖန်များစွာခိုးမှုကျူးလွန်နေခဲ့ရုံမက
နန်းတွင်း ရတနာတိုက်ကိုပါ ကျူးကျော်ခိုးဝင်တာကြောင့် ဘုရင်က သတ်စေလို့ အမိန့်ပေးတယ်။ သေခါနီးလူကို ပေးနေကျ
အခွင့် အရေးဖြစ်တစ်ခုဖြစ်တဲ့ ဘယ်သူနဲ့တွေ့ချင်သလဲဆိုတော့ သူခိုးကမိခင်နဲ့တွေ့ချင်တယ်ဆိုတာကြောင့်
လူသတ်ကုန်းမှာ မိခင် ကို ခေါ်ပေးရတယ်။ သူခိုးက သူမိခင်ကို ….အမေ တိုးတိုးလေးပြောခဲ့ချင်လို့
အနားကိုကပ်ပါလို့ပြောတယ်။ မိခင်ဖြစ်သူက သေခါနီး
သူ့သားဘာများမှာမလဲလို့ နားကိုကပ်ပေးလိုက်တဲ့အခါ၊ သူခိုးက သူမိခင်ရဲ့ နားရွက်ကို ကိုက်ဖြတ်လိုက်တယ်။
အနီးအနားမှာရှိနေကြတဲ့ လူတွေအားလုံး သူခိုးရဲ့ လုပ်ရပ်ကို မင်သက်အံ့သြကုန်တယ်။ သူခိုးက
တအံ့တသြနဲ့ ဖြစ်နေတဲ့ လူတွေကို ပြောလိုက်တာက “ကျနော် မခိုးတတ်အောင် ကျနော်နားလည်အောင်
ပြောမပြခဲ့ မဆုံးမခဲ့တဲ့အတွက် မိခင်ကို သင်ခန်းစာပေးတာပါ” တဲ့…။
ဒီမိုကရေစီတိုင်းပြည်တွေမှာ
နိုင်ငံအုပ်ချုပ်မင်းလုပ်ကြမယ့် အမတ်လောင်း၊ သမ္မတလောင်းတွေဟာ ရွေးကောက်ပွဲ မ၀င်ခင်
သူတို့ပိုင်ဆိုင်မှုတွေကို အတိအကျ တင်ပြရတယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကစပြီး
ကျနော်ကြားခဲ့ မှတ်သားခဲ့ဖူးပါတယ်။ ခု ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအမတ်လောင်းတွေကို
ကြေညာလိုက်ပြီ။ တနည်းအားဖြင့် နားရွက်ကို ကိုက်ဖြတ်ပစ်မယ်ဆိုပြီးကြေလိုက်ပြီဖြစ်ပါတယ်။
ဒီအစဉ်အလာကောင်းတွေကိုသာ NLD ပါတီက စံပြအဖြစ် လိုက်နာခဲ့ပြီး အခြားပါတီတွေကပါ လုပ်ဆောင်ကြရင်တော့
ကျနော်တို့မျှော်လင့်နေကြတဲ့ “xxx ထူးမြတ်တဲ့ စံဌာနီ xxx လွတ်လပ်တဲ့
မြန်မာပြည်xxx” ဖြစ်ရတော့မှာတော့ ဧကန်မလွဲတော့ဘူး။ ထမင်းငတ်နေသူတွေ ထမင်းဝလာတော့မှာ
မြေကြီးလက်ခပ်မလွဲတော့ဘူး။
တိုးတက်ချင်ပါတယ်ဆိုတဲ့ မြန်မာတွေ၊ တိုင်းပြည်ကိုချစ်လှချီရဲ့လို့
ပြောကြသူတွေ၊ ဘာကိုရှုတ်လို့ချုပ်မှန်းမသိတဲ့ အချုပ်အခြာဆိုတဲ့သူတွေနဲ့၊ နိုင်ငံတော်….နိုင်ငံတော်
ဆိုတာ….ဘာကိုပြောလို့ ပြောမှန်းမသိတဲ့ တိုင်းချစ်ပြည်ချစ်တွေ မျိုးချစ်ပြည်ချစ်ကြီးတွေ၊
ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ် နားလည်သဘောပေါက်ပြီး နားရွက်ကိုဘယ်လောက် အကိုက်ခံရဲမလဲဆိုတာ
၂၀၁၅ ရွေးကောက်ပွဲမ၀င်ခင် မြင်ချင်စမ်းပါဘိ။
ဘာကြောင်လဲဆိုတော့ လက်တစ်လုံးအလိုမှာကယ်တင်ရင်း
ကယ်တင်ရင်း တိုင်းပြည်က အသူရကယ်နက်တဲ့ ချောက်နက်ကြီးထဲကို
ကျရောက်သွားပြီး ကယ်တင်ရှင်တွေမှာပဲ ထားမကုန်အောင်နဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် သုံး
ဖြုန်းမကုန်အောင် ချမ်းသာသွားကြလို့ဖြစ်ပါတယ်။ ဒီမျိုးချစ်တွေ တိုင်းပြည်ကယ်တင်ချင်တွေဟာ
မိမိတို့အတွက် ချမ်းသာ အောင် စွမ်းဆောင်သလို မဟုတ်ရင်တောင် တိုင်းပြည်မမွဲအောင် လုပ်နိုင်စွမ်းခဲ့ကြရင်
မြန်မာတွေဟာ ခုလောက်အထိ ကမ္ဘာမှာ မျက်နှာငယ်စရာမရှိပါဘူး။
ကမ္ဘာ့အမွဲဆုံး စါရင်းဝင်နေတဲ့မြန်မာပြည်၊ တောတွေပြောင်၊
တောင်တွေ ချိုင့်ဝှမ်းဖြစ်၊ မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်ရှိသမျှ သယံဇာတတွေသာမက မြန်မာမတွေကို
တရုတ်မယားတွေအဖြစ်ရောင်းစားခံနေရတဲ့ မြန်မာပြည်။ ကမ္ဘာမှာကျွန်အထုတ်လုပ်ဆုံးဖြစ်နေတဲ့
မြန်မာပြည်ကို နားရွက်အပြတ်နဲ့ အစမ်းသတ်ခံလာတဲ့ NLD တိုင်းချစ်ပြည်ချစ် အမတ်တွေကသာလျှင်
