09 April 2014

“ပင်လယ်ပြင်ထက်ငရဲခန်းများထဲမှပုထုဇဉ်”



  ဒီနေ့ရန်ကုန်မှာထုတ်ဝေတဲ့ မြန်မာပို့စ် ဂျာနယ်ပါ ဆောင်းပါးကို အွန်လိုင်း
        စာဖတ်သူများ ဖတ်ရှု့နိုင်ရန်အတွက် ဖေါ်ပြလိုက်ပါတယ်

                                                 
                       “နှလုံးသားမှာဆူးနစ်ဝင်တယ်”
          အကူညီတောင်းသူထဲကအလုပ်သမားအကြီးဖြစ်သူ ကိုခင်ဇေါ်ဝင်း က“ဆရာ.. ကျနော်တို့ လူကုန် ကူးခံခဲ့ရကောင်းလားလို့၊ ပြစ်ဒဏ် ခတ်ထား တာလားဗျာ၊  ကျနော်တို့ ဒီ ကယ်ဆယ်ရေးစခန်းထဲမှာ ဘာမျှော် လင့်ချက်မှ မရှိပဲ တစ်နှစ်တိတိနေခဲ့ကြရပြီ။ ကျနော်တို့ မိသားစုနဲ့ ဝေးနေရတာပဲအဖတ် အဖတ်တင်တယ်။ လူကုန်ကူးမှုကိုကျူးးလွန်ကြတဲ့ ဂိုဏ်းခေါင်းဆောင်ထောင် မကျသေးဘူး။ ထောင်ချခံနေရပြီဖြစ်တဲ့ဂိုဏ်းသား တွေ ကျနော်တို့ထက်ေ တာင်အယင်လွတ်မလားမသိဘူး။ ကျနော်တို့ကို လူကုန်ကူးတဲ့ပွဲစားတွေ ဆီက အဖိုး နည်းနည်းနဲ့ဝယ်ယူပြီး မသေမချင်းခိုင်းနေတဲ့ ထိုင်းငါးဖမ်းလှေ ပိုင်ရှင်တွေ တရားရုံးကိုတောင်လာစရာမလို ဘူးဗျာ။ ကျနော်တို့ ဘယ်တော့ အိမ်ပြန်ရမလဲဆရာ၊ ကျနော်တို့ကို ကူညီပါ အုံးဗျာ” လို့ပြောတဲ့စကားဟာ ကျနော့်ရင်ကို စူးဆူးသလိုခံစားရတယ်။

            “ဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ”

          ၂၀၁၃ ခုမတ်လ ၅ ရက်နေ့မှာ UNIAPမှ မြန်မာအရာရှိ ဦးမောရစ်က MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း ရဲ့ ဖုန်းနံပါတ်ကို  ငါးဖမ်းလှေပေါ်မှ   မောင်တိုး ဆိုသူကိုပေးခဲ့တယ်။ မောင်တိုး ကို ဆက် သွယ်လို့ရတဲ့အခါတိုင်း သတင်းအချက်အလက်တွေကို MAT က စုဆောင်းတယ်။    ရရှိတဲ့သတင်းအချက် အလက်တွေကို ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက်လှမ်းရေးအဖွဲ့DSI,မြန်မာအလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း,ဘန်ကောက်မြို့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT, ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED တို့က ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ မတ်လ၁၀ ရက်နေ့မှာ ဒီလူတွေကို ပိတ်လှောင်ထားတဲ့အခန်းထဲက ကယ်တင်ခဲ့ကြတာပါ။
၂၀၁၃.ခုဧပြီလ၂၁ရက်နေ့မှာထိုင်းနိုင်ငံDSIဗဟိုရုံးချုပ်မှာ မြန်မာကိုယ်စား
လှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင်ထွန်း(လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့-တပ်ဖွဲ့မှူး) Anti-trafficking in persons division(ATIPD), ဦးကျော်ကျော်လွင်(အလုပ်သမားသံအရာရှိ) ဦးနိုင်ထွန်း(ညွန်ကြားရေးမှူး အလုပ်သမား ၀န်ကြီးဌာန၊ မြန်မာသံရုံး) ဒေါ်ဥမ္မာအိအိချော (UNIAPမြန်မာ) Dr Lisa (UNIAP, Regional Mangemanet Office) ဦးမောရစ်(UNIAP, Regional Management Office) ဦးကျော်သောင်း (ထိုင်းနိုင်ငံရောက်မြန် မာနိုင်ငံသားများအဖွဲ့MAT က ၄ဦးနဲ့ထိုင်းအင်ဂျီအိုအချို့တို့ပါဝင် တဲ့အစည်းဝေး တစ်ရပ်ကျင်းပခဲ့ကြပါတယ်။
               အဲဒီအစည်းဝေးပွဲမှာ ဦးနိုင်ထွန်းနဲ့MATမှ ဦးကျော်သောင်း တို့က  လူကုန်ကူးခံခဲ့ရတဲ့ အလုပ်သမားများထံမှရရှိထားတဲ့ VDOကလစ်နဲ့ သတင်း အချက်များကိုတင်ပြခဲ့ကြပါတယ်။ အဓမ္မပြုကျင့်ပြီးသတ်ဖြတ်၊ အလောင်းေ ဖျာက်ခြင်း၊ ကတန်လ၀ကရုံးကြီးတွင် အခကြေးငွေမရရှိပဲ အလုပ်သမားေ တွကို ဆေးသုတ်ခိုင်းစေတာနဲ့ ရဲအရာရှိဟောင်း တစ်ဦးပိုင်ဆိုင်တဲ့ ရာဘာခြံကို ပင်လယ်ပြင်က  ၀င်လာပြီးတိုင်း အခကြေးငွေမရပဲ ခုတ်ထွင်ရှင်း လင်းရတာကို ဖုန်းကယ်မရာနဲ့ VDOရိုက်ထားတာကို တင်ပြခဲ့ကြတယ်။
      ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လ၁၀ ရက်နေ့က ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ အကွာမှာရှိတဲ့ ကတန်မြို့ ငါးဖမ်းလှေဆိပ်မှာရှိတဲ့ အခန်းတစ်ခန်းထဲမှာ အင်းဂျီဗလာ၊ ဘောင်းဘီစုတ်စုတ် ဆံပင်ဖွာလန် ကြဲေ တွနဲ့ အသားအရောင်မွဲခြောက်ခြောက်ဖြစ်နေတဲ့ မြန်မာနိုင်ငံသား ၁၅   ယောက်ကို DSI, နယ်မြေခံရဲတွေ အကူညီနဲ့ MAT ပူးပေါင်းအဖွဲ့တွေ စီးနင်းဝင်ရောက် ကယ်ထုတ်နိုင်ခဲ့တယ်။

