06 November 2017

ဒဂုံမြို့နယ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သူအား ဖမ်းဆီးရမိအရေးယူ


ရန်ကုန်၊ နိုဝင်ဘာ ၆

         ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊
ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်း ကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေး လုပ် ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုကျူး လွန်သူများဖမ်းဆီးရမိရေးအတွက်လည်း တိုင်းဒေသကြီးနယ်မြေအတွင်း အစဉ်တစ် စိုက်လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။



       ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖေါ် ထုတ်ရေးရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဒဂုံမြို့ နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတောင်ဘက်မုခ်နှင့် ဟက်ပီးဝေါလ် ကစား ကွင်းတို့တွင် ခါးပိုက်နှိုက်ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် အများပြည်သူ များ၏ နောက် မှလိုက်ပါ၍ပိုက်ဆံအိတ်ကို ဇစ်ဖွင့်နှိုက်နေသူ မတင်တင်စန်း၊(၄၃)နှစ်၊ မြို့မတောင်
ရပ်ကွက်၊ သန်လျင်မြို့နယ် နေသူအားထိန်းသိမ်း၍ ၎င်းကိုင်ဆောင်ထားသည့် အပြာေ ရာင်လက်ဆွဲအိတ်အားစစ်ဆေးရာ အိတ်အတွင်းမှငွေ(၄၈၅၀၀)ကျပ်အားတွေ့ရှိရပြီး ၎င်းအားမေးမြန်းရာ ဘုရားဖူးလာသူများ၏နောက်မှလိုက်ပါ၍ ပိုက်ဆံအိတ်များမှ ဇစ်ဖွင့်နှိုက်ယူရရှိသောငွေများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဒဂုံမြို့မရဲစခန်းတွင်
အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။