28 November 2015

"ရိုဟင်ဂျာမဟုတ် ဘင်္ဂါလီ ဟု တပ်ချုပ်ပြတ်ပြတ်သားသားပြောပြီ"



“ရခိုင်ပြည်နယ်မှာ ဆောက်လုပ်ရေးကျွမ်းကျင်သူဖြစ်ရန်လို”

                               
၂၀၁၅ နိုဝင်ဘာ ၂၇
မင်းရန်နိုင်(ကျောက်ဖြူ)


       ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်း ကျေးရွာတွင် ကျပ်သိန်းငါးရာတန်ဖိုးရှိသည့် ကွန်ကရစ် တံတားတစ်စင်းတည်ဆောက်နေသည်မှာ ရခိုင်လူထုအနေဖြင့် သဘောမကျဖြစ်နေကြကြောင်း သိရသည်။ 

 အလျားပေ ၅၀ x အကျယ် ၁၄ပေ RCC တံတား တည်ဆောက်ခြင်းလုပ်ငန်းကို  UP & RISING MYANMAER CONSTRUCTION  Co,LTD  က ကျပ်ငွေသိန်းငါးရာဖြင့် အာမခံတည်ဆောက်ခြင်းဖြစ်သည်။

အဆိုပါ တံတားကို ၂၀၁၆-၂၀၁၆ ဘဏ္ဍာနှစ်အတွင်းအပြီးအပ်ရမည်ဖြစ်ကြောင်းသိရသည်။ တံတားကို ပုဏ္ဏားကျွန်းမှ ကန်ထရိုက် ဦးမောင်ဝေမောင်သန်း ဆိုသူက တည်ဆောက်ပြီး ကျွမ်းကျင်သည့် အင်ဂျီနီယာနှင့် စက်ယန္တရားများမပါဝင်ဟုဆိုသည်။

         Asia Metal Construction ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လုပ်ခဲ့သောစစ်တွေ ပွိုင့်အနီးရှိ အရှည်ပေ ၆၃၀၀ ရှိကွန်ကရစ်လမ်းသည် ၂၀၁၅ ခု ဇွန်လ ၂၁ရက်နှင့် ၂၂ ရက်နေ့တို့တွင်မိုးရွာသွန်းသဖြင့် အပိုင်းလိုက်ပြို ကျပျက်စီးသွားခဲ့သည်။
          မြန်မာနိုင်ငံး၏ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်တွင် ရေနက်ဆိပ်ကမ်းများတည်ဆောက် ခြင်းနှင့် စက်မှုဇုန်များဖေါ်ထုတ်ရန်အစီအစဉ်များရှိပါသည်။ ကန်ထရိုက်လုပ်ငန်းများကို အစိုးရနှင့်နီးစပ်သည့် ခရိုနီ ကုမ္ပဏီများက ရယူပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများတွင် စံချိန်စံညွန်မီသော ကျောက်၊သဲ၊သံ၊သွပ်၊ဘိလပ်မြေများကို အသုံးပြုခြင်း၊ စက်ယန္တရားများကိုအသုံးပြု၍ ကျွမ်းကျင်သူများဖြင့်တည်ဆောက်ရန်လိုအပ်ပါသည်။ ဆောက်လုပ်သည့် လမ်းတံ တားများကိုလည်း ဘယ်နှစ်နှစ် အာမခံသည်ဟူသည့် အာမခံစာချုပ်များဖြင့်လုပ်ကိုင်သင့်ပါသည်။ 
        
   အစိုးရတာဝန်ရှိသူများကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို ဆောက်လုပ်စဉ် အသုံးပြုသည့် ပစ္စည်းအမျိုးအစားများကို စနစ်တကျ ကြည့်ရှုစစ်ဆေးမှုများပြုလုပ်သင့်ကြောင်း ရခိုင်ဆောက်လုပ်ရေးကျွမ်းကျင် အင်ဂျင်နီယာတစ်ဦးကအကြံပြုပြောဆိုသည်။  











27 November 2015

“ငွေပေးပြီးရက်စက်ခံနေရသူများ”

       
                                      
          မြန်မာအလုပ်သမားတွေ ထိုင်းမှာပက်ပက်စက်စက်ခံနေရတဲ့အကြောင်းတွေကို ရေးပေါင်းလည်းများပြီ။ သမ္မတနဲ့လွှတ်တော်ဥက္ကဌ တို့ဆီကိုလည်း အိပ်ဖွင့်ပေးစာတွေလည်းပေးခဲ့ပြီ။ လူလိမ်ပွဲစား အဖွဲ့ချုပ်MOEAF နဲ့ လည်းရန်ကုန်မြို့မှာ ဘတပြန် ကျားတပြန်သတင်းစာရှင်းလင်းပွဲတွေလည်းလုပ်ခဲ့ကြပြီ။ ကာယကံရှင်အလုပ် သမားတွေကိုခေါ်ပြီး ရန်ကုန်တိုင်း လူကုန်တားရုံးမှာ အမှုဖွင့်တာလည်းပလုံသွားခဲ့တယ်။ ငွေပေးရန်မလိုတဲ့ ခေတ်မှာ အမှန်တရားကွယ်ပျောက်ပြီး မတရားမှုပြုသူတွေကပန်းပန်နေဆဲပါ။

