30 September 2013

“ကျနော်တို့ ဘာမှ မလုပ်ပဲနေခြင်းသည်သာအန္တရာယ်အကင်းဆုံးဖြစ်ချေမည်”



                “ကျနော်တို့ ဘာမှ မလုပ်ပဲနေခြင်းသည်သာအန္တရာယ်အကင်းဆုံးဖြစ်ချေမည်”

   လူကုန်ကူးမှုတိုက်ဖျက်ရေးကို တရားမ၀င် ဆင်စွယ်ရောင်းဝယ်ရေးလို၊ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးလို အင်တိုက်အားတိုက်မလုပ်မချင်း၊ တိတိ ကျကျပြတ်ပြတ်သားသားမလုပ်မချင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဟာ ဒီကမ္ဘာပေါ်ကပျောက်ကွယ်သွား စရာမရှိ။ လက်ရှိအခြေအနေမှာ လူကုန်ကူးမှုက ပပျောက်ဖို့နေနေသာသာ လျှော့နည်းလာခြင်းေ တာင် မရှိဘူး။ ကျနော်တို့ပဲ တစ်နေ့မဟုတ်တစ်နေ့ အပြတ်အရှင်းခံရလိမ့်မယ်။

“မြန်မာအလုပ်သမားတွေ မြန်မာအဆိုတော်တွေကို အားပေးခွင့်ရသွားတယ်”

 စက်တင်ဘာ ၃၀ ခရမ်းသားလေး
         ထိုင်းနိုင်ငံလှချပူရီမြို့ တလာစီမွန် (အသီးအနှံရောင်းတဲ့ဈေးကြီး)  တွင်  စက်တင်ဘာ၂၈ရက်နှင့်  ၂၉ရက် ညများတွင်   မြန်မာအဆိုတော်များစတိတ်ရှိုးအောင်ြ မင်စွာ ပြီးစီးခဲ့ကြောင်းသိရသည်။
 လူတစ်ဦးရုံဝင်ကြေး ဘတ်ငွေ ၄၀၀ ဖြစ် ပြီး တစ်ညလျှင် အလုပ်သမား ပေါင်းလေး
ထော င်ကျော်ခန့်လာရောက် ကြည့်ရှုကြ သဖြင့် ပွဲကျင်းပကြ သူ များ အဆင်ပြေကြ သည်ဟုသိရသည်။

28 September 2013

“ပန်းရံအလုပ်သမား၁၁၀ ဦးနှင့်လုပ်ငန်းရှင်ကိုယ်စားလှယ်သဘောတူညီမှုပြု”



 စက်တင်ဘာ ၂၈ မြတ်ညို(အလွတ်သတင်းထောက်)
                   ထိုင်းနိုင်ငံတောင်ပိုင်းမလေးရှားနယ် စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ်မှ AEKSUPACHOK  ဆောက်လုပ်   ရေး  ကုမ္ပဏီ အလုပ်သမား  ၁၁၀ ဦးတို့၏ လုပ်အားခအား အောက်တိုဘာလ ၄ရက်နေ့တွင် ရှင်းပေးမည်ဖြစ်ကြောင်း အလုပ်ရှင်၏  ကိုယ်စား လှယ် လုပ်သူက နယ်မြေ ရဲစခန်းတွင် သဘောတူ လက်မှတ်ထိုးလိုက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
           ဦးဆောင်ဦးရွက်ပြုနေသည့် မရည်မွန်ေ ကျာ် ကသမီးတို့ကို  ဒီနေ့ ရဲစခန်းက ငါးကီလို ဆန်   ၃အိပ်ဝယ်ပေး ပါတယ်။  
 အဲဒါလေးကိုချက်စားကြတာပါ။ နက်ဖြန် သမီးတို့ကို အကူညီပေးကြမယ့်သူမရှိရင် သမီးတို့စားစရာမရှိပါ။ ထိုင်းနိုင်ငံမှာ သမီး တို့က ဘတ်ငွေတစ်သောင်းနှစ် စ်သောင်း အကုန်အကျခံပြီးတော့ ပတ် စပို့လုပ် ထားတဲ့အလုပ်သမားေ တွပါ။

26 September 2013

“လုပ်အားခမရသည့်ပန်းရံအလုပ်သမားများမြို့ပိုင်ရုံးကိုချီတက်”


စက်တင်ဘာ ၂၆ မြတ်ညို (အလွတ်သတင်းထောက်)
            စက်တင်ဘာလ၂၆ရက်နေ့တွင်လုပ်အားခရှင်းပေးမည်ဟု လုပ်ငန်းရှင်ကပြော ဆိုခဲ့သော်လည်း  ရှင်းမပေးသဖြင့်   ပန်းရံဆိုဒ်မှ   မြန်မာအ လုပ်သမားများ ၅နာရီခန့် လမ်း လျှောက်လာကြရာ မြို့ပိုင်ရုံးသို့ရောက်ရှိသွားကြပြီဖြစ်သည်။
            ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ် တွင် ရှိသော  AEKSUPACHOKဆောက်လုပ်ရေး ကုမ္ပဏီတွင် အလုပ် လုပ်ကြ သည့်  အလုပ်သမား ၁၁၀ဦးတို့ရ ရန်ငွေမှာ ဘတ်ငွေ   လေးသိန်း    ကျော်ဖြစ်သည်။ ထိုငွေများအား လုပ်ငန်းရှင်က  မရှင်းပေးသဖြင့် စက်တင် ဘာလ ၇ ရက်နေ့ကတည်းကပင် အလုပ်သမားများ အလုပ် မဆင်းပဲ နေ ခဲ့ကြသည်။

