လူသတ်မှုဖြစ်စဉ်နဲ့ အနီးပတ်ဝန်းကျင်နေရာ ၁၂ခုတို့မှာ
တပ်ဆင်ထားတဲ့ CCTV (လုံခြုံရေးကင်မရာ) တွေ
ကို ဆက်စပ်ပြသပြီး ဘောင်ဘီတိုအဖြူနဲ့ပြေးနေသူကို ၀င်းဇော်ထွန်း ဖြစ်တယ်လို့ ဓါတ်ပုံမှာ စာရေးထား ပါတယ်။
ကို ဆက်စပ်ပြသပြီး ဘောင်ဘီတိုအဖြူနဲ့ပြေးနေသူကို ၀င်းဇော်ထွန်း ဖြစ်တယ်လို့ ဓါတ်ပုံမှာ စာရေးထား ပါတယ်။
ယခုအမှုတွဲကို တင်ပြတဲ့ အမှတ် (၈) ရဲအရာရှိဟာ
တရားလိုပြသက်သေ ရဲတပ်ဖွဲ့ဝင်၅၀ခန့်
လောက် သက်သေစါရင်းမှပါပေမယ့် ဒီအမှုကို ဆောင်ရွက်ဖို့ ရဲချုပ်ကညွန်ကြားတဲ့ ဦးဆောင်တာဝန်ရှိ
သူစါရင်းမှာမပါဝင် ဘူးလို့ ထိုင်းရှေ့နေများကောင်စီကပြောပါတယ်။
လောက် သက်သေစါရင်းမှပါပေမယ့် ဒီအမှုကို ဆောင်ရွက်ဖို့ ရဲချုပ်ကညွန်ကြားတဲ့ ဦးဆောင်တာဝန်ရှိ
သူစါရင်းမှာမပါဝင် ဘူးလို့ ထိုင်းရှေ့နေများကောင်စီကပြောပါတယ်။
ရှေ့နေ။ ။ ခင်ဗျားပြတဲ့ ဆိုင်ကယ်ပေါ်က A3ဟာ ၀င်းဇော်ထွန်းဖြစ်တယ်။
သူ ဘောင်းဘီ အတိုဝတ်လား အရှည်ဝတ်လား။
ရဲအရာရှိ။ ။ မှုံနေလို့ အသေချာမမြင်ရဘူး။
ရှေ့နေ။ ။ ခင်ဗျားတို့က ၀င်းဇော်ထွန်း ပြေးနေပုံလို့ မဖမ်းမိခင်ကတည်းက
ဓါတ်ပုံမှာစာရေးပြီး သတ်မှတ် ထားတယ်ဆိုတော့ဖမ်းမိတဲ့အခါ သူ့ကို ဘောင်းဘီတိုဝတ်ပြီး
ပြေးခိုင်းကြည့်သလား။
ရဲအရာရှိ။ ။ မပြေးခိုင်းဘူး။
ရှေ့နေ။ ။ မပြေးခိုင်းပဲနဲ့ ဒီဓါတ်ပုံက ပြေးနေသူကို ၀င်းဇော်ထွန်းလို့ ဘာကြောင့် တထစ်ချပြောနိုင်ရတာ လဲ။
ရဲအရာရှိ။ ။ ပြေးနေတာသူနဲ့တူနေတယ်။
ရှေ့နေ။ ။ ည၂နာရီလောက်မှာ Hannah နဲ့ David တို့ AC ဘားထဲကို ၀င်သွားတာကို
CCTV ထဲမှာ
တွေ့ရပေမယ့် သူတို့ ၂ယောက် ဘားထဲက ပြန်ထွက်တာကို ဘာကြောင့်မတွေ့ရတာလဲ။
တွေ့ရပေမယ့် သူတို့ ၂ယောက် ဘားထဲက ပြန်ထွက်တာကို ဘာကြောင့်မတွေ့ရတာလဲ။
ရဲအရာရှိ။ ။ ဟုတ်တယ် အ၀င်ပုံကို CCTV မှာ တွေ့ပေမယ့် အထွက်မှာ
မတွေ့ရဘူး။
ရှေ့နေ။ ။ ဒါဆို အ၀င်သာရှိပြီး အထွက်မရှိတဲ့သဘောပေါ့။
ရှေ့နေ။ ။ လူသတ်မှုဖြစ်တဲ့အနားမှာ နံနက်ပိုင်းကရပ်ထားတဲ့
စပီးဘုတ်ရှိလား၊ ထွက်သွားတာတွေ ခင် ဗျားသိလား၊ အဲဒီအနားက CCTV တွေကိုကောကြည့်ဖြစ်လား။
ရဲအရာရှိ။ ။ လူသတ်မှုနဲ့ ဆိုင်မယ်မထင်လို့ ကျနော် ဘုတ်ကိုလည်း
ဂရုမစိုက်မိသလို CCTV ကယ်မရာကို လည်း မကြည့်ဖြစ်ဘူး။ ဒါပေမယ့် CSLA နဲ့ ဖေးဘွတ်ကမေးလို့သိရတယ်။
ရှေ့နေ။ ။ ဝေဖြိုး(၀င်းဇော်ထွန်း) လုပ်တဲ့အလုပ်ကနေ လကုန်ထိလုပ်ပြီး
သူဌေးဆီက လခထုတ်ယူတာ ကို သိလား။
ရဲအရာရှိ။ ။ အဲဒါ ကျနော် မသိဘူး။
ရှေ့နေ။ ။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ Hannah ရဲ့မျက်နှာမှာ ပုဝါအစိမ်းနုရောင် တစ်ထည်အုပ်ထား တယ်။ ဘယ်သူလာအုပ်တာလဲ၊
ခင်ဗျားသိလား။
ရဲအရာရှိ။ ။ ဘယ်သူလာအုပ်ထားလဲမသိဘူး။ သက်သေခံပစ္စည်းတွေ သိမ်းဆည်းတဲ့အခါ
ပုဝါအစိမ်းနု
ရောင် မတွေ့မိဘူး။
ရောင် မတွေ့မိဘူး။
ရှေ့နေ။ ။ သွေးပေနေတဲ့ ပေါက်တူးမှာ Hannah ရဲ့ DNA တွေ့ရှိရပေမယ့် ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ ရဲ့
DNA တော့မတွေ့ရဘူးလို့ဆိုပါတယ်။ လက်ဗွေရာလည်းမရှိဘူး။ လူသတ်သမားဟာ ခိုင်ခိုင် မာမာ စွဲမြဲစွာကိုင်တွယ်ပြီး ပေါက်တူးနဲ့ ခုတ်တာမို့ လက်ဗွေရာမတွေ့တာဟာ ဖြစ်နိုင်မလား?