          ထိုင်းရောက်ရွှေပြောင်းအလုပ်သမားတွေရဲ့ပတ်စပို့စာအုပ်တွေဟာ ၂၀၁၄ ခုအောက်တိုဘာကတည်းက ကုန်ဆုံးလာခဲ့ကြတာ ခုဆို သိန်းကဏန်းနဲ့ချီသွားပြီ။ သန်းချီရှိနေတဲ့ထိုင်းရောက် အလုပ်သမားတွေရဲ့ တရားဝင် နေထိုင်ခွင့်တွေ တဖြည်းဖြည်းကုန်ဆုံးလာနေပါတယ်။ ၆နှစ်သက်တမ်းပြည့် ပြီဖြစ်တဲ့ ပတ်စပို့ကို မြန်မာအလုပ် သမားတွေ သက်တမ်းမကုန်မီ ၆လ-၇ လကတည်းက မြန်မာသံရုံးမှာ အသစ်လျှောက်ထားခဲ့ကြတယ်။ မြန်မာ သံရုံးမှာ ပတ်စပို့ထုတ်ပေးရေးစခန်း တစ်ခုဖွင့်ထားရာကနေ ပတ်စပို့စာအုပ်အသစ်တွေ ထုတ်ပေးနေပေမယ့် ထိုင်းဘက်က ဗီဇာထုမပေးတာကြောင့် မြန်မာအလုပ်သမားတွေမှာ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေပါတယ်။ အမှန်က အလုပ်သမားတွေကိုပတ်စပို့ထုတ်ပေးခဲ့တဲ့မြန်မာအစိုးရက ကြိုတင်ပြီးတော့စနစ်တကျအစီအမံရှိရမှာ ဖြစ်ပါတယ်။

       မြန်မာနဲ့ထိုင်းပွဲစားတွေကတွေ ဗီဇာအတုတွေထုပေးကြလို့ ပတ်စပို့စာအုပ်လည်းပျက်စီး၊ ဗီဇအတုထုခ ပိုက်ဆံလည်းကုန်၊ လူလည်းထောင်ကျ။ ဘန်ကောက်မြို့အနီးက မဟာချိုင်မှာများဆိုရင် ဗမာမြင်ဖမ်းတော့တာ။ ပတ်စပို့မရှိ၊ ၀တ်ပါမစ် မရှိလို့ကတော့ ဘတ်ငွေသောင်းချီတောင်းပါတယ်။ လမ်းသွားတဲ့အလုပ်သမား တစ်ယောက်ကို ၀တ်ပါမစ်မပါလို့ ပိုက်ဆံတောင်းတာ သဘာဝမကျသလို အပြည့်အစုံပါပြန်တော့လည်း မူးယစ် ဆေးဝါးထုတ်တွေ အနားမှာချပြီး ဓါတ်ပုံရိုက်တယ်။ ခြိမ်းခြောက်ငွေတောင်းတာ မဟာချိုင်မှာနေ့စဉ်နေတိုင်းပါ။

          ထိုင်းနိုင်ငံအနှံ့အပြားက မြန်မာပြည်ကိုနေ့စဉ်နေ့တိုင်း ပြန်သွားနေကြတဲ့ မြန်မာအလုပ်သမားတွေကို မဲဆောက်အ၀င်မှာ ၀တ်ပါမစ်စစ်ပြီး ငွေတောင်းတယ်။ ဖမ်းချုပ်တယ်။ အကြောင်းကြောင်းကြောင့် နယ်စပ်မှာ ပြန်လည်ပြည်ဝင်ခွင့်ဗီဇာတံဆိပ်တုံးထုကြရတဲ့အခါ အလုပ်သမားတွေ မလုပ်တတ်မကိုင်တတ်ကြတာကြောင့် မြ၀တီ မဲဆောက် တံတားနားမှာရှိနေကြတဲ့ ပွဲစားတွေကိုပဲ ထုခိုင်းကြရပါတယ်။ အဲဒီမှာ တံဆိပ်တုံးအတုဆိုပြီး ဖမ်းဆီး ထောင်ချခံကြရပြန်တယ်။


                  “သမ္မတဦးသိန်းစိန် လက်ထက်ရွှေ့ပြောင်းအလုပ်သမားများအခြေနေ”
          သမ္မတကြီးဦးသိန်းစိန် ၂၀၁၂ ကာလတုန်းက ထိုင်းကိုရောက်ခဲ့ပါတယ်။  ၅နှစ်တာကာ လအတွင်းမှာ မြန်မာအလုပ်သမားဝန်ကြီးဌာနဟာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအဖွဲ့ချုပ် (ပွဲစားများအဖွဲ့ချုပ် MOEAF) နဲ့ MOU သိန်းချီတဲ့အလုပ်သမားတွေကို ထိုင်းနိုင်ငံသို့ ပို့စားခဲ့ကြပါတယ်။ အကျိုးတူစီးပွားရေးကြီးလုပ် နေကြတာကြောင့် အလုပ်သမားအမြောက်အမြားဒုက္ခရောက်နေကြလွန်းလို့၊ ဖြစ်ရပ်အမှန်တွေကို သိရှိပြုပြင် နိုင်ဖို့အတွက် မြန်မာအလုပ်သမားဝန်ကြီးဌာနကို အလုပ်သမား ခေါ်စာတစ်စောင်လောက် လာစစ်လှဲ့ပါလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT က စိန်ခေါ်ထားတာကို အစစ်ဆေးမခံဝံ့သေးပါ။

