နှစ်ပေါင်း၃၀လောက်အတွင်းထိုင်းနိုင်ငံထဲကိုနည်းအမျိုးမျိုးနဲ့ရောက်လာခဲ့ကြတဲ့
အလုပ်သမားပေါင်း
လေးငါးသန်းထက်မနည်းဘူးလို့ခန့်မှန်းထားကြတယ်။ ဒီအထဲ နှစ်သန်းကျော်က
တရားဝင်နေထိုင်ခွင့်ရှိတဲ့ အလုပ်သမားတွေဖြစ်တယ်။
ဒီအလုပ်သမားတွေအတွက် မြန်မာအစိုးရက ၂၀၀၉ ကနေ့
ယနေ့အချိန်ထိ ပတ်စပို့တွေထုတ်ပေးခဲ့တဲ့ အပြင် MOU စနစ်နဲ့ပါ သိန်းပေါင်းများစွာသောအလုပ်သမားတွေပို့ဆောင်ခဲ့ကြတယ်။
ဒီအတွက် အလုပ်သ မားဝန်ကြီးဌာနနဲ့ အေဂျင်စီပွဲစားတွေ အကျိုးအမြတ်ကြီးစွာရရှိခဲ့ကြတယ်။
တပြိုင်တည်းမှာပဲ အလုပ်သမားတွေနေထိုင်ခွင့်နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်ကြီးထဲမှာ
ထိုင်းနဲ့မြန်မာပွဲ စား လူတန်းစားတစ်ရပ် ကြီးကြီးမားမားပေါ်ထွန်းလာခဲ့တယ်။
ဒီကာလအတွင်း အလုပ်သမားသံအရာရှိ၊ လေးဦးမြောက်ပြောင်းလဲသွားခဲ့ပြီဖြစ်တယ်။အလုပ်သမား
သံအရာရှိတွေ ထိုင်းနိုင်ငံထဲကို လာရောက်တာဝန်ထမ်းဆောင်တာဟာ သန်းချီရှိတဲ့အလုပ်သမားတွေရဲ့
ဖိနှိပ်ခံမှုက ဘာမှမပြောင်းလဲခဲ့ပါဘူး။ Demand Letter ထောက်ခံပေးရုံနဲ့ ငွေထုပ်ပိုက်ပြီး
ပြန်သွားခဲ့ကြ တာပါပဲ။
“ရှက်ဖွယ်လိလိ”
တရားဝင်ဖွဲ့စည်းခွင့်မရတဲ့ သာမန်အလုပ်သမားအသင်းအဖွဲ့တွေကို
မဆိုထားနဲ့ ဒေါ်လာစားနဲ့ လာ လုပ်ကြတဲ့ ကမ္ဘာအလုပ်သမားအဖွဲ့ ILO နဲ့ နိုင်ငံတကာ အိုင်အင်ဂျီအိုကြီးတွေ
ထိုင်းနိုင်ငံထဲမှာအဖွဲ့စုံရှိပါ တယ်။ ဒါပေမယ့် ဒီနေ့အထိ ထိုင်းနိုင်ငံထဲမှာ အိမ်အကူအလုပ်သမားတွေအတွက် တစ်ပတ်ကိုတစ်ရက် နားရက်ရအောင် ယနေ့တိုင် မစွမ်းဆောင်နိုင်သေးတာကိုကြည့်ရင်
၎င်းတို့အဖွဲ့ကြီးပါတယ်ဆိုသူတွေရဲ့ လုပ်ရည်ကိုင်ရည်ကို ပြသနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲကို နိုင်ငံတော်သမ္မတ၊
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာချုပ်ရောအပြင်အလုပ်သမားဝန် ကြီးတွေလည်းရောက်ကြတာပဲ။ ဒါ့အပြင်ထိုင်းနိုင်ငံဘက်က လူကြီးပိုင်းတွေလည်း
မြန်မာနိုင်ငံထဲကိုရောက် ကြတာပဲ။ သူတို့တွေပြောကြတဲ့စကားထဲမှာ ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေကို
ကာကွယ်စောင့် ရှောက်ပေးကြပါဆိုတဲ့စကား အမြဲတမ်းပါတာပါပဲ။
ဒါပေမယ့် ဒီထိပ်ပိုင်းခေါင်းဆောင်တွေက အောက်ခြေ
အလုပ်သမားလူတန်းစားဖိနှိပ်ခံနေရမှုတွေကို ဒီနေ့ အထိ လျှော့ပါးသွားအောင် မကြပ်မတ်နိုင်သေးပါဘူး။
