ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအတွက် အမှုမှန်ပေါ်ပေါက်ရေ်း ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံမြန်မာသံရုံးက အထူးဖွဲ့စည်ထားတဲ့ အထူးစုံစမ်းစစ်ဆေး
ရေးကော်မတီဝင် ဦးကျော်သောင်းကို Black List သွင်းတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်က နိုင်ငံတော် သမ္မတဆီကို နိုဝင်ဘာ ၇ ရက်နေ့က စာတင်ထားတယ်လို့ သိရပါတယ်။ "" " မြန်မာသံရုံးအနေနဲ့ အထူးဖွဲ့စည်းထားတဲ့ အထူးအဖွဲရဲ့ ကော်မီတီတစ်ယောက်ကို
အခုလို အမည်ပျက်စာရင်း သွင်းထာတာဟာ မလုပ်သင့်တဲ့ကိစ္စဖြစ်ကြောင်းနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့။ အဓိကတောင်ဆိုထားပါတယ်။ အခုလိုကိုယ်တွေရဲ့ ကော်မီတီဝင်တစ်ယောက် ကို အမည်ပျက်စာရင်းသွင်းထားတဲ့အတွက်ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းအလုပ်သမား အခွင့်အရေးကာကွယ်ရေး လုပ်ငန်းတွေ
လုပ်တဲ့အချိန်မှာ အဟန့်အတားတွေအများကြီးဖြစ်လာနိုင်တယ်" လို့ ဦးထူးချစ်က
ပြောပါတယ်။