27 April 2015

“မြန်မာတွေထမင်း ၀,၀လင်လင်စားရဖို့ဆိုရင်”


၂၀၁၅ ခု ဧပြီလ၂၇ ရက်နေ့(ယနေ့ထုတ်) မြန်မာပို့စ် သတင်းစာဂျာနယ်ပါ
 ဆောင်းပါးအား အွန်လိုင်းစာဖတ်သူများအတွက် ကူးယူဖေါ်ပြပါသည်။               


              ကိုယ်က ဘာကောင်မှမဟုတ်။ သာမန်နိုင်ငံသား အလုပ်သမားလူတန်းစား။ ဒါပေမယ့် တိုင်းပြည် အပေါ်မှာစေတနာကတော့ အကြံပေးဒေါက်တာတွေထက် နှမ်းတစ်စေ့မှမလျှော့ဘူး ဆိုတာတော့အာမခံ တယ်။ တိုင်းပြည်အရေး တွေးမိတိုင်း ရင်လေးမိတာတော့အမှန်ပဲ။ အမှောင်ခေတ်မှာ လူဖြစ်ခဲ့ရတယ်။  စနစ်ဆိုးရဲ့ခါးသီးမှု ဒဏ်ကို ပယ်ပယ်နယ်နယ်ခံစားခဲ့ရတယ်။ လယ်သမားဘ၀တုန်းက တစ်နှစ်ပတ်လုံး ပင်ပင် ပန်းပန်းလုပ်ထားတဲ့ စပါးတွေကို အစိုးရစပါးအ၀ယ်ဒိုင်သို့ လှေတတန် လှည်းတတန်နဲ့ တာဝန်ကျေစပါးတွေနှစ်စဉ်ပို့ခဲ့ရတာ ဘယ်မေ့နိုင်လိမ့်မလဲ။

          ၂၀၁၁ ခုနှစ်မှာ အသွင်းပြောင်းအစိုးရတက်ပြီး  အလင်းခေတ်တစ်ခုကိုစတင် ထွန်းညှိခဲ့ကြလေမလား လို့မျှော်လင့်ခဲ့ကြတယ်။ ဒီဘ၀ခန္ဓာမပြောင်းခင် တရားဥပဒေ စိုးမိုးတဲ့ လွတ်လပ်ပြီး ခေတ်မီတဲ့၊ လူသားဆန် တဲ့ ခေတ်သစ်တစ်ခုထဲမှာ မျိုးဆက်သစ်တွေကို ထားရစ်ခဲ့နိုင်မလားလို့ မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ မိတယ်။

          ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံရပ်ခြားတိုင်းတပါးမှာ ဆယ်စုနဲ့ကြာ လုပ်ကိုင် စားသောက်ပြီး နေထိုင် တာကြောင့် လွတ်လပ်တဲ့သတင်းလောကရဲ့အသီးအပွင့်တွေကြောင့် အမိမြန်မာနိုင်တော်ကြီးဘာဖြစ်နေ သလဲဆိုတာ စင်ပေါ်တင်ကြည့်သလို မြင်သိခွင့်ရရှိနေတယ်။ လမ်းပန်းဆက်သွယ်ရေး ယခုတိုင်တိုးတက်မှု မရှိသေးတဲ့မြန်မာနိုင်ငံမှာ  အယင်ကာလကထက် အနည်းငယ်သာတာကလွဲရင် ထူးမခြားနားပဲ။ တစ်နေရာ က အဖြစ်အပျက်တစ်ခုကို နောက်တစ်နေရာက ချက်ခြင်းသိဖို့ အဆင့်သင့်မဖြစ်ကြသေး ဘူး။ ပြည်ပကမ္ဘာ မှာနေထိုင်တဲ့ ကျနော်တို့ကျတော့  အလျှင်အမြန် သိခွင့်ရရှိနေပါတယ်။
          