          အစိုးရတစ်ရပ်၊ အလုပ်သမားဝန်ကြီးဌာနတစ်ခုဟာ အလုပ်သမားလေးငါးသန်းရှိတဲ့ထိုင်းနိုင်ငံကို အလုပ် သမားသံအရာရှိ၂ဦးစေလွှတ်ထားတာ တာဝန်ကျေပြီးလိုထင်ထားပုံရတယ်။ အလုပ်သမားသံအရာရှိတွေ ဘာ လုပ်နေလဲဆိုတာ အလုပ်သမားလေးငါးယောက်လောက်ကိုဖုန်းဆက်ပြီးမေးကြည့်ပါက အခြေအနေမှန်ကိုသိရှိ နိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် အလုပ်သမားယောင်ဆောင်ပြီး အလုပ်သမားသံအရာရှိ တွေကိုဖုန်းဆက်ရင် လည်း သိရှိနိုင်ပါတယ်။

            လက်ရှိဝန်ကြီး ညွန်ချုပ် အတွင်းဝန်တို့ဟာပြည်တွင်းပြည်ပအလုပ်သမားတွေအတွက်ဘာမှ မလုပ်ပေး နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာလည်းလောလောဆယ်လည်း အလုပ်လုပ်ပြီးထမင်းဝမယ့်အလုပ်အကိုင်တွေမရှိသေး တာကြောင့် တိုင်းပြည်မပြန်နိုင်ကြတဲ့ အလုပ်သမာတွေဟာ အသစ်တက်လာမယ့် NLDအစိုးရသစ်ရဲ့ အလုပ် သမားဝန်ကြီးနဲ့ ညွန်ချုပ် အတွင်းဝန် အသစ်စက်စက်တို့ကများပြုပြင်ပြောင်းလဲလာမလားလို့ပဲ ပြည်ပရောက် အလုပ်သမားထုကြီးကမျှော်လင့်နေကြပါပြီ။

      အရည်အချင်းရှိတဲ့အစိုးရ၊ တာဝန်ယူတဲ့အစိုးရဆိုရင် ဒီအလုပ်သမားတွေအတွက် ကျမ္မာရေး၊ ပညာရေးနဲ့ လုံခြုံရေးကအစ၊ စနစ်တကျ တာဝန်ယူ ဖြေရှင်းနိုင်အောင် အစီအမံတွေ ပြင်ဆင်ထားမှာဖြစ်ပါတယ်။
                                       
                                       
                                  “တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုအပ်ပါတယ်”
        Certificate of Identity - CI  ပဲထုတ်ထုတ်၊ ပတ်စပို့ပဲလုပ်လုပ်၊ အလုပ်သမားတွေအတွက် အကျိုးရှိ မလား၊ ဘယ်သူတွေ အကျိုးရှိမလဲ။ လုပ်ပေးထားတဲ့ CI နဲ့ ပတ်စပို့အတွက် ထိုင်းနိုင်ငံအနှံ့ နေ့တိုင်းတက်နေတဲ့ ပြဿနာတွေကို ဘယ်သူရှင်းမလဲ။ ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းရဲတွေက အနိုင်ကျင့် ခဲ့ရင်ဒီပြဿနာကို ဘယ်သူ ဖြေရှင်းမလဲ။ အလုပ်သမားသံအရာရှိရှင်းမှာလား၊ မြန်မာသံရုံးက ရှင်းမှာလား။ ပတ်စပို့နဲ့ ၀တ်ပါမစ်ရှိလျှက်နဲ့ ထိုင်းပုလိပ်က ဘာဖြစ်လို့ ဖမ်းတာလဲ။ တရားဝင်အလုပ်သမားတွေကို ဖမ်းဆီးငွေညှစ်မခံရအောင် ဘယ်လို လက်တွေ့အကောင်အထည်ဖေါ်မလဲဆိုတာအရေးအကြီးဆုံးဖြစ်ပါတယ်။


            လူကုန်ကူးမှုကိုတိုက်ဖျက်မှုအားနည်းနေတဲ့ထိုင်းနိုင်ငံကို အီးယူနဲ့အမေရိကန်တို့က ထိုင်းပင်လယ်အစားအစာကို မသွင်းတော့ဘူးလို့ခြိမ်းခြောက်ပြောဆိုနေမှုတွေကြောင့် ထိုင်းအစိုးရဟာ ငါးဖမ်းလှေနဲ့ ပင်လယ် အစားအစာထုတ်လုပ်တဲ့ အလုပ်ရုံက ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ဘတ်ကဒ် ထုတ်ပေးပါတယ်။ ဒါပေမယ့် အဲဒီကဒ်ဟာ နယ်ကျော်ရင်အဖမ်းခံရပါတယ်။ လုပ်ငန်းရှင်မတူလို့ဆိုပြီးလည်းအဖမ်းခံရပြန်တယ်။ မြန်မာအလုပ်သမားတွေရဲ့ဘ၀ က ငွေကုန်တာကလွဲရင် ပတ်စပို့လုပ်လို့လည်းမလုံခြုံ၊ ဘတ်လုပ်လို့လည်း မလုံခြုံပါဘူး။