ပြုပြင်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။
တိုင်းပြည်ကို ဘယ်လောက်ချစ် သလဲ၊ ကိုယ်ကျိုးမရှာပဲ တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်လောက်အလုပ်မလဲဆိုတဲ့
စံပြခေါင်းဆောင်တွေ ဘယ်လောက် ရှိမလဲဆိုတဲ့ ညွန်းဆိုချက်ပင်။ ကိုယ်ကျိုးရှာ/မရှာကို
လွယ်ကူစွာသိရှိနိုင်မယ့် အဖြေထုတ်ပြီးသား ပုစ္ဆာတစ်ခုလို့ ပြောချင် ပါတယ်။
စစ်အာဏာရှင်အုပ်ချုပ်လာတဲ့ကာလတလျှောက်လုံး
မြန်မာနိုင်ငံက ဥပဒေဟာ အုပ်ချုပ်သူတွေက လိုက်နာ စရာမလိုပဲ အုပ်ချုပ်ခံလူတန်းစားတွေအတွက် သတ်မှတ်ထားတဲ့ပုံစံမျိုးဖြစ်နေတဲ့
(ဘုရင်စနစ်အုပ်ချုပ်ပုံလိုဖြစ်နေတဲ့) မြန်မာပြည်ရဲ့ တရားစီရင်ရေးဥပဒေကို ပိုင်ဆိုင်မှုကိုပြရမယ့်ကြေညာချက်က
ပြောင်းပြန်လှန်ပစ်ဖို့ တာစူလိုက်တာဖြစ် တယ်လို့ ဆိုနိုင်ပါတယ်။
အဖြူအမဲ အတိုအရှည် အဆိုးအကောင်း၊
အနိမ့်အမြင့်နိယာမ လောကသဘာဝအရ NLD ပါတီမှာလည်း အခွင့်ထူး ခံများရှိနေသည်ပင်။ အဲဒါကြောင့်
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားထဲမှာ ဒီလိုလူတွေဟာ တိုင်းပြည်မျက်နှာကိုကြည့် ပြီး
ပါတီရဲ့ဂုဏ်သိက္ခာတို့ကိုကြည့်ပြီး ဂုဏ်သိက္ခာရှိရှိ နောက်ဆုတ်ကြဖို့လည်း တိုက်တွန်းသွားခဲ့တာကို
သတိပြုမိပါတယ်။ ရန်ကုန်တဘက်ကမ်း ဒလဘက်အခြမ်းမှာ နေထိုင်တဲ့ နိုင်ငံကျော်မျက်လှည့်ပညာရှင်
မစ္စတာတော့ပ်ရဲ့အိမ်ခြံမြေကွက်ကို “မတရားရချင်တဲ့ ရပ်ကျေးNLD ဥက္ကဌ က …ငါ NLDကွ” လို့
ပြောဆို သောင်းကျန်းခဲ့လို့ မစ္စတာတေ့ပ်သတင်း စာရှင်းလင်း ပွဲလုပ်ခဲ့ရတာကြုံဖူးတယ်။
ဘင်္ဂါလီတွေက နိုင်ငံသားမဟုတ်သေးပဲ NLD ပါတီကဒ်တွေနဲ့ လုပ်စားနေတာတွေကိုလည်း မကြာခင်ကရှင်းထုတ်တာ
သတိပြုမိတယ်။ “စံပြဆိုဒါစံပြ လုပ်ရပ်ကိုလုပ်နိုင်မှစံပြဖြစ်တာ” မို့ ဒေါ်အောင်ဆန်းစုကြည်
NLD ပါတီ တကယ် နားရွက်ကိုကိုက်ဖြတ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
၂၀၁၄ နှစ်ကုန်ခါနီးမှာ ကြားလိုက်ပါတယ်။
လွှတ်တော်အမတ်တွေ အစိုးရအဖွဲ့တွေရဲ့ပိုင်ဆိုင်မှုတွေကို တင်ပြရမယ် လို့ နိုင်ငံတော်သမ္မတကြီးက
နင်လားငါလား ကြေညာပြီးတော့ ပလုံဖြစ်သွားသလိုမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်ရပါ
တယ် အန်တီစု။ ။ သာဓုတစ်ကြိမ်ခေါ်လိုက်ပါတယ်ခင်ဗျား။
Labels:
ဆောင်းပါး
02 November 2015
“ပင်လယ်ငါးဖမ်းနှင့်အစားအစာထုတ်လုပ်သည့်အလုပ်သမားများအတွက်ဘတ်လုပ်ပေး”
၂၀၁၅ ခု နိုဝင်ဘာ
၂ ရက်
ထိုင်းငါးဖမ်းလုပ်ငန်းနှင့်ပင်လယ်စာထုတ်လုပ်သည့်လုပ်ငန်းများတွင်
အလုပ်လုပ်ကြသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံသားများအတွက် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပန်းရောင်ဘတ်ကဒ်အား
၃လတိုင်တိုင် ပြုလုပ်ပေးမည့်လုပ်ငန်းယနေ့စတင်လိုက်ပြီဖြစ်သည်။
ငါးဖမ်းနှင့် ပင်လယ်အစားအစာများထုတ်လုပ်ကြသည့်
(စမွတ်စာခွန်၊ စမုတ်ပါရကန်၊ ဆမွတ်ဆုန်ခါ၊ ဖစ်ချဘူရီ၊ ပကျွတ်ခီရီခန်၊ ခြုံဖေါ်၊ ခြုံဘူရီ၊
ကျန်ထပူရီ၊ လယောင်၊ ရနောင်း၊ ကရပီ၊ နခွန်စီဌာမရတ်၊ ဆုံခလာ၊ ဆဒွန်း၊ချာချင်ဆောင်၊ နခိုစီဌာမရတ်၊
ဆူရတ်ဌာနီ၊ ပါသနီ၊ နရာ သီဝပ် ၊ ဖန်င၊ ဖူးခက်) ခရိုင်ပေါင်း ၂၂ခရိုင်တို့တွင် ယနေ့မှစ၍
ဇန်န၀ါလ ၃၀ ရက်နေ့အထိ ၃လတိုင်တိုင် နေ့ချင်းပေါက်လုပ်ပေးမည်ဖြစ်သည်။