            တိုင်းပြည်အပြောင်းအလဲကို လည်ပင်းညောင်ရေအိုးဖြစ်အောင် စောင့်မျှော်ရင်း လေးနှစ်ကျော် ငါးနှစ် သမ္မတသက်တမ်းသာကုန်တော့မယ် တိုးတက်မှုက ဖြစ်သင့်သလောက်ဖြစ်မလာ။ အခြေခံရင်းမြစ် ကိုလေ့လာဆန်းစစ်တဲ့အခါ နည်းမှန်လမ်းမှန်ဘက်ကိုရောက်မလာပဲ အပြောတမျိုး အလုပ်တမျိုးတွေ ပိုမို များပြားလာပြီးတော့ လူထုယုံကြည်မှုပါ နည်းပါးလာတာကိုတွေ့ရှိရပါတယ် ။ ရွှေပြည်တော်မျှော်တိုင်းဝေး ရတော့မလား။

          မိမိအပါအ၀င်လေးသန်းထက်မနည်းထိုင်းနိုင်ငံကိုရောက်နေကြတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမား
 တွေ  လယ်သမားတွေ မိမိတိုင်းပြည်မှာ ကောင်းမွန်စွာ စိုက်ပျိုးလုပ်ကိုင် နေထိုင်ခွင့်ရနိုင်ကြမလဲ။ အလုပ်လုပ်လို့ မကြောင့်မကျ မတောင်းမတ စားနိုင် သောက်နိုင် ၀တ်နိုင်တဲ့ အနေအထားဘယ်အချိန်မှာ
 ဖြစ်နိုင်မလဲ။ ဒီအခင်းအကျင်းကို   ရောက်ဖို့ ခြေတစ်လှမ်းများစနေပြီလား။ ဘယ်က စ,နေလဲ။ ဘယ်လိုလုပ် မှာလဲ။   ဘယ်လောက်လုပ်မှာလဲ။ ဘယ်အချိန်ကာလကို ပန်းတိုင်လို့သတ်မှတ်သလဲ။

           တိုင်းပြည်ရဲ့၈၀ရာခိုင်နုန်းသောလယ်သမားဘ၀တွေကို နိုင်ငံတကာချေးငွေတွေနဲ့ ဘာလုပ် ပါတယ်။ ညာလုပ်ပါတယ်ဆိုတာကလွဲရင် လယ်သမားတွေဟာလယ်ယာမြေကို စွန့်ခွာပြီး ထိုင်းနိုင်ငံ ကို အလုပ်သမားအဖြစ်ထွက်ခွာနေကြတာကြောင့် လယ်ယာလုပ်သားရှားပါးမှုကိုမြန်မာ တပြည် လုံးကြုံတွေ့နေကြပြီဖြစ်ပါတယ်။ “လယ်လုပ်ထမင်းငတ်” ဆိုတဲ့စကားက မြန်မာလယ်တောမှာ ကမ္ဗည်းအက္ခရာတင်နေတယ်။

             တောင်သူလယ်သမားကိုဦးစားပေးတယ်  ဆိုတဲ့ ဖိန့်လုံး လှိမ့်လုံးက နှစ်ခြောက်ဆယ် ကြား ခဲ့ရပြီ။ ဖိနပ်မစီးနိုင်တဲ့လယ်သမားတွေနဲ့ အင်းကျီစုတ်၊ ပုဆိုး စုတ်နဲ့ မ၀ရေစာ စားနေရဆဲပါ။ အုပ်ချုပ်အဆက်ဆက် ဖိနှိပ်မှုကို လည်စင်းခံခဲ့ရတာ လယ်သမားပါပဲ။ သမ္မတ ဦးသိန်းစိန် တက်လာ ပြီး ငါးနှစ်ပြည့်ခါနီးသည့် တိုင်အောင် လယ်သမားတွေ ဘ၀တိုးတက်ဖို့ ရောင်ခြည်မမြင်သေးပါ။ တိုးတက်တဲ့တိုင်းပြည်က လယ်မြေတွေနဲ့ မြန်မာပြည်က လယ်ကွက်တွေ ဘာတွေကွာနေလဲဆိုတာ   လေယာဉ်ပေါ်ကတစ်ချက်ကလေးလောက် အာရုံစိုက်ပြီး ကြည့်ဖူးတဲ့ ၀န်ကြီးရှိသလားဆိုတာ သံသယ ဖြစ်စရာပါ။