           ၂၀၁၃ ခုနှစ်က ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေပြောင်းအလုပ်သမားတွေဆီက အိမ်ပြန် စရိတ်ဆို ပြီး တစ်ယောက်စီဆီကနေ ဘတ်ငွေ ၁,၀၀၀ စီဖြတ်တောက်ထားတာရှိပါတယ်။ အဲဒီပိုက်ဆံကို လက်ရှိ မြန်မာ အလုပ်သမားဝန်ကြီးတို့ ပြန်လည်တောင်းခံသင့်ပါတယ်။ ဒီလောက်များတဲ့ငွေကို အလုပ်သမားကိစ္စတွေမှာ သုံး စွဲလို့ရပါတယ်။

                                 “အလုပ်သမားဆိုတာငွေထုတ်စက်လား”
            ပြီးခဲ့တဲ့ ဇူလိုင်လက ပန်းရောင်ဘတ်ကဒ်လုပ်ထားတဲ့အလုပ်သမား ခြောက်သိန်းကျော်ရဲ့ကိုယ်ရေး အချက်အလက်၂၇ ချက်စီကောက်ခံဖို့  MOEAF က ပွဲစားတပ်ကြီး ၆၀ လောက်ချီတက်လာခဲ့တယ်။ အောက် တိုဘာလ၂၀ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက မျက်စိနောက်ပြီး ပိတ်သိမ်းပစ်လိုက်တယ်။

           ပြုတ်ခါနီ အာဏာရှင်ယန္တရားထဲက အလုပ်သမားဝန်ကြီးဌာနက အကျင့်ပျက်ဝန်ထမ်းတွေဟာ လုပ် ကိုင်ခွင့်နဲ့သူဌေးဖြစ်မယ့် နောက်ဆုံး ဂွင်ဖန်ဖို့ ပွဲစားဂိုဏ်းချုပ်တွေခြံရံပြီး မကြာမီထိုင်းကိုကြွချီ လာကြအုံးမယ် လို့မြန်မာသတင်းတွေအရကြားသိရပါတယ်။ MOU နဲ့တင်သွင်းလာပြီး စုပုံထားတဲ့နေရာတွေကိုပြချင်စမ်းပါဘိ။

   ပြောရရင် ထိုင်းအစိုးရဟာ မြန်မာအလုပ်သမားတွေကို ပန်းရောင်ဘတ်ကဒ်ထုတ်ပေးပြီးတော့အကျိုး အမြတ်ရှာသလို၊ မြန်မာအစိုးရကလည်း ပတ်စပို့ထုတ်ပေးပြီးအကျိုးအမြတ်ရှာတာဖြစ်တယ်လို့အလုပ်သမားတွေက မြင် လာကြပါတယ်။ ဒါ့အပြင် မြန်မာနဲ့ထိုင်းပွဲစားတွေသာမက ထိုင်းရဲတွေအတွက်ပါမြန်မာအလုပ်သမားတွေဟာ ငွေထုတ်စက်ကြီးဖြစ်နေပါတယ်။

           လက်ရှိ အလုပ်သမားဝန်ကြီးဌာနဟာ ငါးသန်းလောက်ရှိတဲ့ ပြည်ပရောက်အလုပ်သမားတွေအတွက် ရေတို၊ ရေရှည်အစီအစဉ် ဘာတစ်ခုမှ မယ်မယ်ရရအကောင်အထည်မဖေါ်နိုင်ခဲ့ပါ။ ဒါ့အပြင် ပြည်တွင်း အလုပ် သမားတွေအတွက်လည်း ထမင်းစားလောက်တဲ့ ပုံမှန်လစာကိစ္စနဲ့ အလုပ်သမားတွေရဲ့ ပြဿနာတွေကိုမဖြေ ရှင်းပေးနိုင်ပါ။

     အဲဒါကြောင့် ပြည်တွင်းပြည်ပအလုပ်သမားတွေအတွက် တာဝန်ခံမယ့် အလုပ်သမားဝန်ကြီး၊ ညွှန်ချုပ်၊ အတွင်းဝန်နဲ့ အလုပ်သမားသံအရာရှိတွေကို NLD အစိုးရသစ်က အလျှင်အမြန် အစားထိုးခန့်ထားနိုင်ပါစေလို့ အလုပ်သမားထုကြီးကဆုတောင်းမျှော်လင့်နေကြကြောင်းပါ။  ။


                                                  ကျော်သောင်း

“တိုးတက်ချမ်းသာကုမ္ပဏီကMOUအလုပ်သမားတွေအလုပ်မရှိဖြစ်နေ”

                      
၂၀၁၅ နိုဝင်ဘာ ၂၇
အောင်ဆန်းဦး+ကိုခွန်

      တိုးတက်ချမ်းသာကုမဏီဖြင့်လာခဲ့သည့် MOU အလုပ်သမားများ အလုပ်အကိုင်မရှိပဲဖြစ်ကြောင်း အလုပ်သမားများကပြောသည်။

          အလုပ်သမား ၁၆၇ ဦး ၂၇.၇.၂၀၁၅ နေ့ကထိုင်းသို့လာခဲ့သည်။ အလုပ်သမားတစ်ယောက်ကို လေး သိန်းခွဲစီပေးခဲ့ရသည် ဆောက်လုပ်ရေးဖြင့်စာချုပ်ချုပ်လာသည်။ အလုပ်သမားများက ပန်းရံမလုပ်ချင်ကြောင်း ပြောဆိုကြရာ ထိုင်းကိုရောက်သည့်အခါ ကြက်သားရုံသို့ပို့ ပေးမည်ဟု ပွဲစားကပြောဆိုခဲ့ပါသည်။ 