ပန်းရောင်ဘတ်ကဒ် လုပ်ဆောင်ရာတွင် ကျမ္မာရေး
ဆေးစစ်ခ ၅၀၀ ကျမ္မာရေးစောင့်ရှောက်ခ ၁,၆၀၀ ဘတ်၊ အလုပ်လုပ်ကိုင်နေထိုင်ခွင့်အတွက် ၁,၀၀၀
ဘတ်၊ မှတ်ပုံတင်ကြေး ဘတ်၈၀ ဖြစ်သဖြင့်စုစုပေါင်း ၃,၁၈၀ ဘတ်ကုန်ကျမည်ဖြစ်သည်။ အလုပ်သမားများအား
အလုပ်ရှင်များကိုယ်တိုင် ခရိုင်အသီးသီးတွင် ဖွင့်လှစ်ထားသည့် Onestop Service စခန်းများတွင်
နေ့ချင်းပေါက်လုပ်ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရကကြေညာထား သည်။
သတ်မှတ်ကာလအတွင်း သွားရောက်မှတ်ပုံတင်ရန်ပျက်ကွက်သော
အလုပ်ရှင်သည် အနည်းဆုံး ဘတ်တစ်သောင်းမှ တစ်သိန်းအထိ၊ အလုပ်သမားများသည် ၅နှစ်ထက်မပိုသောထောင်ဒဏ်(သို့မဟုတ်) ဘတ်နှစ်ထောင်မှ
ဘတ်တစ်သိန်းထိ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးကိုခံရမည်ဟုဖေါ်ပြထားသည်။ ငါးဖမ်းလုပ်ငန်းနှင့်
ပင်လယ်အစားအစာထုတ်လုပ်သည့် အလုပ်သမားများအတွက် ၂၀၁၄ ခုနှစ် ဇွန်လမှ အောက်တိုဘာလအထိ တစ်နိုင်ငံလုံးတွင် လုပ်ပေးခဲ့စဉ်က
ရွှေ့ပြောင်းအလုပ်သမားပေါင်း နှစ်သိန်းရှစ်သော်ငးကျော်အနက်မြန်မာအလုပ်သမားပေါင်း ၆သိန်းခွဲ ကျော် ထုတ်ပေးခဲ့သည်။
ရွှေ့ပြောင်းအလုပ်သမားပေါင်း နှစ်သိန်းရှစ်သော်ငးကျော်အနက်မြန်မာအလုပ်သမားပေါင်း ၆သိန်းခွဲ ကျော် ထုတ်ပေးခဲ့သည်။
ဘတ်ငွေ ၃,၁၈၀
ကုန်ကျမည့် ပန်းရောင်ဘတ်ကဒ်သည် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့်သွားလာ၍ မရရှိပါ။ နယ်စပ်မှတစ်ဆင့်
မိမိနိုင်ငံသို့ ပြန်လိုလျှင်ဖြစ်စေ၊ ထိုင်းနိုင်ငံအတွင်း အခြားတစ်နေရာသို့သွားလိုလျှင်
သူဌေး၏ ထောက်ခံစာဖြင့် နယ်မြေဖြတ်ကျော်သွားလာခွင့်ရှိပါသည်။ အကြီးစားခွဲစိတ်ကုသမှုမှလွဲ၍
ကလေးမွေးဖွားခြင်းကအစ ဘတ်ငွေ ၃၀ ဖြင့် ဆေးဝါးကုသခွင့်ရရှိပါသည်။ ပတ်စပို့ကဲ့သို့ အလုပ်လုပ်ကိုင်ခွင့်
ဝတ်ပါမစ်လုပ်ရန်လည်းမလိုအပ်။ ရက်ပေါင်း ၉၀ တစ်ကြိမ် နီးစပ်ရာ လ၀ကရုံးတွင်လည်း ပွဲစားဖြင့် ဧည့်စါရင်းတိုင် တံဆိပ်တုံးထုရန်မလိုအပ်ပေ။
ဘတ်ငွေ
၁၅,၀၀၀ ခန့်ကုန်ကျသည့် ပတ်စပို့နှင့် ၀တ်ပါမစ်လုပ်ငန်းတွင် မြန်မာအလုပ်သမားများ လေယာဉ်ဖြင့်
မြန်မာနိုင်ငံသို့သွားလာခွင့်ရရှိပါသည်။ နယ်စပ်မှသွားသည့်အခါ၊
မဲဆောက်ရဲများက အကြောင်း အမျိုးမျိုးပြ၍ ငွေတောင်းခံခြင်းကိုခံကြရပါသည်။ ဆေးဝါးကုသခွင့်ကို
မိမိအစီအစဉ်ဖြင့် ကုန်ကျခံရပါသည်။ ရက်ပေါင်း ၉၀ တံဆိပ်တုထုရသဖြင့် ပွဲစားများ၏ လိမ်လည်မှုအမျိုးမျိုးကိုခံကြရပါသည်။
လုပ်ငန်းရှင်များနှင့် ပွဲစားများက ပတ်စပို့များကို သိမ်းဆည်းအနိုင်ယူလေ့လည်းရှိကြပါသည်။
ထိုင်းနိုင်ငံအတွင်းလာရောက်အလုပ်လုပ်ကိုင်နေကြသည့်
မြန်မာအလုပ်သမားများအားသည် (၁)ပင်ပန်း(၂)ညစ်ပတ်(၃)အန္တရာယ်များ(၄)ဂုဏ်သိက္ခာကျဆင့်သည့်
အလုပ်များကိုလုပ်ကိုင်နေကြရသူ များသာဖြစ်ပါသည်။ သို့ဖြစ်၍ ထိုင်းနှင့် မြန်မာအစိုးရ
တာဝန်ရှိသူတို့သည် မြန်မာအလုပ်သမားများအတွက် အကုန်အကျအနည်းဆုံးဖြင့် ဆေးဝါးကုသခွင့်နှင့်
နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိအောင်ဆောင်ရွက်သင့်ကြောင်းMAT အဖွဲ့ကအကြံပြုသည်။
ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားသည့်အလုပ်သမားများနှင့်
ပတ်စပို့ကိုင်ဆောင်ထားသည့် အလုပ်သမားများအား အကြောင်းမရှိအကြောင်းရှာ၍ ဖမ်းစားနေသည့်
