၂၀၁၅ မေလ ၆ ရက်
စောမောင်
ထိုင်းနိုင်ငံဘန်ကောက်မြို့၏တောင်ဖက် ကီ လိုမီတာ၁၈၀ ခန့်အကွာတွင်ရှိသည့် ချွန်ဘူလီခရိုင် ဖတ်ထရာ လှေဆိပ်၊လှေနံပတ်-ကျလွန်လတ် (၄) ပေါ်တွင် ရောင်းစားခြင်းခံထားရသူတစ်ဦးအား
MATအဖွဲ့မှ
ယမန်နေ့၌ကယ်တယ်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက် ရေးကော်မတီဝင်ဘန်ကောက်အခြေစိုက်ထိုင်းနိုင် ငံရောက်မြန်မာနိုင်
မောင်နို
မောင်နိုင်လင်း အား စစ်ဆေးမေးမြန်းခြင်းလုပ်ငန်းများပြီးစီးပါက မြန်မာနိုင်ငံသို့ အလျှင်အမြန်ပြန် လည်ပို့ဆောင်ပေးမည်ဟု ရဲတပ်ဖွဲ့ကပြောသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းနိုင်ငံမှာအရေတွက်
ပြောဖို့ခက်လောက်အောင် မြန်မာ တွေလူကုန်ကူးခံနေရပါလားဆိုတာ
မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က အသိ အမှတ် ပြုဖို့လိုပါတယ်။ ဒီလူတွေကိုကယ်ထုတ်နိုင်ဖို့နဲ့
နောက်ထပ် မြန်မာတွေ လူကုန်ကူးမှုသားကောင်တွေ မဖြစ်ရအောင်ဘယ်လိုစီစဉ်မကြလဲဆိုတဲ့အစီအစဉ်ချမှတ်ပြီးအကောင်အထည်ဖေါ်ကြရပါမယ်။ ခုထိုင်း
နိုင်ငံက လူကုန်ကူးမှုကိစ္စနဲ့ နိုင်ငံတကာဝိုင်းပြောနေပြီ၊
မြန်မာရေပိုင်နက်ကို ဖြတ် လာရတဲ့ ဘင်္ဂလီတွေ ကိစ္စက ရှေ့တန်းကိုရောက်လာတယ်။ အိမ်နီးချင်း
မိတ်ပျက်မယ် ဆိုပြီး၂နိုင်ငံဖုံးဖိဖြေ ရှင်းတဲ့ပုံစံနဲ့ မရတော့ ဘူး။ ဒါကိုလည်းစဉ်းစားကြဖို့လိုမယ်”
ဟု အကြံပြုပြောဆိုသည်။