      ထိုင်းသို့ရောက်သည့်အခါ အလုပ်သမားများကို နေရာပေါင်းစုံသို့ခွဲပို့ပါသည်။ ကန်ချနဘူရီ VITA ပြောင်းဖူး အလုပ်ရုံတွင် တစ်လခန့်အလုပ်လုပ်ခဲ့သည်အနက် ၁၅ ရက်လုပ်အားခအား ပွဲစား ကျော်နိုင်နှင့် စောလခီးဆို သူတို့က လုပ်အားခရှင်းမပေးပါကြောင်း အလုပ်သမား ကပြောသည်။

အလုပ်သမားကို…. က“ ပွဲစားလည်းမလာပါ။ အလုပ်သမားသံအရာရှိကိုဖုန်းဆက်တော့လည်း အော်ဆဲခံရတာ ပဲအဖတ်တင်ပါတယ်။ ကျနော်တို့ဆီက ဘတ်ငွေ ၄,၀၀၀ ဖြတ်ထားပြီးပါပြီ။ ကျနော်တို့ အလုပ်လုပ်ချင်ပါတယ်။ ကူညီပေးပါ” ဟုပြောသည်။

        ယခုအခါ စူရတ်ဌာနီ ဗိုလ်ထွန့်ပဲ့ဖိုးထုပ်ပိုင် ၂၁ လမ်းတွင်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းခွင့်တစ်ခုတွင်ရှိနေပါသည်။ အလုပ်မရှိသည်မှာ ၈ ရက်ရှိပါပြီ။ မ၂+ကျား၈=ပေါင်း၁၀ဦးဖြစ်သည်။

          ယခုအသုတ်နှင့်လာခဲ့သည့် ရခိုင်အလုပ်သမား ၆ဦးတို့အား ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်မြို့နယ်ရှိ နာနတ်သီး စိုက်ပျိုးရေးခြံတွင် ပို့ထားသဖြင့် အလုပ်သမားများက မလုပ်လိုကြောင်းပြောဆိုသော်လည်း ပွဲစားများကလျစ်လှူရှု ထားသည်ဟုပြောသည်။

          ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်နေ့က ပဲခူးတိုင်းညောင်လေးပင်မြို့နယ်၊ ကြာအင်ကြီးကျေးရွာမှ ကိုကျော်ဇေ၊ ရန်လင်းဦးနှင့် ချစ်ဖွယ် ဆိုသူတို့က  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံသားမြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သဖြင့် စာချုပ်အတုလုပ်သည့်ကိစ္စကို အလုပ်သမားသံအရာရှိရုံးတွင် ရှင်းလင်း ခဲ့ကြရသည်။ MAT အဖွဲ့နှင့် အလုပ်သမားသံအရာရှိ ရှေ့တွင် မြန်မာနိုင်ငံတွင် မတရားဖြတ်တောက်မည် ငွေများအား ချေဖျက်နိုင်ခဲ့သဖြင့် အလုပ်သမားများကျေနပ်ခဲ့ကြသည်။ ရှင်းလင်းပြီးသောအခါ တိုးတက်ချမ်းသာပွဲစား ကျော်နိုင် ဆိုသူက အလုပ်သမား ၃ဦးထံမှကားခဟုဆိုကာ ဘတ်ငွေ သုံးထောင် တောင်းယူသွားကြောင်း အလုပ်သမား များကပြောသည်။

    
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဦးကျော်သောင်း က “လက်ရှိမြန်မာအလုပ် သမားဝန်ကြီးဌာနက ပွဲစားတွေနဲ့ ပေါင်းပြီးလုပ်စားနေကြတာကြောင့် ကျနော်တို့တင်ပြလည်းအလကားပဲလေ။ MOU မတရားမှုတွေဘယ်လောက်အထိတာရှည်နေအုံးမလဲ၊ အမှန်အတိုင်းဘယ်တော့လောက်ဖြစ်မလဲဆိုတာပဲ ကျနော်တို့မျှော်လင့်ပါတော့တယ်။ ထိုင်းမှာ အလုပ်လာလုပ်ချင်ကြတဲ့ အလုပ်သမားတွေမှာ ဘာမှမသိပဲခံနေကြရချာတာ”ဟုပြောသည်။
     
    MOU နဲ့ လာကြမယ့်
မြန်မာအလုပ်သမားတိုင်း
ကျနော်တို့ MAT အဖွဲ့ဖုန်းနံ
ပတ်ကို ရအောင်လုပ်လာကြဖို့တော့တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ တတ်နိုင်သမသမျှကူညီဖို့ မတရားမှုတွေကိုဖေါ်ထုတ်ပေးဖို့အဆင်သင့်ပါ။ ဟု ၎င်းက ဆက်လက်ပြောဆို
သည်။

22 November 2015

“ရခိုင်ရှေ့ဟောင်းဘုရားခိုးဂိုဏ်းအားရန်ကုန်တွင်ဖမ်းမိ”