      “ကိုယ့်သားသမီးရောင်းစားခံနေရသလို ကိုယ်ဖိရင်ဖိ လုပ်ခဲ့ကြရတာ”

          MAT အဖွဲ့ဟာ သံမှူးဟောင်း ဦးနိုင်ထွန်းနဲ့ ထိုင်းတောင်ပိုင်းဖန်င အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်တို့ရဲ့   ထောက်ပံ့ကူညီမှုတို့နဲ့ ကြိမ်ဖန်များစွာ အဲဒီကတန်လှေဆိပ်ကို   လေယာဉ်နဲ့ ကားစင်းလုံးငှါးနဲ့ပါ သွားရောက်ခဲ့ကြရတယ်။ MAT အဖွဲ့ဟာလုံခြုံရေးအရ အုပ်စုလိုက် သွားကြရတာမို့ စရိုက်စက အတော်ကုန်ကျခဲ့ပါတယ်။  
            MAT အဖွဲ့ဟာ ရနောင်းကယ်ဆယ်ရေးစခန်းအတွင်းမှာရှိနေတဲ့ အလုပ်သမား ၁၅ဦးတို့ရဲ့အကူ အညီနဲ့ ကတန်ငါးဖမ်းလှေဆိပ်က အမျိုးသမီး ၂ဦးကို အမာခံသတင်းပေးအဖြစ်ထားရှိခဲ့ပြီး ၃လလောက် အချိန်ယူ စုံစမ်းခဲ့ရ ပါတယ်။ ရရှိတဲ့သတင်းအချက်အလက်တွေကို မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့(ATIPD) နဲ့ DSI တို့ကို တင်ပြနေခဲ့သလို သူတို့ရရှိတဲ့သတင်းအချက် အလက်တွေကိုလည်း ကျနော်တို့ အခြေခံခဲ့ရပါတယ်။ တပြိုင်တည်းမှာ အင်္ဂလန်နိုင်ငံ  ယူကေမြို့က လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ ENVIRONMENTAL JUSTICE FOUNDATION (EJF) ကလည်းဒီလူကုန်ကူး ဂိုဏ်းအကြောင်း အဖြစ် အပျက်တွေကို VDO ရိုက်ကူးမှတ်တမ်းတင်ပြီးတော့ ၂၀၁၃ ခု မေလ ၂၉ရက်နေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ဝေပြီး၊ တကမ္ဘာ လုံးသို့ ထုတ်လွှင့်ပြသခဲ့ပါတယ်။
          ဒီဂိုဏ်းကြီးကိုနှိမ်နင်းနိုင်ရေးအတွက် ၂၀၁၃.ခုဇူလိုင်လ၂၈ရက်နေ့မှာ DSIက ဒုတိယအကြီးဆုံး အရာရှိ Pol.Lt.Col.Komvich Padhanarath, AHTDမှ Pol.Maj.Arit Tatsaphan တို့နဲ့ MAT အဖွဲ့က ဦးကျော်သောင်း၊ ကိုမင်းမင်းနှင့် ကိုသူရဇေါ်တို့ ကတန်မြို့ကိုသွားရောက်ခဲ့ကြပါတယ်။ ဇူလိုင်လ၂၉နှင့်၃၀ ရက်တို့တွင် အထူးစုံစမ်းမှုတွေပြုလုပ်ကြပြီး ဇူလိုင်၃၀. ရက်နေ့မှာ အဆိုပါဂိုဏ်းသားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ချာလီ  ဆိုသူရဲ့ အခန်းကိုရှာဖွေ့တွေ့ရှိခဲ့ပြီး ရဲစခန်းသို့ခေါ်ယူလာခဲ့ကြပါတယ်။
      ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၅နာရီခန့်မှာ  ကရင်(ခ) စိုးမြင့် ဆိုသူကို မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးတာကို ဒေသခံပုလိပ်တွေနဲ့ ၀ိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကရင်နဲ့မျှောပြီးဂိုဏ်းခေါင်းဆောင် ကိုမျိုးရဲ့   နေအိမ်ကိုခြေရာခံမိခဲ့တယ်။ ခေါင်းဆောင်နေအိမ်ခန်းကို ညဉ့်နက်ပိုင်းမှာ စီးနင်း ၀င်ရောက်ရှာဖွေခဲ့ပေမယ့် မဖမ်းမိခဲ့ပါဘူး။
