"စာဆိုစကား၊ ကလောင်သွားသည်... လက်နက်ဗိုလ်ခြေ၊ တိုက်ခိုက်စေ၍ မီးတောက် ဗုံးဆန်
ပေါက်ကွဲသံထက်။ ပြင်းအားရှိသည် ကမ္ဗည်းအက္ခရာတင်စေသည်"
ဘန်ကောက်မြို့ဘန်ချလုံနယ်မြေတွင်ရှိသော arosoft(အယ်ရိုဆော့)ဖိနပ်စက်ရုံ ခေါင်မိုးတစ်ခုအား သန့်ရှင်းရေးလုပ်နေစဉ် အမိုးအုပ်ကြွ ဆွေးမြေ့နေသဖြင့်
မြန်မာအလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။
သေဆုံးသွားသူမှာ အသက်၄၀ အရွယ် ဦးကြာငုံဆိုသူဖြစ်သည်။
သူသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့ နယ်၊ ဒေါက်ရိုက်ကျေးရွာမှဖြစ်သည်။
မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်၊
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT အဖွဲ့ဝင်များသည်
အလောင်းသဂြိုဟ်ရရေးနှင့် လိုအပ်သည်များကို ကူညီနိုင်ရန် သွားရောက်ခဲ့ကြသည်။ ညနေပိုင်းတွင်အလောင်းအားသဂြိုဟ်လိုက်ပြီးဖြစ်ပါသည်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ်
၎နှစ်ပြည့်သွားသူတွေရော၊ တရားမဝင်အလုပ်သမားတွေပါ အထောက်အထားရဖို့
လုပ်နေတာဖြစ်လို့ လက်ရှိအချိန်မှာ ထိုင်းရောက်ရွှေ့ပြောင်းမြန်မာတွေအတွက်
အထောက်အထား ဆိုင်ရာလက်မှတ်တွေက ၄မျိုးရှိတယ်လို့ ဆိုသူက အမြဲတမ်းအတွင်းဝန်
ဦးမျိုးအောင်ပါ။ အခုနောက်ပိုင်း ထုတ် ပေးမယ့် CI ကတော့ အစိမ်းရောင်စာအုပ်ဖြစ်ပြီး ဘတ်ငွေ ၄ဝဝ
ပေးရမှာလို့ ပြောပါတယ်။ …..ဟူ၍ သတင်း ထုတ်လွှင့်ခဲ့ပါသည်။
၂၃၊၇၊၂၀၁၅
နေ့ထုတ် အလဲဗင်းဒေးလီသတင်းစာတွင်။ ထိုင်းနိုင်ငံအတွင်းသို့ရောက်ရှိနေကြသည့် အလုပ်သမားများအား
အချက်အလက်ကောက်ယူရေးနှင့် ပါတ်သက်၍... မြန်မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်
MOEAF မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော် က“ ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင်လက်မှတ်(ပန်းေ၇ာင်ကတ်)
ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံရှိ မြန်မာရွှေ့ ပြောင်း အလုပ်သမားခြောက်သိန်းကျော်အနက်
အချက်အလက်ပြည်စုံသူများကို နိုင်ငံကူးလက်မှတ်ပြုလုပ်ပေး ရန်စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း၊
အဆိုပါ စစ်တမ်းကောက်ခြင်းကို မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်
MOEAF ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးနှင့်
အလုပ်သမားအရေးဆောင်ရွက်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ထိုင်းနိုင်ငံအတွင်း
ခရိုင် ၇၇ခရိုင်တွင် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီးအချက်အလက်ပြည့်စုံသူများကို နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊
အချက်အလက်များကောက်ပြီး ပတ်စပို့ထုတ်ပေးရန်အတွက် အလုပ်သမားဝန်ကြီးဌာနအားအစီရင်ခံထားပြီး
MOEAF အဖွဲ့ဝင် ၄၁ ယောက် ထိုင်းကိုရောက်နေပြီဖြစ်ကြောင်း၊ ဘန်ကောက်မြန်မာသံရုံး၊
NGO နှင့်ပူးပေါင်း၍ လိုက်လံ ကောက် ခံမည်ဖြစ် ပြီး အချိန်ကာလမည်မျှ ကြာမည်ကို မပြောနိုင်ကြောင်း”ပြောဆိုခဲ့သည်။
သံရုံးနှင့်နီးစပ်သည့် အမည်မဖေါ်လိုသည့် ပွဲစားတစ်ဦး
က“MOEAF ပွဲစားတွေကို အလုပ်သမား ထံက အချက် ၂၇ချက် ကောက်ခံခွင့်ပြုရန် ဘန်ကောက်မြန်မာသံရုံးက
စာထုတ်ပေးခဲ့တယ်။ ဒါပေမယ့် MOEAF ပွဲစားတွေက CI ထုတ်ပေးမည်ဟုပြီး အလုပ်သမားတစ်ယောက်ကို
ဘတ်ငွေ ၆,၅၀၀ ကောက်ခံနေတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဆေးရုံကြီးလမ်းမှာရှိတဲ့
NIK ကုမ္ပဏီမှာ မနေ့က လူ ၁၀၀ လုပ်တယ်။ ကော့စမွေမှာ ၄၀လုပ်တယ်။ ဖန်းင ဘက်မှာရောလုပ်တယ်။
အယင်နေ့က MOEAF ပွဲစားတွေက စီခြုံနဲ့ ချယာ ဘက်မှာ
ကားနဲ့ပတ်ပြီးလုပ်နေကြသေးတယ်။ ဘယ်သူတွေလုပ်နေတယ်ဆိုတာ MOEAFသိပါတယ် ” ဟုပြောသည်။
“မြန်မာအလုပ်သမားတွေကို
အချက်အလက်ကောက်ခံမယ်ဆိုကတည်းက ကျနော်ကန့်ကွက်ခဲ့ပါတယ်။ ဒီကိစ္စသာမဟုတ်ပါဘူး။ အလုပ်သမားတွေကို
ခေါင်းပုံဖြတ်တဲ့ ကိစ္စတိုင်းကို ကျနော်ဆန့်ကျင်နေတာပါ။ ဘာဖြစ်လို့ ဆန့်ကျင်ရသလဲဆိုရင်
တာဝန်ခံမှု တာဝန်ယူမှုမရှိကြလို့ဖြစ်ပါတယ်။ အလုပ်သမားတွေမှာ ထိုင်းနဲ့ဗမာပွဲစားတွေ
နှိပ်ကွပ်လို့ အလူအလဲခံနေကြရတာပါ။ တရားဝင် အလုပ်သမားဆိုတဲ့ခေါင်းစဉ်အောက်ကို ရောက်အောင်
ထိုင်းနဲ့ မြန်မာအစိုးရတို့က လုပ်ကြပေမယ့်
တရားဝင်အလုပ်သမားတွေအတွက် လုံလောက်တဲ့အကာအကွယ် ကို မြန်မာအစိုးရရောထိုင်းအစိုးရတို့ပါ
အပြည့်အ၀ တာဝန်မယူကြပါဘူး၊ အခု အလုပ်သမားတွေဆီက ပိုက်ဆံတွေလည်း ကောက်လိုက်ပြီ၊ ထိုင်းအစိုးရကလည်းရပ်ခိုင်းလိုက်ပြီ။
ဘယ်သူတာဝန်ယူမလဲ၊ ဒီကိစ္စကိုအကောင်အထည်ဖေါ်ကြတဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာန
ဘယ်လိုတာဝန်ခံမလဲ MOEAF ဘယ်လောက် ယောက်ျားပီသလဲဆိုတာ စောင့်ကြည့်အုံးမယ်” ဟုပြောသည်။
ကတန်လှေဆိပ်တွင် ၁၀ နှစ်ကြာ လှေပေါ်တွင်အလုပ်လုပ်နေရသည့်
ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဖိုးချွန်တော်ကျေးရွာမှ
(ဦးငွေထွန်း+ဒေါ်ပုန်းကြည့်) တို့၏ သား အသက် ၄၆နှစ်အရွယ် ဦးငွေကြည် တွင် ဇနီးမလှမြိုင်နှင့်
သမီးတစ်ဦးရှိသူဖြစ်သည်။ သူသည် လူသတ်နှင့်
လူကုန်ကူးဂိုဏ်းခေါင်းဆောင် ထိုင်း အမျိုးသမီး…………ထံတွင်ပင် ၇နှစ်လုပ်အားခမရပဲအလုပ်လုပ်ခဲ့ရသည်ဟုဆိုသည်။