ထိုင်းပုလိပ်များအား ထိုင်းနှင့်မြန်မာ အစိုးရတို့က ပြင်းပြင်းထန်ထန်တားမြစ်ထားရန်အလုပ်သမားများက
လိုအပ်ကြပါသည်။ မဟာချိုင် လေးထပ်ရဲစခန်းအောက်ခန်းတွင် နေ့စဉ် ရာချီသည့် အလုပ်သမားမျာအား
ဖမ်းဆီး၍ ငွေညှစ်နေသည်ကို မယုံကြည်ကြသူတိုင်းသွားရောက် ကြည့်ရှုနိုင်ကြောင်း MAT အဖွဲ့ကပြောသည်။
Labels:
သတင်း
31 October 2015
“လေယာဉ်နဲ့ခိုးထုတ်သည့်လူကုန်ကူးဂိုဏ်းရန်ကုန်မှာဖမ်းမိ”
၂၀၁၅ အောက်တိုဘာ
၃၁
ထိုင်းနိုင်ငံ ငါးဖမ်းကုမ္ပဏီကြီးတစ်ခုအတွက်
မြန်မာအလုပ်သမားများစုဆောင်းပို့ဆောင်ပေးနေသည့် လူမှောင်ခိုကုန်ကူးမှုဂိုဏ်းခေါင်းဆောင်တစ်ဦးအား
ရန်ကုန်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က အောက်တိုဘာ ၂၉ ၇က်နေ့ ကဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ရန်ကုန်မြို့ကမ်းနားလမ်းတွင်ရှိသော
River View ဟိုတယ်၏ အခန်း ၅၀၃ တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင် မည့် ချင်းပြည်နယ်ပလက်ဝမှ
အလုပ်သမား၃ဦးနှင့်အတူ လူမှောင်ခိုကုန်ကူမှုခေါင်းဆောင် ရေခဲ(ခ)ခွန်ကျော့ ရှင်း ကို
ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး
ရဲမှူးကြီး ရဲဝင်းအောင် က“လူကုန်ကူးမှုမြောက် မလား၊ လူမှောင်ခိုကုန်ကူးမှုဖြစ်မလား၊ စစ်ဆေးတုန်းဖြစ်ပါတယ်။
လောလောဆယ်တော့ တရားမ၀င် လူပို့ ဆောင်မှု( ပြည်ပ-၂၆)နဲ့ အရေးယူထားပါတယ်။ နောက်ဆက်တွဲဖေါ်ထုတ်နိုင်အောင်
ပြင်ဆင်နေပါတယ်” ဟု ပြောသည်။
ယခုဖမ်းမိသည့် လူမှောင်ခိုကုန်ကူးသည့်ဂိုဏ်းသည်
ပြီးခဲ့သည့်၃လခန့်ကပင် မြန်မာအလုပ်သမား ၁၀၀ ၀န်ကျင်ခန့် ပို့ဆောင်ပြီးခဲ့ပြီဖြစ်ကြောင်း၊ စုစုပေါင်း
ငါးဖမ်းလှေအလုပ်သမား ၁,၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်ကပြောသည်။
ယခုဂိုဏ်းအား ဖေါ်ထုတ်နှိမ်နင်းနိုင်ရေးအတွက်
နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ မှူး ရဲမှူးချုပ် ဦးဝင်းနိုင်ထွန်း၊
ဒုရဲမှူးကြီး ဦခင်မောင်လှ၊ ရန်ကုန်တိုင်းလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး
တပ်ဖွဲ့မှူရဲမှူးကြီး ဦးရဲဝင်းအောင်တို့နှင့်အတူ
ဘန်ကောက်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး
ကော်မတီအတွင်းရေးမှူး အပြင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT တို့က
သေသေချာချာညှိနှိုင်း ကြပြီးပူး ပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT
ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းနိုင်ငံကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ EU တို့က စောင့်ကြည့်တာ၊
ပိတ်ဆိုတာ၊အစီရင်ခံစာထုတ်ပြန်တာတွေကြောင့် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာလူကုန်ကူးခံသားကောင်းတွေနဲ့
အသုံးပြုပြီး ထိုင်းငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်အစားအစာထုတ်လုပ်မှုကိုလုပ်ကိုင်ခဲ့ကြတာကို
ပုံစံပြောင်းကြရတောမှာဖြစ်ပါတယ်။ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့နဲ့ကျနော်တို့ကလည်း
ရသမျှဖေါ်ထုတ်နေတယ်။ ဒါကြောင့်ထိုင်း ငါးဖမ်းလုပ်ငန်းနဲ့ပင်လယ်အစားအစာထုတ်လုပ်တင်ပို့မှုလုပ်ငန်းမှာ
အလုပ်သမားအခက်အခဲရှိနေပါတယ်။ ပြီးခဲ့တဲ့၃လ လောက်က free Visa သတ်မှတ်လိုက်တာနဲ့ လူမှောင်ကုန်ကူးတဲ့သူတွေက