မှုခင်းဆိုင်ရာရဲဆရာဝန်အမျိုးသမီး။ ။ အဲဒါတော့ကျမလည်း မသိဘူး။
မှုခင်းဆိုင်ရာရဲဆရာဝန်အမျိုးသမီး။ ။ အဲဒါတော့ကျမလည်း မသိဘူး။
ရှေ့နေ။ ။ လူသတ်မှုမှာ အရေးကြီးတဲ့ လက်နက်တစ်ခုကို လက်ဗွေမတွေ့ဘူးဆိုရင်
ဘယ်နှစ်ကြိမ်
လောက် စစ်ကြည့်လဲ?
လောက် စစ်ကြည့်လဲ?
မှုခင်းဆိုင်ရာရဲဆရာဝန်အမျိုးသမီး။ ။ တစ်ကြိမ်ပဲ စစ်ဆေးကြည့်ပါတယ်။
ရှေ့နေ။ ။ အမှုတွဲကတစ်ခုတည်းပဲ၊ မှုခင်းဆိုင်ရာရဲဆရာဝန်
နောက်တစ်ဦး ရုံးတော်ကိုတင်ပြထားတဲ့အ ထဲမှာ DNA တွေနဲ့အတူ စာရွက်မိတ္တူနဲ့ ဓါတ်ပုံတွေကိုပါ
မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီးေ သသေချာချာ ရုံးတော် ကိုတင်ထားတယ်။ ခင်ဗျားကျတော့
ဘာဖြစ်လို့ အဲဒီလို တိကျမှန်ကန်
ကြောင်း လက်မှတ်ထိုးပြီးမပါတာလဲ?
ကြောင်း လက်မှတ်ထိုးပြီးမပါတာလဲ?
မှုခင်းဆိုင်ရာရဲဆရာဝန်အမျိုးသမီး။ ။ အဲဒါက အထက်က လိုအပ်တယ်လို့တောင်းခံမှ လုပ်ပေးရတဲ့ကိစ္စ
ဖြစ်ပါတယ်။ ကျမကို မတောင်းခံတဲ့အတွက် အဲဒီလိုမလုပ်လိုက်ဘူး။
ဖြစ်ပါတယ်။ ကျမကို မတောင်းခံတဲ့အတွက် အဲဒီလိုမလုပ်လိုက်ဘူး။
မှုခင်းဆိုင်ရာရဲဆရာဝန်အမျိုးသမီး။ ။
ကျမ ခေတ်မီ စက်ကိရိယာနဲ့ဆေးပစ္စည်းတွေနဲ့ စစ်ဆေးခဲ့တာ ပါ။ ဆေးလိပ်တို၊ ကွန်ဒုံး၊ အ၀တ်ထည်၊
တစ်ရှုတွေ ကျမဆီမှာရှိေ သေးတယ်။ ဒီပစ္စည်းတွေဟာ၁နှစ်၂နှစ်အထိ မပျက်မယွင်းအောင် သိမ်းဆည်းထားလို့ရပါတယ်။
မြန်မာသံရုံး
အထူးစုံစမ်းရေးကော်မတီဝင် မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့် ကတော့ (တရားစွဲအဖွဲ့ဟာ
သေဒဏ်ထိုက်တဲ့ ဒီလောက်ပြစ်မှုကြီးကို တစ်ခုကို ချို့ယွင်းချက်တွေနဲ့ တရားရုံးကိုတင်ပြတာတွေဟာ လွဲမှား
ပါတယ်။ ဥပဒေအရ လွဲမှားတာဟာ တရားအဖြစ်စွတ်စွဲခံထားရသူတွေမဟုတ်ဘူးလို့ပြောတာနဲ့ အတူတူပဲ
လို့ပြော ချင်ပါတယ်)လို့ ပြောပါတယ်။
ဝင်းဇော်ထွန်း နဲ့
ဇော်လင်းတို့ ကံကောင်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မှတ်တမ်း=ဦးကျော်သောင်း ၂၀၁၅ ခု ဇူလိုင်လ ၂၃ ရက်နေ့