                                  
၂၀၁၅ နိုဝင်ဘာ ၁၁
မြတ်ညို (အလွတ်သတင်းထောက်)
           ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ရှေ့ဟောင်းဘုရား မှောင်ခိုဂိုဏ်းတစ်ခုအား ဆင်းတုတော် ၅၇ဆူအား အရောင်းအ၀ယ်ပြုလုပ်ရန်ပြင်ဆင်စဉ်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရန်ကုန်အခြေစိုက် ရခိုင်လူမှုအသင်းအဖွဲ့များ က ပူးပေါင်းဖေါ်ထုတ် ဖမ်းဆီးလိုက်ကြောင်းသိရသည်။

          နိုဝင်ဘာလ ၁၈ ရက်နေ့က ရခိုင်ရှေ့ဟောင်းဘုရားများအရောင်းအ၀ယ်ပြုလုပ်မည့် ဘုရားမှောင်ခိုဂိုဏ်း အခြေစိုက်လှုပ်ရှားရာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ ပြည်သူ့ ကွက် သစ် (၁) လမ်းတွင်ရှိသော မအူပင်ကျောင်းတိုက်အတွင်း သီတင်းသုံးသည့် အသက်၄၀ ကျော်အရွယ် သံဃာ တော် တစ်ပါးအား ၎င်း၏ လက်ဆွဲအိပ်ထဲတွင်ထည့်ထားသည့် ဘုရားဆင်းတုတော် (၁၈) ဆူနှင့်အတူ လက်ပူးလက်ကြပ်ဖမ်းဆီးနိုင်ခဲ့သည်။

           စမ်းချောင်းမြို့မရဲစခန်းမှူး၏ ဆက်လက်ဖေါ်ထုတ်စစ်ဆေးချက်အရ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၅၄)ရပ်ကွက်၊ ဇေယျာမြိုင်လမ်းတွင် နေထိုင်သည့် အသက် ၄၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး နေအိမ်မှာ ရခိုင် ရှေ့ဟောင်း ဆင်းထုတော် ၃၉ဆူ တို့အား ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

         ဘုရားဆင်းတုတော်များ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မြောက်ဦးမြို့မှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် မင်းပြားမြို့မှ ဆရာတော်ကြီးတစ်ပါးတို့က ရဲစခန်းတွင်ဘုရားပျောက်ဆုံးမှုအမှုဖွင့်ထားခဲ့သည်။ မြောက်ဦးမြို့မှ ရှေ့ဟောင်း ဘုရားဆင်းတုတော်အမြောက်အမြားတို့အား ရန်ကုန်မြို့မှ တစ်ဆင့် နိုင်ငံခြားသို့ ခိုးထုတ်ရ ကြံစည် နေသော ဘုရားမှောင်ခိုဂိုဏ်းအား ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့က သတင်းအချက်အလက်အခိုင်အမာရရှိခဲ့သည်။

           MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က ရခိုင်သားကြီးစာပေမှ ဦးလှမြင့်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရခိုင်သဟာယအသင်းနှင့်ရခိုင်မောင်မယ်တံမျက်စည်းလှဲအသင်းတို့အား မြောက်ဦးရှေ့ဟောင်းဘုရားဆင်းတုတော်များ၏အခြေအနေများကို တင်ပြခဲ့သည်။

           ဘုရားမှောင်ခိုဂိုဏ်းအား ဖမ်းဆီးရာတွင်ပါဝင်ခဲ့သော ရခိုင်မောင်မယ် တံမျက်စည်းလှဲ အသင်း ဥက္ကဌ ဦးခင်မောင်သန်း က “သူတို့က ဆင်းတုတော်၁၂ဆူကိုကျပ်ငွေသိန်း ၇၅၀ နဲ့ ရောင်းမယ်လို့ဈေးခေါ်တယ်။ အယင်နေ့က ကြားပွဲစားနဲ့ ကျနော်တွေ့ပြီး ကျပ်ငွေသိန်း ၃၂၀ နဲ့ ဈေးဖြတ်ကြတယ်။ ပွဲစားက ဟိုရွှေ့လိုက်ဒီရွှေ့လိုက်ဖြစ်နေတယ်။ ပွဲစားကိုရဲတွေနဲ့အယင်ဖမ်းလိုက်တယ်။ ပြီးတော့ ဂိုဏ်းခေါင်းဆောင်ဘုန်းကြီးကိုဖမ်းတယ်။ ပြီးမှ အမျိုးသမီးကို ဖမ်းလိုက်တယ်။ ရှေ့ဟောင်းဘုရားဆင်းတုတော်တွေ ဘယ်လောက် အထိယူလာသလဲတော့မသိဘူး။ ဟိုလူ့ တစ်ဆူ ဒီလူ့တစ်ဆူပေးထားတယ်ဆိုတာလည်းသိရာတယ်။ တာဝန်ရှိသူတွေ ဆက်လက်ဖေါ်ထုတ်ပါ လိမ့်မယ်” ဟုပြောသည်။     
 
ဘုရားမှောင်ခိုဂိုဏ်းအား စမ်းချောင်းမြို့မရဲစခန်မှာ (ပ)၃၆၉/၂၀၁၅ ပြစ်မှုပုဒ်မ-၃၈၀/၅၄/၂၉၅ တို့ဖြင့် စစ်ဆေး လျှက်ရှိကြောင်းသိရသည်။