ထိုင်းမှာလိုအပ်နေတဲ့ ငါးဖမ်းလုပ် သားတွေကို လေယာဉ်နဲ့ ခေါ်ထုတ်ကြတော့တာပဲ” ဟုပြောသည်။
ထိုင်းငါးဖမ်းလုပ်ငန်းမှ ထိုင်းလူမျိုးတစ်ဦး
လာရောက်၍ လူပွဲစားများဖြင့် ရန်ကုန်မြို့တွင်နေထိုင်၍ လူစုဆောင်၍ ပို့ဆောင်နေခဲ့သည်။
မြန်မာအလုပ်သမားများအား တစ်လလျှင် ဘတ်ငွေ ၂၅,၀၀၀ ရမည်။ ကမ်းသို့ ၃လတစ်ကြိမ်ကပ်မည်။
၃နှစ်ပြည့်လျှင် အိမ်သို့ ပြန်ရမည်ဟုပြောဆိုစည်းရုံး၍ အလုပ်သမားတစ်ဦးထံမှ ကျပ်ငွေ
ငါးသိန်းစီတောင်းခံသည်။ လူကုန်ကူးသူများသည် မှတ်ပုံတင်မရှိသော်လည်း နိုင်ငံကူးလက်မှတ်(ပတ်စပို့)ထုတ်၍ ရနိုင်သည်အထိ စွမ်းဆောင်နိုင်
ကြောင်း MAT အဖွဲ့သို့ကာယကံရှင်တစ်ဦးကပြောသည်။
ကြောင်း MAT အဖွဲ့သို့ကာယကံရှင်တစ်ဦးကပြောသည်။
အလုပ်အကိုင်အခွင့်အလမ်းမရှိဖြစ်နေသော မြန်မာနိုင်ငံမှ
လူငယ်လူရွယ်တို့သည် အိမ်နီးချင်းထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့ သို့ ရသည့်နည်းဖြင့်ထွက်ခွာ၍ အလုပ်လုပ်ကိုင်ရန်ကြိုးစားနေကြသည်။ MOU ဖြင့် အလုပ်သမားတင်ပို့ခြင်းမှာလည်း တရားဝင်လူကုန်သည်နှင့်တူနေသည်။ အဘယ်ကြောင့်ဆိုသော်
ထိုင်းနိုင်ငံအတွင်း အလုပ်မရှိပဲ ရာပေါင်းများစွာသောအလုပ်သမားများသောင်တင်လျှင် ရှိနေဆဲဖြစ်သည်။
၂လခန့်အလုပ် မလုပ်ရပဲ စိတ်ဓါတ်ကျ၍ ပြန်သွားသည့် အလုပ်သမားများလည်းမကြာခဏရှိသည်။
MOUဖြင့်လာသောအလုပ် သမားများအဆင်မပြေသော်လည်း အလုပ်သမားအာဏာပိုင်များနှင့် အေဂျင်စီပွဲစားကုမ္ပဏီများမှာအကျိုးဖြစ်
ထွန်းနေကြပါသည်။
မြန်မာအလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များ အဖွဲ့ချုပ်MOEAF
အား အလုပ်သမားများတင်ပို့ခွင့်ပြုပြီးခဲ့သည့်ပြီးနောက်၊ ထိုင်း၊မလေးရှား၊စင်္ကာပူနှင့်
မကာအို နိုင်ငံများသို့အလုပ် အကိုင်မည်မည်ရရမရှိပဲ မြန်မာလူငယ်ပေါင်းများစွာကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ မြန်မာအလုပ်သမားဝန်ကြီးဌာနသည် MOEAF က ပို့ဆောင်ထားသည့် အလုပ်သမားများ မူလနေရာတွင်ရှိမရှိ၊ စာချုပ်ပါစည်းကမ်းမှန်ကန်
မှုရှိမရှိတို့ကို ယနေ့တိုင် စစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းမရှိသေးသဖြင့် မြန်မာအလုပ်သမားများမှာ
အားကိုးရာမဲ့စွာဖြင့် ထိုင်နိုင်ငံတွင် ဒုက္ခရောက်လျှက်အမြောက်အမြားရှိကြောင်း MAT အဖွဲ့ကပြောသည်။
Labels:
သတင်း
27 October 2015
“ပြည်ပရောက်အပယ်ခံများ”
"၂၀၁၅ ခုအောက်တိုဘာ ၂၈ ရက်နေ့ထုတ် “တို့ခေတ်”အပတ်စဉ်သတင်းဂျာနယ်တွင်ဖေါ်
ပြထားသည့် ဆောင်းပါး အား အွန်လိုင်း မိတ်ဆွေများအတွက် ကူးယူဖေါ်ပြပါတယ်"
မြန်မာနိုင်ငံကထွက်ခွာပြီး ပြည်ပ ၄၄နိုင်ငံခြားတိုင်းပြည်များမှ
ထွက်ခွာအလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ ကျောင်းသားကျောင်းသူတွေ ငါးသန်းထက်မနည်းရှိပေမယ့်
ရွေးကောက်ပွဲကော်မရှင်ကကြေညာတာက ပြည်ပနိုင်ငံတွေက မဲပေးခွင့်ရှိသူ သုံးသောင်းလေးထောင်ရှစ်ရာကျော်သာရှိကြောင်း
ကြေညာပါတယ်။ ငွေကြေးတတ်နိုင်ပြီးပညာတတ်အသိုင်းအ၀ိုင်းအလုပ်သမားတွေဖြစ်ကြတဲ့ စင်္ကာပူရောက်
မြန်မာအချို့သာနေရပ်ပြန်ပြီး မဲပေးကြမယ်လို့ကြားသိရပါတယ်။
ထိုင်းကိုရောက်နေကြတဲ့
သုံးသန်းထက်မနည်းရှိနေတဲ့ တရားဝင်အလုပ်သမားတွေက ၅၆၁ ဦးသာ မဲပေးခွင့်ရရှိကြပါတယ်။ တရားဝင်မြန်မာအလုပ်သမား ၈သိန်းလောက်ရှိတဲ့ မလေးရှားနိုင်ငံမှာ