               အခြားဂိုဏ်းသားတွေကိုရလိုရငြား DSI နှင့် MAT အဖွဲ့တို့ ကြိုးပမ်းနေကြစဉ်မှာ ကိုမျိုး မှ ကရင် (ခ)စိုးမြင့်ထံသို့ဖုန်းဆက်ခဲ့ပါတယ်။  ကိုမျိုးက အခြေအနေအရပ်ရပ်ကိုသိရှိနေဟန်ရှိတယ်။ ဒါကြောင့် သူက “ဘာတွေဖြစ်နေတာလဲ ကရင်,မင်းဟာထမင်းနဲနဲပဲစားသေးတယ်ကရင်၊ ငါအများကြီးစားထားပြီးကရင်၊ မင်းတို့က ငါ့ကိုတော်တော်လျှော့တွက်တာ ကိုး။ မင်းအနားကကောင်တွေနား ထောင်နေတယ်။ ကိုယ့်အမေ ကိုယ် -ိုးတွေ၊  -ီးပဲလို့၊ ငါ့ကိုထောင်ထဲမထည့်နဲ့ ငါ့ကိုတစ်ခါတည်းသတ်ပ လိုက်လို့” ဆိုပြီး ဆဲဆိုတဲ့အသံကိုလည်းMATအဖွဲ့ကVDO ဖြင့်တောက်လျှောက် မှတ်တမ်းတင်ခဲ့ပါတယ်။ နောက်နေ့နံနက်၃နာရီအချိန် အထိစုံစမ်းမှုတွေ   ပြုလုပ်ခဲ့ကြပါတယ်။
            ဇူလိုင်လ၃၁ ရက်နေ့ညနေပိုင်းမှာMATအဖွဲ့ကိုDSIက ခဏဘန်ကောက်ကိုပြန်ဖို့ပြောတာကြောင့်  ပြန်လာခဲ့ကြပါတယ်။သြဂုတ်လ၁. ရက်နေ့မိုးလင်း၆နာရီမှာ ဘန်ကောက်သို့MATအဖွဲ့ရောက်ရှိခဲ့ကြပါတယ်။ ဒါပေမယ့်MATအဖွဲ့ဟာနားနေအိပ်စက်ခြင်းမရှိပဲ ချာလီနဲ့ အခြားသတင်းေ ပးတွေ ထံသို့ ဖုန်းနဲ့စဉ်ဆက်မပြတ် ဆက်သွယ်စုံစမ်းပြီး နောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်တွေကို DSI အရာရှိ Komvich ထံသို့ သတင်းေ ပးပို့နေခဲ့ပါတယ်။ မွန်းလွဲ၂နာရီအချိန်တွင် Komvichက ဂိုဏ်းခေါင်းဆောင် ကိုမျိုးအား စူရတ်မြို့ ပြင်ရာဘာခြံတစ်ခုမှာဝိုင်းထားပြီးပစ်ခတ်နေကြေ ကြာင်းသတင်းပို့လာတာကြောင့်MATအဖွဲ့နဲ့ မြန်မာသံမှူး ဦးနိုင်ထွန်း တို့ လိုက်ပါသွားရန် အဆင်သင့်ပြင်ဆင်နေခဲ့ကြပါတယ်။
      ညနေ၃နာရီခန့်မှာလက်ဖြောင့်သေနတ်ပစ်ခတ်ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်းသိရှိခဲ့ရ ပြီးနောက်ဦးနိုင်ထွန်း   နဲ့MAT  အဖွဲ့တို့ ဦးနိုင်ထွန်း စီစဉ်တဲ့ ကားတစ်စီနဲ့ညတွင်းချင်းလိုက်ပါသွား ခဲ့ကြပါတယ်။  
           သြဂုတ်လ၂ရက်နှင့်၃ ရက်တို့မှာ ကျန်နေသေးတဲ့ဂိုဏ်းသားတွေနေ ထိုင်ရာကို အသေးစိတ်လေ့ လာ စုံစမ်းမှုများဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် သြဂုတ်လ၄ရက်နေ့မှာရှောင်တိမ်းနေကြတဲ့ဂိုဏ်း သားတွေကိုရာ ဘာခြံတွေမှာ သီးခြားစီဆက်တိုက်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ထိုင်းအစိုးရဟာ   အောင်မြင်မှုအဖြစ် ထိုင်းသတင်းမီဒီယာတွေ နဲ့သတင်းစာရှင်းပွဲတွေ လုပ်ခဲ့ ကြတယ်။