        ဖမ်းဆီးမိသေဘုရား ဆင်းတုတော်များတွင် အေဒီ၆၂၉ခန့်ကသွန်းလုပ်သည့်ဘုရား ဆင်းတုတော် အမြောက်အမြားပါဝင်ပါသည်။ သိမ်းဆည်းရမိသည့် ဘုရားများတွင် ဥာဏ်တော် ၁၁လက္မခွဲအရွယ် ဝေသာ လီခေတ်ဘုရားဆင်းတုတော်များနှင့် ၈လက်မ၊ ၆လက္မများအပြင် အသေးဆုံးမှာ ၂လက္မခွဲအရွယ် အထိပါဝင်ပါသည်။

         မြောက်ဦးမြို့မှ ရှေ့ဟောင်းဘုရားများအား ရှစ်သောင်းဘုရားအနီးတွင်နိဗာန်ဈေးရောင်းသူတစ်ဦးက ဒိုင်ခံစုဆောင်းပေးကြောင်း၊ ကာလအတန်ကြာကပင် ယခုဂိုဏ်းမှာတည်ရှိနေခဲ့ကြောင်း၊ ထိုင်းနိုင်ငံနှင့် ဟောင်ကောင်နိုင်ငံများသို့ရောင်းချခဲ့ပြီဖြစ်ကြောင်း ဖမ်းဆီးခံရသည့်ပွဲစား၏ပြောပြချက်အရသိရသည်။   

        ၂၀၁၅ ခု ဇူလိုင်လ ၉ ရက်နေ့က စစ်တွေမြို့တွင်ရှိသော ရခိုင်ပြည်နယ်ယဉ်ကျေးမှု ပြတိုက်မှု ဒေါ်သူဇာဇံ မှ ဝေသာလီခေတ်လက်ရာ ကျောက်စာနှင့် ရှေဟောင်းကျောက်ရုပ်ထုတို့အား  နေပြည်တော်သို့ ပို့ဆောင်ရန် ပြင်ဆင်စဉ် စစ်တွေကားဂိတ်တွင် ဒေသခံများက အချိန်မီတားမြစ်နိုင်ခဲ့သဖြင့် မပို့ဆောင်နိုင်ခဲ့ပေ။

         ကမ္ဘာပေါ်တွင် ဆဲရဲမွဲတေမှုအနိမ့်ကျဆုံးစါရင်းဝင်ဖြစ်သော မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်အဖြစ်သတ်မှတ်ခံထားရသည်။ ထိုအခြေအနေများကြောင့် ရခိုင်ပြည်နယ်မှ အဖိုးမဖြတ်နိုင်သော ရှေ့ဟောင်းအမွေအနှစ်တို့၏ လုံခြုံရေးမှာ အထူးစိုးရိမ်စရာဖြစ်နေမှာသေချာပါသည်။

            နိုင်ငံခြားအကြမ်းဖက်အုပ်စုများဝင်ရောက်နိုင်သည့်သတင်းကြောင့် မြန်မာအာဏာပိုင်တို့သည် ရခိုင်ပြည်နယ်မှ ပြည်မဘက်သို့လာကြသည့် ခရီးသည်တင် မော်တော်ကားများအား မိုင်းရှာကိရိယာများ၊ အနံ့ခံခွေး များဖြင့်စစ်ဆေးနေကြောင်းသိရှိရသည်။


20 November 2015

"ခေတ်ကိုထင်ဟပ်သော ကဗျာနှင့်ကာတွန်း"



ထိုင်းရဲဗိုလ်ချုပ် ရဲတပ်ဖွဲ့က နှုတ်ထွက်



20 November 2015 05:16(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

 ထိုင်းတောင်ပိုင်းက လူကုန်ကူး ခံရတဲ့ ရုပ်အလောင်းတွေ တူးဖော်
 ထိုင်း တောင်ပိုင်း ရိုဟင်ဂျာ လူကုန်ကူးမှုမှာ ပါဝင် ပတ်သက်သူ တွေကို စစ်ဆေး ဖော်ထုတ် ခဲ့ သူ ရဲဗိုလ်ချုပ် ပဝင်း ဖုန်းစီရင်း သူ့အတွက် အသက် အန္တရာယ် ရှိနိုင်တယ် ဆိုပြီး ရဲတပ်ဖွဲ့ က နေ နှုတ်ထွက် သွားပါတယ်။

           လူကုန်ကူးမှုမှာ ပါဝင်တဲ့ စစ်တပ် အရာရှိ၊ ရဲအရာရှိနဲ့ ဒေသ အဆင့် နိုင်ငံရေး သမား တွေ အပါအဝင် လူ ၉ဝ နီးပါး ကို ရဲဗိုလ်ချုပ် ဖုန်းစီရင်း က တာဝန်ယူ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

      အဲ့ဒီလို လူကုန်ကူး သူတွေ ကြီးစိုးတဲ့ နေရာ ထိုင်းတောင်ပိုင်း ကို ရဲဗိုလ်ချုပ် ပဝင်း ဖုန်းစီရင်း ကို တာဝန်ချ လိုက်တဲ့ အတွက် သူ့အတွက် အသက် အန္တရာယ် ရှိနေနိုင် တယ် လို့ သူက ဆိုပါတယ်။