၄၄၃ ဦးသာ မဲပေးခွင့်ရရှိကြမှာဖြစ်တာကြောင့် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။
ဒီဆုံးမှုကြီးကို သာမန်အလုပ်သမားတွေအနေနဲ့ အလေးနက်ထားရကောင်းမှန်းမသိကြပေမယ့် တိုင်းပြည်မွဲပြီးကိုယ်ချမ်းသာတဲ့အာဏာကို
မဖြုတ်စတမ်းလိုချင်ကြတဲ့ အုပ်စုတွေအတွက်ကတော့ မုဆိုး ရွှေအိုးထမ်းပြီးနတ်သမီးနဲ့ညားရတဲ့ကိန်းဆိုတာ
နိုင်ငံရေးကိုနားလည်သူတိုင်း သိရှိထားပြီးဖြစ်ပါတယ်။
မဲပေးခွင့်ရှိသူတွေစါရင်းကို
ပထမအကြိမ်ကြေညာတုန်းက ရန်ကုန် မန္တလေးမြို့ကြီးတွေက စါရင်း တွေမှားတယ်လို့ ၀ိုင်းပြောကြတာကြောင့်
ဒုတိယတစ်ကြိမ် အက္ခရာစဉ်လိုက်ထုတ်တော့လည်း မှားပြန်တယ်။ အဲဒါကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက
ကွန်ပျူတာ ဆော့ဝဲတွေ ချို့ ယွင်းလို့ဆိုပြီး ပြောပြန်တော့ ငိုအားထက် ရည်အားသန်ကြရတယ်။
ကွန်ပျူတာဆိုတာ လူခိုင်းတာလုပ်ရတဲ့ သက်မဲ့ပစ္စည်းဆိုတာကို မေ့သွားပုံရတယ်။ တစ်ခါ ထပ်ပြီးမဲစာရင်းမှန်ကန်မှုတွေအတွက်
၃၀ ရာခိုင်နုန်းပဲတာဝန်ယူတယ်လို့ ပြောပြန်တော့ ကျနော်တို့တွေ ဘာကို ယုံလို့ယုံရမှန်းမသိတော့ပါဘူး။
၁၉၉၀ ၀န်ကျင်က နယ်လေယာဉ်ကွင်းတစ်ကွင်းမှာ Weather
ဝယ်သာ မကောင်းတာကြောင့် လေယာဉ်က မထွက်နိုင်ကြောင်း ကြေညာပါတယ်။ အဲဒီအချိန်မှာ လေယာဉ်စီးဖို့
စောင့်နေတဲ့ တပ်ရင်းမှူး ဒု.ဗိုလ်မှူးကြီး တစ်ယောက် ဝေသာတစ်ယောက်နေမကောင်းတာငါနဲ့မဆိုင်ဘူး။
ငါသွားမယ့်ခရီးကိုတော့ မဖျက်သိမ်းနိုင်ဘူး။ ခုချက်ခြင်းလေယာဉ်ထွက်ပေးပါလို့ပြောခဲ့ကိစ္စကို
မြန်မာနိုင်ငံမှာအတော့်ကို ရည်စရာဖြစ်ခဲ့ကြရပါတယ်။ Weather ၀ယ်သာ ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို
ဒု.ဗိုလ်မှူးကြီးတစ်ယောက်သိမှာပါ။ ဒါပေမယ့် ဘာ့ကြောင့် လူအများရှေ့မှာ ဒီလိုပြောသလဲဆိုတာတော့
ခုထိစဉ်းစားလို့မရဘူး။
“အမေ့ခံတွေကို
ကြည့်မယ့်သူမရှိသေးပါဘူး”
ထိုင်းနိုင်ငံကိုလာခဲ့ကြတယ်။ ခေါင်းဆောင်၂ယောက်လုံး တစ်ပုံစံတည်းပြောသွားကြတဲ့စကားတစ်ခွန်းက
ထိုင်းကိုရောက်နေကြတဲ့ အလုပ်သမားတွေကို ပစ်မထားပါဘူး။ ကာကွယ်စောင့်ရှောက်ဖို့အတွက်
တာဝန်ယူပါတယ်လို့ ပြောသွာခဲ့ကြတယ်။ သမ္မတ ဦးသိန်းစိန် က အလုပ်သမားသံအရာရှိတွေထားရှိပြီဖြစ်ကြောင်းပြောဆိုခဲ့တယ်။
ဒေါ်စုကများ ဆိုရင် ကိုယ့်တိုင်းပြည်မှာ ဒီလူတွေ အလုပ်လုပ်နိုင်ဖို့လိုတယ်လို့တောင်အလုပ်သမားတွေကို
အားဖြည့်စကား ပြောဆိုသွားခဲ့တယ်။ ထိုင်းနိုင်ငံမှာ နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခံနေရတဲ့
အလုပ်သမားတွေ တဒင်္ဂ ၀မ်းမြောက်ခဲ့ရတယ်။ ဒါပေမယ့် ပါးစပ်ဖျားက ပြောသွားခဲ့ကြတဲ့ အားပေးစကားက
ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ယခုအချိန်အထိ တစ်စုံတစ်ခုမှ ထူးခြားမှုမရှိခဲ့ပါဘူး။ အလုပ်သမားတွေကို
လူကြီးတွေညာသွားတယ်လို့
ပြောနေကြတယ်။
“ထိုင်းရောက်အလုပ်သမားတွေကြုံနေရတဲ့သောကဝေဒနာများ”
မြန်မာအစိုးရက ထုတ်ပေးတဲ့ပတ်စပို့နဲ့ထိုင်းက
နေထိုင်ခွင့်ဗီဇာနဲ့ အလုပ်လုပ်ခွင့်ပါမစ်တို့ကို မြန်မာအလုပ်သမားတွေ ကျပ်ငွေ ၅သိန်းကျော်ထက်မနည်း အကုန်အကျခံပြီးလုပ်ထားကြရပါတယ်။
ထိုင်းမှာ အလုပ်လုပ်နေကြတဲ့အလုပ်သမားတွေဟာ ရှုပ်ထွေးတဲ့ပတ်စပို့လုပ်ငန်းစဉ်တွေကို နားမလည်ကြာတကတစ်မျိုး၊