                    “ထိုင်းလူကုန်ကူးမှုဥပေဒကပန်းနဲ့ပေါက်သလိုပဲ”

   ကျနော်တို့တွေဟာ ငါးဖမ်းလှေဆိပ်တွေ၊ ပင်လယ်အစားအစာ ထုတ်လုပ်တဲ့အလုပ်ရုံတွေ၊ အခန်းပိတ်လှောင်တဲ့အလုပ်ရုံတွေ၊ စားသောက် ဆိုင်တွေနဲ့ ပြည့်တန်ဆာရုံတွေကို ထိုင်းအစိုးရနဲ့အတူ ၀င်ရောက်
ကယ်ထုတ်ကြ ပါတယ်။ ဒါပေမယ့် လူကုန်းကူးမှုကိုကျူးလွန်တဲ့လူကုန်ကူး သူတွေ၊ အလုပ်သမားတွေကို အဓမ္မခိုင်းစေတဲ့လုပ်ငန်းရှင်တွေကို ထိထိေ ရာက်ရောက် အရေးယူဆောင်ရွက်တာ မတွေ့ရသလောက်ပါပဲ။
မှတ်မှတ်ရရ ၂၀၁၁ခုနှစ်က ဘန်ကောက်မြို့လယ် ဒဲင်းဒန်အရပ်မှာ ရှိတဲ့   မြန်မာအမျိုးသမီးတစ်ဦးနဲ့ တရုတ် နိုင်ငံသား တစ်ဦးတို့ တည်ထောင် ထားတဲ့အထည်ချုပ်အလုပ်ရုံတစ်ရုံက အလုပ်သမား၃၅ဦးကိုကယ်ထုတ်ခဲ့
ကြတဲ့ လူကုန်ကူးမှုမှာတော့ ဒီလင်မယား ၂ဦးတို့ ထောင်ကျသွားခဲ့တယ်။ ၂၀၁၃ ခုနှစ်ထဲမှာ ပြန်လည်လွတ်မြောက်လာခဲ့ကြတယ်။ အခြားလူတွေပြစ် ဒဏ်ချမှတ်တာခံရတယ်ဆိုတာ မကြားဖူးဘူး။
               ကိုမျိုးတို့ဆီမှာအချိန်ကြာကြာဒုက္ခခံခဲ့ရသူတစ်ဦးဖြစ်တဲ့ ပဲခူးတိုင်းက ဆန်းထိုက်ဝင်း ဆိုတဲ့ လူငယ်တစ်ယောက်ပါတယ်။  ကြက်သား အလုပ်ရုံကိုလုပ်ဖို့လာတာ ပင်လယ်ထဲကို မလိုက်နိုင်ဘူးလို့ ခံပြော လို့၊  ပွဲစားတွေအုပ်စုလိုက် ၀ိုင်းရိုက်၊ ဓါးနဲ့ခုတ်လို့ ညာဘက်လက်ကောက်ဝတ်နဲ့ လည်ပင်းမှာ ဓါးဒဏ်ရာရရှိသွားခဲ့တယ်။ အသက်သေမှာ စိုးလို့ လှေ လိုက်ပါမယ်ပြောမှထုနှက်တာတွေကိုရပ်ကြပါတယ်။ အဲဒီဒဏ် ရာတွေကြောင့် ဆန်းထိုက်ဝင်း ဟာ ပွဲစားတွေအလုပ်သမားတွေကို ၇လတိုင်တိုင် ထမင်းချက် အလုပ်နဲ့နေခဲ့ရတတယ်။ ဒဏ်ရာတွေပျောက်သွားမှ ပင်လယ်ထဲကို ၅လကျော် အလုပ်လုပ်လိုက်ရတယ်။ ဒါကြောင့်သူဟာ လူကုန်ကူးဂိုဏ်းသားတွေကြမ်း ကြုတ်တာတွေကို အသိဆုံးလို့ ပြောနိုင်ပါတယ်။
             သူက “ဆရာ ကျနော့်ရှေ့မှာ အလုပ်သမား၇ယောက်သတ်တာ ကျနော့်မျက်မြင်ပဲ။ထုတ်တန်းကကြိုးနဲ့လည်ပင်းကိုကြိုးကွင်းစွတ်တယ်၊ အောက်
ကခုံကိုခြေထောက်နဲ့ကန်လိုက်တယ်။တုတ်နဲ့မသေမချင်း   သတ်လို့သွေးတွေ အခန်းနံရံမှာ ပယ်ကျံနေတာခုထိရှိနေဆဲဖြစ်တယ်။ အလုပ်မလုပ် ချင်တော့ လို့  ပြန်မယ် ပြောသူကို ခြေထောက်ကို သံကြိုးခွေတွေချည်ပြီး  ရေထဲကို အရှင်လတ်လတ်ပစ်ချသတ်တယ်။ အဆိုးဝါးဆုံးသတ်ဖြတ်တာတစ်ခု ကတော့ မောင်ငယ်ဆိုတဲ့ အလုပ်သမားတစ်ယောက်ကို ပွဲစားတွေ အခန်းနောက် က သစ်ပင်မှာနောက်ပြန်ကြိုးတုတ်ပြီးချည်တယ်။ ပြီးရင်ခါချဉ် ထုတ်ကိုချွေချတယ်။ ခါချဉ်ကိုက်လို့ အော်တော့ သတင်းစာစက္ကူကို ရေ ဆွတ်ပြီး ပါးစပ်မှာထည့်ထားတယ်။ တစ်နာရီလောက်ကြာတော့ခါချဉ်ကောင်   တွေအုံခဲလို့နာကျင်လို့အော်နေတာကိုပွဲစားတွေကအရက်သောက်ရင်း ထိုင်းကြည့်နေကြတယ်။ ပြီးတော့မှဂိုဏ်းခေါင်းဆောင် ကိုမျိုး ဆိုသူဟာ   သွေးအေးအေးနဲ့မောင်ငယ် ၀မ်းဗိုက်ကိုခွဲပစ်ပြီးတော့ ပလပ်စတစ်   ဘောပင်ကို မီးရှို့ပြီးအစက်တွေချပြီးသတ်တဲ့မြင်ကွင်းဟာ မကြာမကြာ အိပ်မက်မက်လို့လန့်နိုးနေတယ်” လို့ ကိုဆန်းထိုက်ဝင်း က ပြောတယ်။
  သူက“ဆရာရယ်၊ ဂိုဏ်းခေါင်းဆောင်ကိုမျိုး မှာငါးဖမ်းလှေတွေ မှာ ရောင်းစားထားတဲ့ ရာပေါင်း များစွာသောလူတွေရဲ့လုပ်အားခကို လတိုင်းလာပြီးသူ့မိန်းမလာထုတ်စားနေတယ်။ သူတို့ချမ်းသာနေတာပဲ။ အချုပ်ခန်းထဲမှာလည်း ကြိုက်တာမှာစားနေနိုင်တာပဲ။ ကျနော်တို့ကဒီလူသတ် မုဒိန်းကျင့် လူကုန်ကူးမှု   ကြီးကို မျက်မြင်သက်သေအဖြစ် နေရတဲ့ လူတွေ ကတော့ ကယ်ဆယ်ရေးစခန်းထဲမှာတစ်နှစ်ပြည့်ပြီ။   ခု ကျနော်တို့  ဆေးလိပ်         တောင်မသောက်ရဘူး။ ကျနော်တို့လုပ်ခဲ့တဲ့လုပ်အားခတွေကို တစ်ရက်၉၀ဘတ်နုန်း နဲ့ရှင်းတယ်။ ကယ်ဆယ်ရေးစခန်းထဲမှာ ကြာနေ တဲ့အချိန်အတွက် ကျနော်တို့ကို ထိုင်းနဲ့ မြန်မာအစိုးရတို့ က သင့်တော်တဲ့ နစ်နာမှုမျိုးပေးစေချင်တယ်။ ဘာမျှော်လင့်ချက်မှမရှိတာကြောင့် ၄ယောက်ပြေး သွားပြီ၊ တကယ် စိတ်ဓါတ်ကျတယ်ဆရာ” ဟု ပြောချာသည်။

