ယခုအခါ ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားပေါင်း
သန်းချီ၍ မြန်မာနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားကြပြီဖြစ်ပါသည်။ ပတ်စပို့စာအုပ်တစ်အုပ်ဖြစ်မြောက်ရန်အတွက်
မြန်မာအလုပ်သမားများ လုပ်အားခများစွာ အကုန်ကျခံ၍လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပါသည်။ ပတ်စပို့ကိုင်ဆောင်ခြင်းကြောင့်
မြန်မာ အလုပ်သမားများသည် မြန်မာပြည်သို့ လွတ်လပ်စွာ ၀င်ထွက်သွားလာခြင်းပြုလုပ်နိုင်ပါသည်။
သို့ရာတွင်
မမျှော်လင့်ပဲ ပျောက်ဆုံးမှုများဖြစ်သဖြင့် မြန်မာသံရုံးနှင့် ကျနော်တို့ထံသို့ ပျောက်ဆုံး
စာအုပ်များမကြာမကြာလာရောက်အပ်နှံမှုများရှိတတ်ကြပါသည်။ပတ်စပို့စာအုပ်တွင်မည်သူမည်ဝါဖြစ်ကြောင်းသာပါရှိ
ပြီး ပြန်လည်ဆက်သွယ်ရန်
ဖုန်းနံပါတ်နှင့် လိပ်စာများမပါရှိပါသဖြင့်ပတ်စပို့များမှာနေထိုင်ခွင့် ရက်လွန်သွား ခြင်းများဖြစ်သွားလေ့ရှိပါသည်။ မြန်မာအလုပ်သမားများအတွက်လွန်စွာနစ်နာပါသည်။
သို့ဖြစ်ပါသောကြောင့် မြန်မာအလုပ်သမားတိုင်းတို့သည်
ပတ်စပို့စာမျက်နှာ ၅တွင် ပါရှိသော ဖြည့်စွက်စရာများတွင် ပြည်တွင်းနေရပ်လိပ်စာ၊ လက်ကိုင်ဖုန်းနံပါတ်နှင့်
ပြည်ပနေရပ်လိပ်စာနှင့်ဖုန်း နံပတ်တို့ကို ရေးထားရန်အသိပေးနှိုးဆော်အပ်ပါသည်။
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့
ဘန်ကောက်မြို့
မှတ်ချက်။ ။ ရွှေလုပ်သားဂျာနယ်ထုတ်ဝေစဉ်ကာလက ဤသို့ လစဉ် ကြေညာထည့်သွင်းခဲ့ပါသည်။