သားပွားမှုထိန်းချုပ်တဲ့ဥပဒေမှာ ဘာမလုပ်ရ ညာမဖြစ်ရလို့ သတ်မှတ်ထားပေမယ့် တားမြစ်ချက်ကို ကျူးလွန်ရင် ဘာ ပြစ်ဒဏ်ကျခံရမယ်ဆိုတဲ့ ပြစ်ဒဏ်မပါတဲ့ ဥပဒေမျိုးကို လစာဆယ်သိန်းစား နိုင်ငံရေးသမား လွှတ်တော်အမတ်တွေ ဆုံးဖြတ်အတည်ပြုလိုက်ကြတာဟာလည်း သွတ်..သွတ်..ပါပဲ။
ချေးလိုက်တဲ့နိုင်ငံတကာပိုက်ဆံတွေ စက်မှုလယ်ယာဖြစ်မယ့်
လက်ကွယ်တစ်ခုတောင် မဖန်တီး နိုင်သေးကြဘူး။ လယ်သမားတိုင်းလှည်းတောင်မပိုင်နိုင်။ တံတားမပြီးပဲပြီးတယ်လို့လိမ်သူက
လိမ်ကြ နဲ့နောက်ဆုံးကျတော့ အမျိုးသားလွှတ်တော်နာယက ကြီးက ဇီးသီးဗန်းမှောက်တဲ့ဥပမာနဲ့ပြောရပါလေရော။
အဘကိုခွဲတမ်း ပေးရတဲ့လုပ်ကိုင်ခွင့်စာရွက်ကိုရောင်း၊ ကန်ထရိုက်ကခိုး၊ အင်ဂျင်နီယာကခိုး
စနစ်နဲ့ဆော က်လုပ်ကြသူတွေ ကိုအရေးယူကြမယ်တဲ့။
ကမ္ဘာကျော် မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံဘုရားအနီးမှာ
အထပ်မြင့်အဆောက် အဦးတွေ ဆောက်လုပ်ဖို့ ကြံစည်ကြပြန်တယ်။ ရွှေတိဂုံမြတ်နိုးသူတွေကန့်ကွက်တော့ အဘတို့ မသိ သလိုလိုအရူးကွက်နင်းနေကြပြန်တယ်။ သွတ်...သွတ်....
ဆူးလေဘုရားအောက်နားက အဆောက်အဦးနဲ့
မဟာဗန္တု လမ်းထောင့် အဆောက်အဦးတွေဟာ ဆူးလေးစေတီတော်ကိုဝါးမြိုသွားခဲ့ပြီဆိုတာ
သတိပြုမိကြ မယ်ထင်ပါတယ်။ အနာဂတ်မျိုးဆက်ကလေးတွေ ကစားစရာကစားကွင်းတွေလည်းပျောက်၊ အများပိုင်၊
အစိုးရပိုင် ဆိုတဲ့မြေ ကွက်တွေမှာ အဘတို့ပိုင်တဲ့ အဆောက်အဦးတွေပေါ်ပေါက်လာခဲ့ပြီကော။
ကဲ ဒါတွေကို တိုးတက်တယ် လို့ပြောကြမလားကွယ်ရို့။
ပြီးခဲ့တဲ့ ၆လလောက်က ရန်ကုန်မှာ ရင်းနှီး ကြသူတွေနဲ့ထမင်းဆိုင်ကြီးတစ်ခုမှာ ထမင်းစားဖြစ်ကြ ပါတယ်။ အစားအစာတွေအတွက် ကျသင့်ငွေအပြင် စားသုံးသူ အခွန်ဆိုတာပါ ပေးခဲ့ရတော့ အတော့်ကို အီလီလီကြီးခံစားခဲ့ရတယ်။ အခွန်တွေကောက်တာတွေနဲ့ ရန်ကုန်မြို့ ကြီးကို ဘာတွေ လုပ်ထားလည်း ပတ်ကြည့် လိုက်တော့ တမြို့လုံးအမှိုက်သရိုက်တွေတောင် သန့်ရှင်းအောင် မလုပ်နိုင်တာကို သတိပြုမိ တယ်။ ရေမြောင်းတွေဟာ အမှိုက်စွန်ပစ်ရာနေရာဖြစ်နေတယ်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ဂွတ္တလစ်လမ်းမ ကြီးပေါ်မှာ ဧရာမ အမှိုက်ပုံကြီး ဟီးထနေတယ်။ ရန်ကုန်မြို့တော်ကြီးကို ရေနဲ့မီးတောင် ပုံမှန်ရရှိအောင် မဆောင်ရွက်နိုင်ပဲ ရန်ကုန်မြို့သစ်စီမံကိန်းချကြသတဲ့လေ။ သွတ်... သွတ်..