မြန်မာအလုပ်သမားတွေ အလုပ်သမားအခွင့် အရေးချိုး ဖေါက်ခံရမှုတွေ မြူတစ်မှုန်မျှ လျှော့နည်းသွားတာမရှိသေးပါ။
“ပန်းပန်လျှက်ပဲ”
ထိုင်းနိုင်ငံအနှံ့ မြို့ရွာတိုင်း၊ လုပ်ငန်းခွင်တိုင်းလိုလိုမှာ
မြန်မာအလုပ်သမားတွေရှိကြပါတယ်။ အစိုးရ သတ် မှတ်ထားတဲ့ လုပ်အားခနဲ့ အစိုးရရုံးပိတ်ရက်တွေကို
မခံစားရသေးတဲ့ အလုပ်သမားအမြောက်အမြား ရှိပါတယ်။ မြန်မာအတော်များများတို့မှာတရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်စာရွက်စာတမ်းပြည့်စုံကြပေမယ့်
ဘန်ကောက်၊ မဟာချိုင်နဲ့ မဲဆောက်မြို့တို့မှာ ထိုင်းရဲတွေရဲ့မတရားဖမ်းဆီးပြီးငွေညှစ်နေကြဆဲဖြစ်ပါတယ်။
တွေ့တဲ့မြန်မာကိုသာဖမ်းလိုက်၊ ငွေလွယ်လွယ်ရတယ်။
ဒါကြောင့် မြန်မာတွေကို ငွေထုတ်စက်တွေ လို့ ခေါ်ဆိုကြတာပါ။ ဘန်ကောက်မြန်မာသံရုံးနဲ့ အနီးစပ်ဆုံးဖြစ်တဲ့
မဟာချိုင် ၄ထပ်ပုလိပ်ရုံးဆိုတာ ရာချီ တဲ့ မြန်မာတွေကို နေ့တိုင်းဖမ်းစားနေတဲ့နေရာပဲ။
ဘယ်မြန်မာသံအမတ်နဲ့ အလုပ်သမားသံအရာရှိတို့ကမှ ထိထိရောက် ရောက်မတားမြစ်ပေးခဲ့ကြဘူး။
“ရွှေ့ပြောင်းအလုပ်သမားတွေအတွက်မူဝါဒမရှိသေး”
နိုင်ငံတော်သမ္မတလာခဲ့စဉ်က အလုပ်သမားတွေကို ၂နှစ်လောက်အတွင်းမှာ ပြန်ခေါ်နိုင်အောင်
ပြင်ဆင်နေတယ်။ စိတ်ဓါတ်မကျကြနဲ့တဲ့။ အမေစုရောက်လာတော့၊ ဧည်သည်ကဧည့်သည်လိုနေကြပါ။ အလုပ်သမားတွေအပေါ်မှာ ခေါင်းပုံဖြတ်တဲ့ ဘယ်အဖွဲ့အစည်းမဆို၊လူပုဂ္ဂိုလ်မဆို
ပြည်တွင်းပြည်ပ ဥပဒေ အရ ထိထိရောက်ရောက် အရေးယူမယ်လို့ပြောခဲ့ပြန်တယ်။
အလုပ်သမားဝန်ကြီးဌာနကတာဝန်ရှိသူတွေနဲ့
ပွဲစားများအဖွဲ့ချုပ် ပွဲစားတို့ လိုင်စင်ခံစရာမလိုပဲ
မြောက်ဒဂုံနဲ့ မြ၀တီကျောက်လုံးကြီးစခန်းမှာ၊ ထိုင်းနဲ့မလေးရှားဆင်းမ်ကဒ်ရောင်းတာ၊ တရားမ၀င် အသက် အာမခံ ရောင်းချတာတွေကို အချက်အလက်အပြည့်အစုံနဲ့
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း မြောက် ဒဂုံရဲစခန်းမှာ အမှုဖွင့်တာ ဘာမှမဖြစ်ပါဘူး။ ဒီလောက်မတရားခေါင်းပုံဖြတ်မှုကိုတောင်
NLD အစိုးရက အရေးမယူဆိုတော့ အမေစုပြောတာ အလကားပဲပေါ့။
လုပ်ကိုင်ခွင့်ကို အကြောင်းပြုပြီး လာဘ်စားမှုတွေ အားကောင်းနေဆဲပေါ့။ တရားဥပဒေစိုးမိုးရေး အလှမ်းဝေးဆဲပေါ့။ မြန်မာပြည်မှာ မြန်မာအစိုးရကတောင်
နိုင်ငံသားတွေကို ဥပဒေအရ အကာအကွယ်မပေးနိုင်ရင် ထိုင်းကတော့ ရယ်နေမှာပေါ့နော့။