                            “ဆီပူအိုးမှ ရေနွေးပူအိုးထဲသို့”
           ဒီဝေါဟာရနဲ့ ဒီအတွေ့အကြုံတွေဟာ လွန်ခဲ့တဲ့လေးနှစ်လောက် ကတည်းကခံစားခဲ့ဖူးပြီး။ ဒါပေမယ့်ခုထိရင်ထဲမှာ တလှပ်လှပ်ကြေကွဲ ရဆဲဖြစ် တယ်။ လူကုန်ကူးခံရတဲ့လူတွေဟာ လူသားတစ်ယောက်အဖြစ်ကလုံး ၀ပျောက်သွားခဲ့ရတာပါ။ အသက်ရှုတဲ့စက်ရုပ်သဖွယ်အလုပ်လုပ်ရသူပါ။ ဘာဆိုဘာမှ မျှော်လင့်ချက်မရှိပဲ ပင်လယ်ပြင်ထဲမှာ အလုပ်လုပ်ကြရတာပါ။ ဘယ်တော့မှာများ မိမိဒေသကို ပြန်ရောက်မယ်၊ မိသားစုနဲ့ ပြန်တွေ့ရဖို့ဆို   တာမသေချာ။ မိမိတို့ဆိုက်ရောက်နေရတဲ့ အနေအထားကို တွေးမိလေးတိုင်း  လူကူးကုန်းခံရသူတိုင်း ယောက်ျားတန်မဲ့ ငိုကြရတယ်လို့ဆိုကြပါတယ်။ အချို့ဆို  စိတ်ခံစားမှုကို မခံစားနိုင်တော့လို့ သေခါမှသေရော ကမ်းမမြင် လမ်းမြင် ပင်လယ်ထဲကို ခုန်းဆင်းလို့ သေသွားတဲ့သူတွေအမြောက်အမြား ရှိသလို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ သြစတေလျှတို့ကို ရောက် သွားခဲ့ရတဲ့ သူတွေတောင်ရှိတယ်။
            လူတစ်ယောက်၊ ကုမ္ပဏီတစ်စု ချမ်းသာဖို့အတွက် ထိုင်းငါးဖမ်းေ လှပေါ်မှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား လူမျိုးတွေ ကျေးကျွန်းထက်အဖြစ်ဆိုးတဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ မရအောင် အလုပ်လုပ်နေခဲ့ကြရတာ ဆယ်စုနဲ့ချီကြာနေခဲ့ကြပြီဖြစ်တယ်။
             လပေါင်းများစွာ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း နေ့ရောညပါ အလုပ်လုပ်နေခဲ့ရာကနေ လူရည်လည်သူတစ်ချို့ရဲ့ဆက်သွယ်ဆောင်ရွက် မှုတွေကြောင့်ဖြစ်ဖြစ်၊ မိသားစုတွေက အဆက်အသွယ်ကောင်းလို့ပဲဖြစ်ြ ဖစ် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ကြသူတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့လို့ လွတ်မြောက်လာတဲ့ တဒင်္ဂ တစ်ခဏတာမှာတော့  တစ်သက်လုံးမှာ အပျော်ဆုံးနေပါပဲ။ ကျနော်တို့ ၀ယ်ကျွေးတဲ့ စားစရာသောက်စရာအကောင်း စားတွေကို စားပို့နင်မတတ် အားရပါရ စားသောက်ကြတာတွေကိုကြည့်ရင်း
ကျနော်တို့ ပီတိမျက်ရည်ကျရပါတယ်။ အဲဒီအချိန်မှာ လူကုန်ကူးခံခဲ့ရသူတွေ ကြည့်တဲ့မျက်လုံးတွေဟာကျနော်တို့ကို နတ်သိကြားတမျှ ထင်မှတ်မှားေ လာက်အောင် အံ့သြခြင်း ကျေးဇူးတင်ခြင်းတွေများစွာနဲ့တစ်ချို့များဆိုရင်   ထိုင် ရှိခိုးကြပါတယ်။
             လူကုန်ကူးမှုတိုက်ဖျက်ရေးရဲစခန်းကိုရောက်တဲ့အခါ ကျနော်တို့က ခေါင်းလျှော်ခိုင်းပါတယ်။ အမွှေးဆပ်ပြာတွေနဲ့ရေချိုးခိုင်ပါတယ်။ ပြီးတော့အလှူရှင်တွေလှူထားတဲ့ အ၀တ်အထည်အသစ် ဖိနပ်အသစ်တွေ ကိုဝတ်စေပါတယ်။ ကျနော်တို့နိုင်သလောက် ငွေအနည်းငယ်ကိုလည်းပေးပါတယ်။ အဲဒီ အချိန်မှာ လူကုန်ကူးခံခဲ့ရသူတွေရဲ့ လန်းဆန်းနေမှုနဲ့ အိမ်ပြန်ရတော့မယ်၊ မိသားစုတွေ နဲ့မကြာမီပြန်တွေ့ရ တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာသူတို့မျက်လုံး တွေမှာ အထင်အရှားပေါ်လွင်နေပါတယ်။ ကျနော်တို့လည်း သူတို့ကိုကြည့်ပြီး ကြည်နူးကြရပါတယ်။

   ဘာကြောင့်လူကုန်ကူးမှုဖြစ်နေသလဲဆိုတာ နိုင်ငံတကာ လူကုန်ကူးမှုအဖွဲ့အစည်းတွေသိကြပါတယ်။ ဘယ်လမ်းကြောင်းတွေက လူကုန်ကူးနေကြတယ်ဆိုတာလည်းသိကြပါတယ်။ ဘယ်သူတွေ လူမှောင်ခို ကုန်ကူးနေကြတာလဲဆိုတာလည်းသိနေကြပါတယ်။ လူကုန်ကူးခံရသူတွေကို ဘယ်နေရာတွေမှာ အသုံးချ နေတယ်ဆိုတာကိုလည်းသိရှိကြပါတယ်။ ဒါဆို ဘာကြောင့်လူကုန်ကူးမှုကိုလုံးဝပျောက်ကွယ်သွားအောင်၊ ရပ်တန့်သွားအောင် မလုပ်နိုင်ကြတာလဲ။ မေးစရာဖြစ်နေပါတယ်။      