လွန်ခဲ့တဲ့သက္ကရာဇ် ၂၀၀၀ လောက်က လက်ကိုင်ဖုန်းတစ်လုံးကို
ရန်ကုန်မြို့မှာ ရွှေ ၆ကျပ်သားေ ရာင်းမှ ကိုင်နိုင်ခဲ့ကြတယ်။ ၂၀၀၈ လောက်မှာတောင် ဖုန်းဆင်းမ်ကဒ်တစ်ခုကို ကျပ်သိန်း၃၀
လောက်ရှိခဲ့ေ သး တယ်။ သမ္မတကြီး ဦးသိန်းစိန် တက်လာပြီး ၂၀၁၁နောက်ပိုင်းကစပြီး ဖုန်းကဒ်တွေဈေးနုန်းကျဆင်း လာလိုက်တာ
ခုတော့ ကျပ်ငွေ ၁၅၀၀နဲ့ တောင် ကိုင်ဆောင်ခွင်ရရှိနေကြပြီ။
မြို့ကြီးကလူတိုင်းလိုလိုမှာ လက်ကိုင်ဖုန်းတွေ ကိုယ်စီနဲ့ဖြစ်နေကြပြီ။ ခေတ်သစ်တစ်ခုကို
မြန်မာလူထုတွေ မြီးစမ်းချင်နေကြတာ လက်ယားတာဖြင့်ကြာခဲ့ပါပြီ။ လူတိုင်းသက်တောင့်သက်သာနဲ့ဖုန်းကိုင်နိုင်တာဟာ
ဦးသိန်းစိန် အုပ်ချုပ်တဲ့ ၅နှစ်တာကာလအတွင်း လူတိုင်း သဘောအကျဆုံးအပြောင်းအလဲတစ်ခုဖြစ်ပါတယ်။
အဲဒါ… ငါသမီးတော်လှလို့
ပြောဖို့ပြင်ကာ ရှိသေးတယ်၊ ဖုန်းကိုင်တဲ့ ပြည်သူပြည်သားတွေက အခွန် ငါးရာခိုင်နုန်းပေးရ မယ်တဲ့။
ယောင်းမကိုမြင်းစီး ပြီးထွက်လာတယ်၊ သေရောဗျာ။ ဗမာပြည်ကို ဗမာ အစိုးရ အုပ်ချုပ်နေတာမှ
ဟုတ်သေးရဲ့လား။ ဘယ် တိုင်းပြည်က ကိုလိုနီနယ်ချဲ့
ကျွန်ပြုပြီး အုပ်ချုပ်နေပါ လိမ့် လို့မေးရမလိုဖြစ်နေတယ်။
ဘယ်တိုင်းပြည်က ဘယ်တက္ကသိုလ်က ဘယ်စီး ပွားရေး အကြံပေး သကောင့်သား ပါမောက္ခကြီးတွေေ ပးလိုက်ကြသ လဲတော့မသိဘူး။ ခုနစ်ရက်သားသမီးေ တွ အကုန်လုံးစိတ်ညစ် သွားကြတယ်။ မြန်မာနိုင်ငံလူ ဦးရေရဲ့ထက်ဝက်ခန့်က
လက်ကိုင် တယ်လီဖုန်းသုံးနေ ကြပြီဆိုရင်။ လူ ၂၅သန်းဖုန်းသုံးနေပြီ။
လူတစ်ယောက်တစ် ရက်ကို
အနည်းဆုံး ၁၀မိနစ် အသုံးပြုလိုက်ရင် မိနစ်သန်းပေါင်း ၂၅၀ ဖြစ်တယ်။ တစ်မိနစ် ကို၂၅ကျပ်နုန်းနဲ့
မြှောက်လိုက်ရင် စုစုပေါင်း တစ်နေတာ ပြည်သူလုထု
လက်ကိုင် တယ်လီဖုန်း အသုံးပြုခကုန်ကျငွေ= ၆၂,၅၀၀,၀၀၀,၀၀၀ ကျပ် သန်းပေါင်း ၆၂,၅၀၀