“CI
လုပ်ခါနီးအလေးထားသင့်တဲ့မူဝါဒများ”
CI လုပ်တာ
ဘတ်ငွေ ၂၅၀၀ ၀န်းကျင်ကုန်ကျမယ်။ ဒီစာအုပ်က လွတ်လွတ်လပ်လပ်သွားလို့ရတယ် လို့ ထိုင်းနဲ့မြန်မာအစိုးရတို့ကပြောတယ်။
လာမယ့် မတ်လ ၃ ရက်နေ့မှာ CI ထုတ်ပေးတော့မယ်လို့
မြန်မာအစိုးက တရားဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ်တယ်။
အလုပ်သမားလူတန်းစားတွေအတွက် အသက်သာဆုံးနဲ့ လုပ်ပေးတဲ့
စေတနာဟာ အလွန်ကျေးဇူး တင် ဖို့ကောင်းပါတယ်။ ဒါပေမယ့်၊ ထိုင်းနိုင်ငံအတွင်းမှာ ပကတိဖြစ်ပျက်နေတဲ့
အခင်းအကျင်းတွေကို ထိုင်းနဲ့မြန်မာ ထိပ်ပိုင်းအာဏာပိုင်တွေက တိတိကျကျ ကြပ်မတ်ဖို့လိုမယ်ထင်ပါတယ်။
(၁) ထိုင်းနိုင်ငံအတွင်း အလုပ်သမားနေထိုင်ခွင့်ဗီဇာဟာ အစိုးရကိုကဘတ်ငွေ
၅၀၀ သာသတ်မှတ်ထား ပေမယ့် ဘယ်တုန်းကမှ အဲဒီဈေးနဲ့ သွင်းလို့မရခဲ့ပါဘူး။ အားလုံးအသိပါ။
ဒီကိစ္စအတွက် မြန်မာနဲ့ထိုင်း တာဝန်အရှိဆုံး လူတွေ ခုထိစကားမပြောကြသေးဘူး။
(၂) ပန်းရောင်ဘတ်ကဒ် လုပ်ကိုင်ဖို့အတွက် နယ်မြေဖြတ်ကျော်ခွင့်လုပ်ရမယ်ဆိုတာ အလုပ်သမားတွေ အတွက် ၀န်ထုတ်ဝန်ပိုးတစ်ခုဖြစ်ရုံသာမက
ပွဲစားတစ်ရပ် ပေါ်ပေါက်လာရေးအတွက်အားပေးသလိုဖြစ်စေ
ပါတယ်။
(၃) အလွယ်ကူဆုံး၊ အသက်သာဆုံးနဲ့ လာဘ်စားမှု အနည်းဆုံးဖြစ်စေဖို့အတွက် စခန်းတိုင်းမှာ
ဗီဇာတုံး တစ် ခါတည်းထုပေးနိုင်ရေးအတွက် မြန်မာအစိုးရ အလုပ်သမားဝန်ကြီးအနေနဲ့ ရရှိအောင်
အမြန်ဆုံးေ တာင်းဆိုသင့်ပါတယ်။
(၄) တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိတဲ့ မြန်မာအလုပ်သမားတစ်ယောက်ကို
ဖမ်းဆီးငွေညှစ်တယ်လို့ ကြားတာနဲ့ တပြိုင်တည်း ချက်ခြင်း အရေးယူဆောင်ရွက်နိုင်တဲ့၊ ဆောင်ရွက်ချင်တဲ့၊
အလုပ်သမားအရာရှိ တစ်ယောက် ထိုင်းနိုင်ငံသို့ အမြန်ဆုံးစေလွှတ်ပေးပါ။
(၅) ထိုင်းရောက်အလုပ်သမားအရေးအတွက် လုပ်သင့်တာတွေကို အမေစုကို ၂၀၁၆ ခု
မေလ ၂၅ ရက်နေ့ က အဖွဲ့ပေါင်းစုံက တင်ပြလိုက်ကြပါတယ်။ ယခုအခါ ၉လပြည့်သွားပါပြီ။ တစ်နှစ်မပြည့်ခင်စတင်အကောင်
အထည်ဖေါ်ဖို့ပြင်ဆင်ပေးပါလို့ လေးစားစွာမေတ္တာရပ်ခံပါတယ်။
အမေစု ခေါင်းဆောင်တဲ့ NLD
အစိုးရတက်လာရင် ငါတို့အလုပ်သမားတွေ ဖိနှိပ်ခံဘ၀က လွတ်တော့ မယ်လို့ အားခဲမျှော်လင့်ခဲ့ကြပါတယ်။
အလုပ်သမားတွေရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါစေ။
မြတ်ညို
(အလွတ်သတင်းထောက်)