“လူလိမ်လင်မယား၂ဦးအားတွေ့ရှိပါက အကြောင်းကြားပေးကြပါရန်”




       အောင်ဝင်းမြင့် အသက် ၄၁ နှစ် ယာယီပတ်ပို့ အမှတ် TD 062847   နှင့်   အေးသက်မွန် အသက် ၃၃ နှစ်  ယာယီပတ်စပို့အမှတ် TD 062535  ဇနီး   မောင်နှံ ၂ဦး တို့သည် ဘန်ကောက်မြို့ ဖက်ကဆင်  ၉၅ လမ်းတွင် နေထိုင်ကြ သည့်ချည် ထည်နှင့်    ဆေးဆိုးပန်းရိုက် စက်ရုံအလုပ်သမား၁၄ဦးတို့ထံမှ စုစုပေါင်း ဘတ်ငွေ တစ်သိန်းခြောက်ထောင် လိမ် လည်သွားခဲ့ပြီးနောက် ဘန်ကောက်မြို့နှင့် အနီးပတ် ၀န်းကျင်တို့တွင်  ရှောင်တိမ်းနေ ထိုင်နေကြောင်းသိရှိရသည်။

25 September 2013

“မြန်မာနိုင်ငံကူးလက်စာအုပ်အတုဖြင့်အလုပ်သမား၃ဦးအားဖမ်းမိ”




စက်တင်ဘာ ၂၅ မြတ်ညို(အလွတ်သတင်းထောက်)




စက်တင်ဘာ ၂၅ မြတ်ညို(အလွတ်သတင်းထောက်)

                  မဲဆောက်/မြ၀တီက မြန်မာပွဲစား တစ်ဦးထံမှာ ဘတ်ငွေ ၁၆,၀၀၀ နဲ့ပြီးစလွယ်ဝယ်ယူပြီး ဘန်ကောက်မြို့ကို အလုပ်လုပ်ရန် လာခဲ့ကြသည့် မြန်မာအလုပ်သမား ၃ဦးအား စက်တင်ဘာ၂၄ ရက် ညဥ့်ဦးပိုင်းတွင် မဲဆောက်အထွက်   ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
          တွေ့ရှိချက်များအရ အဆိုပါ အလုပ်သမားသုံးဦးတို့မှာ  ပဲခူးတိုင်း  ဒိုက်ဦးမြို့နယ်၊လယ်ခြားမြောင်းကျေးရွာမှ ဦးအေး  ခန်း+ဒေါ်ခင်မာချို တို့သမီး၏ အမည်ရင်းမှာ မသီရိအေးဖြစ်ပြီး ပတ်စပို့စာအုပ်တွင် (ယဉ်ယဉ်သန်း) နှင့် တရွာတည်းမှ ဦးခင်ရွှေ+ဒေါ်သိန်းဝင်း တို့သမီး၏ အမည်ရင်းမှာ ပန်းအိဖြူ ပတ်စပို့စာအုပ်တွင် (ခင်သန်းရွှေ)တို့ဖြစ်သည်။ တတိယ တစ်ဦးမှာ ကရင်ပြည်နယ်၊နောင်လုံအရှေ့ကျေးရွာမှဦးလှထွေး + ဒေါ်စန်းမြင့် သား၏အမည်ရင်းမှာ ကိုမျိုးဦး ဖြစ်ပြီး ပတ်စပို့တွင်  (ကိုတင်) ဖြစ်နေပါသည်။
               ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့MAT မှ ရုံးတာဝန်ခံ ကိုစိုင်းအေး က
“ကျနော်တို့ရုံးက မြန်မာသံရုံးအကူညီနဲ့ တစ်နေ့က ကယ်တင် ခဲ့တဲ့ စစ်ကိုင်းတိုင်းယင်းမာပင် မြို့နယ်၊ ချင်းပုန်း ကျေးရွာက မိန်းကလေး  ၄ယောက်ကို ကားငှါးပြီးတော့ သွားပို့တာ မဲဆောက်အ၀င်ဂိတ်မှာ ထိုင်းလ၀က က ကျနော်တို့ ကိုဘာ သာပြန်ပေးဖို့ အကူညီးေ တာင်းပါတယ်။ ကျနော်တို့ စာအုပ်   တွေနဲ့ တိုက်ကြည့်ပါတယ်။ ခက်တာက ထိုင်းမှာက  ပတ်စပို့ အတုလုပ်တဲ့သူတို့ တံဆိပ်တုံးအတုထုတဲ့သူတို့ကို မဖမ်းဘူး။ 


