၂၀၁၇ ခု ဖေဖေါ်ဝါရီလ
၁၆ ရက်
မောင်သန့်
ထိုင်းနိုင်ငံအတွင်းအထောက်အထားမပြည့်စုံတဲ့
နိုင်ငံခြားတွေဟာ ထိုင်းရဲတပ်ဖွဲ့နဲ့ လ.၀.က တို့ထံမှ မိမိသဘောနဲ့ အဖမ်းခံပါက။
၁။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ ရက်ပေါင်း
၉၀ နေထိုင်မိပါက။ ထိုင်းနိုင်ငံအ တွင်း သို့တစ်နှစ်ပြန်မဝင်ရ။
၂ ။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့
တစ်နှစ် နေထိုင်မိပါက။ ထိုင်းနိုင်ငံအတွင်းသို့
၃ နှစ်အတွင်းပြန်မဝင်ရ။
၃။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့၃ နှစ်နေထိုင်မိပါက။
ထိုင်းနိုင်ငံအတွင်းသို့၅ နှစ်အတွင်းပြန်မဝင်ရ။
၎။ ထိုင်းနိုင်ငံအတွင်းမှာ
အထောက်အထားမဲ့ ၅ နှစ်နေထိုင်မိပါက။
ထိုင်းနိုင်ငံအတွင်းသို့ ၁၀ နှစ်ပြန်မဝင်ရပါ။
အဖမ်းခံတာမဟုတ်ပဲ၊
ရဲနှင့်လ၀ကတို့ကဖမ်းမိပါက။
(၁) တစ်နှစ်အောက် အထောက်အထားမရှိပဲ နေသူဖြစ်ပါက ထောင်
၅နှစ်ချမှတ်ခံရပါမယ်။
(၂) ၁နှစ်အထက်
အထောက်အထားမဲ့နေသူဖြစ်ပါက ထောင် ၁၀နှစ် ချမှတ်ခံရပါမယ်။
၂၅-၁၀-၂၀၁၆ နှစ်နိုင်ငံ
အစိုးအလုပ်သမားဝန်ကြီးအဆင့်အစည်းဝေးမှာ အထောက်အထား ကုန်ခါနီး အလုပ် သမားတွေကို ရက်ပေါင်း
၁၂၀ တိုးပေးဖို့ သဘောထားအတည်ပြုခဲ့ကြပေမယ့် ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ၂၇-၁-၂၀၁၇
မှာမှ အတည်ပြုကြေညာခဲ့ပါတယ်။
ထိုင်းဘက်ကရော၊ မြန်မာသံရုံးဘက်ကပါ ဒီကိစ္စကို အလုပ်သမားတွေသိရှိအောင်
မဆောင် ရွက်နိုင်ခဲ့နိုင်ကြတာကြောင့်အလုပ်သမားတွေ ရက်ပေါင်း ၉၀အလဟသကုန်သွားခဲ့ကြရတယ်။
မြန်မာအလုပ်သမားများ ဘယ်သူ့ကိုအားကိုးအားထားပြုကြမလဲဆိုတာ အပူတပြင်းစဉ်းစား
ကြရပါတော့မည်။ ။