4 July 2016 20:54(+0630) (လွန်ခဲ့သော 20 နာရီ ခန့်က)
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးကို တွေ့ရစဉ် ။ Photo: Min Thein Aung/ RFA |
ရခိုင်ပြည်သူတွေရဲ့ လိုလားချက်အတိုင်းသာ သုံးစွဲမှာဖြစ်တဲ့အကြောင်း နဲ့ "ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာကိုးကွယ်သူများ"ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကြေ ညာချက်မှာ မပါရှိပေမယ့် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်သွား မှာဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီဥက္ကဌ ဦးမင်းအောင် က ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ပြန်ကြားရေး ဝန်ကြီးဌာနက " ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ"၊ " ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သူများ" လို့ သုံးနှုန်းဖို့ ညွှန်ကြားခဲ့တဲ့အပေါ်မှာ ပြန်လည်ထုတ်ပြန်တာဖြစ်ပါတယ်။
အစိုးရရဲ့ အဲဒီအသုံးအနှုန်းသစ်တွေကို ကန့်ကွက်ကြောင်း ANP ပါတီနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း တွေက သဘောထားကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ ကြသလို မနေ့ကလည်း ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ သံဃာတော်တွေနဲ့ ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
မှတ်ချက်။ ။
ယခုသတင်းကိုဖတ်ရှုကြသူအားလုံတို့သည် လက်ရှိအစိုး၏ အရည်အချင်း တစ်ရပ်ကိုဖေါ်ပြလိုက်ခြင်းဖြစ်ကြောင်း အကျွန်ု်ပ်သုံးသပ်မိပါသည်။ ကျွန်ုပ်သည် NLD ပါတီကို ထိုင်းမှ သွားရောက်ကာ မဲပေးခဲ့သူဖြစ်ပါသည်။
ယခုမူကား.....ခါးတကယ်မတို့ခင်ကယားတယ်လို့ တွန့်ရချေတော့မည်။ အူလိုက်သဲလှိုက်ဘယ်လောက်ယားလာအုံးမည်ကိုလည်း ပြည်သူများ သတိပြုရပေတော့မည်"
ဦးကျော်သောင်း
ဘန်ကောက်