ပတ်စပို့၊ နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေအတွက် ရုံးလုပ်ငန်းတွေ အကုန်လုံးကို ထိုင်းနဲ့မြန်မာ
ပွဲစားကုမ္ပဏီတွေကပဲ ကြားခံလုပ်ပေးကြတာမို့ မြန်မာအလုပ်သမားတွေရဲ့လုံခြုံရေးကံကြမ္မာအားလုံးကို
ပွဲစားတွေဆီမှာ“၀”ကွက် အပ်ထားကြရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေရဲ့စာအုပ်မှာ တစ်နှစ်တန်သည်
၂နှစ်တန်သည် နေထိုင်ခွင့်ဗီဇာ တံဆိပ်တုံး ထုပြီးရုံနဲ့ မလုံလောက်ပဲ ရက်ပေါင်း ၉၀ ပြည့်တိုင်း
အဲဒီပတ်စပို့စာအုပ်တွေကို နယ်မြေ လ၀ကရုံးတွေမှာ ဧည့်စါရင်းသွားတိုင်ရပါတယ်။ ဒီလုပ်ငန်းစဉ်အတွက်
မြန်မာအလုပ်သမားတိုင်းဟာ ပွဲစားနဲ့လုပ်ကြရပါတယ်။ တချို့အလုပ်ရုံမှာဆိုရင် ပတ်စပို့ကို
အမြဲတမ်းကိုသိမ်းထားပြီးလုပ်ပေးပါတယ်။ ပတ်စပို့ကိုသိမ်းထားပြီး ရက်ပေါင်း ၉၀ တံဆိပ်တုံးထုပေးရင်တော့
ကောင်းပါရဲ့ လုပ်ငန်းရှင်တွေက ညစ်ပတ်ပြီး တံဆိပ်တုံးထုမပေးပဲထားလို့ နေထိုင် ခွင့်လွန်သွားပြီး
ဒုက္ခရောက်ကြရတဲ့ မြန်မာတွေ ဒုနဲ့ဒေးဖြစ်ပါတယ်။
ပတ်စပို့ကို ရက်၉၀ တံဆိပ်တုံးထုမလို့ ပွဲစားနဲ့ထည့်လိုက်တုန်း
လမ်းသွား၊ ဈေးဝယ်၊ အလုပ်သွားရင်း ပုလိပ်ဖမ်းရင် ငွေပေးမှလွတ်မြောက်ပါတယ်။ အချို့အပြင်မှာ
မိသားစုပါမသွားကြတဲ့သူတွေဆိုရင် ထောင်ချခံရပြီး နယ်စပ်ကို ပြန်ပို့ခံရတတ်ပါတယ်။ ထိုင်းရဲနဲ့
ထိုင်းလမ်းသရဲတွေဟာ မြန်မာအလုပ်သမားတွေအတွက် ပတ်စပို့ဟာ မရှိမဖြစ်လိုအပ်တာကို သိရှိကြတာကြောင့်
ပတ်စပို့ကိုသိမ်းဆည်းတာ၊ ခိုးယူတာ၊ လုယူတာတွေ လုပ်တတ်ကြပါတယ်။ နိုင်ငံကူးလက်မှတ်လို့ ခေါ်တဲ့ ပတ်စပို့ဆိုတာ နိုင်ငံခြားတိုင်းပြည်မှာ
အလွန်အရေးကြီးပြီး လူရာဝင်တဲ့နိုင်ငံသားအမှတ်အသားတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ
မြန်မာအလုပ်သမားတွေအတွက်ကတော ပတ်စပို့ဟာ လုံခြုံမှုလွတ်လပ်မှုပေးစွမ်းရမယ့်အစား အနိုင်ကျင့်လို့ရတဲ့ပစ္စည်းတစ်ခု၊
နိုင်ကွက်အညှာတစ်ခုသာ ဖြစ်နေပါတယ်။
“ပေါ့စေချင်လို့ကြောင်ရုပ်ထိုးတာဆေးကြောင့်ပိုလေး”
ရက်၉၀ တံဆိပ်တုံးအတု၊
ဗီဇာအတု၊ မြန်မာမှတ်ပုံတင်အတု၊ အလုပ်သွင်းပေးမယ်ဆိုပြီး အနိုင်ကျင့် ပြီး မြန်မာအချင်းချင်း
ပတ်စပို့သိမ်းထားကြတာရှိပါတယ်။ ထိုင်းအစိုးရကလည်း မြန်မာအလုပ်သမားတွေ အတွက် ဥပဒေအတိုင်း
တိတိကျကျ အကာအကွယ်မပေးသလို မြန်မာအစိုးရနဲ့ မြန်မာသံရုံးတို့ရဲ့ထိထိ ရောက်ရောက် လုပ်မပေးတာတွေကို
သိရှိထားကြတဲ့ ထိုင်းအလုပ်ရုံအချို့ဟာ ပတ်စပို့ကိုသိမ်းထားလို့ ရက်ကျော် ပတ်စပို့တွေဖြစ်သွားပြီး
နေထိုင်ခွင့်သက်တမ်းတွေ သေဆုံးသွားခဲ့ကြရပါတယ်။ အလုပ်သွင်းပေးခ တနင့်တပိုးယူတာ။ ထိုင်းလုပ်ငန်းရှင်ကရိုက်နှက်လို့
သေဆုံးသွားရသူ၊ ခြေလက်အင်္ဂါပျက်စီးသွားရသူ၊ လုပ်ငန်းရှင်၊ အိမ်ရှင်က အဓမ္မပြုတာခံရသူ၊
ထိုင်းပုလိပ်တွေ အနိုင်ကျင့်ဖမ်းဆီးငွေတောင်းခံရသူ၊ ထိုင်းနိုင်ငံနေရာအနှံ့အပြား မှာရှိပါ
တယ်။
“မလုံခြုံတဲ့ဘ၀ပေး”
ထိုင်းနိုင်ငံမှာကျင့်သုံးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာနည်းဥပဒေတွေကို
မြန်မာအလုပ်သမား ၀န်ကြီးဌာနနဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေဟာ အနုစိတ်လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်။ ဒီစကားကိုကြားရရင် သက်ဆိုင်သူတွေဒေါသထွက်ကြမှာကိန်းသေပါပဲ။ မတတ်နိုင်းဘူး။ ကိုယ်ဝမ်းနာ ကိုယ်သာသိဆိုသလို