 ကျော်သောင်း

08 April 2014

“MOU အလုပ်သမားတစ်ဦးအား ပြည်နှင်ဒဏ်ပေး”

                  ၂၀၁၄ ခု ဧပြီလ ၈ ရက်၊ မင်းဘခက်
တစ်လလျှင် ဘတ်ငွေလေးထောင် ၃လတိုင်တိုင် အဖြတ်တောက်ခံရသည့်MOUအလုပ်သမားတစ် ဦး က မြန်မာသံရုံးသို့ တင်ပြအကူညီတောင်း ခံခဲ့ရာသက်ဆိုင်ရာကုမ္ပဏီကဘတ်ငွေ ၁,၇၀၀  ပေး၍ ပြည်နှင် ဒဏ် ပေးလိုက်ကြောင်း အလုပ်သမား  ကပြောသည်။
          ဘန်ကောက်မြို့မင်ဘူရီ၂၉လမ်းတွင်ရှိသော ကွန်ကရစ် ကျောက်ပြားထုတ်လုပ်သည့် အလုပ်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည့် ကိုကြည်လင်းခိုင်သည် တစ်လလျှင် ဘတ်ငွေ၎,၀၀၀နုန်းဖြင့်၃လတိုင်တိုင်ဖြတ်   တောက်ခဲ့သည်။ ထို့ကြောင့်အလုပ်သမားများကပတ်စပို့ကိုထောင်းခံရာ နောက်ထပ်  ဘတ်ငွေ ၅,၀၀၀   ထပ်မံပေးရမည်ဖြစ်ကြောင်း ပြန်ပြောသည်။ 
            ထို့ကြောင့် ကိုကြည်လင်းခိုင်အား ဧပြီလ၆ ရက်နေ့တွင် အလုပ်ရုံ ထဲမှ မောင်းထုတ်ခံသဖြင့် မိုးချုပ် ခါနီးအထိ လမ်းမပေါ်တွင် ထိုင်နေခဲ့ရသည်။  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT၏ ကူညီပေးမှုဖြင့်လုံခြုံ သည့်နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ ယမန်နေ့က  မြန်မာအလုပ်သမားသံအရာနှင့် မဲဆောက် MCC ကုမ္ပဏီ မှ   ဒေါ်ပန်းချယ်ရီက ဘတ်ငွေ ၁,၇၀၀ပေး၍ မြ၀တီသို့ ပို့ဆောင်ပေးခဲ့သည်။


06 April 2014

“လူကုန်ကူးခံရသူ၎ဦးအား ကယ်ထုတ်”


                             
မြတ်ညို (အလွတ်သတင်းထောက်)၂၀၁၄ ခု ဧပြီလ ၆ ရက်

ထိုင်းနိုင်ငံတောင်ပိုင်း… မြို့တွင်ရှိသော အထည်ချုပ် အလုပ်ရုံတစ်ခုတွင် လူမှောင် ခိုကူးခံ နေရသည့် ရန်ကုန် မြို့ မင်္ဂလာဒုံမှ အမျိုးသမီး၂ဦးအား ပူးပေါင်းအဖွဲ့များက ယနေ့ ကယ်တင်နိုင်ခဲ့သည်။
           တစ်လလျှင် ကျပ်ငွေ လေးသိန်း ရမည်ဆိုသည့် ပွဲစား၏ စကားကိုယုံကြ ည်၍ ရန်ကုန်တိုင်း  မင်္ဂလာဒုံ မြို့နယ် သင်္ကန်းကျွန်းကြီးကျေးရွာမှ  အသက် ၂၂ နှစ် အရွယ် မလဲ့လဲ့ဝင်းနှင့် မင်္ဂလာဒုံမြို့ ဘိုခြံ လျှပ်စစ်ဝင်း မှအသက်၂၆နှစ် အရွယ် မအိအိခိုင် တို့နှစ်ဦးမှာ ပြီးခဲ့သည့် တစ်လကျော်က ထိုင်းနိုင်ငံတောင်း  ပိုင်း မြို့…….သို့ ရောက်ရှိခြင်းဖြစ်သည်။

“MOU အလုပ်သမား ၄၈ဦး ညှိနှိုင်းမှုအဆင်ပြေ”


                               
            မောင်ပေါ်ထွန်
၂၀၁၄ ဧပြီလ  ၆ ရက်

ကောင်းမြတ်စံသူ ကုမ္ပဏီ မှတင်ပို့ထားသည့် Chorsin အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ် သမား များအား MOU စာချုပ်ပါ စည်းကမ်းများဖေါက်ဖျက်ဆောင်ရွက်နေမှုပြဿနာအားMATအဖွဲ့က ပူးပေါင်း ညှိ နှိုင်းပေးခဲ့သဖြင့်အဆင်ပြေသွားပြီဖြစ်ကြောင်းသိရှိရသည်။
  အလုပ်သမားများက နေ့စဉ်နာရီဝက်စီလုပ်အားခမရခြင်း၊ အသက်အာမခံနှင့် ကျမ္မာရေးစောင့်ရှောက်ခ 
ဖြတ်ထားသော်လည်း ဆေးဝါးကုသပါကမိမိငွေဖြင့်ကု သ,ရခြင်း၊ ရက်ပေါင်ကြေးအဖြစ်၁၃ရက်စာမပေး
ခြင်း ၊ အလုပ်သမားများထံမှ ဘတ်ငွေ၁၁,၆၀၀ အထိဖြတ်တောက်ပြီးရုံမက ၁၇,၀၀၀အထိဖြတ် တောက် မည်ဟုပြောဆိုခြင်းများအပြင် မြန်မာပြည်တွင်ချုပ်ဆိုခဲ့သော စာချုပ်မှာတရား မ၀င်ကြောင်း ထိုင်းတွင်ချုပ် ဆိုသောစာချုပ်သာ တရားဝင်ကြောင်း အလုပ်ရှင် ကပြောဆိုခဲ့ကြောင်း အလုပ်သမားများက MAT အဖွဲ့သို့ တင်ပြခဲ့သည်။ 
 

