မရဏာနုဿတိပဲကြားဖူးတယ်။
မရဏပတ်စပို့လို့ ဘာကြောင့်ခေါ် လာရတာလဲ။ မကြာခင်က စိန်စီတဲ့ပတ်စပို့ ဆိုပြီး မင်္ဂလာရှိရှိပြောခဲ့ သေးတယ်လေ။ အချစ်ကိုဘယ်လိုပြောရမယ်ဆိုပြီးလည်းနောက်ဆုံး ရွှေနားတော်သွင်းဧချင်းရေး ဖွဲ့ ခဲ့သေးတာပဲမဟုတ်ဘူးလား။
သန်းချီရှိတဲ့အလုပ်သမားတွေ တစ်နေ့တခြားပတ်စပို့သက်တမ်းတွေ
ကုန်ဆုံး လာတယ်။ အလုပ်ရှင်တွေက ဆက်ပြီးတော့ အလုပ်မခိုင်းရဲကြတော့ဘူး။ အလုပ်သမားတွေလည်း စိတ်ဆင်းရဲနေကြတယ်။ ကုန်ထုတ်လုပ်မှုမှာ ထိခိုက် တာတွေဖြစ်လာတယ်။
မြန်မာအစိုးရဟာထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားေ
တွရဲ့အနေအထားကို သေချာ မသိပဲနိုင်ငံတကာကိုသွားလို့ရတဲ့ အဆင့်မြင့် ပတ်စပို့လုပ်ပေးချင်တယ်။ အလုပ်သမားတွေက အဆင်သင့်မဖြစ်ကြဘူး။ အဓိက အတားအဆီးက နိုင်ငံသားစီစစ်ရေးကဒ် (အမျိုးသားမှတ်ပုံတင်)နဲ့ အိမ်ထောင်စုစါရင်း တို့ပါမှ အဲဒီပတ်စပို့က လုပ်လို့ရမှာဖြစ်တယ်။ အဲဒီနှစ်ခု လုံးက မြန်မာနိုင်ငံသား ၈၀ ရာခိုင်နုန်းလောက်မှာ မရှိနိုင်တာတွေဖြစ်နေ တယ်။ ဒီနှစ်ခု မပါရင် ဘယ်လိုမှ လုပ်မရဖြစ်နေတယ်။
တွရဲ့အနေအထားကို သေချာ မသိပဲနိုင်ငံတကာကိုသွားလို့ရတဲ့ အဆင့်မြင့် ပတ်စပို့လုပ်ပေးချင်တယ်။ အလုပ်သမားတွေက အဆင်သင့်မဖြစ်ကြဘူး။ အဓိက အတားအဆီးက နိုင်ငံသားစီစစ်ရေးကဒ် (အမျိုးသားမှတ်ပုံတင်)နဲ့ အိမ်ထောင်စုစါရင်း တို့ပါမှ အဲဒီပတ်စပို့က လုပ်လို့ရမှာဖြစ်တယ်။ အဲဒီနှစ်ခု လုံးက မြန်မာနိုင်ငံသား ၈၀ ရာခိုင်နုန်းလောက်မှာ မရှိနိုင်တာတွေဖြစ်နေ တယ်။ ဒီနှစ်ခု မပါရင် ဘယ်လိုမှ လုပ်မရဖြစ်နေတယ်။
အလုပ်သမားတွေဖြစ်တဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေက မီဒီယာတွေ က ထုတ်ဖေါ်ပြောဆိုကြတယ်။ မြန်မာသံရုံးကိုဖုန်းနဲ့ ဆက်ပြီး အကြံပြုကြ တယ်။ ခက်ခဲတဲ့မူဝါဒကို လွယ်ကူချောမွေ့မယ့်ဘက်သို့ ဦးတည်ခြင်းပြောင်း လဲခြင်း မဖြစ်လာခဲ့ဘူး။ မြန်မာအလုပ်သမားတွေရဲ့အခြေအနေက နေမြင့်လေ အရူးရင့်လေဖြစ်လာတယ်။ အလုပ်သမားရဲ့အနေအထားကို သိရှိနေတဲ့ ထိုင်း အလုပ်သမားအာဏာပိုင်တွေက ယခုတိုင်အဆင်သင့် မဖြစ်လာတဲ့ မြန်မာ အစိုးရကို အယုံအကြည်မဲ့လာတာကြောင့် ထိုင်းမုဆိုးရွှေအိုးထမ်းကိန်းကို ဖန်တီးလိုက်ကြတယ်။
နေထိုင်ခွင်နဲ့စာအုပ်သက်တမ်းကုန်နေတဲ့စာအုပ်တွေကို
တစ်နှစ်စာ သက်တမ်းတိုးပေးမယ်။ အလုပ်လုပ်ခွင့် တစ်နှစ်စာ(၀တ်ပါမစ်) လုပ်ပေးမယ်။ မြန်မာသံရုံးနဲ့ ဘာမှတ်ပုံတင်နဲ့အိမ်ထောင်စု စါရင်း မှ ပြစရာမလိုဘူး။ မြန်မာအစိုးရကို ဂရုစိုက်စရာလည်းမလိုဘူး။
အလုပ်သမားလည်း ကိုယ်တိုင်လာ စရာ မလိုဘူးဆိုပြီး အမိန့် ထုတ်လိုက် တယ်။ နောက်နှစ်မှ နိုင်ငံကူး
စာအုပ်ကြီးလုပ်ကြပေတော့တဲ့…. .ပြီးရော့ ဗျာ။
မြန်မာအလုပ်သမားတွေကို သနားလို့အလကားလုပ်ပေးတာတော့ မဟုတ်ဘူး။
ပိုက်ဆံရဖို့ကိစ္စ ကြာနေလို့ စိတ်မရှည်တော့လို့ ထိုင်းတစ်ဦးတည်း ဂိုးသွင်းလိုက်တာပဲ။
တစ်နှစ်စာဗီဇာနဲ့ တစ်နှစ်စာ အလုပ် လုပ်ခွင့်အတွက် ဘတ်ငွေ(ခြောက်ထောင်ကနေ၊ ရှစ်ထောင်) ထက်မနည်း အလုပ်သမားတွေ ကုန်ကျနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အလုပ်သမားကိုယ်တိုင် လုပ်လို့ မရတာကြောင့်ဖြစ်ပါ တယ်။ ထိုင်းမှာရှိတဲ့သုံးလေးသန်းသော မြန်မာ အလုပ် သမားကိစ္စတွေကို မြန်မာအစိုးရမပါပဲ ထိုင်းအစိုးရလုပ်လို့
ရပါတယ်ဆိုတာ ကို ထိုင်းက ပြလိုက်တာပဲဖြစ်ပါတယ်။
သုံးလတစ်ကြိမ်ဧည့်စရင်းတိုင်စရာမလိုတဲ့
ပန်းရောင်ဘတ်နဲ့ ဘတ်ငွေ ၄,၀၀၀ နဲ့တစ်နှစ်စာကျမ္မာရေး စောင့်ရှောက်ခနဲ့နေထိုင်ခွင့်ရနေ ခဲ့ကြရတဲ့
မြန်မာ အလုပ် သမားတွေကို မရဏ ပတ်စပို့လုပ် လိုက်ပြီးခါမှစပြီး မြန်မာတွေ ထိုင်းမှာ အခါခါသေ နေကြရတော့တာပဲ။ ။