ကုန်ကျနေပါတယ်။ (အတိအကျ တွက်ချက်ကြည့်ကြပါ)
နိုင်ငံတော်အစိုးရဟာ ဖုန်းဆင်းကဒ် ကုမ္ပဏီတွေ ဆီကနေ
ဘယ်လောက်အထိ
ကောက် မလဲ၊ဒီကကောက်ခံတဲ့ အခွန်အခနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး၊ ကူညီရေးအတွက်ဘာလုပ် မလဲ၊ ကြိုက်တာလုပ်လို့ ရနိုင်ပါတယ်။ဟယ်လို၊ ကြားလား၊ ကြားလားလို့ဖင်ပိတ် မအော်ရ အောင် တာဝါတိုင်ေ တွ အမြောက်အမြား တည်ဆောက်ခိုင်း ရပါမယ်။ ဘာစီ မံကိန်းဟာ အများပြည်သူတွေတွေ ကောင်းသထက်ကော င်းအောင်၊ သက်သာသထက်သက်သာအောင် သာ နည်းလမ်းချ မှတ်ပေးသင့်ပါတယ်။
ကောက် မလဲ၊ဒီကကောက်ခံတဲ့ အခွန်အခနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး၊ ကူညီရေးအတွက်ဘာလုပ် မလဲ၊ ကြိုက်တာလုပ်လို့ ရနိုင်ပါတယ်။ဟယ်လို၊ ကြားလား၊ ကြားလားလို့ဖင်ပိတ် မအော်ရ အောင် တာဝါတိုင်ေ တွ အမြောက်အမြား တည်ဆောက်ခိုင်း ရပါမယ်။ ဘာစီ မံကိန်းဟာ အများပြည်သူတွေတွေ ကောင်းသထက်ကော င်းအောင်၊ သက်သာသထက်သက်သာအောင် သာ နည်းလမ်းချ မှတ်ပေးသင့်ပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင်၊ နှစ်တာရှည်သုံးနေတဲ့ ဆင်းမ်ကဒ်၊ ငွေအများဆုံးသုံးတဲ့ ဆင်းကဒ် တွေကို ဆုပြန် ချီမြှင့်တာ၊ နိုင်ငံခြားကို
အလည်အပ တ်ခေါ်ယူတာ၊ လက်ဆောင်ပေးတာတွေ လုပ်ပေး ပါတယ်။ သူတို့ ဆင်းကဒ် တွေကို လူတွေ
အမြဲတမ်းသုံးဖို့ အတွက် အမျိုးမျိုးသော ၀န်ဆောင်မှုတွေကိုပေးနေကြပါတယ်။
ဦးသိန်းစိန် သမ္မတသက်တမ်း ၅နှစ်မှာ ဘာတွေအကောင်အထည်ဖေါ်နိုင်ခဲ့ပြီလဲ။
တောတြွေေ ပာင်၊ ဂက်တွေဆုံး၊ ကျောက်တွေတုံးပြီး
တောင်တွေလည်း ကျင်းနက်ကြီးတွေဖြစ်ခဲ့ပြီ၊ လယ်သမားတွေ လယ်ယာမဲ့ခဲ့ကြပြီ။ အမှားတွေကိုထောက်ပြကြတဲ့
သတင်းထောက်တွေ၊ စာရေး ဆရာတွေကို မျက်ေ စာင်းထိုး၊ ထောင်သွင်းအကျဉ်းချတယ်။ ကမ္ဘာမှာရော အရှေ့တောင်အာရှမှာပါ အောက်ကျနောက် ကျ ဖြစ်နေတဲ့