          ဒုတိယလူတန်းစားဖြစ်တဲ့ တိုင်းပြည်မှာအများဆုံးလည်းဖြစ်တဲ့ အလုပ်သမား လူတန်းစားတွေရဲ့ အခြေခံလုပ်ခကို ဒီနေ့အချိန်အထိ ဦးသိန်းစိန် အစိုးရအဖွဲ့  မသတ်မှတ်နိုင်သေးတာ အလွန်စိတ်မကောင်း   ဖြစ်မိတယ်။ သမ္မတကြီး သိန်းငါးဆယ် လွှတ်တော်ကိုယ်စားလှယ် ဆယ်သိန်း ဆိုပြီး အလျှင်အမြန် တွက် ချက်ကြတာ ဘယ်အပေါ်အခြေခံပြီး တွက်ချက်ကြလဲတော့မသိဘူး။

         လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့် အလုပ်သမားလူတန်းစားအတွက် နေ့တွက် လုပ်အားခ သတ်မှတ်ဖို့ ကျတော့ အချက်အလက်စုဆောင်းတုန်း လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းတုန်းဆိုပြီး အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူကပြောတယ်။ ဒုသမ္မတ က များဆိုရင် တစ်နေ့ကို ကျပ်နှစ်ထောင်ဆိုရင် စားရတယ်တဲ့။ ဘုရားတ,မိပါတယ်။

              မြန်မာပြည်မှာ ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ သားငါးဈေးနဲ့ လဘက်ရည်တစ်ခွက်၊ မုန့်ဟင်းခါး တစ်ပွဲ ဘယ်လောက်ဆိုတာ လူတိုင်းသိပါတယ်။ လနဲ့ နှစ်နဲ့ချီပြီး သုတေသန ပြုစရာမလိုပါ။ တစ်နေ့တည်းနဲ့ ပြီးနိုင်တဲ့ကိစ္စဖြစ်ပါတယ်။  အခြေခံလုပ်အားခလစာကို မြန်မြန်ဆန်ဆန်နဲ့ ချင့်ချင့်ချိန်ချိန် သတ်မှတ်နိုင်   လောက်အောင် အုပ်ချုပ်သူတွေထဲမှာ အရည်အချင်းရှိသူမရှိရင် မိသားစု ၅ ယောက်ရှိတဲ့ အိမ်တစ်အိမ်ရဲ့ အခြေခံကုန် ကျငွေကို သတ်မှတ်လိုက်ပါ။

             ဒါလောက်မှ မဆုံးဖြတ်ရဲရင်လည်း ၀န်ကြီးအနားမှာရှိတဲ့ ကိုယ်ရေးအရာရှိကို သူတို့မိသားစု ဘယ်လောက်ရရင် ထမင်း၀၀စားရမလဲလို့ မေးလိုက်ပါ။ ကလေး ဘယ်   နှစ်ယောက်ရှိပြီဘယ်နှစ်တန်း တက်နေပြီလဲဆိုတာမေးလိုက်ပါ။ နေထိုင်မကောင်းလို့ ဆေးရုံးဆေးခန်း အခမဲ့ကုသခွင့်ရသလား ဆိုတာ   မေးလိုက်ပါ။ တစ်ခုသတိပြုသင့် တာက လူဆိုတာတိရိစ္ဆာန်တွေလို အိပ်စား,ကာမ နဲ့မလုံလောက်ဘူးဆို တာကိုပါ။ ခြုံပြောရရင်၊ နေရေး၊ ၀တ်ရေး၊ ကျမ္မာရေးအပြင် ပညာရေးတို့အတွက်ပါ မဖြစ်မနေ ထည့်သွင်းစဉ်း စား ကြရမှာဖြစ်ပါတယ်။

            တိုင်းပြည်တိုင်းမှာ ဘယ်အခန်းကဏ္ဍကိုမဆို တွက်ချက်ကြတဲ့အခါ ရေရှည်ကိုကြည့်ပြီး သတ်မှတ်ကြ ပါတယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေအရ အလျှင်အမြန် ပြောင်းလဲနိုင်အောင်လည်း ပြင်ဆင်ထားတတ်ကြပါ တယ်။ ပြင်ရခက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံလိုမဟုတ်တတ်ကြပါဘူး။ ညှိနှိုင်းပြီးသဘောတူညီမှု ရယူတတ်တဲ့ ယဉ်ကျေးမှု သဘာဝကို ချဉ်းကပ်ကြဖို့လိုပါပြီ။

