03 February 2017

“ကြိမ်ဖန်များစွာခံရလွန်းလို့ မိအေးနာလို့သေတော့မယ်”



        

          
      ဈေးလည်းသက်သာ၊ အိမ်ထောင်စုသန်းခေါင်စါရင်းနဲ့ အမျိုးသားမှတ်ပုံတင်လည်းမလိုအပ်၊ လွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုတဲ့ CI စာအုပ်ကို ထိုင်းဘက်က ထုတ်ပေးဖို့ အဆင်သင့်   ဖြစ်နေခဲ့ပေမယ့် မြန်မာအစိုးရဘက်က ဘယ်နေ့ထုတ်ပေးမယ်ဆိုတာ ယနေ့အထိ အတိ အကျ မကြေညာသေးပါ။

         နယ်ကျော်ခွင့်မရှိတဲ့ ပန်းရောင်ဘတ်ကဒ်ကိုင် ဆောင်ထားတဲ့အလုပ်သမားတွေ နေထိုင် ခွင့်သက်တမ်း တိုးနေကြရပြီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမားတွေရဲ့ချွေးနှဲစာတွေ မလိုလားအပ်ပဲ ထပ်ကုန်နေကြရပါတယ်။


        သံရုံးမှာ ဖွင့်ထားတဲ့ရုံးမှာသွားလုပ်ဖို့ဆိုတာလည်း ကုန်ကျငွေက အနည်းဆုံး ဘတ်ငွေ ၂၂၀၀ ဘတ်ဖြစ်ပေမယ့် အနည်းဆုံး ၆လကြာမှ ကျတယ်။

      CI လုပ်တာနောက်ကျလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အလုပ်သမား ၈၀ ဦး နကပထုန်မှာ ဖမ်းဆီး
ခံရပြီး နယ်စပ် ကိုပြန်ပို့ခံရတယ်။ သူတို့ ပန်းရောင်ဘတ်ကဒ်တွေလည်း သိမ်းဆည်းခံရတယ်။ အလုပ်သမားတွေ တရားမ၀င် အလုပ်သမားဖြစ်သွားရတယ်။ အလွန်နစ်နာပါတယ်။ နောက် လည်းနစ်နာကြရပါအုံးမယ်။

                            “ထိုင်းရောက်အလုပ်သမားများအတွက်မြန်မာအစိုးရကြိုတင်ပြင်ဆင်မှုအားနည်း”

        ၂၀၀၇ ဇန်န၀ါရီလ ၈ရက်နေ့က  ဘန်ကောက်မြို့ ပါနန်းအရပ်မှာ အသက် ၂၃ နှစ်အရွယ် အိမ်ဖေါ် အလုပ်သမ  မနန်းဌေးဌေးဦး အသတ်ခံခဲ့ရတယ်။

                  ၂၀၀၇ ဇန်န၀ါရီလ၂၅ရက်နေ့မှာ ဘန်ကောက်မြို့စိုင်မိုင်ရပ်ကွက် AC ဈေးအနီးက   မြေအောက်ရေမြောင်းတွင်း ပိတ်နေတာကိုဆင်းရှင်းကြတဲ့အလုပ်သမားလေးဦး မြောင်းတွင်း  အနံ့ ဆိုးတွေ ရှုမိပြီး သေဆုံးခဲ့ပါတယ်။ ဒီထဲမှာ အသက် ၃၈ နှစ်အရွယ် မောင်ဇော် ဆိုတဲ့   မြန်မာအလုပ်သမားတစ်ဦးပါသွားခဲ့တယ်။

          ဇန်န၀ါရီလကုန်နေ့ညဥ့်က စူရတ်မြို့ပြင် ရာဘာခြံတစ်ခြံထဲမှာ ရခိုင်အလုပ်သမား ဇနီးမောင်နှံတို့ ပစ္စည်းတွလုယူခံရရုံသာမက အသံတိတ်သေနတ်နဲ့ပါ ပစ်သတ်ခံခဲ့ရတယ်။
  
       ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စူရတ်မြို့မှာပဲ MOU သင်းချိုင်းလို့အမည်ပေးထားတဲ့ Vonbundit ဘုံဘန်ဒစ် ရာဘာအလုပ်ရုံထဲမှာ မြန်မာအေဂျင်စီတွေကပို့ထားတဲ့ MOU အလုပ် သမား တစ်ရာကျော် သူဌေးမတူလို့ဆိုပြီး အဖမ်းခံရတယ်။ အဲဒီအလုပ်သမားတွေ ရဲစခန်းမှာ တစ်ယောက်ကို ဘတ် ၂၀၀၀ နဲ့ ပြေလည်ခဲ့ပေမယ့် လ၀က ရောက်တော့  ပြန်မပို့ဖို့အတွက် တစ်ယောက်ကို ဘတ်ငွေ ၁၃,၀၀၀ စီပေးခဲ့ရတယ်။ ဒါတွေကိုမြင်နေရတဲ့ စိတ်ကောင်းရှိတဲ့   ဒေသခံ ထိုင်းလူမျိုးတွေက MAT အဖွဲ့ကိုလှမ်းပြောကြတယ်။