05 April 2014

“မရဏပတ်စပို့”


 မရဏာနုဿတိပဲကြားဖူးတယ်။ မရဏပတ်စပို့လို့ ဘာကြောင့်ခေါ် လာရတာလဲ။ မကြာခင်က စိန်စီတဲ့ပတ်စပို့ ဆိုပြီး မင်္ဂလာရှိရှိပြောခဲ့ သေးတယ်လေ။ အချစ်ကိုဘယ်လိုပြောရမယ်ဆိုပြီးလည်းနောက်ဆုံး ရွှေနားတော်သွင်းဧချင်းရေး ဖွဲ့ ခဲ့သေးတာပဲမဟုတ်ဘူးလား။ 
  သန်းချီရှိတဲ့အလုပ်သမားတွေ တစ်နေ့တခြားပတ်စပို့သက်တမ်းတွေ ကုန်ဆုံး လာတယ်။ အလုပ်ရှင်တွေက ဆက်ပြီးတော့ အလုပ်မခိုင်းရဲကြတော့ဘူး။ အလုပ်သမားတွေလည်း စိတ်ဆင်းရဲနေကြတယ်။ ကုန်ထုတ်လုပ်မှုမှာ ထိခိုက် တာတွေဖြစ်လာတယ်။ 
        မြန်မာအစိုးရဟာထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားေ
တွရဲ့အနေအထားကို   သေချာ မသိပဲနိုင်ငံတကာကိုသွားလို့ရတဲ့ အဆင့်မြင့် ပတ်စပို့လုပ်ပေးချင်တယ်။ အလုပ်သမားတွေက အဆင်သင့်မဖြစ်ကြဘူး။ အဓိက အတားအဆီးက နိုင်ငံသားစီစစ်ရေးကဒ် (အမျိုးသားမှတ်ပုံတင်)နဲ့ အိမ်ထောင်စုစါရင်း တို့ပါမှ အဲဒီပတ်စပို့က လုပ်လို့ရမှာဖြစ်တယ်။ အဲဒီနှစ်ခု လုံးက မြန်မာနိုင်ငံသား ၈၀ ရာခိုင်နုန်းလောက်မှာ မရှိနိုင်တာတွေဖြစ်နေ တယ်။ ဒီနှစ်ခု မပါရင် ဘယ်လိုမှ လုပ်မရဖြစ်နေတယ်။

04 April 2014

“ဘန်ကောက်တွင် ရခိုင်အလုပ်သမားဇနီးမောင်နှံအသတ်ခံရ”


                         " သွေးလန့်တတ်သူများ မကြည့်ရ"                
၂၀၁၄ ခု ဧပြီ ၄ ရက်
မြတ်ညို(အလွတ်သတင်းထောက်)


          ဘန်ကောက်မြို့၊ ဘန်ဘော်မြို့တွင် ရခိုင်အလုပ်သမား ဇနီးမောင်နှံ ၂ဦး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညဥ့်နက်ပိုင်း က နေထိုင်ရာအခန်းထဲတွင် သတ်ြ ဖတ်ခံခဲ့ရကြောင်း နာရေးကူညီနေကြသည့် ရခိုင်ပါတီဝင် များထံမှသိရသည်။

        ဘန်ကောက်မြို့၊ အယ်ကချိုင်၇၆ လမ်း၊ တွင်ရှိသော  အလုပ်သမား အဆောင် ဒုတိယထပ် အခန်း(၅) တွင် နေထိုင်ကြသည့် ရခိုင်အလုပ်သမား ဇနီးမောင်နှံနှစ်ဦးတို့သည်  ပြီးခဲ့သည့် တနင်္ဂနွေ့နေ့ ညဥ့်နက်ပိုင်း အသတ်ခံခဲ့ ရပြီး အင်္ဂါနေ့က အခန်းမှ အပုပ်နံ့ ထွက်လာသဖြင့် သိရှိခဲ့ခြင်းဖြစ်ကြောင်း ဘန်ဘော် နယ်မြေရဲ အရာရှိက ပြောသည်။
         
  အသတ်ခံရသူများမှာ အသက် ၂၈ နှစ်အရွယ် မောင်စောသန်း သည် ရခိုင်ပြည်နယ်  ကျောက်ဖြူ မြို့နယ်၊ သိုင်းချောင်းအုပ်စု၊ ပဂျွိန်ချောင်းဖြားကျေး ရွာမှ ဦးဖိုးတုတ်(ခ) ဦးမောင်ထွီးစံ+ဒေါ်လှစော တို့၏ သားဖြစ်သည်။  အမျိုးသမီးမှာ အသက်၂၆ နှစ်အရွယ် မိဖြူ ဆိုသူဖြစ်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မှ ဖြစ်ကြောင်း နာရေးကို ကူညီဆောင်ရွက်နေကြသည့်  ရခိုင်အမျိုးသားပါတီ(အမြုတေ)ထိုင်းနိုင်ငံ၊ တာဝန်ရှိ သူများက ပြောသည်။


02 April 2014

“ငါးဖမ်းလှေမှ ရောင်းစားခံအလုပ်သမား၃ဦးအားကယ်ထုတ်”



ကိုတီး    ၂၀၁၄  ဧပြီလ  ၂ ရက်

         ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီခရိုင် ချောင်းစမေးစံ  ငါးဖမ်းလှေဆိပ် မဲခေါင်တံတား လှေအမှတ် (၅)တွင် ၁လကြာရောင်းစားခံနေခဲ့ ရသည့် မြန်မာ အလုပ်သမား ၃ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ စောစောက ကယ်ထုတ်   နိုင်လိုက်သည်။


            ထိုင်အစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းရေး DSI, ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATနှင့် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့ ပူးပေါင်း ကယ်ထုတ်ခဲ့ကြခြင်းဖြစ် သည်။