           လူထုတွေရဲ့အသံ၊ စားသုံးသူတွေရဲ့အသံတွေကို နားထောင်ရကောင်းမှန်း မသိတာဟာ အုပ်ချုပ် သူတွေကို လမ်းလွဲစေပါတယ်။ မြန်မာရာဇ၀င်ထဲမှာ ဘုရင်တွေဟာ  တိုင်းပြည်ရဲ့ပကတိအနေ အထားတွေ ကို သိနိုင်ဖို့အတွက် ရုပ်ဖျက်ပြီး လူထုကြားထဲကို ဆင်းလေ့လာတတ်ကြပါတယ်။  ဒီခေတ်ဒီအခါမှာ ထိုနည်း အတိုင်း လုပ်စရာမလိုတော့ပေမယ့် အမှန်အတိုင်းသိရှိနိုင်မယ့် နေရာတွေကို အုပ်ချုပ်သူတွေ သိရှိထားဖို့  လိုပါတယ်။ ဥပမာ နေ့စဉ်ထုတ်သတင်းစာများနဲ့အင်တာနက် သတင်းများကို ဆိုလိုတာပါ။

           မိမိတို့တိုင်းပြည်တွင်းက အနေအထားတွေကို အုပ်ချုပ်သူတွေဟာ မသိတာမဟုတ်ပါ။ လုပ်သင့်လုပ် ထိုက်တာကိုဘယ်သူလုပ်မလဲ၊ ဘယ်ကစလို့လုပ်မလဲဆိုတာ အသေချာ မရှိသေးကြဘူးလားလို့သံသယဖြစ် မိပါတယ်။ အုပ်ချုပ်သူတွေရဲ့ စိတ်ထဲမှာ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် တိုင်းပြည်ပုံပန်းသဏ္ဍန် မရှိသေး တာလား။ အစိုးရယန္တရား တစ်ခုလုံးကို ဘယ်လိုနားလည်ရကောင်းမှန်းမသိပေမယ့် ဆင်းရဲသား လူတန်းစား အလုပ်သမားတွေအတွက် အိမ်နီးချင်း အာဆီယံနိုင်ငံတွေမှာဘယ်လို သတ်မှတ်ထားကြသလဲဆိုတာကို လည်း   အုပ်ချုပ်သူတွေသိရှိပြီးဖြစ်ကြမှာပါ။
   
    နိုင်ငံအလိုက် အခြေခံအလုပ်သမားလုပ်ခကို အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။ ………................
 (၁) မလေးရှားမှာ စ်ကိုအနည်းဆုံး ရင်းဂစ် ၉၀၀ (၂၉၆ ဒေါ်လာ) ပေးရမယ်ဆို
     ပြီး ၂၀၁၃ ဇန္န၀ါရီ ၁ ရက်နေ့ က သတ်မှတ်ခဲ့ပါတယ်။

(၂) မြန်မာရွှေ့ပြောင်းအလုပ်သမားလေးသန်းလောက် အလုပ်လုပ်နေကြတဲ  ထိုင်းနိုင်ငံမှာတော့ စ်ရက်လျှင် ၃၀၀ ဘတ် (၁၀ ဒ ဿ      မ  ၃၄ ဒေါ်လာ) ပေးရမယ်ဆိုပြီး၂၀၁၃ ဇန္န၀ါရီ ၁ ရက်နေ့မှာ သတ်မှတ်ခဲ့ပါတယ်။ 
 
(၃) အင်ဒိုနီးရှား- ဒေသဆိုင်ရာ အစိုးရများက ၂၀၁၃ ခုနှစ်မှာ သတ်မှတ်ခဲ့ကြတာက
       စ်ကို  အင်ဒိုနီးရှား ရူပီး ၈၃၀,၀၀၀ ကနေ ၂,၂၀၀,၀၀၀ ရူပီးအထိ၊
      (တစ်လ ဒေါ်လာ ၈၅ ဒ ဿ      မ  ၄၅ မှ ၂၂၆ ဒ ဿ      မ  ၅) ဖြစ်ပါတယ်။