"တရားမ၀င်လူတင်သွင်းခြင်းခံရပြီးပြည့်တန်ဆာရုံကိုရောင်းစားခံရဆဲလွတ်မြောက်လာသူ၎ဦး"

22 September 2013

“ပြည့်တန်ဆာအဖြစ်ရောင်းစားခံရဆဲ အလုပ်သမား၎ဦးအားကယ်တင်”



စက်တင်ဘာ ၂၂ ခရမ်းသားလေး
              ပတ်စပို့ရှိသည့် မြန်မာအလုပ်သမ ၄ဦး အား ၄ ရက်အတွင်း ဘတ်ငွေ ၄၆၀၀၀ ထပ်မံ မပေး ဆောင်ပါ က ပြည့်တန်ဆာ ရုံသို့ ပို့ဆောင်မည် ဟု ခြိမ်းခြောက်ပြော ဆိုခံရသူများအား ပူးပေါင်းအဖွဲ့ များက ယမန်နေ့က အချိန်မီ ကယ်တင်နိုင်လိုက်ေ ကြာင်း သိရှိရသည်။ 
         ယမန်နေ့ နံနက် ၇နာရီကျော်အချိန်တွင် ဘန်ကောက်မြို့ဖလန်ဆောင်နယ်မြေ၊ ၀င်ဝယ် စင်ထလေ လိုတ အနီး  ၂၆လမ်းတွင်ရှိသော အိမ်အမှတ်  ၁၆  ၏ ဒုတိယ ထပ် အခန်းအမှတ် ၂၂၆ တွင် ထားရှိသည့်စဉ် ပူး ပေါင်း အဖွဲ့တို့က ကယ်ထုတ်နိုင် ခဲ့ခြင်း   ဖြစ်သည်။ စက်တင်ဘာ ၂၀ရက်နေ့ညနေ၇နာရီကျော် က မူလထား ခဲ့သည့် ဘန်ကောက်မြို့ ဘန်ခွန်ထီ ယန် ၁၄ လမ်း ငါးသေတ္တာရုံဟောင်းလမ်း အခန်းတစ်ခုမှ ယခုဖမ်းမိ သည့် နေရာသို့ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ် လသည်။

20 September 2013

"ပြင်လိုစိတ်ရှိဖို့လိုတယ်"



                                                “ပြင်လိုစိတ်ရှိဖိုလိုတယ်”
       မိဘတိုင်း သားသမီးတွေကိုချစ်ကြတယ်။ ဆင်စီးပြီးမြင်းရံချင်ကြတာ မိဘတိုင်း ရဲ့ဆန္ဒပဲ။ လိမ္မာယဉ်ကျေးတဲ့သားသမီးတိုင်းကို မိဘတိုင်းလိုချင်ကြတယ်။ မိဘတိုင်း ဟာ သားသမီးကို ချမ်းသာ ကြီးပွားထိပ်တန်းရောက်စေချင်ကြတဲ့ စေတနာရှိကြတယ်။ အငြင်းပွားဖွယ်မရှိ။ နိုင်ငံသားတိုင်းလည်း မိမိတိုင်းပြည်ကို ကြီးပွားတိုးတက်စေ ချင်ကြ မှာဖြစ်သလို  ခေတ်မီဖွံ့ဖြိုးတိုး တက်စေချင်မှာလည်း မြေကြီးလက်ခပ်မလွဲဘူလို့ ယူဆ တယ်။ 

“မြန်မာပြည် ဘာကြောင့်မွဲခဲ့ရသလဲ”
               မြန်မာစစ်အာဏာရှင် အဆက်ဆက်ပြောခဲ့ကြတာကတော့ တိုင်းပြည် ကိုချစ်တယ်။ အချုပ်အခြာ အာဏာကိုကာကွယ်စောင့်ရှောက် တယ်။ မဆလ ခေတ် မှာများဆိုရင် အနှစ် ၂၀- အနှစ်၃၀ စီမံကိန်းတွေ ဘယ်လောက်အောင်မြင်ကြောင်း
တွေ  နိုင်ငံပိုင် မီဒီယာတွေမှာ မိုးလုံးပြည့် မုသားဝါဒတွေနဲ့ လိမ်လည်လှည့် ဖြားခဲ့ကြ တယ်။   နအဖ-န၀တ ခေတ်မှာ ကျတော့ မြစ်တွေ့လျှင် တံတားဆင်၊ ပြည်ရွာ အ
ရောက်လမ်းတွေ ဖေါက်။ စိုက်ပျိုးရေးတိုင်းပြည်မို့ စိုက်ပျိုးရေတွေရဖို့   ဆောက်လိုက် တဲ့ ဆည်မြောင်းတံမံတွေ၊ လုပ်လိုက်တဲ့  ဖြင့္ပြဲေ တြ။