01 April 2014

“အလုပ်သမားများအပေါ် ဘတ်တစ်ထောင်စီဖြတ်တောက်ခြင်းအားကန့်ကွက်သင့်”

မောင်ပေါ်ထွန်း| ၂၀၁၄  ဧပြီလ  ၁ ရက်
            
    
 ပြန်ပို့စရိတ်ဟူသည့်ခေါင်းစဉ်ဖြင့်  မြန်မာအလုပ်အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ တစ်ထောင်စီ ကောက် ခံ ရန်ပြင်နေသည့် ထိုင်းအစိုးရ မူဝါဒအားမြန် မာအစိုးရအနေဖြင့် အလျှင်အမြန် ကန့်ကွက်သင့်ကြောင်း ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT က ယနေ့တောင်းဆိုလိုက်သည်။
            မဟာချိုင်မြို့နယ်အတွင်းရှိသော အလုပ်ရုံတို့တွင် ယခုလတွင်စတင်   ကောက်ခံနေပြီဖြစ်ကြောင်း အလုပ်သမား ကိုဝင်းနိုင်ကပြောသည်။ ၎င်းက “အစိုးရက ကောက်ခိုင်းတာလို့သူဌေး ကပြောတယ် ။ မြန်မာ အလုပ်သမားတွေ အိမ်ကိုပြန်မယ့်နေ့မှာ ပြန်ပေးမယ်လို့ပြောပါတယ်။ ကားခဘတ်ငွေ ၅၀၀ဆို ရင်မြန်မာနယ်စပ်ကိုရောက်တာပဲ။ လေယာဉ်နဲ့ပို့မှာလား။ ရည်စရာကောင်း တယ်။ အလုပ်သမားတွေ ဆီက လွယ်လွယ်ကူကူ ကောက်လိုက်ပေမယ့်   ပြန်ပေးမယ်ဆိုတာ ခက်ခဲမှာေ သချာပါတယ်။  အလုပ်သမားတွေ မှာ ပတ်စ ပို့ခ၊ ဗီဇာခ၊ ၀တ်ပါမစ်၊ နေထိုင်ခွင့် သက်တမ်းတိုးခ၊ ရက်၉၀ ဧည့်စါရင်းတိုင်၊ ဒါတွေအကုန်လုံးအ တွက် ငွေကုန် နေကြတယ်။ စားစရိတ် နေစရိတ်နဲ့ လုံးခြာ လိုက်နေကြတာ၊ ကျနော်တို့ ကျွန်သက်ရှည်အုံး မှာပဲ” ဟုပြောသည်။
           အလုပ်သမားတစ်ဦးလျှင် တစ်လစီ ဘတ်ငွေ ၂၅၀ နုန်းဖြင့် မတ်လမှ စတင်၍ဇွန်လအထိ လေးလ တိတိ  ဘတ်တစ်ထောင်ဖြတ်တောက်သွားမည်   ဖြစ်ကြောင်း ထိုင်းအစိုးရက အလုပ်ရုံများတွင် ကြော်ညာ စာကပ်ထားပြီးဖြစ် သည်။ 


"သတိပေး တိုက်တွန်းနှိုးဆော်ချက်"





 အလုပ်သမားများသန်းခေါင်စါရင်းပေးသွင်းရန်နေရပ်ရင်းသို့ဖုန်းဆက်ကြပါ" 
      
 ထိုင်းနိုင်ငံအတွင်းသို့ရောက်နေကြသည့် မြန်မာအလုပ်သမားများခင်ဗျား…… 
  မြန်မာနိုင်ငံတွင် ၂၀၁၄ ခု မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ခံနေ ပြီ ဖြစ်ပါသဖြင့် နေရပ်ရင်းတွင်ရှိသော မိသားစု၊ ဆွေမျိုးများအား မိမိတို့အမည်စာရင်းများကို ထည့်သွင်းပေး ထားရန် ဖုန်းဆက်အကြောင်းကြားကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
 
           မိသားစုတစ်ခုလုံး ထိုင်းကိုရောက်ရှိနေသူများအနေဖြင့်လည်း ရပ်မိ ရပ်ဖများထံသို့ ဖုန်းဆက်၍  သန်းခေါင်စာရင်းပေးသွင်းနိုင်ရန် စီစဉ်ကြစေလိုပါ သည်။
 
                                                               ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT


27 March 2014

“ပုဇွန်အခွံခွာသည့်အလုပ်ရုံမှ အလုပ်သမား ၂၂ ဦးအား ကယ်ထုတ်”



မင်းဘခက်၊ ၂၀၁၄  မတ်လ ၂၇ ရက်

             ထိုင်းနိုင်ငံမဟာချိုင်မြို့တွင်ရှိသော ပုဇွန်အခွံခွာသည့် အလုပ်ရုံတွင် ရောင်းစားခံနေရသည့် မြန်မာအလုပ်သမား ၂၂ ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ကယ်တင်နိုင်ကြောင်းသိရှိရသည်။

ဘန်ကောက်မြို့အနီး ကီလိုမီတာ ၅၀ ကျော်အကွာတွင်ရှိသော  မဟာချိုင်မြို့ဝတ်ကျက် ၅လမ်း ထဲတွင်ရှိသော ခြံအမှတ်--- တွင်ရှိသော ပုဇွန်အခွံခွာသည့်အလုပ်ရုံတွင်  ရောင်းစားခံနေရသည့် မြန်မာအလုပ်သမား၂၂ဦး (ကျား ၁၁+မ၁၁ ဦး)တို့အား ကယ်တင်နိုင်ခဲ့ကြခြင်းဖြစ်သည်။

            အဆိုပါ ကယ်တင်မှုအား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD, ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATနှင့် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်းဒေးရှင်း FED တို့က မဟာချိုင်ဒေသခံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တို့  ပူးပေါင်းကယ်ထုတ်ခဲ့ကြခြင်းဖြစ်သည်။