ထိုင်းကိုရောက်နေတဲ့ အလုပ်သမားတွေရဲ့ နေ့တဓူဝ ခံရနေရမှုတွေက ထင်မှတ်ထားတာတွေထက် ပိုဆိုးနေလို့ပြောရခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအလုပ်သမားအဖြစ်
သန်းချီရောက်နေတဲ့တာကို မြန်မာအစိုးရ အဆက်အဆက်ဟာ တရားဝင်မြန်မာအလုပ်သမားပြည်ပမှာမရှိဘူးဆိုပြီး
အမြဲ ဘူးကွယ်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုး ရ တက်လာပြီး ၂၀၁၁ မှာမှ ပြည်ပရောက် မြန်မာအလုပ်သမားဆိုတာ
ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ အမှန် က ၂၀၀၉ ကတည်းက ထိုင်းနဲ့မြန်မာအစိုးရဟာMOUအလုပ်သမားတင်သွင်းခြင်းလုပ်ငန်းကို
စတင်ခဲ့ကြတာပါ။
ထိုင်းနိုင်မှာ ရွှေ့ပြောင်းအလုပ်သမားတွေကို
လွတ်လပ်စွာ အလုပ်ပြောင်းရွှေ့ခွင့်မရရှိကြသလို လွတ်လပ် စွာသွားလာခွင့်လည်းမရှိကြပါဘူး။
မြန်မာအလုပ်သမားတစ်ယောက်ကို ထိုင်းအာဏာပိုင်တွေဟာ အချိန်မရွေးဖမ်းဆီးချုပ်နှောင်ပါတယ်။
ငွေကြေးတောင်းခံပါတယ်။ လူသတ် မှု၊ မူးယစ်ဆေးဝါးမှု၊ ခိုးမှုနဲ့ ရာဇ၀တ်မှုအမျိုးမျိုးတွေမှာ
မြန်မာနိုင်ငံသားတွေ ဘုမသိဘမသိ ထောင်ကျနေတာတွေအများကြီးရှိပါတယ်။ သုတေသနစာတမ်း တစ်စောင်အရဆိုရင်
ထိုင်းနိုင်ငံအကျဉ်းထောင်တွေထဲကအကျဉ်းသား၃၀ရာခိုင်နုန်းကျော်ဟာ မြန်မာတွေဖြစ်တယ်လို့သိရပါတယ်။
အလုပ်ခိုင်းစေပြီးလုပ်အားခမပေး၊
အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရှိ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံး၊ ငါးဖမ်းလှေဆိပ်တွေမှာ
အကြောင်းမဲ့သတ်ဖြတ်ခံရ၊ ရာဘာခြံတွေမှာ အဓမ္မပြုကျင့်ပြီး လုယက်သတ်ဖြတ်ခံရ၊ မြန်မာနိုငံသားတွေရဲ့အရိုးတွေ ထိုင်းနိုင်ငံမှာတောင်လိုပုံခဲ့ပါပြီ။
ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့အမျိုးသမီးတစ်ယောက်က
ပြောပြဖူးတယ်။ “ထိုင်းတွေဟာ လူကုန်ကူးခံထားရတဲ့ မြန်မာအလုပ်သမားတွေနဲ့ မြန်မာရေပိုင်နက်ထဲမှာ
ငါးတွေကိုသွား ဖမ်းကြတယ်။ လူကုန်ကူးခံထားရတဲ့အလုပ်သမားတွေနဲ့ Sea food လို့ခေါ်တဲ့ပင်လယ်အစားအစာတွေထုတ်လုပ်ပြီး
တကမ္ဘာလုံးကိုဖြန့် ချိကြတယ်။ သမီးတို့ပြည့်တန်ဆာအဖြစ်ရောင်းစားခံထားရသူတွေကို ထိုင်းလူမိုက်တွေပန်းဦးချွေပြီး၊
သူတို့မလိုချင်တော့တဲ့အခါ ငါးဖမ်းရာက ပြန်လာတဲ့ မထူးဇါတ်ခင်းထားတဲ့မြန်မာငါးဖမ်းသမားတွေက
ပျော်ပါးကြတယ်။ ရတဲ့ပိုက်ဆံကို ပြည့်တန်ဆာရုံပိုင်ရှင် ထိုင်းကယူတယ်။ စဉ်းစားသာကြည့်တော့ဆရာ။
ထိုင်းလူမျိုးတွေဟာသမီး တို့ ပိုင်တဲ့သဘာဝသယံဇာတတွေနဲ့ သမီးတို့လိုလူငယ်တွေကို ကျွန်ပြုရင်းချမ်းသာနေတာကိုရင်နာလို့မဆုံးဘူး။
ကျမတို့ဆီက ထိုင်းတွေအလကားယူနေကြတာကို ကျမတို့လူကြီးတွေသိဖို့ကောင်းတယ်” လို့ပြောခဲပါတယ်။
ဒီမိန်းကလေးဟာ မြန်မာနိုင်ငံက ဂက်စ်နဲ့ ထိုင်းတစ်နိုင်ငံလုံးမီးလင်းနေတာ၊ စက်ရုံအလုပ်ရုံတွေလည်
ပတ်နေတာ၊ မြန်မာ့ကျွန်းသစ်နဲ့ အခြားသောသယံဇာတတွေက အကျိုးအမြတ်တွေရနေတာတွေ၊ မြန်မာနိုင်ငံမှာ
လိုအပ်တဲ့ပစ္စည်းတွေကို ထိုင်းမှာလာဝယ်ရ၊ ဆေးလာကုရ၊ ကျောင်းလာတက်နေရတာတွေကို ဒီမိန်းကလေး
သိရင် ဘယ်လောက်အထိ ရင်ကွဲပက်လက်ပြောမလဲ မဆိုနိုင်။ ။
ကျော်သောင်း
Labels:
ဆောင်းပါး
Subscribe to:
Posts (Atom)