        ဘန်ကောက်မြန်မာသံရုံးက သေဆုံးသူတွေအတွက်ကော၊ ဖမ်းဆီးခံရသူတွေအတွက်ပါ တစ်စုံတစ်ခု လုပ်ကိုင်ဆောင်ရွက်တာမတွေ့ရပါ။ MOU အလုပ်သမားတွေကို ဖမ်ဆီးပြီးငွေေ တာင်းခံရတာကိုလည်း အလုပ်သမားတွေကိုပို့တဲ့ အေဂျင်စီတွေကို စစ်ဆေးတာ၊ အရေးယူ တာမကြားရပါ။ ထိုင်းမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဆိုတာ ကိုယ်ဖြစ်ကိုယ်ခံဘ၀ပါ။
          မဟာချိုင် ရဲစခန်းနောက်ဘက်မှာ သွားကြည့်ပါ။ နေ့စဉ်မြန်မာအလုပ်သမားပေါင်း ၅၀ ကနေ ၁၀၀ လောက်ကို အကြောင်းမရှိအကြောင်းရှာပြီး ဖမ်းစားနေပါတယ်။ ရာပေါင်းများစွာေ သာ မြန်မာတွေ မြ၀တီ ကတစ်ဆင့်နေရပ်ရင်းကို အသွားအပြန်လုပ်ကြပါတယ်။ ဂိတ်တိုင်းမှာ ပိတ်ဆံပေးကြရပါတယ်။
      ထိုင်းနိုင်ငံအတွင်းမှာ မြန်မာအလုပ်သမားတွေကို အနိုင်ကျင့်ချင်တိုင်းကျင့်လို့ရတယ်ဆိုတဲ့ ထိုင်းတွေရဲ့ပြုမူချက်တွေကိုအယင်မြန်မာအစိုးရအဆက်ဆက်မသိချင်ယောင် ဆောင်နေခဲ့ပါ တယ်။
       ယခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရဟာ လူထုရွေးချယ်တင်မြှောက်တဲ့ အစိုးရဖြစ်တာကြောင့် ငါးသန်းလောက်ရှိတဲ့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ဥပေက္ခာပြုမထားသင့်ပါ။
     ယခု CI မဖွင့်လို့ အလုပ်သမာတွေ ဒုက္ခလှလှတွေ့နေကြရပါပြီ။ ယခုလ ၂၂ ရက် ကစပြီး ၆နှစ် ဗီဇာကုန်နေကြသူတွေအတွက်ကော ဘာမှအဆင်သင့်မဖြစ်သေး။ အယင်လတွေက ကုန်ထားကြတဲ့ ၆နှစ်ဗီဇာကုန်အလုပ်သမားတွေအတွက် ထိုင်းအစိုးရနဲ့ ထိုင်းလုပ်ငန်းရှင်တွေ က ဘာလုပ်လို့လုပ်ပေးရမှန်းမသိဖြစ်နေကြတယ်။
       MOU တွေနဲ့ရောက်လာကြပြီး စာအုပ်သက်တမ်းကုန်တော့မယ်။ လာတဲ့ကုမ္ပဏီတွေက လည်း ဂရုမစိုက်တာ့ဘူး။ CI ၀င်လုပ်လို့လည်းမရကြ။ တရားဝင်အလုပ်သမားဘ၀ကနေ တရားမ၀င်အလုပ်သမားအဖြစ်သို့ ချက်ခြင်းကူးပြောင်းကြရတော့မယ်။ 
        ငါးသန်းထက်မနည်းရှိနေတဲ့ ထိုင်းနိုင်ငံအတွင်းက မြန်မာတွေအတွက် အမေစုအနေနဲ့ လူပြောင်းမလား၊ အလုပ်သမားဆိုင်ရာမူဝါဒပြောင်းလဲသင့်သလား၊ ဒီအတိုင်းပဲမသိချင်ယောင်   ဆောင်နေဦးမလားဆိုတာတော့ စောင့်ကြည့်နေရုံကတစ်ပါး ကျနော်တို့မတတ်နိုင်ပါ။

                                     ကျော်သောင်း     ဘန်ကောက်