(၄) ဗီယက်နမ်ကျေးလက်ဒေသနဲ့ မြို့ကြီး မတူပေမယ့်   စ်ကို  အမေရိကန်   
     ဒေါ်လာ ၇၉ ဒ ဿ       ၁၂  မှ ၁၁၂ ဒ ဿ       ၆၈  အထိဖြစ်ပါတယ်။

(၅) ဖိလစ်ပိုင် နိုင်ငံကတော့ လုပ်ငန်းနဲ့ ဒေသအလိုက်ကွာခြားပေမယ့်  တစ်ရက်ကို
    အမေရိကန် ၅ ဒေါ်လာမှ ပုံမှန် ၆၈ ဒ ဿ     မ ကနေ ၁၁ ဒ ဿ      မ ဒေါ်လာ အထိ  ရှိပါတယ်။

(၆) ကမ္ဘောဒီးယားနိုင်ငံမှာ  စ်ကို အမေရိကန် ၅၉ ဒ ဿ     မ ၆ ဒေါ်လာမှ ၆၄ ဒ ဿ    မ  ၃ ဒေါ်လာအထိဖြစ်ပါတယ်။

(၇) လော(လာအို)နိုင်ငံက တစ်လကို အနည်းဆုံးအမေရိကန်ဒေါ်လာ  ၇၈ ဒ ဿ      မ ၁၅ စ်လလျှင် အနည်းဆုံး ၇၈ ဒ ဿ      မ ၁၅ ဒေါ်လာ အပြင်တစ်ရက် စားသောက် ခအတွက်   ဒ ဿ      မ ၁ ဒေါ်လာ ရှိရမယ်ဆိုပြီး ၂၀၁၀ မှာသတ်မှတ်ထားတယ်။

(၈) စင်္ကာပူ သတ်မှတ်ချက် မရှိသေးဆွေးနွေးဆဲဖြစ်တယ်။ ဒါပေမယ့် စင်ကာပူမှာ လုံခြုံရေးဝန်ထမ်း တစ်လ ဒေါ်လာ ၁,၁၀၀ အထိရှိပါတယ်။  ၂၀၁၄ ကစပြီး သန့်ရှင်း ရေးအလုပ်သမားတစ်ယောက်ကို တစ်လ ဒေါ်လာ ၁,၀၀၀ စပေးခဲ့ပါတယ်။

(၉) ဘရူနိုင်း သတ်မှတ်ချက်မရှိသေးပါ။

(၁၀) မြန်မာသတ်မှတ်ချက် မရှိသေးပါ။ ဒုသမ္မတကတော့ တစ်နေ့ကို ကျပ် ၂,၀၀၀ ဆိုရင် ထမင်းစားရတယ်လို့ ဆိုထားပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ တစ်နေ့ကို ၄ဒေါ်လာကနေ ၇ ဒ ဿ     မ  ၉၀ ရရှိပါတယ်။

အန္ဒိယနိုင်ငံမှာ တစ်နေ့ကို ၂ဒေါ်လာကနေ ၁၆ ဒေါ်လာအထိရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တစ်နေ့ကို ၇ ဒ ဿ      ၂၅ ဒေါ်လာ အနည်းဆုံးဖြစ်ပါ တယ်။

ဂျပန်နိုင်ငံမှာ တစ်နေ့ကို အမေရိကန် ဒေါ်လာ ၆၅ ဒ ဿ     မ ၇၈  မှ ၈၅ ဒ ဿ     မ  ၃၆ထိ
ဖြစ်ပါတယ်။

တောင်ကိုးရီးယား မှာ တစ်နေ့ အမေရိကန်ဒေါ်လာ ၃၁ ဒ ဿ     မ ၈  ဖြစ်ပါတယ်။

         မြန်မာပြည်ရဲ့အများဆုံးအခြေခံလူတန်းစားတွေအလုပ်လုပ်ပြီး ၀၀လင်လင် ထမင်းစားကာ အနာဂတ်ကို မျှော်လင့်ချက်အပြည့်နဲ့ ဖန်တီးတည်ဆောက်နိုင်အောင်   နိုင်ငံတော်အကြီးအကဲတွေက လုပ်အားခလစာ အလျှင်အမြန် သတ်မှတ်နိုင်ပါစေလို့  ဆုတောင်းလိုက်ရပါတယ်။
                                                          ကျော်သောင်း   ဘန်ကောက်