ဘွဲ့ရပြီး ပညာမတတ်တဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲချင်ကြတဲ့ ကျောင်းသားကျောင်း သူတွေကိုထောင်ချပစ်တယ်။
ဆယ်တန်းကျောင်းသား အောင်မင်းခိုင်ကို ရဲတပ်ဖွဲ့ဝင် ၃၀ လောက် အငြို အတေကြီးစွာနဲ့ ၀ိုင်းရိုက်ကြတဲ့
ဓါတ်ပုံဟာ ဦးသိန်းစိန်အစိုးရရဲ့မျက်နှာဖုံးကိုဆွဲခွာချပြလိုက်တာဖြစ်တယ်လို့ တကမ္ဘာလုံးကဝေဖန်နေကြတယ်။
အဖိနှိပ်ခံတွေအတွက် ရှေ့ကထွက်ပြီးပြောဆိုနေတဲ့ ဗိုလ်ကြီးဟောင်း
နေမျိုးဇင် တို့၊ ဒေါ်နော်အုန်းလှ တို့ကို တရုတ်သံရုံးရှေ့မှာ ဆန္ဒပြရကောင်းလားလို့ထောင်ချပစ်တယ်။
အုပ်ချုပ်သူတွေက ၀ိုင်းလုပ်ကြမယ်လို့ ပါး စပ် ကပြောနေပေမယ့် အရှိတရားကို တင်ပြသူတွေ
ရန်သူလိုသဘောထားတုန်းပဲဖြစ်တယ်။
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ကတော့
ကျောင်းဆရာတွေက လည်း ပြုပြင်ရေးတွေအတွက်ကလေးတွေကို ကျောင်းမှာပြောရမယ်။ စာရေးဆရာတွေကလည်းရေးရ
နိဂုံးချုပ်အနေနဲ့ကတော့ တိုင်းပြည်အုပ်ချုပ်သူ၊ တနည်းအားဖြင့် စီမံခန့်ခွဲကြသူတွေဟာ
တစ်ခု ခုအကောင်အထည်ဖေါ်ကြတော့မယ်ဆိုရင်
အနုလုံပဋိလုံ ဆင်ခြင် စဉ်းစားကြဖို့လိုပါမယ်။ တိုင်းပြည်ကို
တိုးတက်အောင်တည်ထောင်ခဲ့ကြသူများဖြစ်ကြဖို့လိုပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ကို ဖျက်ဆီးချေမှုန်းခဲ့
ကြသူများ၊ သမိုင်းတရားခံများမဖြစ်ဖို့လိုပါတယ်။ အကျိုး အကြောင်းဆင်ခြင်ပြီးအကောင်အထည်ဖေါ်သင့် ပါတယ်။ ဒီိလိုမဟုတ်ပဲ ဆန္ဒပြမှ ကန့်ကွက် မှ
ပြန်ပြင် ရမယ်ဆိုရင်တော့… တိုင်းပြည်အုပ်ချုပ်သည့်ရာထူးနှင့် မလျှော်ကန်ကြောင်းသတိပြုပါလေ။
လောကနီတိမှာဆုံးမထားတာကတော့ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင်ဤလေးအင် လူတွင်မကျင့် ရာ ......တဲ့။
မောင်ပေါ်ထွန်း