အဲ့ဒီဒေသ ကို မပို့ဖို့ အထက် အရာရှိ တွေကို တင်ပြခဲ့ပေမယ့် လက်မခံ တာကြောင့် ရဲတပ်ဖွဲ့ ကနေ နှုတ်ထွက်စာ တင်ခဲ့ရတာ ဖြစ်တယ် လို့ ထိုင်းသတင်းဌာန တချို့ ကို ရဲဗိုလ်ချုပ် ဖုန်းစီရင်း ကပြောပါတယ်။

            အခုလို နှုတ်ထွက် ခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရ က လူကုန်ကူးမှု ကို ထိထိ ရောက်ရောက် ကိုင်တွယ် ချင်ပုံ မရဘူးလို့ ဝေဖန်မှုတွေ ထွက်ခဲ့ပါတယ်။

             ထိုင်းတောင်ပိုင်း သတင်းတွေကို အထူးပြု ရေးသားနေတဲ့ ဘီဘီစီ ထိုင်းဌာနက နွမ်းနွိုင့် ထမ်မစထီယန် က အခုလို သုံးသပ်ပါတယ်။

            '
ရဲဗိုလ်ချုပ် ပဝင်း ဖုန်းစီရင်း ကို အခုလို ခြိမ်းခြောက် ခံရတာမျိုး တာဝန်ယူ ပေးမယ့်သူ မရှိ ဆိုရင်တော့ နောက်ပိုင်း အမှု ကြီးကြီး တွေကို ကိုယ်တွယ် သူ ရှိမှာ မဟုတ်ဘူး။ ကိုင်တွယ် ဆိုရင် လည်း ထိထိ ရောက်ရောက် လုပ်မှာ မဟုတ်ဘူး။ အထူးသဖြင့် လူကုန်ကူးမှု ဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံ တွေက ထိုင်းကို လက်ညှိုး ထိုးနေတဲ့ အချက် လည်း ဖြစ်တယ်။ ဖုန်းစီရင်း နှုတ်ထွက် သွားတာ ဟာ ထိုင်း ရဲတပ်ဖွဲ့ ကို အများက ဝေဖန်စရာ ဖြစ်နေတယ် 'လို့ ပြောသွား ပါတယ်။

နှုတ်ထွက် သွားတဲ့ ရဲဗိုလ်ချုပ် ပဝင်း ဖုန်းစီရင်း ဟာ အခုအခါ နိုင်ငံခြားမှာ သွား ရောက် နေထိုင်နေပြီ ဖြစ်ပါတယ်။

ရိုဟင်ဂျာ လူကုန်ကူးမှု ကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုနဲ့ သက်သေအထောက်အထား တွေနဲ့ အမှု တည်ဆောက် ပြီးပြီ ဖြစ်လို့ အစိုးရ ရှေ့နေချုပ်ရုံး ကို လွှဲပြောင်း ပေးထားပြီ ဖြစ်ပါတယ်။

တရားစွဲဆိုမှု ကိုတော့ ရှေ့နေချုပ် ရုံးက ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

17 November 2015

“မြန်မာပြန်မည့် အထောက်ထာရှိ မိန်းကလေးတစ်ဦး မဟာချိုင်ပုလိပ်ဖမ်းဆီးငွေညှစ်ခြင်း MATကူညီ



17.11.2015
မဟာချိုင်
သတင်း-စောဆန်း

 ပတ်စပို့နှင့်အလုပ်လုပ်ခွင့်ဝတ်ပါမစ်အပြည့်အစုံရှိသည့် မြန်မာ
အလုပ်သမတစ်ဦးအား မဟာချိုင် ပုလိပ်မှ ဖမ်းဆီး၍  ငွေညှစ်ခြင်းခံရ သဖြင့်  မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်
MAT အဖွဲ့က ကူညီဖြေရှင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ကတန်မြို့ရှိ ရော်ဘာအစေးခြစ်လုပ်ငန်း၌ လုပ်ကိုင်နေသူ  မနွေနွေးဦးသည် မိမိနေရပ် မြန်မာပြည် မွန်ပြည်နယ်
အပေါင်မြို့နယ် စွယ်တော်ရပ်ကျေးရွာသို့ ပြန်ရန် လိုင်းကားဖြင့် ဘန်ကောက်သို့ စီးနင်းလိုက်ပါခဲ့ရာ အဒေါ်ဖြစ်သူ နေထိုင်သည့် မဟာချိုင်မြို့သို့ခေတ္တခဏ၀င်လည်ရန်  ယနေ့နံနက် ၄ နာရီခွဲ၌ မနွေးနွေးဦး စီးနင်းလိုက်ပါလာသည့် ကားသည့် မဟာချိုင်မြို့ သလာဒ်ကုန့်သို့ရောက်ရှိရာ ကားပေါ်မှအဆင် နယ်မြေခံ ပုလိပ်မှ ခေါ်ယူစစ်ဆေးခံခဲ့ရပါသည်။

10 November 2015

အလုပ်သမားများ၏ လုပ်အားခများရရှိရန် MATအဖွဲ့မှ ကူညီပေး


 အထည်ချုပ်လုပ်ငန်း ရုတ်တရက်အလုပ်နားသောကြောင့် မြန်မာအလုပ်သမားများမှ မိမိတို့ရရှိမည့် နစ်နာကြေးများနှင့် လုပ်အားခများရရှိရန် အလုပ်ရှင်၌ တောင်းဆိုခဲ့ကြရာ အဆင်မပြေသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ကော်မတီက ကူညီပေးခဲ့ရကြောင်း သိရသည်။