8 April 2015 18:57(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
အင်ဒိုနီးရှားမှာ ကျွန်ပြုခိုင်းစေခံရပြီး ထွက်ပြေးလာတဲ့ ထိုင်းငါးဖမ်းသမား
၈၆ ဦးကိုကယ်တင်ဖို့ထိုင်းနိုင်ငံ လေ တပ်က စီ-၁၃၀ သယ်ဆောင်ရေးလေ ယာဉ်ဟာ
ဧပြီ ၈ရက် ဘန်ကောက် ကနေ ထွက်ခွာသွားပါတယ်။
တော်ဝင်လေတပ်က ပြောခွင့်ရက လေယာဉ်မောင်းသမား ဆရာဝန် သူနာပြု ၂၂ ဦး ပါဝင်တဲ့ လေယာဉ်ဟာ ဒုံမောင်းလေဆိပ်ကနေထွက်သွားတယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှား အမ်ဘွန်ကို ၈ နာရီရောက်မှာ ဖြစ်သလို အဲဒီမှာ တညနေပြီး ဧပြီ ၉
ရက်နေ့မှာ ထိုင်းအလုပ်သမားတွေကို တင်ဆောင်ကာ ဘန်ကောက်ကို ပြန်လာမှာ
ဖြစ်ပါတယ်။
ကျွန်ပြုခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် ထိုင်းလူမှုရေး လုပ်သားတွေက ငါးဖမ်းသမားတွေ ကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပါတယ်။
မြန်မာ လာအို ကမ္ဘောဒီးယား နိုင်ငံသားတွေကလည်း ထိုင်းအာဏာပိုင်တွေထံကနေ အကူအညီတောင်းခံ ခဲ့ပါတယ်။
ထိုင်းအရာရှိတွေက ထိုင်းအလုပ်သမား၁၁၂ဦးရဲ့ဂူတွေကိုအမ်ဘွန်နဲ့ဘန်ဂျီနားကျွန်းတွေမှာ တွေ့ရှိခဲ့ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no