Democracy today
ရန်ကုန်၊ ဒီဇင်ဘာ ၁၃- ဂျပန်ရောက် တရားဝင်မြန်မာလုပ်သား များထွက်ပြေး မှု ယခုလပိုင်းအတွင်း မြင့်တက်လာဟု သိရသည်။
ယခုနှစ်ဝက်မှစ၍ နှစ်ကုန်ပိုင်းအတွင်းတွင်ပင် ထွက်ပြေး လုပ်သား ဦးရေသည် ၄၀ ဦးကျော်ရှိပြီဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင် ရာ မြန်မာသံရုံးမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံပေးပို့ သည့် စာရင်းအရ ဒီဇင်ဘာ ၁၃ ရက်က သိရသည်။
"ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက တို့ဌာနကိုပေးပို့တဲ့စာအရ မြန်မာလုပ် သား ၄၃ ယောက်လောက်ရှိပြီ ထွက်ပြေးနေတာ၊ အဲ့ဒီ တော့ ဂျပန်နိုင်ငံကို လည်းပဲ သင်တန်းသားအလုပ်သမားတွေ စေ လွှတ်နိုင်ရေး အတွက် ကို MoU ထိုးဖို့ ဆောင်ရွက်နေတာရှိတယ်။ နောက်ပြီး ထွက်ပြေးမှုလျော့နည်းစေဖို့ အသိပညာပေးတာတွေရှိ တယ်။ နောက် အလုပ်ခေါ်စာတွေ စိစစ်တဲ့အခါမှာလည်းပဲ ပိုမိုမြန် ဆန်စေဖို့ ညှိနှိုင်းဆောင်ရွက်တာတွေလည်းရှိတယ်" ဟု အလုပ် သမားညွှန် ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
အဓိကအားဖြင့် ထွက်ပြေးသည့်လုပ်သားများသည် လုပ်ငန်း ခွင် အဆင်မပြေခြင်း၊ လစာဖြတ်တောက်ခံရခြင်း၊ နိုင်ငံရေးခိုလှုံခွင့် ရရှိခြင်း၊ တရားမ၀င်အလုပ်ပြောင်းလဲလုပ်ကိုင်ခြင်း၊ ပွဲစားများ၏သွေးဆောင်ခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ချုပ်က ဆက်လက်ဆို သည်။
"အဲ့ဒီလို ပြေးတဲ့ကလေးတွေက ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံ ခွင့် တောင်း တာများတယ်" ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
ယင်းကြောင့် လုပ်သားပို့ဆောင်သည့် အေဂျင်စီများမှလည်း လုပ်ငန်းခွင်မှ ထွက်ပြေးသည့်လုပ်သားများ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ပါက စိစစ်၍အရေးယူပေးရန်၊ ဂျပန်နိုင်ငံရှိ လုပ်ငန်းခွင် ထွက်ပြေးသည့် မြန် မာလုပ်သားများကို လက်ခံထားသည့် လုပ် ငန်းရှင်ကို ဖော် ထုတ်အရေး ယူရန်၊ တာဝန်ယူမှုမရှိသည့် ဂျပန် လုပ်ငန်းရှင်များကို အလုပ်သမားခေါ် ယူမှုတွင် Blacklist ရေး သွင်းရန်၊ အလုပ်သမား များကိုဆွယ်သည့် လူမှုအဖွဲ့စည်း များကို ဖော်ထုတ်အရေးယူပေးရန်တို့ကို တင်ပြထားကြောင်း သိရသည်။
ဂျပန်နိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်ခွင့်ကို နှစ်နိုင်ငံ MoU မရေးထိုး ရသေးသော်လည်း စေလွှတ်ခွင့်ပြုထားပြီး Training Visa ဖြင့် သင်တန်း သားလုပ်သားကိုသာ စေလွှတ်ခွင့်ပြုထားခြင်း ဖြစ်ပြီး လုပ်သားထွက်ပြေး မှု များသည် နှစ်စဉ်ရှိသော်လည်း ယခုနှစ်အတွင်း ပိုမိုများ လာခြင်းဖြစ်ကြောင်း သိရသည်။